Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၃၂

ဇိမ်ခံအပျော်စီးသင်္ဘောကြီးတစ်စင်းက အပြာရောင်ပင်လယ်ပြင်ကို ဖြတ်သန်းခုတ်မောင်းနေသည်။

သင်္ဘောအပေါ်ဆုံးထပ်တွင် ကျယ်ဝန်းသော Indoor Golf လေ့ကျင့်ခန်းခန်းမတစ်ခုရှိသည်။

လွှမ်း ဂေါက်ရိုက်ရန် အသင့်အနေအထားဖြင့် ရပ်နေပြီး သူရိုက်လိုက်တဲ့ သူရဲ့ရိုက်ချက်မှာ ချောမွေ့ကာ အားကောင်းလှသည်။

သူက အဖြူရောင်ဘောင်းဘီနှင့် မီးခိုးဖျော့ရောင် Polo အင်္ကျီကို ဝတ်ဆင်ထားကာပုံမှန်အတိုင်း ခန့်ညားပြီး တည်ငြိမ်နေသော်လည်း

သူရဲ့ မျက်နှာကတော့ လုံးဝအေးစက်တည်ငြိမ်နေသည်။

သူရိုက်လိုက်သောဂေါက်သီးလေးသည် လေထဲတွင် လှပသော မျဉ်းကွေးတစ်ခုအဖြစ် အစိမ်းရောင်ကွင်းနားသို့ ကျသွားသည်။

သူ့မျက်နှာ ပေါ်တွင်တော့ ပျော်ရွင်တဲ့အရိပ်အယောင်လည်းမရှိသလို စိတ်ပျက်

သည့်ပုံလည်းမရှိပေ။

သူ့ပုံစံက လုပ်ရမည့်အလုပ်တစ်ခုကိုသံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လိုသာ လုပ်ဆောင်နေတဲ့ပုံစံမျိုးဖြစ်နေသည်။

ထိုအချိန်တွင် ကော်ဇောပေါ်သို့ ဒေါက်မြင့်ဖိနပ်သံများ တဖြည်းဖြည်း နီးကပ်လာပြီးနန်းသစ္စာ အနားကိုရောက်လာခဲ့သည်။

သူမက ပန်းရောင်ဖျော့ဖျော့ဂါဝန်ကို ဝတ်ထားပြီး ဆံပင်ရှည်များကိုလည်း ပုံမှန်လို သေသေသပ်သပ်မပြင်ထားတော့ဘဲ အလွယ်တကူ ချထားကာသူမမျက်နှာက

သိသိသာသာ ပင်ပန်းနွမ်းနယ်နေပြီး မျက်လုံးအောက်မှ အမည်းစက်များကို မိတ်ကပ်ဖြင့် ဖုံးထားသော်လည်း မြင်နေရသည်။

တစ်ချိန်က မာနကြီးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိခဲ့သော မဟာမြိုင်မိသားစုရဲ့ သမီးကြီးသည် အခုတော့ အားအင်ကုန်ခမ်းပြီး နွမ်းလျနေတဲ့ပန်းတစ်ပွင့်လိုပင်။

သူမ နေကမ္ဘာလွှမ်းရဲ့ နောက်မှာ ရပ်လိုက်ပြီး လက်ကိုင်အိတ်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ...

"လွှမ်း..."

ခေါ်လိုက်တဲ့ သူမ၏အသံမှာ တုန်ယင်နေသည်။

နေကမ္ဘာလွှမ်းကတော့ နောက်ကိုပြန်လှည့်မကြည့်ဘဲ နောက်ထပ်ဂေါက်တံတစ်ချောင်းကိုယူပြီးဆက် ရိုက်ရန်ပြင်လိုက်ပြီးမှ...

"ဘာကိစ္စလဲ"

နန်းသစ္စာ နှုတ်ခမ်းကိုကိုက်လိုက်ပြီး...

"မဟာ..မဟာ group ရဲ့ကိစ္စတွေကို ရှင်လုပ်ခဲ့တာမဟုတ်လား"

သူမမေးခွန်းကြောင့် နေကမ္ဘာလွှမ်းရဲ့ ဂေါက်ရိုက်နေသောလက်က ခဏ လောက်ရပ်သွားပြီးမှဘာမှမဖြစ်တဲ့ပုံနဲ့ ပုံမှန်အတိုင်းပင် ဂေါက်သီးကို ရိုက်ထုတ်လိုက်သည်။

ဒီတစ်ကြိမ်မှာတော့ ဂေါက်သီးက အပေါက်နှင့် ပိုနီးသောနေရာသို့ ကျသွားခဲ့သည်။

အဲ့ဒါကို ကြည့်ပြီးမှ သူက ဖြည်းဖြည်းချင်း သူမ ဘက်ကို လှည့်ကြည့်လာတဲ့သူမျက်လုံးများက လုံးဝ အေးစက်နေပြီး နွေးထွေးမှုတစ်စိုးတစ်စိမျှမရှိပေ။

"ဟုတ်တယ်.."

လွှမ်း ဂရုမစိုက်တဲ့ပုံစံနဲ့ ပြန်ဖြေလိုက်တဲ့ စကားကြောင့် နန်းသစ္စာ မျက်နှာက ပိုဖြူဖျော့သွားပြီး...

"ဘာကြောင့်လဲ..ဘာလို့အဲ့လိုလုပ်ရတာလဲ"

"ငါတို့က ဇနီးမောင်နှံတွေလေ..ရှင်ကဘာလို့ ကျွန်မ မိသားစုကို ဖျက်ဆီးရတာလဲ အဲဒါက ကျွန်မအဖေ တစ်သက်လုံးကြိုးစားတည်ဆောက်ခဲ့တဲ့ လုပ်ငန်းပဲ"

ပြောရင်း သူမအသံထဲတွင် ငိုသံ တွေပါလာပေမဲ့ နေကမ္ဘာလွှမ်းကတော့ အေးစက်စက်အသံနဲ့သာ..

"စီးပွားရေးလောကက စစ်မြေပြင်နဲ့တူတယ်..နန်းသစ္စာ"

"ရှင်သန်နိုင်တဲ့သူကပဲ ရှင်သန်မယ်.အားနည်းတဲ့သူက ဖယ်ရှားခံရမယ် ဒါက စည်းမျဉ်းပဲ"

"စည်းမျဉ်း"

နန်းသစ္စာ သူ့စကားကြောင့် ရယ်ချင်စရာကြီးတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရပြီး မျက်ရည်များ စီးကျလာကာ....

"ရှင်က ကျွန်မတို့လက်ထပ်ထားတာကို အသုံးချပြီး ကျွန်မအဖေကို သတိမထားမိအောင်လုပ်တယ် ပြီးတော့နောက်ကွယ်မှာ မဟာ group ရဲ့ရှယ်ယာတွေကို တိတ်တဆိတ် ဝယ်ယူတယ် ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်တွေ ဆင်တယ်"

"အဲ့ဒါကိုလည်း စည်းမျဉ်းလို့ ပြောဦးမလို့လား"

"လွှမ်း..ရှင်ကျွန်မကိုကြည့်စမ်း"

ပြောရင်းသူမ သူ့လက်မောင်းကို ဆွဲဖို့ ကြိုးစားလိုက်ပေမဲ့ သူက အလျင်အမြန်ပင် ရှောင်လိုက်သည်။

သူ့ပုံစံက သူမရဲ့ထိတွေ့မှုက ညစ်ပတ်သောအရာတစ်ခုမို့ ရွံရှာလို့ ရှောင်လိုက်သလိုပင်။

"ရှင် ပြောစမ်းပါ..ကျွန်မတို့လက်ထပ်ခဲ့တာတွေ ရှင်..ကျွန်မအပေါ်ကောင်းခဲ့တာတွေက အားလုံး ကအတုအယောင်တွေလားဟင်"

"ငယ်ငယ်ကတည်းက ကျွန်မတို့ကြားမှာရှိခဲ့တဲ့ ခင်မင်မှုတွေအားလုံးကတောင် အတုတွေလား"

သူမ စကားကြောင့် လွှမ်းက သူမကို အေးစက်စွာနဲ့ ကြည့်လာပြီး....

"နန်းသစ္စာ မင်းတစ်ခုမှားနေပြီထင်တယ်"

"ငါ့အတွက် တော့အစကတည်းက ဒီအိမ်ထောင်ရေးရဲ့ ရည်ရွယ်ချက်က

မဟာ group ကို သိမ်းဖို့ပဲ"

"ငါ့အမေ ဘယ်လိုသေခဲ့တာလဲ..မင်း အဖေက နောက်ကွယ်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ငါမသိဘူးလို့ မင်းတကယ်ထင်နေတာလား"

"ငါမင်းနဲ့လက်ထပ်တာက ငါ့ရည်ရွယ်ချက်ကို အမြန်ဆုံးနဲ့ အလွယ်ဆုံးအကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတစ်ခုမို့ ရွေးချယ်ခဲ့တာ"

ကြားလိုက်ရတဲ့ စကား တွေကြောင့် နန်းသစ္စာတစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသလို တောင့်တင်းသွားခဲ့သည်။

သူက အစကတည်းက သိနေခဲ့တာပဲ…

အရာအားလုံးကို သိနေခဲ့တာပဲ…

"နေကမ္ဘာလွှမ်း..."

"အဲ့တာ တွေကျွန်မအဖေ အရင်က အမှားလုပ်ခဲ့တယ်ဆိုရင်တောင် အခု သေခါနီးနေပြီ"

"ပြီးတော့ ကျွန်မက အပြစ်မရှိဘူးလေ ကျွန်မနဲ့မဆိုင်ဘူးလေ ...ကျွန်မရှင့်ကို ဒီလောက်ချစ်တာတောင် ရှင် ကျွန်မကို ဘယ်လိုလုပ် ဒီလိုလုပ်ရက်နိုင်ရတာလဲ"

ပြောရင်း သူမ သူ့ရဲ့အေးစက်နေသော မျက်နှာကိုကြည့်ရင်း သူမနှလုံးသား လုံးဝပျက်စီးသွားသလို ခံစားလိုက်ရသည်။

ဒီလူရဲ့နှလုံးသားက လရိပ်မြူ သေဆုံးသွားတဲ့ နေ့ကတည်းက အတူ သေဆုံးသွားခဲ့တာ ကြာပြီဖြစ်သည်။

သူ့ဆီမှာ အခုကျန်ရစ် နေတာကတော့ အမုန်းနဲ့ စွဲလမ်းမှုကြောင့်သာ ရှင်သန်နေတဲ့ စိတ်တစ်ခုသာဖြစ်သည်။

တွေးရင်း နန်းသစ္စာ စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေပေါ်လာပြီး သူမရုတ်တရက် ရယ်လိုက်ကာ...

"ရှင် သရုပ်ဆောင်တာ တကယ်ကောင်းတာပဲ..

နေကမ္ဘာလွှမ်း"

"ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်နော်..အချို့အခန်းတွေဆို ဥပမာ အိပ်ရာပေါ်က ကိစ္စတွေမှာတော့ တကယ်ကို စိတ်နှစ်ပြီး လုပ်ထားတာပဲ"

သူမ စကားကြောင့် နေကမ္ဘာလွှမ်းရဲ့ ဂေါက်တံကို ကိုင်ထားသော လက်ချောင်းများ တင်းကျပ်သွားတာမြင်လိုက်ရတာကြောင့်..

နန်းသစ္စာ သူ့ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ပိုပြီး

သ‌ဘောတကျနဲ့ ရက်စက်စွာ ပြုံးလိုက်ကာ...

"ဒါပေမဲ့ ရှင့်ရဲ့အကောင်းဆုံး သရုပ်ဆောင်မှုကို ချီးကျူးမယ့်သူတော့ မရှိဘူးနော်"

"အိုး… မဟုတ်ဘူး..ကျွန်မ မေ့သွားလို့ တစ်ယောက်တော့ ရှိခဲ့ဖူးသားပဲ..."

"လရိပ်မြူလေ သူကတော့ ရှင့်ရဲ့ သရုပ်ဆောင်မှုကို အရမ်းသဘောကျခဲ့မှာပဲ"

"ဟိုတယ်မှာ ..ရှင်နဲ့ကျွန်မ"

သူမပြောရင်း စကားကို ခဏရပ်ပြီး အနိုင်ရသလို ပြုံးလိုက်ကာ...

"ရှင်သိလား အဲ့ဒီဗီဒီယိုကို ကျွန်မသူ့ဆီ ပို့ခဲ့တယ်"

သူမ စကားအဆုံး လွှမ်းမျက်နှာက ရုတ်တရက်ပြောင်းလဲသွားပြီး....

"မင်း..ဘာပြောလိုက်တာ"

သူ ချက်ချင်း သူမဘက်ကို လှည့်လာပြီး သူမလည်ပင်းကို ဆုပ်ကိုင်လိုက်ကာ...

"မင်း အခုချက်ချင်းပြန်ပြောစမ်း"

နန်းသစ္စာ မျက်နှာတွေ နီရဲလာပြီး အသက်ရှူရခက်လာသော်လည်း သူမမျက်လုံးထဲက ရူးသွပ်‌ နေတဲ့အပြုံးက မပျောက်သွားပဲ...

"ဟက် ကျွန်..ကျွန်မ… သူ့ဆီ… ရှင်နဲ့ကျွန်မ… ဟိုတယ်မှာ…"

"ရှင် သူ့ကို သစ္စာဖောက်ခဲ့တာကို သူမြင်သွားပြီ…

နေကမ္ဘာလွှမ်း.."

"လရိပ်မြူ အသက်ရှင်နေသေးရင်တောင် ရှင့်ကို ဘယ်တော့မှ ခွင့်လွှတ်တော့မှာမဟုတ်ဘူး"

နန်းသစ္စာ လွှမ်းကသူမကို လည်ပင်းညှစ်ထားတာကြောင့် အသက်ရှူမရလောက်အောင်ဖြစ်နေ

ပေမဲ့ သူမ ရယ်နေဆဲပင်။

"ရှင်က မိန်းမတွေအကြောင်းကို လုံးဝနားမလည်ပါဘူး.."

"ရှင်သိလား..ဘယ်မိန်းမကမှ ကိုယ့်ချစ်သူ့ကို တခြားမိန်းမနဲ့ မျှဝေချင်မှာမဟုတ်ဘူး…"

"ရှင့်ရဲ့အချစ်ဆိုတာက ဘာလဲသိလား..ရှင်ကိုယ်တိုင်ပဲ… ရှင့်ရဲ့အယောင်ဆောင်မှုတွေ သစ္စာဖောက်မှုတွေနဲ့ သူ့ကို ရှင့်ဘေးကနေ

သူ့ကို တွန်းထုတ်ခဲ့တာပဲ"

"ဟားဟား… ရှင်ခံထိုက်ပါတယ်..အခုလဲ ရှင်သူ့ကို ဘယ်တော့မှ ပြန်ရတော့မှာမဟုတ်ဘူး"

နေကမ္ဘာလွှမ်းရဲ့ လက်ချောင်းများက ပိုမိုတင်းကျပ်လာကာ နန်းသစ္စာမျက်နှာက

နီရာမှ ခရမ်းရောင်ပြောင်းလာပြီး သူမ

အသက်ရှူရန် အသည်းအသန်ကြိုးစားနေရသည်။

နန်းသစ္စာ သူမကိုယ်သူမ သေတော့မည်ဟု ထင်လိုက်သည့်အချိန်မှာပဲ သူက ရုတ်တရက် သူမလည်ပင်းကို လွှတ်လိုက်တာကြောင့်သူမ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အသက်ကို အငမ်းမရ ရှူလိုက်ရသည်။

နေကမ္ဘာလွှမ်းက သူမကို ထပ်မကြည့်တော့ဘဲ...

"ဂျင်မီကို ခေါ်လာခဲ့.."

သူ ပြောလိုက်တာနဲ့ ‌အနားက သက်‌ တော်စောင့်က ခေါင်းညိမ့်ပြပြီး ထွက်သွားကာခဏအကြာမှာတော့ လူတစ်ယောက် ဝင်လာခဲ့သည်။

နန်းသစ္စာ ထိုသူ့ကို ကြည့်ပြီး သူမမျက်လုံးများ ပြူးကျယ်သွားရသည်။

သူမရှေ့တွင် ဝင်လာသူက…

နေကမ္ဘာလွှမ်းနဲ့ တစ်ပုံစံတည်း ဖြစ်နေသည်။

အရပ်၊ ကိုယ်ခန္ဓာပုံစံ၊ ဝတ်ဆင်ထားသည့်အဝတ်အစားပုံစံအထိ တူညီနေကာ နောက်ဆုံးဆံပင် ပုံစံပင် တစ်ပုံစံတည်း ဖြစ်နေသည်။

နန်းသစ္စာသူမ ရှေ့တွင်ရပ်နေသော နေကမ္ဘာလွှမ်းကို တစ်ချက်ကြည့်လိုက်နောက်မှ ဝင်လာသူကိုတစ်ချက်ကြည့်လိုက်နှင့် လုံးဝအံ့ဩသွားရသည်။

နေကမ္ဘာလွှမ်း နှစ်ယောက်ဖြစ်နေတယ်...

ခုနက မှဝင်လာတဲ့ သူက နားရွက်နောက်ဘက်နှင့် မေးရိုးတစ်လျှောက်ကို လက်ချောင်းများဖြင့် ဖြည်းညင်းစွာ စမ်းလိုက်ပြီးခဏအကြာမှာတော့ မျက်နှာပေါ်တွင် ကပ်ထားသော အလွှာ‌ လေးတစ်ခုရဲ့ အစွန်းကို ရှာတွေ့သွားသည့်အလား လက်သည်းဖြင့် အသာလေး ဖမ်းယူလိုက်ပြီးဖြည်းဖြည်းချင်း...

သူ့ မျက်နှာပေါ်ရှိ အရေပြားအလွှာ လေးကို မေးရိုးဘက်မှ စတင်၍ ခွာချလိုက်သည်။

နန်းသစ္စာ ကြည့်နေရင်း မျက်လုံးများ ပြူးကျယ်သွားရသည်။

ထို အရေပြားအလွှာလေးအောက်မှ တဖြည်းဖြည်းပေါ်ထွက်လာသည့်

မျက်နှာသည် ခုနကလို လွှမ်းရဲ့မျက်နှာ

မဟုတ်တော့ပေ။

အဲ့အစား လွှမ်းနဲ့ မျက်နှာကျပုံ ရုပ်ရည် အနည်းငယ်ဆင်တူတဲ့ အနောက်တိုင်း

သား လူငယ်တစ်ယောက်ဖြစ်နေသည်။

"Boss..."

ထိုလူက သူ့ရှေ့ရှိ နေကမ္ဘာလွှမ်းထံ လျှောက်သွားပြီး ရိုရိုသေသေနဲ့ ဦးညွှတ်လိုက်သည်။

နန်းသစ္စာ ကြည့်နေရင်း တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။

"ဒါက Sun လုပ်ငန်းစုရဲ့ လျို့ဝှက်နည်းပညာအဖွဲ့က လျှို့ဝှက်တီထွင်ထားတဲ့ မျက်နှာနဲ့ အလွန်ဆင်တူတဲ့ အရေပြားအလွှာကို အသုံး

ပြုပြီး လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကို အခြားသူတစ်ယောက်ရဲ့ပုံစံအတိုင်း ဖုံးကွယ်ပြောင်းလဲပေးနိုင်တဲ့အရာပဲ"

"ဟက် လွယ်လွယ်နဲ့တော့မရဘူးပေါ့ ပြီးတော့

ဒီလိုတစ်ပုံစံထဲဖြစ်ဖို့ ငါနဲ့ ရုပ်ရှည် ဖွဲ့စည်းပုံအရပ်အမောင်း ဆင်တူတဲ့ သူကို အကြာကြီး ကြိုးစားပြီးရှာထားရတာ"

"ပြီးတော့ ဂျင်မီကို ကြည့်လိုက်တာနဲ့ တော်ရုံလူဘယ်သူမှ မခွဲတတ်အောင် ငါ့အကျင့် စကားပြောပုံကအစ သေချာ အချိန်ပေးပြီး လေ့ကျင့်ထားရတာလေ "

"ဟိုးအရင်ထဲက ငါကြိုတင်အကွက်ချပြီး သေသေချာချာစီစဉ်ထားရတာပေါ့ အဲ့တာမှ ပီပြင်မှာမလား..."

လွှမ်းကတော့ နန်းသစ္စာရဲ့ ထိတ်လန့်နေတဲ့မျက်နှာကို အပေါ်စီးမှကြည့်ရင်း အေးစက်နေတဲ့ အသံနဲ့ တစ်လုံးချင်းပြောလိုက်သည်။

"မင်းက ငါ့ရန်သူရဲ့သမီးပဲ..."

ပြောနေတဲ့သူ့ရဲ့မျက်လုံးများက အေးစက်ပြီး မည်သည့်ခံစားချက်မှ မရှိသလိုပင်။

"မင်းလို အမှိုက်တစ်စကို ငါက ထိတောင် ထိမယ်လို့ ထင်နေတာလား.."

"အဲဒီဗီဒီယိုက…"

ပြောရင်း သူက ဂျင်မီဆိုသူဘက်ကို တစ်ချက်ကြည့်လိုက်ကာပြုံးလိုက်ပြီး....

"ဂျင်မီက မင်းနဲ့အတူ သရုပ်ဆောင်ပေးခဲ့တာပဲ.."

ပြောပြီးတာနဲ့ သူက နန်းသစ္စာကို ရွံရှာနဲ့ အကြည့်နဲ့ ပြန်ကြည့်လာပြီး နောက်ဆုံးစကားကို ပြောလိုက်သည်။

"မင်းကို ထိရတာတောင် ငါ့အတွက် ညစ်ပတ်တယ်လို့ ခံစားရတယ်...."

« ရှေ့အခန်း - အခန်း-၃၁ နောက်အခန်း - အခန်း- ၃၃ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ