မှုံနံ့သာ၏ အိမ်ကလေးထဲတွင်တော့ လူအများစည်ကားနေလေသည်။
ရပ်မိရပ်ဖလူကြီးများ ဆွတ်ရိန်နော်ရဲ့မိဘတွေနှင့် ဆွေမျိုးများအစုံအလင်အပြင် ရွာထဲက လူတချိူ့လည်း ရုတ်ချည်းပြုလိုက်သည့် တောင်းရမ်း စေ့စပ်ပွဲအား အတော်စိတ်ဝင်စားနေကြ၏။
ဆွတ်ရိန်နေည်ဘက်မှာတော့ ဆွေမျိုးအင်အားတောင့်တင်းစွာရှိနေပေမယ့် မှုံနံ့သာဘက်မှာတော့ အုပ်ထိန်းသူလူကြီးပင်မရှိတာကြောင့် သူမနှင့်အတူ ကုန်စိမ်းရောင်းသည့် ဒေါ်အေးသီက သနားပြီး အုပ်ထိန်းသူနေရာ ဝင်နေပေး၏။
ဒေါ်ဘောက်နူးကတော့ မျက်နှာကြီးတည်တင်းနေကာ မှုံနံ့သာကိုပဲ မကျေမချမ်းကြည့်နေလေရဲ့။
မှုံနံ့သာမှာ ခေါင်းကို ငုံ့ထားပြီး လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ ထိုင်နေရှာ၏။ သူမ၏ မျက်နှာတွင် သွေးရောင်မရှိ၊ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်လုံးများက နီရဲမို့အစ်နေတာ ဘယ်လောက်ငိုထားသလဲဆိုတာ မေးစရာပင်မလို။
"သမီး မှုံနံ့သာ ... ဦးလေးတို့ဘက်က တောင်းပန်ပါတယ်။
ဦးလေး သား မိုက်မဲခဲ့တာ ဦးလေး တာဝန်ပါ။ အဲ့ဒါကြောင့် ... သမီး နစ်နာခဲ့ရတာတွေအတွက် ဦးလေးတို့ဘက်က တာဝန်ယူတဲ့အနေနဲ့ သမီးကို တရားဝင် လာတောင်းရမ်းတာပါ။"
ဦးဆွတ်ဆိုင်းအောင်က ဖြောင့်ဖြောင့်ဖျဖျ ပြောဆိုလေသည်။ ဒေါ်ဘောက်နူးကတော့ မျက်နှာကို တစ်ဖက်သို့ လွှဲထားပြီး သက်ပြင်းကို မကြာခဏ ချနေ၏။ ဆွတ်ရိန်နော်ကတော့ မှုံ့ကို စိုးရိမ်တကြီး ကြည့်နေသော်လည်း မှုံက သူ့ကို တစ်ချက်ကလေးမျှ အကြည့်မခံ။
အခြေအနေအရ မှုံ့တွင် ငြင်းပယ်ခွင့် မရှိတော့။ ရွာထဲတွင် သတင်းပြန့်သွားလျှင် သူမ ဘယ်လိုမှ နေ၍ရတော့မည် မဟုတ်။
လူကြီးချင်း စကားပြောပြီး၍ ပြန်ခါနီးအချိန်တွင် အကုန်လုံးသူ့အာရုံနှင့်သူဖြစ်နေချိန် ဒေါ်ဘောက်နူးက မှုံနံ့သာ အနားသို့ ကပ်သွားကာ ဘေးလူမကြားအောင် လေသံကို နှိမ့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
" ငါက မတတ်သာလို့သာ နင့်ကို လက်ခံလိုက်ရတာ။ ငါ့စိတ်ထဲမှာတော့ နင့်ကို ဘယ်တော့မှ သဘောမတူဘူး။ နင်က ငါ့သား
အနာဂတ်ကို ဖျက်ဆီးတဲ့ မိန်းမပဲ။"
ထိုစကားလုံးများသည် မှုံ့ရင်ထဲသို့ အဆိပ်မြှားများလို စူးဝင်သွားကာ မှုံ မော့ကြည့်လိုက်တော့ ဒေါ်ဘောက်နူး၏ မျက်လုံးများတွင် အမုန်းတရားများကို အထင်းသား တွေ့လိုက်ရသည်။ မှုံ
ဘာမှပြန်မပြောနိုင် မျက်ရည်ကိုသာ အသာသုတ်ရင်း ခေါင်းငုံ့ကျန်ရစ်ခဲ့တော့သည်။
"ယောက်ဖ မင်းလည်း ငါ့လမ်းစဉ်လိုက်တာပါလားကွ။ "
မိန်းမတောင်းပြီးအပြန်တွင် စပ်ဖြဲဖြဲဖြစ်နေသော ဆွတ်ရိန်နော်အား မျိုးမင်းထက်က ပခုံးကိုတိုက်ကာ ပြောတော့ ဆွတ်ရိန်နော်က မျက်ခုံးကိုပင့်ကာ ...
"မတူဘူး ... ဟျောင့်
မင်းက ငါ့အမကို အလိုမတူပဲ ကားတင်ပြေးတာ။ "
"ဟာ ... မင်းကရော ဘာထူးလို့လဲ ... အိမ်ပေါ်တက်ပြီး ..."
"ဟျောင့် ... တော် တော် သူများတွေကြားလို့ ငါ့မိန်းမကို
သူများတွေ ပြောကုန်လိမ့်မယ်။ "
"လုပ်တုန်းက လုပ်ပြီးတော့။ "
"ဟျောင့် ငါနဲ့မှုံလေးနဲ့က ချစ်သူတွေ ... မင်းက ငါ့အမနဲ့ ဘာဆိုင်လို့လဲ။ "
"လမ်းခွဲပြီးသား ချစ်သူတွေဆိုတာလည်း ထည့်ပြောလေ။ "
"မင်းစောက်ပါးစပ်ပိတ်ထားလိုက်တော့ ...
ဆိုင်းပန်ကို မင်းအရက်သောက်တဲ့အကြောင်းပြောလိုက်ရမလား။ '
"ဟာ ... ယောက်ဖကြီးကလည်းကွာ။ "
________________
"ကျွန်မ ပြောပြီးသား ကိုဆိုင်းေအာင် ... သားမိုက်မဲလို့
ဒီမိန်းမကို လိုက်တောင်းပေးရတာတောင် လွန်လှပြီ။
မင်္ဂလာဆောင်တော့ လုပ်မပေးနိုင်ဘူး။ "
"အမေ ... ဘယ်လိုပြောလိုက်တာလဲ။
မှုံ့မှာလည်း ဂုဏ်သိက္ခာရှိတယ်။ ရွာထဲမှာ မျက်နှာငယ်အောင်တော့ မလုပ်နိုင်ဘူး။"
ဆွတ်ရိန်နော်က ဝင်ပြောလိုက်လျှင် ဦးဆွတ်ဆိုင်းအောင်ကလည်း ဝင်ထောက်ခံလေသည်။
"ဟုတ်သားပဲ ... ဘောက်နူးရာ မင်းကလည်း သားသမီးချင်း
ကိုယ်ချင်းစာစမ်းပါ။ "
"ဘာ ဂုဏ်သိက္ခာလဲ ... နင်တို့ ဖြစ်ချင်တိုင်း ဖြစ်ပြီးမှ ယူရတာလေ။ ငါ့ပိုက်ဆံ တစ်ပြားမှ အကုန်မခံနိုင်ဘူး။ မင်္ဂလာဆောင်ဖို့ စိတ်မကူးနဲ့။"
"ကောင်းပြီလေ။"
ဆွတ်ရိန်နော်က အခန်းထဲသို့ ဝင်သွားပြီး ပိုက်ဆံတစ်အုပ်ကို ထုပ်လာလေသည်။
"ဒါ ကျွန်တော် မန္တလေးတုန်းက ဦးလေးဆီမှာ နေတုန်းက စုထားတဲ့ ပိုက်ဆံတွေ။ အမေတို့ ပိုက်ဆံ တစ်ပြားမှ မလိုဘူး။
ကျွန်တော့် မိန်းမအတွက် မင်္ဂလာပွဲကို ကျွန်တော့် ပိုက်ဆံနဲ့ ကျွန်တော် လုပ်မယ်။"
"နင် ... နင်က အဲ့ဒီလောက်တောင် ဖြစ်နေရလား။"
"ဟုတ်တယ် ... ကျွန်တော် သူ့ကို နာကျင်အောင် လုပ်ခဲ့မိပြီ။
အဲ့ဒီအတွက် သူ့သိက္ခာကိုတော့ ကျွန်တော် ပြန်ဖော်ပေးရမယ်။ သေးတာ ကြီးတာ အဓိက မဟုတ်ဘူး။ မှုံနံ့သာဟာ ကျွန်တော့်ရဲ့ တရားဝင် ဇနီးမယားဆိုတာကို လူသိရှင်ကြား ဖြစ်စေရမယ်။"
ဆွတ်ရိန်နော်စကားကြောင့် ဒေါ်ဘောက်နူးက စွေ့စွေ့ခုန်စိတ်တိုသွားပြီး ဦးဆွတ်ဆိုင်းအောင်ကတော့ သားဖြစ်သူကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
_______________
မင်္ဂလာပွဲကိုတော့ ဆွတ်ရိန်နော်က သူ့မှာရှိတဲ့ပိုက်ဆံနှင့်လောက်
ေအာင် မှုံနံ့သာရဲ့ အိမ်ဝိုင်းလေးထဲမှာပဲ အကျဉ်းရုံးလေးလုပ်လိုက်ကြ၏။
အဖြူရောင်စတစ်ကော်လံနှင့် ကချင်ပုဆိုးကိုသပ်ရပ်စွာ ဝတ်ထားတဲ့ ဆွတ်ရိန်နော်က သိပ်ခန့်ညားပြီး ကြည့်ကောင်းနေသလို ဆွတ်ရိန်နော်ကိုယ်တိုင်ဝယ်ပေးထားတဲ့ ရွှေရောင်မင်္ဂလာဝတ်ဆုံလေးဝတ်ထားတဲ့ မှုံနံ့သာကလည်း သိပပ်ကို လှပကျော့ရှင်းနေ၏။
ဆွတ်ရိန်ေနာ် မျက်လုံးများကလည်း မှုံ့ထံမှ မခွာ။
ဘာပကာသနမှ မပါတဲ့ ထိုမင်္ဂလာပွဲလေးတွင် သတို့သားနှင့် သတို့သမီးက နေနှင့်လ၊ရွှေနှင့်မြအလား သိပ်ကိုလိုက်ဖက်နေလေသည်။
ဒေါ်ဘောက်နူးက မင်္ဂလာပွဲကို မလာပေးချင်ပေမယ့် ဦးဆိုင်းအောင်က ပြောလို့သာ မိဘနေရာမှာ ထိုင်နေပေး၏။
ဧည့်သည်များက မင်္ဂလာထမင်း စားရင်း တီးတိုးပြောဆိုနေကြသည်။ တချို့က သတို့သားနှင့်သတို့သမီးလိုက်ဖက်ကြောင်း
ပြောကြသလို၊ တချို့ကလည်း အတင်းအဖျင်း ပြောနေကြသည်။
"ရုတ်တရတ်ကြီးထယူလိုက်တာ ဗိုက်ကြီးလို့လားမှ မသိတာ...
ဘောက်နူးကလည်း သူ့သားကို အဲ့ကောင်မလေးနဲ့ သဘောတူတာမှ မဟုတ်။
အခု မတတ်သာတဲ့အခြေအနေမို့သာနေမှာ။
ကောင်မလေးကလည်း တစ်ယောက်တည်းနေတာဆိုတော့
ဖြစ်ချင်တိုင်း ဖြစ်နေကြတာနေမှာပေါ့။ "
ဒေါ်ဘောက်နူးကတော့ ဧည့်သည်တွေရှေ့မို့သာ အောင့်အီးသည်းခံပြီး ပြုံးပြနေရသော်လည်း မျက်နှာထားက မဲ့ချင်ချင်။
မှုံနံ့သာ့မှာ သူမ မျက်နှာကို ကြည့်ပြီး မျက်နှာငယ်လေးနှင့် ဖြစ်နေရှာသည်။
ဦးဆိုင်းအောင်နှင့် ဆွတ်ဆိုင်းပန်ကတော့ အလိုက်အထိုက်နေပေး၏။
_______________
မင်္ဂလာပွဲလေး ပြီးသွားချိန်မှာတော့ ဆွတ်ရိန်နော်က မှုံနံ့သာ၏ အိမ်သို့ အထုပ်အပိုးများ သယ်ကာ ပြောင်းလာခဲ့သည်။
အမေက သဘောမတူပဲ သူ့အိမ်မှာပဲ နေစေချင်ပေမယ့်
သူ့မိန်းမကို မကြည်ဖြူတဲ့ မိသားစုထဲကိုတော့ ဆွဲမခေါ်ချင်ပါ။
အပြင်ဘက်တွင် နှင်းရည်စက်များ ကျဆင်းနေပြီး ပတ်ဝန်းကျင်က အေးစိမ့်နေသည်။ အိပ်ခန်းကျဉ်းလေးထဲတွင်တော့ ဆွတ်ရိန်နော်က ကုတင်စွန်းတွင် ထိုင်နေသော မှုံ့အနားသို့ တိုးသွားလိုက်သည်။
မှုံနံ့သာက ရေချိုးပြီးခါစ သနပ်ခါးနံ့သင်းသင်းနှင့် လှရက်လွန်းနေ၏။
"မှုံလေး ... "
ဆွတ်ရိန်နော်က မှုံ့လက်ကလေးကို လှမ်းကိုင်လိုက်သည်။
"ဖယ် ... မကိုင်နဲ့။"
မှုံက လက်ကို ရုန်းဖယ်လိုက်ပြီး မျက်နှာလွှဲထား၏။
"မှုံလေးရာ ...ကိုယ်တောင်းပန်ပါတယ်။
ကိုယ်တို့က လင်မယားတွေ ဖြစ်နေပြီလေ။
ဒီညက မင်္ဂလာဦးညပါကွာ ... ကိုယ့်ကို စိတ်ဆိုးပြေပါတော့နော်။
မင်္ဂလာဦးညမှာ စိတ်မဆိုးရဘူး။ "
ဆွတ်ရိန်နော်က ပြောပြောဆိုဆိုနှင့် မှုံ့ခါးလေးကို ဖက်ကာ ပခုံးသားလေးကို နှာခေါင်းဖြင့် ရှိုက်နမ်းလိုက်လျှင် ...
"ဖြောင်း"
မှုံ့လက်ဖဝါးက ဆွတ်ရိန်နော်၏ လက်မောင်းကို ရိုက်ချလိုက်လေသည်။
"အကို့ကို ခွင့်မလွှတ်ဘူး။ "
"မှုံလေး... "
"မှုံ့ ခန္ဓာကိုယ်ကို အကို အတင်းအဓမ္မ ယူခဲ့ဖူးတိုင်း နောက်တစ်ခါ ထပ်ရမယ်လို့ မထင်နဲ့။ မှုံ့အသားကို လာမထိနဲ့။"
မှုံ့မျက်လုံးများက ရဲရဲတောက်ကာ ခပ်ပြင်းပြင်းဆိုလိုက်လျှင်
ဆွတ်ရိန်နော် သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ ... မင်း သဘောမတူရင် ကိုယ် မထိပါဘူး။
ဒါပေမယ့် မင်းသိထားဖို့က ကိုယ် မင်းကို ချစ်လွန်းလို့၊ ပိုင်ဆိုင်ချင်လွန်းလို့ မှားခဲ့မိတာပါ။"
"..."
မှုံက ခေါင်းအုံးတစ်လုံးကို ယူကာ ကုတင်အလယ်တည့်တည့်တွင် စည်းခြားလိုက်သည်။
"ဟိုဘက်မှာ အိပ် ... ဒီစည်းကို ကျော်ရင် မှုံ အောက်ဆင်းအိပ်မယ်။"
ဆွတ်ရိန်နော် ဘာမှပြန်မပြောတော့ဘဲ ခေါင်းကုတ်ကာ ကုတင်တစ်ဖက်ခြမ်းတွင် ကွေးကွေးလေး ဝင်အိပ်လိုက်ရသည်။ မင်္ဂလာဦးညမှာတော့ သတို့သားခမျာ မျက်နှာငယ်လေးနှင့် ကျောခိုင်းထားသော ဇနီးသည်၏ ကျောပြင်ကိုသာ ငေးကြည့်ရင်း ညစာငတ်သွား
ရရှာတော့သည်။
အပိုင်း (၆၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)