Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၄)

မြန်မာပြည်ကို ပြန်ရောက်တာ တပတ်ရှိပြီတဲ့ မနက်ဖြန် သူနဲ့ စနိုးရဲ့ မဂ်လာပွဲပဲ၊ယမုံ့ကို မတွေ့ရသေးခင်က သူ့စိတ်ကို အကောင်းဆုံးပြင်ဆင်နေနိုင်သေးပေမယ့် ယမုံ့ကို ပြန်တွေ့လိုက်ရ တဲ့အချိန် သူ့ရင်ဘက်တစ်ခုလုံးကြေမွမတတ်ခံစားနေရသည်၊

သူသာလျှင် အပြစ်ရှိသူမို့၊ယမုံ ပေးတဲ့အမုန်းတွေကသူ့အတွက် ပြစ်ဒဏ်မို့ ရင်ထဲက ဝေဒနာတစ်ချို့ပြေလို့ပြေငြား ပူပြင်းခါးသက်တဲ့ အရက်တွေနဲ့ သူမျောချနေမိသည်

ကျွီ(တံခါးဖွင့်သံ)

တရှပ်ရှပ်ခြေသံနဲ့အတူ သူ့အနားရောက်ရှိလာသူကတော့ သူ့ရဲ့မာတာမိခင် ဒေါ်မာလာခင်ပဲ ဖြစ်လေသည်၊

"သား မင်းသောက်တာ အရမ်းများနေပြီ ရပ်ဖို့သင့်နေပြီလို့ မေမေထင်တယ်"

ခမ်းနားခေါင်းငိုက်စိုက်ချလျက်ဖြင့် လက်ထဲကဖန်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်ပြီး မေမေ့ကို မော့ကြည့်လိုက်သည်၊

"မေမေ'

"......"

ဒေါ်မာလာခင် သားဖြစ်သူကို ကြည့်ပြီးသက်ပြင်းချမိသည်၊

"မင်းဒီအရက်ကြောင့် အမှားတစ်ခုကို ကျုးလွန်ပြီးပြီးသား နောက်ထပ်အမှားတွေ ထပ်မကျူးလွန်မိဖို့ အတွက် မင်းကို မင်းဆင်ခြင်သင့်တယ်လို မေမေထင်တယ်'

ခမ်းနားခေါင်းညိတ်ပြလိုက်ပြီး

"မေမေသိလား ကျွန်တော်လက်ထပ်မဲ့ နှင်းပွင့်ဖြူရဲ့ အစ်မက ယမုံတဲ့ လေ

ဟင်..

ဒေါ်မာလာခင် မျက်လုံးအစုံ ပြူးကျယ်သွားရပြီး

"ဘုရားရေ ဘယ်လိုကံကြမ္မာကြီးလဲကွယ် ယမုံလေးက နှင်းပွင့်ဖြူရဲ့ အစ်မ ဆိုတြော ကိုစိုးထွဋ်ရဲ့ သမီးပေါ့ ဟုတ်လား သား "

ခေါင်းညိတ်ပြလိုက်ရင်း မျက်ရည်ကြည်တို့ မျက်လုံးထဲ ပြည့်လျှံတက်လာရကာ

"ဟုတ်တယ် မေမေ ဖအေတူ မအေကွဲ ညီအစ်မတွေဆိုတာ ကျွန်တော်လည်း မြန်မာပြည်ပြန်ရောက်မှ သိခဲ့ရတာ "

ဒေါ်မာလာခင် မျက်နှာထက် စိတ်မကောင်းခြင်းများစွာ ဖြတ်ပြေးသွားလျက် ယမုံမျက်နှာလေးကို ပြန်မြင်ယောင်မိသည်၊သူမ တော်ချင်ခဲ့တဲ့ ချွေးမ က သက်သက် တစ်ယောက် အခုတော်လိုက်ရတဲ့ ချွေးမက သက်သက် တစ်ယောက် ဇာတ်ဆရာ အလိုကျ ကပြရတော့မှာပေါ့လေ...

"မေမေ လေ ဘာပြောရမှန်းတောင် မသိတော့ပါဘူးသားရယ် ယမုံကို တွေ့ပြီးမေမေ စကားတွေ ပြောချင်လိုက်တာ "

ခမ်းနားသက်ပြင်းတစ်ချက် ချလိုက်ပြီး မေမေ့ကို မော့ကြည့်ကာ

"ထားလိုက်ပါ မေမေ ယမုံကို ကျွန်တော့်ကြောင့်ထပ်ပြီး မနာကျင်စေခြင်တော့ဘူး မေမေ ဒီအတိုင်းပဲ ထားလိုက်တာက သူကျွန်တော့်ကို မုန်းနေရင်း နာကျင်စရာအချို့ကို မေ့ပျောက်နိုင်ပါလိမ့်မယ် ကျွန်တော်လို ကောင်နဲ့ မထိုက်တန်တဲ့ ယမုံက ကျွန်တော့်ထက် သာတဲ့ သူနဲ့ ဆုံတွေ့ဖို့ ထိုက်တန်ပါတယ်"

ဒေါ်မာလာခင် သားဖြစ်သူကိုကြည့်ရင်း မွန်းကြပ်မှုက သူမကိုပါ ကူးစက်လာသလို ခံစားရပြီးရင်ဘက်ကို လက်ကလေးဖြင့် အသာဖိပြီး သူမ အခန်းဘက် ပြန်လှည့်လာခဲ့လိုက်သည်၊

🍂🍂🍂🍂

"မမ စနိုးလှရဲ့လားဟင် "

မိတ်ကပ်ပြင်ခန်းထဲ ယမုံရယ် မိတ်ကပ်ဆရာမနဲ့ အကူကောင်မလေး လေးယောက်ပဲ ရှိလေသည် တကယ်ဆ်ုရင် ဒီမဂ်လာပွဲ ကို ယမုံမလာသင့်သလို ရှိကိုရှိနေရမယ့် ပွဲလည်း ဟုတ်ပြန်တယ် ကံကြမ္မာက ယမုံကို တမင်နာကျင်အောင်များ ရက်စက်လေသလားပဲ..

ယမုံညီမလေးကို ပြုံးပြီးခေါင်းညိတ်ပြလိုက်ကာ

"အရမ်းလှတယ် ညီမလေးက အလှဆုံးသတို့သမီးလေးပါပဲ "

ယမုံ့စကားကြောင့် စနိုးမျက်နှာလေး ဝင်းပသွားရပြီးမှ နှာခေါင်းလေးရှုံ့သွားပြီး

"ဒါပေမယ့် စနိုးက ဒီလောက် ပြင်ဆင်ထားတာတောင် မမကို မမှီဘူးရယ်"

စနိုးရဲ့ ကလေးဆန်တဲ့ စကားကြောင့် မိတ်ကပ်ဆရာမက မနေသာတော့ဘဲ ယမုံကို ကြည့်လိုက်ပြီး

"ဟောဒီက သတိုးသမီးလေးက ချစ်စရာကောင်းသလို မမကလည်း တည်ငြိမ်ရင့်ကျက်တဲ့အလှ ကျက်သရေ ရှိတဲ့အလှ တစ်ယောက်တစ်မျိုးစီလှပြီးသားပါနော် "

မိတ်ကပ်ဆရာမစကားကြောင့် စနိုးက ပြုံးသွားရပြီး ယမုံကတော့ ပကတိမရယ်မပြုံးမျက်နှာလေးဖြင့် လက်ထဲက ပန်းစည်းလေးကို ဖွဖွ တို့ထိကြည့်နေမိသည်၊

"ဟီး သမီးအမြင်ပြောရရင် ဟိုမမက ပိုလှတယ် မာမီရဲ့"

အကူကောင်မလေး စကားကြောင့် စနိုးရုတ်တရပ်မျက်နှာပျက်သွားရသည်မို့ မိတ်ကပ်ဆရာမက အကူကောင်မလေးဘက်ကို လှည့်ပြီး

"ဟဲ့ မိဖြူ သတို့သမီးလက်ကိုင်ပန်းလေးကို သွားယူပေးပါဦးနော်"

ဒီအခန်းထဲက အမြန်ပထုတ်လိုက်ရသည်၊

🍂🍂🍂🍂🍂

သတို့သားလက်ကို ချိတ်ထားတဲ့ စနိုးရဲ့ မျက်နှာထက်က အပြုံးလေးက သူမအမြင်မှာ အပြစ်ကင်းစင်ပြီး ကြည်လင်လွန်းတာမို့ ယမုံ ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်

ခမ်းနားရဲ့ မျက်နှာကိုတော့ သူမကြည့်မိအောင်နေလိုက်မိသည်၊မဂ်လာယူနေတဲ့ အချိန်မို့ သူမ ရင်ထဲက နာကျင်မှုတွေကို အကြိမ်ကြိမ်ချိုးနှိမ်ထားလိုက်သည်

တစ်ဝ်ုင်းကျော်က မြင်နေရတဲ့ ခမ်းနားရဲ့ အမေ အန်တီမာလာခင်က သူမကိုလှမ်းကြည့်နေတာ ယမုံ သိပြီးသားပါ ၊ဒါပေမယ့် မပက်သက်ချင်တော့သလို သူမနဲ့ ခမ်းနားရဲ့ ပက်သက်ခဲ့မှုကို အတိတ်မှာပဲ ထားခဲ့ချင်သည်၊

"မမ တစ်ခုလောက် မေးလို့ရမလားဟင်"

ကေသာနဲ့ငုဝါက သူမနဲ့အတူလိုက်လာပြီး စားပွဲတစ်ခုထဲမှာ ထိုင်နေကြလေသည်၊ငုဝါ စကားကို ယမုံခေါင်းညိတ်ပြလိုက်ပြီး

"အင်းမေးလေ ငုဝါ ဘာမေးမလို့လဲ "

မျက်တောင်ရှည်တို့ ခဏခဏ ပုတ်ခတ်ထုတ်နေရသည့် သူမ မျက်လုံးအိမ်ထဲ ပြည့်လျှံလာတဲ့ မျက်ရည်ကြည်တွေကိုလည်း တကယ်မုန်းမိပါသည်

"မမစိတ်မဆိုးရဘူးနော် "

ငုဝါ စကားပလ္လင်ခံနေသည်မို့ ကေသာကပါ စိတ်ဝင်တစား ငုဝါနဲ့ မမယမုံကို တစ်လှည့်စီ ကြည့်နေမိသည်၊ယမုံခေါင်းညိတ်ပြလိုက်ပြီး ငုဝါကို ကြည့်လိုက်ကာ

"ပြောလေ ငုဝါ စကားတစ်ခွန်းပြောခါနီး စကားပလ္လင်ခံတာမျိုး မမသဘောမကျဘူး"

"ဟုတ်...ဟုတ်ကဲ့ မမဒီလိုပါ သမီးစိတ်ကပဲ ထင်နေလို့လား မသိဘူး သတို့သားက မမကိုပဲ တစ်ချိန်လုံး ကြည့်နေသလ်ုပဲလို့ သမီးစိတ်ထဲ ခံစားမိနေလို့လေ"

ဟင်

"ငုဝါ"

ပျက်ယွင်းသွားတဲ့ မမယမုံမျက်နှာကြောင့် ကေသာက ငုဝါပေါင်ကို ဆွဲဆိတ်ပြီး ဆက်မပြောရန် သတိပေးလိုက်သည်၊ တကယ်တော့ ကေသာလည်း သတိထားမိတာ သတို့သမီး သတို့သား ဝင်လာကတည်းကပင်ဖြစ်သည်၊

သတို့သမီး‌မျက်နှာပြုံးရွှင်နေသလောက် သတို့သားမျက်နှာက ကြေကွဲရိပ်သန်းနေပြီး မျက်လုံးတွေက အစဆွေးမြေ့စွာဖြင့် မမယမုံကို လှမ်းကြည့်နေတာ ကေသာလည်း သိပါတယ် မမယမုံကတော့ မဂ်လာပွဲစကတည်း စားပွဲရှေ့က ပန်းအိုးကိုပဲ အကြည့်ပို့ထားတာ ကေသာသတိထားမိလေသည်၊

ငုဝါနဲ့ ကေသာ့ စကားကြောင့် ယမုံ မျက်လုံးတွေ ခဏပိတ်ချလိုက်ပြီး ပြန်ဖွင့်ကာ

"မမ အပြင်ခဏသွားဦးမယ် အဓိပ္ပါယ် မရှိတာတွေ မတွေးကြ မပြောကြပါနဲ့နော် သူများတွေ တစ်မျိုးမြင်သွားရင် ထင်သွားရင် မကောင်းဘူး '

ယမုံသတိပေးစကား‌ဆိုလာတော့ ကေသာနဲ့ ငုဝါ ခေါင်းလေး ငုံ့သွားရပြီး

"ဟုတ်ကဲ့ မမ နောက်မပြောတော့ဘူးနော် "

ယမုံခေါင်းညိတ်ပြလိုက်ပြီး ပိုက်ဆံအိတ်ကို ယူကာမအခမ်းအနားထဲက ထွက်လာခဲ့လိုက်သည်၊

"ကိုကို'

စနိုးမျက်နှာပျက်ယွင်းနေရကာ ခမ်းနားကို ကပ်ခေါ်လိုက်သည်၊ စနိုးခေါ်သံကြားလိုက်ရတော့မှ အပြင်ထွက်ခွါသွားတဲ့ ကျောပြင်လေးနောက် ကပ်ပါသွားသည့် သူ့မျက်လုံးတွေကို မေမေ့ထံ ပြန်ပို့လိုက်သည်

"ကိုကို စနိုးခေါ်နေတာ မကြားဘူးလား'

သူသက်ပြင်းချလိုက်ပြီးမှ

"ပြော ဘာပြောမလို့လဲ"

က်ုကို့ရဲ့ တစ်မျိုးဖြစ်နေတဲ့ လေသံကြောင့် စနိုးမျက်မှောင်ကြုတ်လိုက်ပြီး

"နည်းနည်းပါးပါး မျက်နှာက ပြုံးထားပါဦးလား ဘာလဲ အချစ်ဦးနဲ့ လွဲခဲ့လို့ မဂ်လာပွဲမှာ ရုတ်တရပ်ပြန်တွေ့ရလို့ လွမ်းဆွေးနေတဲ့ အထာနဲ့ စနိုးဗိုက်ထဲမှာ ကိုကို့ ရင်သွေးလေး လွယ်ထားရတာနော် နည်းနည်းပါးပါးလည်း သတိထားဦး"

စနိုးစကားကြောင့် သူ သက်ပြင်းထပ်ချလိုက်ပြီး

"မင်းစကားတွေ စည်းကျော်မလာနဲ့ စနိုး မင်းဖြစ်ချင်သလို ဖြစ်နေရပြီ မဟုတ်လား ကျေနပ်လိုက်တော့"

"ကိုကို့ "

ဒေါသတကြီးထအော်လိုက်တဲ့ စနိုးရဲ့ အသံက အနည်းငယ် ကျယ်လှောင်သွားရသည်၊

« ရှေ့အခန်း - အပိုင်း(၃) နောက်အခန်း - အပိုင်း(၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ