Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၈ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

နှစ်ယောက်သား တိတ်ဆိတ်စွာနှင့် တဖြည်းဖြည်း ဩရထူးသူငယ်ချင်းတွေ စီစဉ်ထားပေးတဲ့ နေရာသို့ ရောက်လာခဲ့လေသည်။

သိပ်ဝေးဝေးလံလံမဟုတ်ပဲ ရဲမာန်အဒေါ်ရဲ့ မနေတော့တဲ့

အိမ်အဟောင်းမှာပဲဖြစ်သည်။

"ရှင်းသန့် လာလေ "

တစ်ဖက်မှ ကားတံခါးအားဖွင့်ပေးလိုက်လျှင် ရှင်းသန့်က

ခေါင်းငြိမ့်ကာ ကားထဲမှ ဆင်းလာခဲ့၏။

ဂါဝန်စက ရှည်နေတာကြောင့် ဩရထူးအနောက်ကနေ ဂါဝန်စအား နည်းနည်း မပေးလိုက်သည်။

အိမ်ထဲသို့ ရောက်လျှင် သူမက ဆိုဖာမှာအရင်ဝင်ထိုင်၏။

သူလည်း သူမနံဘေးသို့ ဝင်ထိုင်လိုက်ကာ အခုချိန်ထိ

ကျောက်ရုပ်မလေးဖြစ်နေတဲ့ သူမအား စိုက်ကြည့်လိုက်ပြီး

နှစ်ကိုယ်ကြား ကြားရုံအသံလေးနှင့် သူမနာမည်လေးအား

ခပ်တိုးတိုးခေါ်လိုက်၏။

"ရှင်းသန့် "

"..."

"ရှက်နေတာလားဟင်။ "

သူမက ဘာမှ ပြန်မဖြေလာတာကြောင့် မချင့်မရဲနှင့် မျက်နှာထက်မှ ပဝါစလေးအား ဆွဲဖယ်လိုက်သည်။

"ဟင် "

မြင်လိုက်ရတဲ့ မျက်နှာကြောင့် သူ တော်တော်သွေးပျက်သွားရ၏။

"ခင်ဗျား ခင်ဗျားက ဘယ်သူလဲ။ "

"ကျွန်မက ဆရာသီဟရဲ့ပွဲရုံက ဝန်ထမ်းပါ။ "

"ဘာ ... အဲ့ဒါဆို ဘာလို့ ခင်ဗျားက။

ဟား ... "

အခြေအနေကို သူသဘောပေါက်လိုက်ပါပြီ။

ဟိုဘိုးတော်က သူတို့ကို ရိုက်ချသွားပြီပဲ။

ရှင်းသန့်ကို သူတို့လာခိုးမယ်ဆိုတာ တွက်ထားပြီး

လူလဲထားလိုက်တာဖြစ်မည်။

သွားပြီ အခုတော့ ...‌

ဘေးက မိန်းကလေးကလည်း ငြိမ်သက်စွာထိုင်နေသလို

ဩရထူးလည်း စိတ်ပျက်လက်ပျက်နှင့် မျက်နှာကို လက်နှစ်ဖက်နှင့်

ပွတ်သပ်လိုက်သည်။

"Ring... Ring"

ထိုအချိန် ဖုန်းဝင်လာတာကြောင့် ကောက်ကိုင်လိုက်လျှင် တစ်ဖက်မှ ရဲမာန်တို့ရဲ့ ခပ်ဪွှတ်ရွှတ်အသံထွက်လာခဲ့၏။

"ဟေ့ကောင်ကြီး ... ဘယ်လိုလဲကွ။

‌ရောက်ပြီမလား။ အခုပဲ မင်္ဂလာဦးနေတာတော့မဟုတ်ပါဘူးနော်။ ဟား ဟား ဟား "

"ငါတို့မှားသွားပြီ။

ငါတို့ခိုးလာတာ ရှင်းသန့်မဟုတ်ဘူး။ "

ဩရထူးရဲ့ ငိုသံပါပါအသံကြီးထွက်လာလျှင် တစ်ဖက်မှ ဟားနေကြတဲ့ ရဲမာန်တို့တွေ တိတ်ကျသွားတော့သည်။

"ဟမ် ... ဟေ့ကောင် အဲ့တာဘာစကားလဲကွ။ "

"ငါတို့ လူမှားပြီး ခိုးခဲ့မိတာကွ။

ဟိုဘိုးတော်က ကြိုသိလို့ တမင်စီစဉ်ထားတာထင်တယ်။"

"ဟာ ... အဲ့ဒါဆို ငါတို့က ဘယ်သူ့ကိုခိုးလာမိတာလဲ။ "

"အဲ့ဘိုးတော်ရဲ့အလုပ်သမားလို့ပြောတာပဲ။ "

"ဟာ ... ဘယ်လိုလုပ်ကြမလဲ။

နေဦး ငါတို့ မင်္ဂလာခန်းမဆီကို ပြန်သွားကြည့်လိုက်မယ်။ "

ကားကိုပြန်ကွေ့ကာ မင်္ဂလာခန်းမထဲသို့ ဝင်ကြည့်လိုက်လျှင်

မင်္ဂလာပွဲက အထမြောက်လို့တချို့ဧည့်သည်တွေတောင် ပြန်ကုန်ကြပြီဖြစ်၏။

ရှင်းသန့်ကိုလည်း ဟိုလူကြီးက လက်တွဲထားလေသည်။

"ဟာ ... ဘယ်လိုလုပ်ကြမလဲ။ "

"ကိုဩရထူးဆီပဲ လိုက်သွားရအောင်လေ။

မှားခိုးထားမိတဲ့ မိန်းကလေးရောရှိနေတာဆိုတော့။

တော်ကြာ အကုန်ပြဿနာတွေတက်ကုန်ဦးမယ် "

"အေးအေး ... ဟုတ်တယ် ဟုတ်တယ်

သွားမယ် ။ "

ရဲမာန်တို့‌တစ်ဖွဲ့လုံး ခန်းမထဲကနေ သုတ်သုတ်ပြာပြာ

ထွက်သွားကြလျှင် သီဟသက်လင်း နှုတ်ခမ်းညိုညိုတို့ ကွေးညွတ်သွားတဲ့အထိ ပြုံးလိုက်သည်။

သူ့ကို လျှော့တွက်ထားကြတာကို။

သူက ဒီကိစ္စတွေကို ကြိုမြင်ထားလို့ မင်္ဂဆောင်မယ့်နေ့မတိုင်ခင်ကတည်းက ကြိုတင်စီစဉ်ထားတာဖြစ်သည်။

ရှင်းသန့်အလှပြင်တော့လည်း သူက ရှင်းသန့်လက်ကိုကိုင်ကာ

ရှင်းသန့်ဘေးမှာ တစ်ချိန်လုံးရှိနေခဲ့၏။

တစ်ဖက်မှာတော့ သူတို့ကို အာရုံလွှဲဖို့ နောက်တစ်ခန်းစီစဉ်ထားကာ

ပီပြင်အောင် သူ့အလုပ်သမားနှစ်ယောက်ကိုပါ အစောင့်ထားခဲ့သည်။

သတို့သမီးအတုကိုတော့ သူ့အလုပ်သမားထဲကပဲ ရှင်းသန့်နှင့် ခန္ဓာကိုယ်အချိုးအစားနည်းနည်းတူတဲ့သူကို ပိုက်ဆံပေးကာ

လုပ်ခိုင်းခဲ့တာဖြစ်၏။

သူအဲ့ဒီလို ဉာဏ်များနိုင်ခဲ့လို့လည်း သူတို့မင်္ဂလာပွဲလေးက

လျှောလျှောရှူရှူနှင့် အထမြောက်အောင်မြင်သွားတော့သည်။

___________

"ဟင့်အင်း မလိုက်ဘူး။

ရှင်းသန့် ခင်ဗျားနဲ့ လိုက်မနေနိုင်ဘူး။ "

"ဟဲ့ ... သမီး မလိုက်လို့ ဘယ်ရမလဲကွဲ့။

အခုသမီးတို့က တရားဝင်လင်မယားတွေဖြစ်သွားကြပြီလေ။

သျှောင်နောက် ဆံထုံးပါရမှာပေါ့ကွဲ့။ "

"ဟင့်အင်း ... မလိုက်ချင်ဘူး။

သမီးမေမေတို့နဲ့ပဲ နေချင်တယ်နော်။ "

"ဪ ... ကဲ ခက်တော့တာပဲကွယ်။

မေမေတို့နဲ့လည်း ဝေးတာမှ မဟုတ်တာသမီးရဲ့။

ခြံချင်းကပ်လျှက်ပဲကို မနက်ကျရင် မေမေတို့ဆီ ပြန်လာခဲ့လေကွယ်။ "

"အဟင့် ... မလိုက်ချင်ပါဘူးဆို မလိုက်ဘူးပဲ "

"ကလေးမကလည်း လိမ္မာပါတယ်ကွာ။

မနက်ကျရင် အန်တီတို့ဆီပြန်လာလို့ရတာပဲကွာနော်။ "

"တိတ်တိတ်နေ ... ရှင့်အသံမကြားချင်ဘူး။

သွား ထွက်သွား။ "

လက်ညှိုးငေါက်ငေါက်ထိုးကာ မောင်းထုတ်လေသည်။

"ဟဲ့ သမီး။

ကိုယ့်ယောင်္ကျားကိုယ် ဘယ်လိုပြောလိုက်တာလဲ။

ရိုင်းမလာနဲ့နော်။ သွား လိုက်သွားတော့။ "

"အင်း ... ဟင့် မုန်းတယ်။

အားလုံးကို မုန်းတယ်။

ဘယ်တော့မှ ပြန်မလာဘူး။ "

ငိုယိုစိတ်ဆိုးကာ ထထွက်သွားလျှင် သီဟသက်လင်းလည်း လူကြီးတွေကို နှုတ်ဆက်ကာ အနောက်က လိုက်ရလေသည်။

ခြံအပြင်ဘက်ကို ထွက်သွားပြီး သီဟအိမ်ထဲလည်း မဝင်ပဲ လမ်းမပေါ် ဆက်လျှောက်သွားလျှင် သီဟ သူမရှေ့ပိတ်ရပ်လိုက်လေသည်။

"ဟေ့ ကလေးမ ဘယ်သွားမလို့လဲ။ "

"ဘယ်သွားသွား ခင်ဗျားမဆိုင်ဘူး ဖယ်။ "

"ဆိုင်တာပေါ့ကွ။

မင်းက ကိုယ့်မိန်းမလေ။ "

"အား မကြားချင်ဘူး။

ရွံလိုက်တာ ထွက်သွား။ "

"အိမ်ပြန်ရအောင်။

မိုးချုပ်နေပြီ မိန်းကလေးတစ်ယောက်တည်း အပြင်မှာနေတာ ကောင်းတာမဟုတ်ဘူး။ "

"ကိုယ့်ဟာကိုယ် ဘယ်လိုနေနေ ခင်ဗျားအပူပါလား။ဖယ် "

သူ့ကိုယ်လုံးကြီးအား အားနှင့်တွန်းဖယ်တာ မရတာကြောင့်

ရှောင်ကာ ထွက်လိုက်သည်။

အသားချင်းထိရတာတောင် ရွံလိုက်တာ။

"ကျစ် ... ဒီကလေးမတော့ကွာ။ "

လမ်းမပေါ်သို့ ဆက်လျှောက်သွားနေတဲ့ရှင်းသန့်အားကြည့်ကာ

သီဟသက်လင်း ခေါင်းတစ်ချက်ခါလိုက်ပြီးမှ ခြေလှမကျဲကြီးတွေနှင့် သူမနောက်လိုက်ကာ အနောက်ကနေ သူမကိုယ်လုံးသေးသေးလေးအား စွေ့ခနဲ ပွေ့ချီပစ်လိုက်သည်။

သူ့ခန္ဓာကိုယ်က တော်တော်ဖွံ့ထွားတာကြောင့် သူမခန္ဓာကိုယ်လေးက သူပွေ့ချီလိုက်တော့ မြုပ်သွားတော့သည်။

တကယ်ကို ကျီးကန်းဘဲဥချီထားတဲ့အတိုင်းပင်။

"အမေ့ ... ခင်ဗျား ခင်ဗျား ဘာလုပ်တာလဲ။ "

"မလိမ်မိုးမလိမ္မာမလေးကို အိမ်ထဲခေါ်ပြီး အပစ်ပေးမလို့လေ။ "

"အား ... ခင်ဗျား

အခုချက်ချင်း အောက်ချပေးစမ်း။ အား "

အသံ‌လေးစူးနေအောင်အော်သလို လက်တွေကလည်း သီဟရင်ဘတ်ကြီးအား ကုတ်ဖဲ့လိုက် ထုလိုက်နှင့် လုပ်သလို

ပါးကိုလည်း တဖျတ်ဖျတ်လှမ်းရိုက်၏။

"အောက်ချပေးလို့ ပြောနေတယ်နော်။ "

လက်တွေကလည်း မျက်နှာကြီးကုတ်ဖဲ့ကာ

ပါးစပ်ကလည်း အော်လေသည်။

ရှင်းသန့် လက်သည်းက အရှည်ဆိုတော့ သူမကုတ်ဖဲ့လိုက်တဲ့ သူမျက်နှာမှာ ခြစ်ရာတွေထင်ကာ သွေးတွေစို့လာတော့သည်။

ဒါကိုလည်း သူက အသံတစ်ချက်မထွက်ပဲ သူမကို အိမ်ထဲရောက်အောင်ခေါ်လာ၏။

ခြံထဲရောက်လျှင် သူမအား ပွေ့ချီထားလျှင်နှင့် ခြံတစ်ခါးအား

သော့ပြန်ခတ်ကာ အိမ်ထဲဝင်ပြီးမှ သူမအား ဆိုဖာပေါ်ချပေးလိုက်သည်။

ပြီးလျှင် သူလည်း သူမနံဘေးသို့ ရှက်ကိုးရှက်ကန်းနှင့်

လက်ဝါးနှစ်ဖက်အား ပွတ်သပ်ကာ ဝင်ထိုင်လိုက်ပြီး

အသံဩဩကြီးနှင့်ခပ်တိုးတိုး ဆိုလိုက်သည်။

"အိပ်ကြစို့ ပင်ပမ်းနေပြီ။ "

အပိုင်း (၉) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၇) နောက်အခန်း - အပိုင်း ( ၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ