💛သီဟသက်လင်း + ဖြူရှင်းသန့်💛
သီဟ သူ့ဖုန်းထဲသို့ ရောက်လာတဲ့ ပုံတွေကြောင့်
အံတင်းတင်းကြိတ်ကာ အကြောတွေထောင်ထသည်အထိ
လက်သီးကို ဆုပ်လိုက်သည်။
အခုချက်ချင်း ကျောင်းကို လိုက်သွားလိုက်ချင်ပေမယ့်
တခြားသူတွေ သူမကို သူနဲ့တွဲမြင်မှာ ရှက်တယ်လို့ ပြောထားတဲ့
ကလေးမစကားကြောင့် သူအိမ်မှာသာ သွားပြီးစောင့်နေလိုက်သည်။
__________
ရှင်းသန့် ကျောင်းကပြန်ရောက်လျှင် ဆိုင်ကယ်လေးထိုးကာ
သီချင်းလေးတညဉ်းညဉ်းနှင့် အိမ်ထဲဝင်ဝင်လာချင်း သီဟက ဒေါသသံပါနေတဲ့ အသံဩဩနှင့် စီးမေးလိုက်၏။
"တော်တော် ပျော်နေပုံပဲ။ "
ရှင်းသန့် သီဟစကားကို ဂရုမစိုက်ပဲ အိမ်ပေါ်တက်ဖို့လုပ်လျှင်
သီဟထံမှ နောက်ထပ်အသံထွက်လာ၏။
"ဒီနေ့ ဘယ်သူနဲ့တွေ့ခဲ့လဲ... ကလေးမ "
"..."
ရှင်းသန့် သူ့စကားကြောင့် နည်းနည်းတွေးသလိုဖြစ်သွားရပြီး
ကိုကို့ကို သတိရသွားကာ သူ့ကို လှည့်ကြည့်လိုက်သည်။
သူကလည်း ရှင်းသန့်ကို ခပ်စူးစူးစိူက်ကြည့်နေတာ အကြည့်တွေက ကျောချမ်းဖို့ကောင်းနေ၏။
ဒါပ်မယ့် ဟန်ကိုယ့်ဖို့ရန် မျက်နှာလေးကိုချီကာ ခပ်ထေ့ထေ့ပြန်ပြောလိုက်သည်။
"ရှင်းသန့်ဟာရှင်းသန့် ဘယ်သူနဲ့တွေ့တွေ့ ခင်ဗျားနဲ့ ဘာဆိုင်လဲ။ "
ထိုစကားအဆုံးတွင် သီဟသက်လင်း ထိုင်နေရာမှ ဆတ်ခနဲထကာ
အံကြီးကြိတ်လျှက် တောက်ပြင်းပြင်းတစ်ချက်ခေါက်လိုက်သည်။
"တောက်ခ် ... ဖြူရှင်းသန့် မင်းကိုယ့်ကို ကြိုက်သလိုဆိုးလို့ရတယ်။
အေး ဒါပေမယ့် ဖောက်ပြန်ဖို့တော့ မစဉ်းစားနဲ့နော်။
အကုန်လုံး မသာပေါ်သွားမယ်။ "
"ခင်ဗျား ဘာစကားပြောတာလဲ။
ရှင်းသန့် သိပ္ခာကို လာစော်ကားနေတာလား။
ဖောက်ပြန်တယ်ပြောရအောင် ရှင်းသန့် ဘယ်သူနဲ့ ဖောက်ပြန်နေလို့လဲ။ "
ရှင်းသန့်ကလည်း အသံကုန်ညှစ်ကာ ပြန်အော်လေသည်။
ထိုအခါ သီဟက သူ့ဖုန်းအား ဖွင့်ကာ ခုနက သူ့ဖုန်းထဲရောက်လာတဲ့
ရှင်းသန့်နှင့် ဩရထူးဖက်နေတဲ့ ပုံတွေအား ရှင်းသန့်ဘက်သို့
ထောင်ပြကာ ...
"ဒီပုံတွေက ဘာတွေလဲ။
ဘာတွေလဲဟမ် ... ကိုယ့်ကို ရူးသွားအောင် လုပ်နေတာလား။
ဟာကွာ ... ဒုန်း ခွမ်း "
သီဟ သူ့လက်ထဲမှ ဖုန်းကြီးအား နံရံမှာ ပစ်ပေါက်ခွဲပစ်လိုက်တော့သည်။
ဆူညံသံတွေကြောင့် ရှင်းသန့်ကိုယ်လေးတုန်သွားကာ
မျက်လုံးလေး မှိတ်သွားပြီး အရှေ့မှ တရှူးရှူးတရှဲရှဲနှင့် သီဟရဲ့ဒေါသသံတွေသာ ကြားရတော့လျှင် ရှင်းသန့်က ဒေါသကြောင့် နီရဲနေတဲ့ သီဟမျက်လုံးရဲရဲတို့အား စိုက်ကြည့်ကာ ...
"ဘာလဲ ... ခင်ဗျားက ရှင်းသန့်ကို စတော့ကာ(နောက်ယောင်ခံလိုက်သူ) လုပ်နေတာလား။ "
"..."
ထိုစကားကို သီဟက ဘာမှပြန်မဖြေလာပါ။
ဟုတ်ပါသည်။
သူမကျောင်းစတတ်ပြီ ဆိုကတည်းက သူ့လူယုံတစ်ယောက်နှင့်
သူမအား နောက်ယောင်ခံလိုက်ခိုင်းခဲ့ပြီး သူမရဲ့ သတင်းမှန်သမျှ
ပို့ခိုင်းခဲ့တာ။
ဒါပေမယ့် သူနောက်ယောင်ခံခိုင်းခဲ့တာက ရှင်းသန့်ကို သဝန်တိုလို့ဆိုတာမှန်ပေမယ့် စိတ်ပူတာလည်း ပါပါသည်။
အခုတော့ မြင်လိုက်ရတဲ့ ပုံတွေက သူ့ရင်ကို အစိမ်းလိုက်ခွဲကာ စို့နင့်သွားရ၏။
"မေးနေတယ်လေ။
ခင်ဗျား ရှင်းသန့်ကို စတော့ကာ လုပ်နေခဲ့တာလားလို့။ "
"နောက်တစ်ခါ အဲ့ကောင်နဲ့ တွဲမမြင်ချင်ဘူး။ "
"ခင်ဗျားနဲ့မဆိုင်ဘူး။ "
"ဟ ... ဘာလို့မဆိုင်ရမှာလဲ။
မင်းက ငါ့ရဲ့ တရားဝင်မိန်းမ ... မင်းကိုငါပိုင်တယ်။ "
"အဲ့တာဆို ကွာရှင်းပေးလိုက်လေ။ "
"တောက်ခ် ... မင်း ဘာလို့ အဲ့စကားကိုပဲ ခဏခဏပြောနေရတာလဲ။ မကွာပေးဘူးလို့ ပြောထားတယ်မလား။
လုံးဝမကွာပေးဘူး။ မင်းကိုငါက စောက်ရမ်းချစ်တာကွ သိရဲ့လား။"
"ရှင်းသန့်ကတော့ ခင်ဗျားကိုမုန်းတယ် "
"တောက်ခ် ... ဟာကွာ
ခလွမ်း ဂွမ်း ဂွမ်း "
သီဟ စိတ်တိုတိုနှင့် စားပွဲပေါ်တင်ထားတဲ့ ပန်းအိုးတွေနဲ့ ရေကရားအိုးတွေကို နံရံမှာ ပစ်ပေါ်ကာ ခွဲလိုက်လျှင် ရှင်းသန့်က အံကြီးကြိတ်လျှက် အပေါ်တက်ကာ အခန်းထဲဝင်သွားတော့သည်။
သီဟက ရှင်းသန့်အားကြည့်နေပြီး သူမကျောပြင်လေးပျောက်ကွယ်သွာစလျှင် ဆိုဖာပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
"ဟာကွာ "
သီဟလက်ကြမ်းကြမ်းကြီးနှင့် မျက်နှာအားပွတ်ကာ ဆံပင်တွေကို
ထိုးဖွပစ်လိုက်သည်။
အခန်းထဲက ရှင်းသန့်မှာလည်း အိပ်ယာပေါ်မှာ ကွေးကွေးလေးလှဲနေပြီး ပခုံးလေးတွေ တသိမ့်သိမ့်တုန်အောင် ငိုရှိုက်နေလေသည်။
__________
သီဟ ထိုတစ်ညလုံး မအိပ်နိုင်ပဲ ဆိုဖာပေါ်မှာပဲ ငူငူကြီးထိုင်နေပြီး
နည်းနည်းစိတ်ပြေသွားပြီဆိုမှ ခုနက သူပစ်ပေါက်ခွဲထားတဲ့ ဖန်အကွဲတွေနဲ့ ဖုန်းအကွဲကို ရှင်းလိုက်သည်။
တော်ကြာ ဟိုကလေးမက အိပ်ချင်မူးတူးနှင့် ထလာလျှင် နင်းမိပေဦးမည်။
ဖန်ကွဲစတွေ အကုန်သိမ်းပြီးလျှင် စာအုပ်စင်ပေါ်မှ သော့တွဲကိုယူကာ
အပေါ်ထပ်သို့ တက်ခဲ့၏။
ပြီးလျှင် လော့ခ်ချထားတဲ့ ရှင်းသန့်အခန်းတံခါးလေးအား
ခပ်ဖြည်းဖြည်းဖွင့်ကာ အခန်းထဲသို့ဝင်လိုက်လျှင် ရှင်းသန့်က
အိပ်နေရင်းတောင် ရှိုက်သံလေးတွေ ထွက်နေရှာ၏။
သီဟ သူမရင်ဘတ်လေးအား ခပ်ဖွဖွဖိပေးကာ ရှိုက်သံလေးငြိမ်သွားအောင် လုပ်ပေးလိုက်သည်။
တော်တော်ကြောက်သွားရှာတာနေမှာပေါ့။
သူကလည်း သူပါ။ သူမကို ပျော်အောင်ထားမယ်ဆိုပြီး
အမြဲငိုအောင်ပဲ လုပ်နေမိတာပဲ။
ရှင်းသန့်ကိုယ်လေးတုန်တာရက်သွားပြီး ရှိုက်သံလေးတွေ တိတ်သွားပြီဆိုမှ သူမရင်ဘတ်ပေါ်မှ လက်ကိုဖယ်ကာ မျက်နှာပေါ်ဝဲကျနေတဲ့ ဆံနွယ်စအမျှင်လေးတွေအား သပ်တင်ပေး၍ နဖူးပြင်လေးအား
အမြတ်တနိုးနမ်းရှိုက်လိုက်သည်။
"ကိုယ်က မင်းကိုအရမ်းချစ်တာ ကလေးမလေးရဲ့။ "
နှစ်ကိုယ်ကြား ကြားရုံခပ်တိုးတိုးဆိုလိုက်တာဆိုပေမယ့် အိပ်နေတဲ့
ရှင်းသန့်ကတော့ ကြားမည်မဟုတ်ပါ။
သီဟ ရှင်းသန့်မျက်နှာလေးအား အကြာကြီးငေးစိုက်ကြည့်နေပြီးမှ
ကိုယ်လေးနည်းနည်းလှုပ်လာလျှင် ကလေးချော့သိပ်ကို 'ကျွတ် ကျွတ် ကျွတ် ကျွတ်'ဟုခပ်တိုးတိုးချော့ကာ ခေါင်းလေးပွတ်ပေးလိုက်၏။
သူမငြိမ်ကျသွားပြီဆိုမှ စောင်ပါးလေးအား လုံအောင်ခြုံပေးပြီး
အခန်းထဲမှ ထွက်ခဲ့လိုက်သည်။
သူကတော့ အိပ်လို့လည်းရတော့မှာ မဟုတ်တာကြောင့် အောက်ထပ်ပဲပြန်ဆင်းလာကာ စီးကရက်တစ်လိပ်အား ရှိုက်ဖွာပြီး
ရှင်းသန့်ကြိုက်တတ်တဲ့ မနက်စာတွေ ပြင်ဖို့လုပ်၏။
__________
"မောနင်း "
"ဟင် ..."
ရှင်းသန့် အပေါ်ထပ်မှ ဆင်းလာလာချင်း သီဟက ပြုံးရွှင်ကာ နှုတ်ဆက်လိုက်တာကြောင့် သူမကြောင်အမ်းအမ်းဖြစ်သွားလေသည်။
"မနက်စာ အဆင်သင့်ဖြစ်ပြီ ... လာ "
"..."
မနေ့ညက သူ မဟုတ်သည့်အတိုင်းပြောင်းလဲသွားသည့်
သီဟပုံစံကြောင့် ရှင်းသန့် နားမလည်နိုင်ပဲ စိုက်ကြည့်နေလေ၏။
"လာလေ ကလေးမရဲ့ ... ဘာလဲ မျက်နှာမသစ်ရသေးလို့လား။
ကိုယ်သစ်ပေးရမလား။ "
"မလိုပါဘူး...သစ်ပြီးပြီ "
"အဲ့ဒါဆိုလာ။
ကိုယ် ကလေးမကြိုက်တာတွေ ဒီနေ့ ၅မျိုးတောင် လုပ်ထားတယ်။ "
ပြေပြောဆိုဆိုနှင့် သီဟက အုပ်ဆောင်းအား ဖွင့်ပြလိုက်လျှင် ရှင်းသန့်မျက်လုံးအစုံပြူးကျယ်သွားရ၏။
တကယ်ကြီး ရှင်းငန့်အကြိုက်တွေ ၅မျိုးတောင်လုပ်ထားသည်။
၅မျိုးလုံးကလည်း တကယ်အချိန်ပေးရတဲ့ စားစရာတွေချည်းပဲမို့
မေမေတောင် ရှင်းသန့် တအားစားချင်တယ်လို့ပြောမှ တစ်မျိုးလောက်သာ လုပ်ကျွေးတတ်တာတွေဖြစ်သည်။
ဒီလောက်အများကြီး သူ့ဟာသူလုပ်တာဟုတ်လို့လားဟု
ရှင်းသန့် သီဟအား မယုံသင်္ကာနှင့်ကြည့်လိုက်လျှင် သီဟကလည်း
အထာပေါက်စွာ ပြုံးလျှက် ...
"ဘာလဲ ...အကုန်လုံး ကိုယ်လုပ်ထားတယ်ဆိုတာ မယုံလို့လား။
မယုံရင် စားကြည့်"
"..."
ရှင်းသန့် ဘာမှ ပြန်မပြောပဲ ခုံမှာ ထိုင်ကာ တစ်ခုချင်းစားကြည့်လိုက်လျှင် ဆိုင်လက်ရာမဟုတ်ပဲ တကယ့် သူ့လက်ရာတွေဖြစ်နေ၏။
ရှင်းသန့်က အစားသရဲမို့ ဘယ်အစားအစာမဆို တစ်ခါစားလိုက်တာနှင့် လက်ရာတွေအကုန်မှတ်မိနေတတ်သည်။
အခုလည်း အမြဲတမ်းစားနေကျ သူ့လက်ရာက မှားစရာအကြောင်းတော့မရှိပါ။
သူဒီလောက်အများကြီးကို ဘယ်အချိန်ထလုပ်လိုက်သလဲတာမသိ။
ရှင်းသန့်က ယောင်္ကျားရသွားပေမယ့် ဘာမှပြောင်းလဲသွားတာမရှိပါ။
အိမ်ပြောင်းနေလိုက်ရတာကလွဲလို့ မေမေ့ဆီမှာ နေတုန်းကလိုပဲ
ဘာအလုပ်မှလုပ်စရာမလိုပါ။
မေမေကမှ တစ်ခါတလေ ဟိုဟာကူခိုင်းဒီဟာကူခိုင်းတာရှိပေမယ့်
ဒီလူကြီးကတော့ ဘာမှလည်းမကူခိုင်းပါ။
ကူခိုင်းလည်း မလုပ်ပေးနိုင်ပါဘူး။
နောက်ပြီး မေမေ့ကဆို ရှင်းသန့်စားချင်တာတွေကို တစ်မျိုးနှစ်မျိုးလောက်သာလုပ်ပေးပေမယ့် ဒီလူကြီးကတော့ ရှင်းသန့်စားချင်တယ်လို့ တလိုက်တာနှင့် အချိန်အခါမရွေးထလုပ်ပေးတတ်ပြီး ရှင်းသန့်မတောင်းရင်လည်း သူ့ဟာသူအလိုက်တသိနဲ့ ရှင်းသန့်ကိုက်တတ်တာတွေ အကုန်ပြင်ပေးတတ်၏။
ဒီတစ်ချက်တော့ ရှင်းသန့်သဘောကျပါသည်။
သူ့ကိုမဟုတ်ပါဘူး။သူလုပ်ကျွေးတဲ့စားစရာတွေကိုပါ။
အပိုင်း (၁၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)