ခြောက်နှစ်ကျော် လွမ်းလို့ငိုခဲ့ရတဲ့ မျက်ရည်တွေက ဒီနေ့မှာအဆုံးသတ်ခဲ့ပြီမို့ ယမုံရဲ့ မျက်လုံးအိမ်ထဲ ပြည့်လျှံလာခဲ့ရတဲ့မျက်ရည်တွေကို မျက်တောင်ရှည်တို့ဖြင့် ပုတ်ခတ်ထုတ်လိုက်ပြီး နာကျင်မှုအလုံးစုံကြောင့် ရင်ဘက်တစ်ခုလုံးတင်းကြပ်စို့နစ်လာရပေမယ့် သူနဲ့ယမုံက စည်းခြားသွားခဲ့ရပြီ မဟုတ်လား!
သူက ကိုယ့်ကိုမေ့နိုင်လို့ထားခဲ့ပြီပဲ၊ဒီခြောက်နှစ်ဆိုတဲ့ အတောအတွင်းသူကိုယ့်ကိုလုံးဝ မဆက်သွယ် တဲ့ အကြောင်းတရားကိုလဲ ယမုံသိလိုက်ရပြီးမို့ သူမ မျက်ရည်တွေက်ု သူ့အတွက် ကျခွင့်ပေးဖို့ မထိုက်တန်တော့ဘူးလို့ ယမုံဦးနှောက်ကရော နှလုံးသားကရော သတ်မှတ်လိုက်ပြီးပြီး.
"မမ အိမ်တစ်ခါထဲ လိုက်ခဲ့နော် ဖေဖေ စောင့်နေပြီ မမရဲ့ မမကို တွေ့ချင်လို့ စနိုးကို ရအောင်ခေါ်ခဲ့ခိုင်းတယ်သိလား'
ဘာမှမသိတဲ့ညီမလေးက သူမလက်ဖဝါးကို ဆုပ်ကိုင်ရင်း တောင်းဆိုလာသည်မို့ ယမုံဘာမှ မဖြစ်သလို ပြုံးပြလိုက်ရင်း
"အင်းလိုက်ခဲ့မယ်လေ စနိုး တို့အရင်သွားနှင့်နော် မမနောက်က လိုက်ခဲ့မယ် '
စနိုးက နှုတ်ခမ်းလေးဆူပြီးမမလက်ကိုမလွှတ်ဘဲ
"မမကလည်း စနိုးတို့ကားနဲ့ တစ်ခါထဲ လိုက်ခဲ့ပါနော် ကိုကိုရှေ့ခန်းက မောင်းပါစေလေ စနိုးနဲ့ မမနောက်ခန်းက ထိုင်လိုက်ရင်း စကားပြောကြမယ်လေ "
ခမ်းနား ယမုံမျက်နှာကိုစိုက်ကြည့်ရင်း သူ့အမှားတွေ အတွက် သူမကို ဘယ်လိုဘယ်ပုံတောင်းပန်ရမှန်းတောင် မသိတော့ပေ၊ ယမုံက စနိုးရှေ့မှာ သူနဲ့ မပက်သက်ခဲ့သလို မသိခဲ့ဖူးတဲ့ သူတွေလို နေပေးခဲ့တော့ သူ့နှလုံးသားထဲ ပိုလို့ နာကျင်လာရသည်၊
မောင် ဘယ်လိုမှ ရှောင်လွဲလို့ မရခဲ့လို့ပါ ယမုံရယ်...
စိတ်ထဲက တီးတိုးရေရွတ်ရင်း ယောက်ျားတန်မဲ့ ငိုချင်လာရသည်၊
စနိုးဆုပ်ကိုင်ထားတဲ့ သူမလက်ကလေးကို အသာရုန်းထွက်လိုက်ပြီးပြုံးပြလိုက်ကာ
"မမဆိုင်မှာ ဒီနေ့ အော်ဒါအတွက် လိုအပ်တာ ပြင်ဆင်ပေးခဲ့ရဦးမယ် စနိုးရဲ့ ပြန်နှင့်နော် နောက်ကလိုက်ခဲ့မယ် "
မမရဲ့ ခေါင်းမာမှုကြောင့် စနိုးလက်ခံလိုက်ရပြီး
"အင်းပါ ဒါဆိုလည်း စနိုးတို့ ပြန်နှင့်မယ်နော် မမနောက်ကလိုက်ခဲ့နော် အိမ်မှာ စောင့်နေမယ် သိလား"
ယမုံခေါင်းညိတ်ပြလိုက်ပြီး
"အင်းပါ ပြန်နှင့်နော် မမ ပြီးတာနဲ့ လိုက်လာခဲ့မယ်'
"ဒါဆို စနိုးတို့ ပြန်နှင့်မယ် နော် မမ"
"အင်း"
ယမုံမျက်နှာကို ရဲရဲ မကြည့်ရဲပေမယ့် ခမ်းနားခပ်ဆွေးဆွေးတစ်ချက်ကြည့်လိုက်ပြီးနှုတ်ဆက်ဖို့ ပြင်ဆင်လိုက်တဲ့ စကားလုံးတွေက အပြင်ကိုထွက်ကျမလာဘဲ လည်ချောင်းဝ တွင် တစ်စို့ကျလာခဲ့ရသည်၊
"ကိုကို သွားကြရအောင်"
သူ့လက်မောင်းကို ဖက်တွယ်လိုက်ရင်းပြောလိုက်သည်မို့ သူခေါင်းညိတ်လိုက်ရင်း
"ဪ အင်းပါ သွားမယ်လေ"
ပကတိ တည်ငြိမ်စွာ ရပ်ကြည့်နေတဲ့ သူမမျက်လုံးတွေကို တစ်ချက်ကြည့်လိုက်ပြီး နင့်ခနဲ့လှိုက်ခါလာတဲ့ ဝဲဘက်ရင်အုံကြောင့် ခမ်းနားရဲ့ ခြေလှမ်းတို့ လေးဖင့် နေခဲ့ရသည်
🍀🍀🍀
တစ်လမ်းလုံး တိတ်ဆိတ်နေရင်း ကားမောင်းနေတဲ့ ကိုကို့ ကြောင့် စနိုးစိတ်ထဲက အလိုမကျဖြစ်လာရပြီး
"ကိုကို"
"အင်း"
အေးစက်စက် သူ့ပုံစံက ဒီနေ့ ပိုဆိုးလာသဖြင့်စနိုးစိတ်တိုလာရပြီး
"ဘာဖြစ်နေတာလဲ ကိုကို ဘာလဲ စနိုးထက်လှတဲ့ မမကို တွေ့လို့ စိတ်ထဲက ဖောက်ပြန်မယ် မကြံနဲ့နော် စနိုးက ကိုကို့ ရင်သွေးကို လွယ်ထားရတဲ့ မိန်းမ "
သူမစကားကြောင့် ခမ်းနားမျက်မှောင်ကြုတ်သွားရင်း စတီယာရင်ကို ဖိဆုပ်ထားတဲ့ လက်တွေ တင်းကြပ်သွားရကာ
"နှင်းပွင့်ဖြူ မင်းစကားပြောတာကို ဆင်ခြင်လိုက်ရင် ကောင်းမယ် ငါ့အမှားတစ်ခုအတွက် မင်းကို အကောင်းဆုံး တာဝန်ယူပေးခဲ့ပြီး ငါ့သိက္ခာကိုလည်း မင်းမစော်ကားနဲ့ ပြီးတော့ မင်းပြောနေတာ မင်းအမနော် အခြားသူမဟုတ်ဘူး"
သူ့စကားကြောင့် စနိုးနှုတ်ခမ်းမဲ့လိုက်ပြီး
"အခုမှ တွေ့ဖူးတဲ့သူကို လာကာကွယ်ပြီး စနိုးကို အပြစ်တင်နေတာ ကိုကို မလွန်ဘူးလား"
"မင်းတော်လိုက်တော့ ဆက်မပြောရင် အကောင်းဆုံးဖြစ်လိမ့်မယ် "
နှုတ်ခမ်းတစ်ချက် ဖိကိုက်လိုက်ရင်း စနိုးတစ်ဖက်လှည့် ငိုမိသည်၊ စနိုးသိပြီးသားပါ ကိုကို ကစနိုးကို ဒီကိုယ်ဝန်ကြောင့် လက်ထပ်ဖို့ ခေါင်းညိတ်ခဲ့တယ် ဆိုတာ စနိုးမှာတော့ သူ့ကိုချစ်လိုက်ရတာ သူကတော့ အမြဲ စနိုးအပေါ်ကို အေးစက်စက် ဆက်ဆံခဲ့သည်၊ဒီကိုယ်ဝန်ရလာလို့ လက်ထပ်ဖို့ အကြောင်းပါလာတဲ့အတွက် စနိုးအတွက် ကံကောင်းတယ်လို့ ဆိုရမယ်
အဲ့ဒီ့ ပါတီညကိုပဲ စနိုးကျေးဇူးတင်ရမလိုလိုပင်၊
စနိုးတို့ အိမ်ရှေ့ ရောက်တော့ ကားလေးကထိုးရပ်သွားပြီးနှစ်ယောက်သား ကားပေါ်က ဆင်းလာခဲ့လိုက်ကာအိမ်ထဲဝင်လာခဲ့ကြသည်၊အိမ်ထဲရောက်က်တော့ ဆိုဖာမှာ ခြေထောက်အတု တစ်ဖက်နဲ့ ထိုင်နေတဲ့ စနိုးရဲ့ အဖေ ဦးစိုးထွဋ်ကို သူတွေ့လိုက်ရသည်၊
ညာဘက်လက်မောင်းက မီးလောင်ဒဏ်ရာ အချို့ကြောင့် အမာရွတ်တွေက အကြီးတန်စွာ ရှိနေပြီး ဒီဒဏ်ရာ ပြယုဂ်တွေက စက်ရုံကိုကိုသူလှည့်ပတ်ကြည့်ရှုနေစဉ် ပေါက်ကွဲမှုတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားစဉ် ဦးစိုးထွဋ်က သူ့တို့ရဲ့ စက်ရုံ မန်နေဂျာ တစ်ဦးဖြစ်ပြီး သူ့ကို ဒီအသက်ဘေးထဲက ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်သည်
သူတို့နှစ်ယောက် အိမ်ထဲ ဝင်လာတာ တွေ့တော့ ဦးစိုးထွဋ်က ပြုံးပြလ်ုက်ပြီး
"ဟော သမီးငယ်နဲ့ မောင်ခမ်းနားတောင် ရောက်လာကြပြီး ပဲ လာလာ ဒီမှာထိုင်ကြကွယ်"
ပြောရင်းနောက်က်ု မျှော်ကြည့်လိုက်ပြီး စနိုးကိုပြန်ကြည့်
"သမီးငယ် မမ မပါလာဘူးလား မတွေ့ခဲ့ဘူးလား"
ဆိုဖာမှာ စနိုးနဲ့ ခမ်းနားက ဝင်ထိုင်လိုက်ရင်းဖေဖေ့ အမေးကြောင့် စနိုးက ခေါင်းခါလိုက်ရင်း
"မမက နောက်ကလိုက်လာခဲ့မယ် ပြောတယ် ဖေဖေ တစ်ခါထဲ ခေါ်ခဲ့တာပဲ မရဘူးလေ"
ခမ်းနားထိုစကားဝိုင်းထဲ ဘာတစ်ခွန်းမှ ဝင်မပြောလေပဲ ယမုံ့ရဲ့ အေးစက်စက် မျက်ဝန်းတစ်စုံကသာ သူ့အာရုံကနေ နှလုံးသားထဲ အထိကပ်ညှိပါလာခဲ့ရသည်
'မင်းဘယ်လောက်တောင် မှ မောင့်ကိုမုန်းနေပြီလဲ ယမုံရယ်'
တီ ...
ကားဟွန်းသံကြောင့် သူ့အတွေးစတို့ ပျက်ကျသွားရသလို လှည့်ကြည့်လိုက်တော့ ကားအဖြူလေးပေါ်ကဆင်းလာတဲ့ သူမကို မြင်လိုက်ရသည်၊ဒါဘယ်လိုကံတရားကြီးလဲ တိုက်ဆိုင်လွန်းသည့် ကံတရားကိုပဲ အပြစ်ပုံချခဲ့ရမလား ကိုယ့်ကိုယ်ကို အပြစ်သားလို့ ခံယူပြီး နောင်တ တရားထဲ မှောင်မိုက်စွာရှင်သန်နေရမှာတော့ အမှန်တရားတစ်ခုပါပဲ.လှည့်ကြည့်လိုက်တော့ ကားအဖြူလေးပေါ်ကဆင်းလာတဲ့ သူမကို မြင်လိုက်ရသည်၊ဒါဘယ်လိုကံတရားကြီးလဲ တိုက်ဆိုင်လွန်းသည့် ကံတရားကိုပဲ အပြစ်ပုံချခဲ့ရမလား ကိုယ့်ကိုယ်ကို အပြစ်သားလို့ ခံယူပြီး နောင်တ တရားထဲ မှောင်မိုက်စွာရှင်သန်နေရမှာတော့ အမှန်တရားတစ်ခုပါပဲ.
"မမလာပြီ ဖေဖေ "
"အေးအေး သမီးငယ် မမကိုသွားခေါ်လိုက်ပါဦးကွယ်"
"ဟုတ်ကဲ့ ဖေဖေ "
စနိုးထိုင်နေရာမှ ထသွားလိုက်ပြီးမမက်ု ပြေးကြိုလိုက်သည်
ဒီသမီးကြီးအပေါ်မှာ ဖခင်ဝတ္တရားမကျေပွန်ခဲ့သူမို့ ဦးစိုးထွဋ် ယမုံဝင်လာတာကို အားနာသလို ကြည့်ရှူနေရင်း
အေးဆေးတည်ငြိမ်စွာ ဝင်လျှောက်လာတဲ့ ယမုံက ညာဖက်ဆိုဖာမှာ ထိုင်နေတဲ့ ခမ်းနားကို မကြည့်ဘဲ ဖခင်ဖြစ်သူဦးစိုးထွဋ်ကို လှမ်းကြည့်ရင်း မရယ်မပြုံးပကတိမျက်နှာဖြင့်
"ဖေဖေ နေကောင်းတယ်နော်"
သူမီးလောင်ဒဏ်ရာကြောင့် ဒဏ်ရာတွေရရှိခဲ့တယ်ဆိုတာ သူမ အစောကတည်းက စနိုးနဲ့ ဖုန်းပြောခဲ့ရလို့ သိပြီးခဲ့ပါပြီ
ဦးစိုးထွဋ် သမီးကြီးကို အားနာသလို တစ်ချက်ကြည့်ပြီးခေါင်းညိတ်ပြလိုက်ကာ
"ကောင်းပါတယ် သမီးရယ် ..သမီးရော အဆင်ပြေရဲ့လား အစစအရာရာ"
သူ့ကိုမကြည့်ပေမယ့် မျက်လုံးထောင့်က ခေါင်းငိုက်စိုက်ကြနေတဲ့ ခမ်းနားရဲ့ ပုံရိပ်ကို ယမုံမြင်နေရသည်
သူနဲ့ကိုယ် ဘာဆိုင်တော့တာ မှတ်လို့လဲ သူစိမ်းတွေထက်တောင် စိမ်းဦးမယ့် ဆက်ဆံရေး တစ်ခုပဲ..
"ပြေပါတယ် ယမုံက အရာအားလုံးနေသားကျခဲ့ပြီမို့ ဘယ်လို ကိစ္စမျိုးပဲ လာလာ ရင်ဆိုင်ဖို့ သတ္တိရှိပြီးသားပါ"
ယမုံအဖြေကြောင့် ခမ်းနားတစ်ယောက် သူ့ကိုသူ သိမ်ငယ်မှုကို စတင်ခံစားလိုက်ရသည်၊သူဟာ ကတိတစ်လုံးကို လွယ်လွယ် ချိုးဖောက်ခဲ့တဲ့ ကောင်မို့ ..
ဦးစိုးထွဋ် ယမုံစကားကြောင့် ဖခင်ဝတ္တရားမကျေပွန်မှုအတွက် စိတ်မကောင်းဖြစ်မိကာ
"သမီး အဆင်ပြေတယ် ဆိုလို့ ဖေဖေ ဝမ်းသာပါတယ်ကွယ်၊ဖေဖေနဲ့ သမီးညီမလေး မြန်မာပြည်မှာ အေခြပြန်ချတာ သမီးရယ် သမီးငယ်ရဲ့ အမေကလည်း ဖေဖေ တို့ ပြည်ပရောက်ပြီး နှစ်နှစ်ကြာတော့ ကျောက်ကပ်ရောဂါကြောင့်အသက်ဆုံးပါးခဲ့ရတယ်"
ဖေဖေ့ စကားကို ယမုံ ငြိမ်သက်စွာ နားထောင်နေမိသည်!
"မမတို့ စကားပြောနှင့်ကျဦးနော် ယမုံ အဝတ်စားလဲပြီးရေချိုးလိုက်ဦးမယ်"
သူတို့ စကားဝ်ုင်းကို စနိုးက ဖြတ်ပြောပြီးသူမ အခန်းထဲကို ထလာခဲ့လိုက်သည်၊မို့ ခမ်းနား မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေရင်း ယမုံနှုတ်ဖျားက ထွက်ကျလာတဲ့ စကားတွေ နားထောင်နေမိသည်
သူမ ရဲ့စကားတွေအရ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုတောင် သူ့မှာ မေးပိုင်ခွင့်မရှိသည်မို့.
စနိုးအထဲ ဝင်သွားတော့မှ ဦးစိုးထွဋ်က ယမုံကို အားနာသလို တစ်ချက်ကြည့်ပြီး
"ဖေဖေ သမီးကြီးကို တစ်ခုလောက် တောင်းဆိုချင်တယ်ကွယ်"
ထင်တာထက် ပိုတည်ငြိမ်လွန်းသည့် ယမုံက ဖခင်ဖြစ်သူကို ကြည့်လိုက်ပြီး
"ဘာများလဲ ဖေဖေ"
ဦးစိုးထွဋ် သက်ပြင်းရှည်ကြီးချလိုက်ပြီးမှ
"သမီးညီမလေးက မွေးရာပါ နှလုံးရောဂါ ရှိတဲ့အပြင်ကို အခုက ကိုယ်ဝန်ဆောင်ထားရတဲ့ အခြေနေမို့ ဖေဖေတို့ သူ့ကို စိတ်ချမ်းသာအောင် ထားပေးနေရတယ် သမီးရယ်"
ဖေဖေ့ စကားကြောင့် ယမုံ့မျက်ခုံးတွေ တွန့်ချိုးသွားရပြီး
"စနိုးက နှလုံးရောဂါ ရှိတယ်ဟုတ်လား ဖေဖေ"
သူမပြန်မေးလိုက်တော့ ဦးစိုးထွဋ်က ခေါင်းညိတ်ပြလိုက်ရင်း
"ဟုတ်တယ် သမီးရယ် ကျန်တာတော့ သမီးကို စနိုးပြောပြမှာပါ "
ဦးစိုးထွဋ် ခမ်းနားဖက်ကို လှည့်ကြည့်ရင်း..
"နောက်တစ်ပတ်ထဲ သမီးငယ်က ဒီက မောင်ခမ်းနား တို့ မဂ်လာပွဲလုပ်လိမ့်မယ် "
သူမသိပြီသားမို့ အဲ့ဒီစကားကြားတိုင်းရင်ဘက်ထဲကမွန်းကြပ်လာလွန်းလို့ မျက်ရည်စတို့ ဝဲတက်လာရသည်၊ဒါပေမယ့် ယမုံဆုံးဖြတ်ပြီးပြီးပဲ ခမ်းနားသွင်ပြင်ကြောင့် ယမုံမျက်ရည်တွေကိုလုံးဝ ကျခွင့်မပေးတော့ဘူးဆိုတာပဲ..
တိတ်ဆိတ်သွားတဲ့ ယမုံ့မျက်နှာကို ခမ်းနား သတ္တိမွေးပြီး ခေါင်းငုံ့ထားရာမှ ဆွေးမြည့်စွာ မော့ကြည့်မိသည်၊
အမြဲတမ်းကြည်လင်ရှင်းသန့်နေပြီးဖြူစင်လွန်းတဲ့ ယမုံ့မျက်နှာထက်က သူမြတ်နိူးနေဆဲ ဖြစ်တဲ့ သူမ မျက်လုံးတွေထဲ နာကျည်းမှုတွေကို အတိုင်းသား မြင်နေရသည်မို့..လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တိုးသဲ့သော စကားသံတွေက နှလုံးသားတစ်ခုလုံးကို လောင်တိုက်သွင်းနေသကဲ့သို့..
'မုန်းပါ ယမုံရယ် မောင်က မင်းအမုန်းတွေနဲ့ ထိုက်တန်တဲ့ ကောင်မို့ မင်းပေးသမျှ အရာတိုင်းကို ကျေနပ်စွာ ခံယူဖို့ အသင့်ပါ ပဲ'
ထွက်ကျမလာတဲ့ စကားတွေက နှုတ်ဖျားတွင် တစ်စို့နေလျက်ဖြင့်သာ.
အခန်းမှတ်ချက်များ (0)