ဖေဖေ့စကားကို ယမုံခေါင်းညိတ်ပြလိုက်ပြီးမှ
"အင်း စနိုးပြောပြလို့ ယမုံ အကုန်သိပြီးပါပြီဖေဖေ "
ဦးစိုးထွဋ် သက်ပြင်းချလိုက်ပြီး ရှေ့က သမီးဖြစ်သူယမုံ ကို စကားပြောဖို့ အားယူလိုက်စဉ်
"အန်ကယ် "
ခမ်းနားခေါ်သံကြောင့် ဦးစိုးထွဋ် သူ့ကို ကြည့်လိုက်ပြီး
"ဟုတ်ကဲ့ သူဌေး ပြောပါ'သူဌေး ပြောပါ'
ဦးစိုးထွဋ်ရဲ့ အဲ့ဒီလို ခေါ်သံက သူ့စ်ိတ်ကိုပိုလေးလံစေတဲ့အတွက် ခမ်းနားလေပူအချို့မှုတ်ထုတ်လိုက်ပြီးသူ့မျက်လုံးရှေ့က ပုံရိပ်ကလေးကို ကြည့်လိုက်ပြီး
"ကျွန်တော့်ကို အဲ့ဒီလို မခေါ်ပါနဲ့ အန်ကယ်အဆင်ပြေသလိုပဲခေါ်ပါ "
ခမ်းနားစကားကြောင့် ဦးစိုးထွဋ် မလုံမလဲဖြစ်ရပြီး
"မဟုတ်တာပဲ သူဌေးရယ် ကျွန်တော်တို့က.."
ဆက်ပြောမယ့် စကားအချို့က ထွက်ကြမလာတော့ဘဲ ယမုံကို ဆွေးမြည့်စွာ ကြည့်နေတဲ့ ခမ်းနားရဲ့ ပုံစံကြောင့် ဦးစိုးထွဋ် စိတ်ထဲ တစ်မျိုးဖြစ်သွားရသလိုပင်၊တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ယမုံကတော့ ဘယ်သူ့ကိုမှ မကြည့်ဘဲ စားပွဲပေါ်က ပန်းအိုးကိုသာ အကြည့်ပို့ထားလေသည်၊မျက်လုံးချင်းတောင် အဆုံ မခံတဲ့ ယမုံကြောင့် ခမ်းနားနှလုံးသားတွေ ဖြစ်ညစ်ထားသလို နာကျင်လာရသည်မို့
"အန်ကယ်တို့ စကားပြောနှင့်ကျပါ ကျွန်တော် ခြံထဲ ခဏ သွားပြီး မေမေနဲ့ ဖုန်းပြောလိုက်ပါဦးမယ်"
ခမ်းနားပြောလိုက်ရင်း ဆိုဖာမှာ ထိုင်နေရာက ထရပ်လ်ုက်တာမို့ ဦးစိုးထွဋ် ပြာပြာသလဲ ဖြစ်သွားရပြီး
"ဪ ကောင်းပါပြီ မောင်ခမ်းနား အန်ကယ်သမီးကြီးနဲ့ စကားခဏပြောလိုက်ဦးမယ်နော်"
ခမ်းနားခေါင်းညိတ်ပြလိုက်ပြီး ထိုရပ်ဝန်းက အမြန်ပြေးထွက်လာခဲ့လိုက်သည်၊သူ့ဘဝက သစ္စာဖောက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယမုံရဲ့ အမုန်းမျက်လုံးတွေအောက် ပြာကျလုနီးပါးဖြစ်နေရပြီ
'တစ်နေ့တော့ မင်းအမုန်းတွေ မြူတမှုန်စာလောက်မျှပြေစေမယ်ဆိုရင် ကိုယ်ရှင်းပြချင်ပါသေးတယ် ယမုံရယ်'
မွန်းကြပ်နေတဲ့ ဒီအခြေနေက ခဏလေးလွတ်မြောက်ပြီးတာနဲ့ အသက်ကို ဝဝရှုလိုက်ပြီးမျက်လုံးတွေ ခဏ ပိတ်ထားလိုက်မိသည်ခဏလေးလွတ်မြောက်ပြီးတာနဲ့ အသက်ကို ဝဝရှုလိုက်ပြီးမျက်လုံးတွေ ခဏ ပိတ်ထားလိုက်မိသည်
ယမုံနဲ့ ခဏလောက်တွေ့ချင်တယ် နှစ်ယောက်ထဲ စကားတွေ ပြောချင်မိတယ်ယမုံ သူ့ကို စကားပြောဖို့တောင် လက်မခံလောက်တော့ဘူး ဆိုတာ သိနေပေမယ့် သူပြောချင်သေးတာမို့ သူမကို မျှော်လင့်ချက်လေး ကြိုးမျှင်လေး တစ်ခုစာမျှ သူစောင့်မျှော်နေမိသည်၊
ဆယ်မိနစ်သာသာလောက်အကြာမှာ ယမုံ အိမ်ထဲက ပြန်ထွက်လာတာကို တွေ့လိုက်ရသည်မို့ ခမ်းနားသူမ ကားရပ်ထားတဲ့ နားကို အမြန်လျှောက်သွားပြီး စောင့်နေလိုက်သည်၊
လမ်းလျှောက်တာက အစ သိမ်မွေ့လွန်းတဲ့ ယမုံက သူနဲ့ တကယ်ကို မထိုက်တန်တော့တဲ့ မိန်းကလေးတစ်ယောက်ပါပဲ..
ယမုံရဲ့ကားနားမှာ မတ်တပ်ရပ်နေတဲ့ သူ့ကိုေတွ့တော့ ရင်ထဲက တဆစ်ဆစ်နာကျင်လာမှုနဲ့ အတူ ဝဲတက်လာတဲ့ မျက်ရည်စတို့ကို မျက်တောင်ရှည်တို့က ပုတ်ခတ်ထုတ်လိုက်ပြီး လုံးဝ သူ့အတွက် သူမကျခွင့်မပေး၊သူ့ကြောင့် ပြိုလဲနေတဲ့ သူမပုံစံကို ဘယ်တော့မှ ချပြမည် မဟုတ်ဟု စိတ်က သူ့အကြောင်း သိလိုက်ရတဲ့ အချိန်ကတည်းက ဆုံးဖြတ်ခဲ့ပြီးလေပြီ!
မျက်လုံးရှေ့က မြင်နေရတဲ့ ပုံရိပ်ကိုတောင် မမြင်ချင်တာမို့ ယမုံ သူ့ကို မမြင်ချင်ယောင် ဆောင်လိုက်ပြီး
ကားတံခါးကို ဆွဲဖွင့်ဖို့လုပ်တော့ သူက ယမုံအနားတိုးလာပြီး
"ယမုံ ခဏ...ခဏလေးပါ "
တင်းကြပ်နေတဲ့ရင်ဘက်တစ်လုံးက သူ့အသံ သူ့အငွေ့အသက်ကြောင့် မဆိုင်တော့ဖူးဆိုသည့် အသိ
ခြောက်နှစ်လုံးလုံး သစ္စာရှိစွာ စောင့်နေခဲ့တဲ့ ကိုယ့်အပေါ်က်ု ကတိတွေ လွယ်လွယ်ပေးပြီး သစ္စာဖောက်လေးခြင်း ဆိုသည့် အသိက ယမုံကို ရူးမတတ်ခံစားစေရသည်၊
ကားတံခါးဆွဲဖွင့်တော့မည့် ယမုံလက်ကောက်ဝတ်ကလေးကို ခမ်းနားဆုပ်ကိုင်လိုက်တာမို့ အေးစက်နေတဲ့လက်ကလေးက သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြသနေသလိုပင်မို့ ခမ်းနား တစ်ဖက်က လက်သကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်၊
"ရှင့်လက်က်ု ဖယ်လိုက်ပါ '
ခေါင်းငိုက်စိုက်ကျသွားရတဲ့ ခမ်းနားရဲ့ မျက်လုံးအိမ်ထဲ မျက်ရည်စတို့ ပြည့်လျှံလာလျက်ဖြင့်
"နောက်ဆုံး အနေနဲ့ ဖြင့်ဖြင့် မောင့်ကို စကားခဏလောက်ပြောခွင့်ပေးပါ ယမုံ"
သူဆုပ်ကိုင်ထားတဲ့ သူမရဲ့လက်ကောက်ဝတ်ကလေးကို ယမုံက ဆွဲခါထုတ်လိုက်ပြီး သူ့မျက်နှာကို မျက်လုံးတွေက အကြည့် မပို့ဘဲတည်ငြိမ်သော မျက်နှာထား တည်ငြိမ်သော လေသံဖြင့် ယမုံက အရာရာ ရင့်ကျက်သူ တစ်ယောက်လို ပုံစံဖြင့်
"ကျွန်မတို့ ကြားမှာ ဘာပြောစရာမှ မလိုအောင်အဖြေက ရှင်းနေပြီမို့ အခု ရော နောက်ရော အခုလို အပြုမှုလုပ်ရပ်မျိုးတွေ ထပ်မဖြစ်ဖို့ ကျွန်မ ဘက်က တောင်းဆိုတယ် ရှင်နဲ့ ကျွန်မက ဘယ်တုန်းကမှ မသိခဲ့ဘူး အခု ရှင်က ကျွန်မ ညီမ နှင်းပွင့်ဖြူရဲ့ ခင်ပွန်းလောင်း ကျွန်မက နှင်းပွင့်ဖြူရဲ့ အစ်မ အဲ့ဒီပက်သက်မှုထက် အဖြေရှင်းတာ ဘာရှိဦးမှာလဲ "
ယမုံနှုတ်ဖျားက ထွက်ကျတာလာတဲ့ စကားတွေက သူ့နှုတ်ဖျားကို အာစေးကပ်ထားသကဲ့သို့ ဖြစ်နေရပြီးယမုံရဲ့ ဥပေက္ခာတွေက သူ့နှလုံးသားကို အစိမ်းလိုက် နင်းချေနေသလိုပင်..
"'မောင်က မင်းအမုန်းနဲ့ အထိုက်တန်ဆုံးကောင်ပါ ယမုံ"
သူ့ရှေ့ ထွက်ခွါသွားတဲ့ အဖြူရောင်ကားလေးကို ကြည့်ပြီး သူ့နှလုံးသားက ကားဘီအောက်မှာ နင်းချေခံလိုက်ရသလိုပင်!
🍀🍀🍀🍀🍀🍀
"ဖေဖေ "
စနိုးကအခန်းထဲက အပြင်ထွက်လာပြီး ဟိုကြည့်ဒီကြည့်ဖြင့် မျက်လုံးလေးက လိုက်ရှာမိတော့ ဦးစိုးထွဋ် သမီးဖြစ်သူကို ကြည့်ပြီး အားယူပြုံးပြလိုက်ကာ
"ဪ သမီး လာလေ ဒီမှာထိုင် ဆေးသောက်ပြီးပြီလား"
စနိုးက ခေါင်းညိတ်ပြလိုက်ပြီး ဖခင်ဖြစ်သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ကာ
"က်ုကို ရော ဖေဖေ '
"သူဌေးက သူ့အိမ်ပြန်သွားတယ် သမီးရဲ့"
ဖေဖေ့စကားကြောင့် စနိုးမျက်နှာ ပျက်သွားရပြီး
"ဟင် စနိုးကိုလည်း မခေါ်သွားဘူး ဆေးသောက်ပြီး ခဏလေး အိပ်ပျော်သွားပါတယ် ဘယ်လိုတွေဖြစ်ကုန်တာလဲ ဒါနဲ့ မမရော ပြန်သွားပြီလား'
"အင်း ပြန်သွားပြီ သမီးရဲ့"
"ဖေဖေ့ကိုလည်း ပြောရဦးမယ် ကိုကို က ဖေဖေ့ သမက်ဖြစ်တော့မှာလေ အဲ့ဒါကို သူဌေးသူဌေးနဲ့ ကြားရတာ အဆင်မပြေဘူး ခမ်းနားဖြင့် ခမ်းနား သားဖြင့်သား အဲ့လိုခေါ်ပါ ဖေဖေ"
သမီးငယ် စကားကြောင့် ဦးစိုးထွဋ် ခေါင်းခါလိုက်ပြီး
"ဖေဖေ ခုထိလိပ်ပြာမလုံဘူး သမီးရယ် အဲ့ဒီစိတ်နဲ့ သူဌေးရှေ့ ရောက်တိုင်း ဖေဖေ့ရဲ့ သိမ်ငယ်စိတ်တွေက အရမ်းကို ဆိုးဝါးနေလို့ ..."
"ဖေဖေ့"
စနိုးထအော်လိုက်တဲ့ အသံကြောင့် ဦးစိုးထွဋ် မော့ကြည့်လ်ုက်မိသည်၊သမီးငယ်ရဲ့ မျက်လုံးတွေက စိုးထိတ်မှုတွေ အတိုင်းသားဖြင့်..
"အဲ့ဒီစကားတွေကို ထပ်မပြောပါနဲ့ ဖေဖေ ကိုကို့ကိုပိုင်ဆိုင်ရဖို့က သမီးရဲ့ အိမ်မက် သမီးရဲ့ဘဝမို့
အဲ့ဒီစကားတွေနဲ့ သမီးဘဝကို ဖေဖေ မဖျက်ဆီးပါနဲ့ ဒီအတိုင်းလေးပဲ နေပေးပါ ကိုကို သိထားသလို စက်ရုံမီးလောင်မှုက မတော်တဆမှု၊ အဲ့ဒီ မီးဘေးထဲက သူ့အသက်ကို ကယ်ထုတ်ခဲ့တာက ဖေဖေ ၊သူ့ရဲ့ အသက်သခင်ကျေးဇူးရှင်က ဦးစိုးထွဋ်ပဲ
ပြီးတော့ ဒီဗိုက်ထဲက ကလေးကြောင့် သူသမီးကို လက်ထပ်ဖို့ သဘောတူခဲ့တာမို့ ဒီကလေးရဲ့ အဖေက သူပဲ ဒါတွေအားလုံးက အမှန်းတရားတစ်ခုပဲ သမီးအတွက်က "
"သမီးငယ်"
ဦးစိုးထွဋ်တားလိုက်မိသသည်၊ ခမ်းနားအမေ ဒေါ်မာလာခင်က သမီးကို သိပ်အမြင်ကြည်ပုံ မပေါ်တဲ့ အတွက် သမီးငယ်ရဲ့ အခုလို အပြောအဆို အပြုမှုမျိုးကို နှစ်သက်မှာ မဟုတ်ပေ၊ ဒါ့ကြောင့် သူသွန်သင်ဆုံးမ ပေးရဦးမည် မဟုတ်လား.
🍀🍀🍀🍀
ယမုံ ရေချိုးခန်းထဲ ဝင်ပြီးအသံတိတ်ငိုနေမိသည်၊ ငိုပါရစေ မငိုရင် ရူးသွားနိုင်တဲ့ အနေအထားမို့ ဒီနေ့တော့ နောက်ဆုံး အနေဖြင့် ယမုံ ငိုမည်၊နောက်တပတ်ထဲ ညီမလေးနဲ့ သူ့ရဲ့ မဂ်လာပွဲတဲ့လေ ယမုံ မသိချင်ဘူး ယမုံ့နှလုံးသားတစ်ခုလုံး မီးစနဲ့ ထိုးခံရသလို ပူပြင်းနာကျင်နေသည်မို့ ခဏလေး ငိုပါရစေတော့...
တစ်ကိုယ်လုံးအေးစက်နေအောင် ရေပန်းအောက် ထိုင်ချရင်း ပါးစပ်ကို လက်ဖဝါးဖြင့် ပိတ်လျက် ငိုနေခဲ့တာ နာရီဝက်မျှရှိလေပြီ..
လွယ်လွယ်ချစ်ခဲ့ရတဲ့ အချစ်မဟုတ်ခံလို့ချက်ချင်းတော့ မမေ့နိုင်ပေမယ့် ယမုံ သူ့ကို မေ့နိုင်အောင် ကြိုးစားမည်မို့ အသက်ကို ဝအောင်ရှုထုတ်လိုက်ပြီးရေချိူးခန်းထဲက ထွက်လာလိုက်ကာ အဝတ်စားလဲလိုက်ရင်း ရေစိုဆံပင်ရှည်တွေကို ခြောက်အောင် သုတ်လိုက်မိသည်၊
ပြီးနောက် အိပ်ယာထပ် အသာထိုင်ချရင်း သူနဲ့ယမုံ နှစ်ယောက် တွဲရိုက်ထားတဲ့ ဓာတ်ပုံ album လေးက်ု အိပ်ယာဘေးက စားပွဲရဲ့ အံဆွဲထဲက ထုတ်ယူလိုက်ပြီးနောက်ဆုံး အနေဖြင့် ပုံတွေကို ထုတ်ယူကြည့် လိုက်မိသည်၊
သူမတို့ ဆယ့်ကိုးနှစ်အရွယ်က ရိုက်ထားခဲ့တဲ့ ပုံလေးထဲ မောင့်က ပုံထဲက ရုပ်နဲ့ အရင်ရုပ် သိပ်မကွာခြားပေမယ့် အခု အသက်နှစ်ဆယ့်လေးနှစ်အရွယ် ခမ်းနားသွင်ပြင်က ယောက်ျားပိုဆန်ပြီး ပိုကြည့်ကောင်းတဲ့ ရုပ်ရည်က ထင်းထွက်နေတာ အမှန်ပင်!
သူမ ဆက်မကြည့်တော့ဘဲ album ကို ပိတ်လိုက်ပြီးမီးရှို့ဖြစ်ဖို့ ဆုံးဖြတ်လိုက်ကာ အိပ်ယာထက်က ထရပ်လိုက်သည်
Ring Ring Ring....
ရုတ်တရပ် မြည်လာတဲ့ ဖုန်းသံကြောင့် ယမုံ စားပွဲပေါ်က ဖုန်းလေးကိုယူကြည့်လိုက်သည်
နံပါတ်စိမ်းတစ်ခုမို့ ချက်ချင်း မကိုင်ဘဲ စဉ်းစားလိုက်ပြီးမှ နောက်ဆုံး သူမ ယူကိုင်လိုက်ပြီး
"ဟလို"
"....."
တစ်ဖက်က တိတ်ဆိတ်နေရင်း ဖုန်းထဲက အသက်ရှုသံ ကြောင့် ယမုံ မျက်ခုံးတန်းတွေ စုကျုံ့သွားရပြီးပြတင်းပေါက်အနားသွားရပ်မိတော့ ယမုံ့ရဲ့ ခြံရှေ့မှာ ရပ်ထားတဲ့ အနက်ရောင် ကားကြောင့် ယမုံ့ စိတ်ထဲ တစ်မျိုး ဖြစ်သွားရသည်၊သူမ မျက်လုံးတွေက ထိုကားဆီက မခွါပဲ ဖုန်းကို နား နားကပ်ပြီး..
"ဟလို အဲ့ဘက်က ပြောစရာမရှိရင်လည်း ကျွန်မ ဖုန်းချလိုက်တော့မယ်"
"ခဏ ခဏလေးပါ ယမုံရယ်"
ခပ်အက်အက် သူ့အသံကြောင့် ယမုံနှုတ်ခမ်းကို ဖိကိုက်လ်ုက်ရင်း ဖုန်းချဖို့ ပြင်လိုက်တော့
"မင်းဖုန်းမချလိုက်နဲ့ ယမုံ မောင်ပြောတာကို နားထောင်ပေးပါ ငါးမိနစ်ပဲ ခဏလေးပဲ "
သူမ ဖုန်းကို မချဘဲ ငြိမ်သက်ပြီး နားထောင်နေလိုက်သည်၊ ဖုန်းထဲက သူ့အသံက မှုမမှန်တာမို့ သောက်ထားသည့် ဟန် ရှိနေသည်၊သူမ ငြိမ်သက်နေတော့ ခမ်းနားသွင်ပြင် ဘက်က စတင်ပြီး
"မောင် ..ယမုံကိုတောင်းပန်ပါရစေ"
"ဘာအတွက်လဲ"
ပြက်သားစွာထွက်လာတဲ့ ယမုံစကားကြောင့် ခမ်းနားရင်ဘက်ထဲ ပိုလို့ စုတ်ပျက်သွားရသည်
"တောင်းပန်စကားတစ်ခုထဲနဲ့ မလုံလောက်ဘူးဆိုတာမောင်သိပါတယ် ယမုံရယ် မောင့်အမှားတွေ မောင့်အပြစ်တွေမို့လို့ မင်းရှေ့ ဒူးထောက် ပြီး တောင်းပန်ရင်တောင် မလုံလောက်ဘူး ဆိုတာ သိပါတယ် မောင်အခု မင်း အိမ်ရှေ့မှာခဏလောက် တွေ့ခွင့်ပေးပါ ယမုံ နောက်ဆုံးပါပဲ"
"မလိုဘူး "
ပြောပြီးယမုံဖုန်းချလိုက်ကာ အခန်းမီးကိုပါ ပိတ်ပစ်လိုက်သည်၊ ဒါကဘယ်လ်ုသဘောလဲ နောက်တသ်ပတ်ထဲ ညီမဖြစ်သူနဲ့ လက်ထပ်တော့မယ့် ယောက်ျားတစ်ယောက်က ကိုယ့်အိမ်ရှေ့လာပြီး ဘယ်လို စကားတွေ ပြောနေတာလဲ !
မုန်းလိုက်တာ အရမ်းမုန်းတယ် အသံလည်း မကြားချင်သလို မျက်နှာလည်း မမြင်ချင်တာမို့ ယမုံမျက်လုံးတွေ နားတွေကို ဖိပိတ်ထားလိုက်သည်၊
အခန်းမှတ်ချက်များ (0)