Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၁၄ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"ဘယ်လိုလဲ စားလို့ကောင်းလား။"

တစ်ခုပြီးတစ်ခု အားရပါးရစားနေတဲ့ ရှင်းသန့်အား ကြည့်ကာ သီဟကမေးလိုက်လျှင် ရှင်းသန့်က ခေါင်းငြိမ့်ပြလိုက်၏။

အစားအသောက်အပေါ်မှာတော့ ရှင်းသန့် မညာချင်ပါ။

ရှင်းသန့် စားသောက်ပြီးတော့ ကျောင်းကို တန်းထွက်လာလိုက်သည်။

ကျောင်းသို့ရောက်လျှင် ရှင်းသန့်ကိုစောင့်နေတဲ့ ကိုကို့ကို လှမ်းမြင်လိုက်ရတာကြောင့် နည်းနည်းတွန့်ဆုတ်သွားမိ၏။

ရှင်းသန့် ရောက်ရာနေရာမှာပဲ ရပ်နေမိလျှင် ကိုကိုက ရှင်းသန့်အနားသို့လျှောက်လာလေသည်။

"ရှင်းသန့် "

"ဟုတ် ဟုတ်ကဲ့။ "

"ဒီနေ့ နည်းနည်းနောက်ကျတယ်နော်။ "

"အွန်း ဟုတ်တယ်။ "

"ကိုယ်စောင့်နေတာ တော်တော်ကြာပြီ "

"နောက်နေ့တွေ ရှင်းသန့်ကို မစောင့်ပါနဲ့နော် "

"စောင့်နေကျဆိုတော့ ကိုယ်အကျင့်ဖြစ်နေပြီ။ "

"ဪ "

"လာလေ အထဲဝင်ကြစို့ "

"ဟုတ် "

ရှင်းသန့် ကိုကိုနဲ့ အခန်းထဲဝင်ရင်း မလုံမလဲနဲ့ ဘေးဘီဝဲယာကိုလည်း လျှောက်ကြည့်လိုက်မိ၏။

____________

ဒီနေ့လည်း သီဟဖုန်းထဲသို့ ပုံတွေဝင်လာပြန်သည်။

ပုံတွေက မနက်က ဖြူရှင်းသန့်နဲ့ ဩရထူးတို့ စကားပြောပြီး

အခန်းထဲဝင်သွားတဲ့ ပုံတွေဖြစ်ပြီး ထိုပုံတွေမြင်လျှင် သီဟချက်ချင်းပဲ ဖုန်းကိုပိတ်ပစ်လိုက်သည်။

"ဟင်း ..."

သက်ပြင်းရှည်ကြီးတစ်ချက်ချရင်း အံကြီးလည်းတင်းနေအောင် ကြိတ်ခဲထားလိုက်သည်။

ကလေးမကို ထပ်ပြီး ပြဿနာရှာပြန်ရင်လည်း မနေ့က ကြောက်နေရှာတဲ့ ကလေးမပုံရိပ်တွေက ခေါင်းထဲပြန်ဝင်လာကာ မျက်စိအစုံ မှိတ်ချပစ်လိုက်သည်။

"ဆရာ ... ပဲကားဝင်လာပြီ "

"အင်း ... ဂိုထောင်ထဲတစ်ဝက်ချပြီး တစ်ဝက်က ဖောက်သည်တွေဆီပို့လိုက်တော့။ "

"ဟုတ်ကဲ့ ဆရာ "

အလုပ်သမားကောင်လေးထွက်သွားလျှင် ပြတ်သွားတဲ့ အတွေးတို့ ပြန်ရောက်လာပြန်၏။

ထို့ကြောင့် အလုပ်စားပွဲပေါ်က ‌စီးကရက်ဗူးအား ဖွင့်ကာ

ဆေးလိပ်တစ်လိပ်အား မီးညှိ၍ ရှိုက်ဖွာလိုက်သည်။

__________

ရှင်းသန့် အိမ်သို့ပြန်ရောက်လျှင် ဆိုကယ်လေးရပ်ကာ

အိမ်မကြီးထဲသို့ တွန့်ဆုတ်စွာ ဝင်ခဲ့လိုက်သည်။

မနက်က ကိုကိုနဲ့ စကားပြောတာကို သိသွားပြီး ပြဿနာရှာမှာ စိုး၍ဖြစ်သည်။

ဒါပေမယ့် ရှင်းသန့် အိမ်မကြီးထဲသို့ ဝင်လိုက်လျှင်ပဲ အပြုံးနှင့်ဆီးကြိုခံလိုက်ရတာကြောင့် ရှင်းသန့်ရင်ထဲက အပူလုံးကြီး ကျသွားတော့သည်။

ကြည့်ရတာ မသိဘူးထင်ပါရဲ့။

"ပြန်လာပြီလား။

ကလေးမ ဗိုက်ဆာပြီလား။

ကလေးမ ကြိုက်တဲ့ဟင်းတွေချက်ထားပြီ။

ထမင်းအရင်စားမလား။ ရေအရင်ချိုးလိုက်မလား။ "

"ရေအရင်သွားချိုးမှာ။ "

"အင်းအင်း ... မြန်မြန်ချိုးနော် အအေးပက်မယ်။

ကိုယ်စောင့်နေမယ်။ "

"အင်း "

မစောင့်နဲ့ပြောလည်း မရမှာသိနေတာကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။

___________

"ကလေးမ "

ရှင်းသန့် တီဗွီကြည့်နေတုန်း သီဟက သူမအနားရောက်လာ၏။

"..."

"ကိုယ်တို့ ဒီတစ်ပတ် ပိတ်ရက်ကျရင် လျှောက်လည်ကြမလားဟင်။"

"ဟင့်အင်း မလည်ချင်ပါဘူး။ "

ရှင်းသန့်က တုံ့ဆိုင်းချင်းမရှိပဲ ငြင်းလိုက်သည်။

"ဘာလို့လဲ။

ကလေးမ သွားချင်တဲ့နေရာတွေအားလုံး ကိုယ်လိုက်ပို့ပေးမယ်လေ။"

"ဟင့်အင်း ... မသွားချင်ဘူး။ "

"ဘာလို့လဲ။

ကိုယ်နဲ့မို့လို့လား။ "

"အင်း "

ရှင်းသန့်က အေးအေးဆေးဆေးသာ ဖြေလိုက်ပေမယ့် သီဟရင်ထဲတွင်တော့ လှိုက်ခါသွားရသည်။

ကလေးမကိုလည်း အပြစ်မမြင်ရက်ပါဘူး။

ဒါတွေအားလုံးက သူ့အပြစ်တွေပဲမလား။

ဒီလို ကိစ္စတွေကို ကြိုတွေးမိရက်နဲ့ သူက ကလေးမကို ရအောင်

အပိုင်သိမ်းခဲ့တာမလား။

____________

"ရှင်းသန့် "

"ရှင် "

အခုတလော ရှင်းသန့်က ကိုကိုနဲ့ ခပ်ခွာခွာနေပေမယ့် ကိုကိုက

မရရအောင် လိုက်ကပ်နေ၏။

"ကိုယ်တို့ အပြင်မှာ မုန့်သွားစားရအောင်လေ "

"ရှင် ... ရှင်းသန့်မှာ အတန်းချိန်ရှိသေးတယ်။ "

"တစ်ရက်တလေ ပျက်တာတော့ ဘာမှ မဖြစ်ပါဘူးကွာ...သွားရအောင် နော် "

"ဒါပေမယ့် ..."

"ဒါပေမမယ့်တော့နဲ့ကွာ။

ကိုယ်ဆိုင်မှာ ဘွတ်ကင်တောင် ယူထားပြီ။ "

"ဟင် ..."

"ဟုတ်တယ် အဲ့တာကြောင့် သွားရအောင်နော်။"

"ဟို ... ရှင်းသန့်တို့ နှစ်ယောက်တည်းလား။ "

"အင်းလေ "

"အဲ့ဒါဆိုရင်တော့ ရှင်းသန့်မလိုက်ချင်ဘူး။

ရှင်းသန့်က အိမ်ထောင်ကပြုပြီးသား မိန်းကလေးတစ်ယောက်ဆိုတော့ "

"ကျစ် ... ဒီနေ့ ဘာနေ့လဲဆိုတာ ရှင်းသန့်မေ့နေတာလား။ "

"ရှင် ..."

"ဒီနေ့ ကိုကို့မွေးနေ့လေ "

"ဟင် ... ဟုတ် ဟုတ်သားပဲ။"

"ရှင်းသန့်မမှတ်မိတော့ဘူးလား။။"

"ဟုတ် ... ဆောရီးပါ။"

"ထားပါ ...

မွေးနေ့တော့ လိုက်ပေးမယ်မလားဟင်။ "

"ဟုတ်ကဲ့ ... ဟို တခြားသူတွေရော "

"ဟင့်အင်း ... ကိုယ်က ခါတိုင်းလို ရှင်းသန့်နဲ့ နှစ်ယောက်တည်းပဲ

မွေးနေ့ပွဲလုပ်ချင်တာ။"

"..."

ဒါပေမယ့် အခုမသင့်တော်ဘူးလို့ ပြောလိုက်ချင်ပေမယ့်

မွေးနေ့မှာ စိတ်ညစ်သွားရမှာ စိုးတာကြောင့် မပြောပဲ ငြိမ်နေလိုက်၏။

"အဲ့ဒါဆို သွားကြရအောင်နော်။

ကိုကို့မှာ ကားပါတယ် "

"ဟုတ် "

ဆိုင်ကတော့ ရှင်းသန့်တို့နှစ်ယောက် လာနေကျဆိုင်ဖြစ်၏။

ကိုကို အခန်းကို VIPသီးသန့်ခန်း မှာထားတာဖြစ်ပြီး

အထဲမှာ အကုန်လုံးလည်း ပြင်ဆင်ပြီးသားပင်။

"ဟက်ပီးဘက်ဒေးပါ "

ကိုကိုလို့တော့ မခေါ်တော့ပဲ မွေးနေ့ဆုတောင်း တောင်းပေးလိုက်လျှင် ကိုကိုကလည်း သတိထားမိစွာ ခပ်ယဲ့ယဲ့သာပြုံးလေသည်။

____________

သီဟ ဒီတစ်ကြိမ်မှာတော့ လုံးဝ သည်းမခံနိုင်တော့ပဲ ကားသော့ကောက်ကိုင်ကာ သူ့လူပို့ပေးထားတဲ့ နေရာဆီသို့ ကားကို အတင်းအကြမ်း မောင်းလာလိုက်သည်။

သီဟ ဆိုင်ရှေ့သို့ရောက်လျှင် သူ့လူယုံက သူ့ကို မြင်တာနှင့် အပြေးရောက်လာလေသည်။

"ဆရာ ... အထဲက VIP ခန်းထဲမှာဆရာ။

အခန်းနံပါတ်က 16 ပါ။ "

သီဟ ဘာမျှ ပြန်မပြောပဲ အခန်းနံပါတ် 16ဆိုတာတွေ့လျှင်

အခန်းတံခါးကို ဆွဲဖွင့်ပစ်လိုက်သည်။

အခန်းတံခါးပွင့်သွားတာနှင့် အခန်းထဲမှ ဩရထူးနှင့် ရှင်းသန့်ဆို့ကလည်း အနောက်ကို လှည့်ကြည့်လာကာ သီဟကို မြင်လျှင် မျက်လုံးအစုံ ပြူးကျယ်သွားကြတော့သည်။

သီဟ ခြေလှမ်းကျဲကြီးတွေနှင့် ဩရထူးဆီသို့ အရင်သွားကာ

ခုံမှာ ထိုင်နေတဲ့ ဩရထူးအား ထိုးချပစ်လိုက်သည်။

"ခွပ် "

ထိုးချက်အရှိပြင်းတာကြောင့် ဩရထူး ထိုင်နေတဲ့ ထိုင်ခုံကြီးပါ

လဲကာ လူလည်း ကြမ်း‌ပြင်ပေါ်သို့ ပက်လက်လန်သွားလေသည်။

"သီဟသက်လင်းကလည်း လဲကျနေတဲ့ ဩရထူးအား အင်္ကျီကော်လံစမှ ဆွဲစုပ်ကိုင်ကာ တစ်ချက်ပြီး တစ်ချက် ဆင့်ထိုးတော့သည်။

"ခွပ် ခွပ် ခွပ် ခွပ် ခွပ် "

"အား ... ဘာလုပ်တာလဲ

တော်ပါတော့ ... သေသွားလိမ့်မယ် "

ဩရထူးကို မလွှတ်တမ်းထိုးနေတဲ့ သီဟ ကိုယ်လုံးကြီးအား

ရှင်းသန့် အ‌ေပါ်မှာ ဆွဲနေပေမယ့် တုပ်တုပ်မျှမလှုပ်ပဲ ဆက်ထိုးနေသည်။

ဩရထူးမျက်နှာတစ်ပြင်လုံးမှာလည်း သွေးတွေရဲတွတ်နေကာ မြင်လို့ပင်မကောင်းတော့ပါ။

"တော်တော့လို့ ပြောနေတယ်လေ။

တော်ပါတော့ ရှင်းသန့်တောင်းပန်ပါတယ် "

ရှင်းသန့် အသည်းအသန်ငိုယိုတောင်းပန်တော့မှ သီဟက ရှင်းသန့်အား ခပ်စူးစူးလှည့်ကြည့်ကာ ဩရထူးအားလွှတ်ပေးလိုက်၏။

ပြီးတာနှင့် ချက်ချင်း ထကာ ရှင်းသန့်လက်အား ဆောင့်ဆွဲကာ ခေါ်လိုက်သည်။

"လာခဲ့ ...သွားမယ် "

ရှင်းသန့် မျက်ရည်စက်လက်နှင့် သွေးတွေအလိမ်းလိမ်းဖြ င့် အခုထိမထနိုင်သေးတဲ့ ဩရထူးအား လှည့်ကြည့်ရင်း ပါသွားတော့သည်။

သီဟပုံစံကလည်း တော်တော်ဒေါသထွက်နေပုံရတာမို့ ဘာမှပြန်မပြောရဲပဲ လိုက်ပါသွားရ၏။

သီဟက ဆိုင်အပြင်သို့ရောက်လျှင် ရပ်ထားတဲ့ သူ့ကားထဲသို့

ရှင်းသန့်အား ထိုးထည့်ကာ သူပါဝင်ပြီး အိမ်ထိရောက်သည်အထိ ကားကိုတရကြမ်းမောင်းတော့သည်။

ကားမောင်းနေရင်းနှင့်တောင် သီဟရင်ဘတ်ကြီးက နိမ့်ချည်မြင့်ချည်နှင့် နှာမှုတ်သံတွေပါထွက်နေ၏။

အိမ်ကိုရောက်တာနှင့် သီဟက အရင်ဆုံးကားပေါ်မှဆင်းကာ

ရှင်းသန့်ဘက်က ကားတံခါးကိုလည်း သွားဖွင့်လိုက်ပြီး ဘာမပြောညာမပြောနှင့် ရှင်းသန့်အား ပွေ့ချီလိုက်လေသည်။

"အမေ့ ... ဟင် "

ခါတိုင်းလို ဆိုဖာမှာချ‌မပေးပဲ သီဟက သူမအားပွေ့ချီကာ လှေကားအတိုင်းတက်သွားပြီး အခန်ထဲသို့ဝင်သည်။

ပြီးလျှင် သူမကိုယ်လေးအား မွေ့ယာပေါ်ပစ်ချကာ သူ့ကိုယ်ကြီးပါ တစ်ခါတည်းအုပ်မိုးလိုက်၏။

အပိုင်း (၁၅) ဆက်ရန် ...

(အဟမ်း အဟမ်း ... စောစောစီးစီးမှောင်မယ့် အတွဲပေါ့နော် )

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၃ ) နောက်အခန်း - အပိုင်း ( ၁၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ