Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၁၂ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"အန်တီ "

"ဟယ် သားလာလေ။

ဟဲ့ ခေါင်းက ပတ်တီးကြီးနဲ့ ဘာဖြစ်တာလဲ"

"ချော်လဲတာပါ အန်တီ "

"ဟော်တော်

ဖြစ်ရမယ်ကွယ်။ ကလေးလည်းမဟုတ်တော့ပဲနဲ့ကွယ်။

သတိထားမှပေါ့။ ဘယ်တုန်းက ဖြစ်တာလဲ"

"မနက်ကပါ အန်တီ "

"ဟယ် ... အဲ့တာဆို ရှင်းသန့်လည်းသိတယ်ပေါ့။

ကြည့်စမ်း အဲ့တာကို အဲ့ကောင်မလေးက ကိုယ့်ယောင်္ကျားကိုယ်ဂရုစိုက်မယ်မရှိဘူး။ "

"အဟင်း ... သူက ကျွန်တော့်ကို စိတ်ဆိုးနေလို့ပါ။ "

"ဟင်း ... အဲ့ကောင်မလေးကတော့ ပြောမနိုင်ဆိုမနိုင်နဲ့။

သိပ်အလိုမလိုက်နဲ့ ။တအားဆိုတဲ့ကောင်မလေး။ "

"ဟုတ်ကဲ့။

သူအပေါ်ထပ်မှာလား အန်တီ "

"အေး ... ဟုတ်တယ်သား။

အခန်းထဲမှာပဲနေမှာ လိုက်သွားလိုက် "

"ဟုတ် ... အန်ကယ်ရော ရုံးသွားတာလားအန်တီ "

"အေး ဟုတ်တယ်။

သားရော ဘာစားပြီးပြီလဲ။ "

"ကျွန်တော် ခေါင်းမူးလို့ အိပ်နေတာနဲ့

ဘာမှ မစားရသေဘူး အန်တီ "

"ဟယ် ... အခုအချိန်ထိ ဘာမှမစားရသေးဘူးလား။

လာလာ ... ထမင်းအရင်စားလိုက် "

"ဟုတ်ကဲ့ "

ထမင်းစားပြီးမှ အပေါ်ထပ်တက်ကာ စေ့ရုံစေ့ထားတဲ့

ရှင်းသန့်အခန်းထဲဝင်လိုက်လျှင် ရှင်းစန့်က ကုတင်ပေါ်မှာ

ခြေကားယား လက်ကားယားနှင့် အိပ်မောတောင် ကျနေလေပြီ။

ခြေထောက်ဖွဖွနင်းကာ ကုတင်ပေါ် တင်ပါးလွှဲထိုင်၍

အပြစ်ကင်း‌စင်စွာ အိပ်မောကျနေတဲ့ ကလေးမလေးအား ကြည့်လိုက်လျှင် ဖြူအုအုပါးပြင်ထက် မျက်ရည်စတွေ ရှိနေတာကြောင့် မျက်မှောင်ကြုံ့မိသွားရသည်။

ပြီးမှ ဘေးမှ ချထားတဲ့ ဓာတ်ပုံတွေ မြင်ပြီးသဘောပေါက်သွားရသည်။

ရည်းစားကို လွမ်းနေရှာတာပဲ။

မျက်ရည်တွေ စိုလူးနေတဲ့ ပါးမို့မို့လေးအား ကုန်းနမ်းလိုက်လျှင်

ရင်တွေပရမ်းပတာခုန်ကာ ကြည်နူးမှုလှိုင်းလေးတွေ ဖြတ်ပြေးသွားတော့သည်။

အိပ်နေလို့ပေါ့။မဟုတ်ရင် ရွံတယ်ဆိုပြီး ဘယ်လောက်တောင်အော်နေလိုက်မလဲ။

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးကာ ရှင်းသန့်ပါးပြင်ပေါ်က မျက်‌ရည်တွေမရှိတော့သည်အထိ တစ်ကြိမ်ပြီးတစ်ကြိမ် တိုးတိုက်နမ်းရှိုက်ပစ်လိုက်သည်။

_________

"ကလေးမ မနက်ဖြန်ဆို ကျောင်းပြန်ဖွင့်ပြီမလား။ "

"..."

အဲ့လိုပါပဲ ဒီအိမ်ထဲမှာ သီဟကသာ မေးပြီး သီဟကပဲ ပြန်ဖြေရတာဖြစ်သည်။

ရှင်းသန့်က သူဖြေချင်တဲ့စကားလောက်ပဲ ပြန်ဖြေပြီး

ခြောက်ကပ်ကပ်ဖြစ်နေ၏။

"ကျောင်းဖွင့်ရင် ကိုယ်အပို့အကြိုလုပ်ပေးမယ်နော်။ "

ထိုသို့ပြောလိုက်လျှင် ခုနကထိ မကြားသလိုနေနေတဲ့ ရှင်းသန့်က ကပျာကယာနှင့် ထငြင်းတော့သည်။

"ဟင် ... မလို မလိုပါဘူး။

ကိုယ့်ဟာကိုယ်ပဲ သွားမှာ။ "

"ကိုယ်လိုက်ပို့ချင်လို့ပါ။ "

"မလိုဘူးလို့ ပြောနေတယ်မလား။ "

"ဘာလို့လဲကွာ။

ကိုယ်စိတ်မချလို့ပါ။ "

"ဘာစိတ်မချစရာရှိလဲ။

အမြဲဒီလိုပဲ သွားနေကျကို ဘာတွေ အပိုတွေ လုပ်နေတာလဲ။ "

"ဟင်း ... ကိုယ်နဲ့ မသွားချင်ဘူးလား။"

"ဟုတ်တယ် "

"ဘာလို့လဲ။ "

"ရှက်လို့ "

"ဘယ်လို "

"ဟုတ်တယ်။

ခင်ဗျားနဲ့ တွဲသွားရမှာ ရှင်းသန့် အရမ်းရှက်တယ်။

အဲ့တာကြောင့် အတတ်နိုင်ဆုံး ရှင်းသန့်နဲ့ ဝေးဝေးမှာ နေပေးပါ။

လမ်းမှာတွေ့ရင်လည်း မခေါ်ပါနဲ့။ "

"..."

ရှင်းသန့်စကားအဆုံးတွင် သီဟရင်ထဲ မွန်းကြပ်နွမ်းလျသွားကာ

ဘာစကားမှပင် မပြောနိုင်တော့ပေ။

ပြောချင်တာပြောပြီး အခန်းထဲဝင်သွားတဲ့ ကျောပြင်သေးသေးလေးကိုသာ ငေးကြည့်နေမိတော့သည်။

___________

ကျောင်းဖွင့်တော့ ပြောထားတဲ့အတိုင်း ရှင်းသန့်က

အရင်အတိုင်း သူ့ဆိုင်ကယ်နဲ့ သူသာသွားသည်။

သီဟကလည်း ထိုနေ့က ပြောပြီးကတည်းက လိာက်ပို့မယ့်အကြောင်းလည်း မဟတော့သလို အရင်ထက်လည်း စကားနည်းသွားလေသည်။

ရှင်းသန့် ပြောလိုက်တာကို စိတ်ဆိုးသွားတာလည်းဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ရှင်းသန့်ကလည်း ခပ်ကင်းကင်းနေချင်သူမို့

ထိုအခြေအနေကို ပိုပြီး ကြိုက်မိသည်။

ရှင်းသန့်ကျောင်းရောက်လျှင် အရင်ဆုံးရှာမိတာက ကိုကို့ကိုဖြစ်၏။

ဒါပေမယ့် ကိုကို့အရိပ်အယောင်တောင် မမြင်ရတာမို့ ရင်ထဲနွမ်းလျသွားရသည်။

ကိုကိုသိတဲ့ ရှင်းသန့်ရဲ့ ဖုန်းနံပါတ်အဟောင်းကဒ်ကို ဟိုလူယုတ်မာက ချိုးပြီး အသစ်ထည့်ထားပေးတာကြောင့် ကိုကိုက သိမည်မဟုတ်သလို ရှင်းသန့်ဘက်ကစပြီး ကိုကို့ကို ဆက်သွယ်ဖို့ကျပြန်တော့လည်း ရှင်းသန့်အတွက်ဝန်လေးနေမိ၏။

__________

🎶အရည်တွေပျော်ကုန်ပြီ။

ဦးနှောက်အပိုင်းအစတွေ နှလုံးသားနေရာတွေ ...

ရိုးသားချင်တာတွေ ရည်ရွယ်တာတွေနဲ့ ...

အချစ်ရဲ့ပန်းပွင့်‌ကလေးများ ...

အားလုံးအရည်ပျော် ပျောက်ရှ သွားကြတယ်။

အရည်တွေပျော်ကုန်ပြီ...

ကိုယ့်ရဲ့စိတ်ဓာတ်တွေ မေရယ်ဖေးမကူညီကွယ် ...

ရင်ခုန်သံတွေအားလုံး အိပ်မက်ကလေးများအားလုံး ...

ကိုယ့်မနက်ဖြန်တွေအားလုံး ပျောက်ရှကုန်ပြီကွယ် ...

မျှော်ရည်တာတွေနဲ့ ...

အဆုံးထိအသည်းမှာစွဲမြဲ ပေးဆပ်ချင်တယ်ကိုယ့်ရဲ့ ...

အသက်ဆက်ထား ...

အရည်တွေပျော်ကုန်ပြီ...

ကိုယ့်ရဲ့စိတ်ဓာတ်တွေ မေရယ်ဖေးမကူညီကွယ် ...🎶

"အား ... ဒီလူကြီးက လုပ်ပြန်ပြီ "

ရှင်းသန့် ကျောင်းပိတ်ရက်လေးမို့ နေမြင့်တဲ့အထိ အိပ်မလို့လုပ်တုန်း

သီချင်းသံနဲ့အတူ အသံဆိုးကြီး ထွက်လာတာကြောင့် လန့်နိုးလာကာ

ဒေါသထွက်လာတော့သည်။

ဆူညံနေတဲ့အသံတွေကြောင့် ဆက်အိပ်လို့လည်းမရတော့ပဲ

ကုတင်ပေါ်က ဆောင့်အောင့်ဆင်းကာ ထွက်ခဲ့လိုက်၏။

အသံလာရာကို လိုက်ကြည့်လိုက်တော့ မီးဖိုခန်းထဲက ဖြစ်နေသည်။

ရှင်းသန့် မီးဖိုခန်းထဲသို့ အမြန်သွားပြီး သီဟကိုအော်ဖို့လုပ်လိုက်လျှင် သီဟက လှမ်းမြင်သွားကာ ...

"ဟာ ... မဲရှုပ်ညစ်လေး

နိုးတော့တာလား။ဒီနေ့ကျောင်းပိတ်တယ်လေ

ဆက်မအိပ်ဘူးလား။ "

"ဘယ်လိုလုပ် အိပ်လို့ရမလဲ။

ခင်ဗျားအသံဆိုးတွေနဲ့ နှိပ်စက်နေတာကို။

မအိပ်နိုင်အောင် တမင်အနုနည်းနဲ့ နှိပ်စက်နေတာမလား။ "

"ဟာ ... မဟုတ်တာကွာ။

ကိုယ်လည်း ဖွင့်နေကျဆိုတော့ မေ့သွားတာ။

ဆောရီးနော် အခုပိတ်လိုက်ပြီ ... သွားပြန်အိပ်ချည်တော့ သွားသွား "

"ဘာ ... ခင်ဗျား ရွဲ့နေတာလား။

အခုချိန်မှ ဘယ်လိုလုပ်အိပ်လို့ရတော့မှာလဲ။ "

"ဟုတ်သားပဲ။

ဆောရီးပါကွာ။

ကိုယ်နောက်နေ့ မဖွင့်တော့ဘူးနော်။ "

သီဟက တောင်းပန်တိုးလျှိုစွာ ဆိုလိုက်လျှင် ရှင်းသန့်က မျက်မှောင်လေးကြုတ်ကာ ...

"ဖွင့်ရဲရင်လည်း ဖွင့်ကြည့်လိုက်လေ "ဆိုပြီး ခြိမ်းခြောက်ပြီး အပေါ်ပြန်တက်သွားတော့သည်။

မီးဖိုခန်းထဲက သီဟမှာတော့ ပြုံးပြုံးကြီးကျန်နေခဲ့ပြန်သည်။

အကောင်သေးသေးလေးက ခြိမ်းခြောက်နေလိုက်တာကို

ဘယ်လိုဟာလေးလဲမသိ။

__________

ဒီတစ်ပတ်ကျောင်းဖွင့်ဖွင့်ချင်းနေ့မှာတော့ ရှင်းသန့် ကျောင်းထဲ

ဝင်ရုံရှိသေး ကိုကို့ကို မြင်လိုက်ရတာကြောင့် ရင်ခုန်စိတ်လှုပ်ရှား‌ရသည်။

ထို့အတူ နှုတ်ကနေလည်း ရင်းနှီးနေတဲ့ နာမ်စားလေးအား ခပ်ဖွဖွ ရေရွတ်လိုက်မိ၏။

"ကိုကို "

ကိုကိုကလည်း ရှင်းသန့်ကို မြင်တာနှင့် ဝမ်းနည်းရိပ်သမ်းနေတဲ့ မျက်လုံးအစုံနှင့် ရှင်းသန့်အားကြည့်ကာ တဖြည်းဖြည်းတိုးကပ်လာပြီး ရှင်းသန့်ကိုယ်လုံးလေးအား ထွေးဖက်လိုက်လေသည်။

"အင့် ... ကို "

"ကိုကို ရှင်းသန့်ကို အရမ်းလွမ်းနေတာ ရူးမတတ်ပဲ "

"အဟင့် ... ရှင်းသန့်လည်းကိုကို့ကို အရမ်းလွမ်းတယ် "

"ကိုကို ရှင်းသန့်ကို အခုထိချစ်နေတုန်းပဲ "

"ရှင်းသန့်လည်း ကိုကို့ကို ချစ်ပါတယ်။

ဒါပေမယ့် ရှင်းသန့်က လက်ထပ်ပြီးသွားပြီ။ "

"အဲ့တာ ... ဟိုလူ ယုတ်မာလို့။

ကိုကို ကိုကို ရှင်းသန့်ကို မင်္ဂလာပွဲမှာ လာခိုးခဲ့သေးတယ်"

"ရှင်းသန့် ခင်ဇာပြောပြလို့ သိပြီးပါပြီ။

အဲ့အတွက်လည်း ရှင်းသန့် တောင်းပန်ပါတယ်။ "

"ရှင်းသန့်က ဘာလိူ့တောင်းပန်ရမှာလဲ။

အဲ့လူအတွက် ရှင်းသန့်က မတောင်းပန်ပေးစမ်းပါဗျာ။

ကိူကို ရင်နာလွန်းလို့ပါ။ "

"ကိုကိုရော အဆင်ပြေရဲ့လားဟင် "

"မပြေဘူး ။

ကိုကိုလုံးဝအဆင်မပြေဘူး။

ရှင်းသန့်ကို ဆုံးရှုံးလိုက်ရတဲ့ အိပ်မက်ဆိုးကြီးက

အခုထိ ကိုကို့ကို ခြောက်လှန့်နေတုန်းပဲ "

"ကိုကိုရယ် "

ရှင်းသန့်ကိုကို့ပါးလေးအား အုပ်ကိုင်ကာ ဝမ်းနည်းရုံမှအပ ဘာမျှမလုပ်နိုင်တော့ပါ။

အပိုင်း (၁၃) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၁ ) နောက်အခန်း - အပိုင်း (၁၃ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ