တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ
တောင်ကြီးမြို့ရဲ့အထင်ကရနေရာတွေဖြစ်တဲ့ စူဌာမုနိ ဘုရား မုံတဝလှိုဏ်ဂူ နဲ့ ဟိုပုံး မယ်တော်ကျောင်းဆောင် မှာ လည်ပတ်ခဲ့ပြီး နေဝင်ချိန်ရောက်တော့မယ်ဆိုမှ
တောင်ကြီးရဲ့ နာမည်ကြီး view point နေရာကို သွားခဲ့ကြသည်။
ဆိုင်က ကလေးတွေက ၁၇ ၁၈နှစ် ကလေးတွေမို့ တစ်နေ့ကုန် လည်ထားရလည်း ညည်းညူခြင်းမရှိလန်းဆန်း ပေါ့ပါးနေပေမယ့်
“နင်တို့ဘဲ သွားတော့ ငါ ကားပေါ်ကဘဲ စောင့်နေမယ်
ကလေးတွေကို သေချာကြည့်ဦးနော် ခိုင်တို့”
“အေးပါ”
ကားပေါ်မှာ ကျန်နေတဲ့ ခွန်းက လက်လေးပိုက်ပြီး ဘလူးတူး နားကြပ်လေးကို တပ်ကာ မျက်လုံးလေးမှိတ်နေတုန်း
“ဟင်!!!”
နားကြပ်တစ်ဖက်ကို အဖြုတ်ခံလိုက်ရတာမို့ ဘယ်သူလဲဆိုပြီး ဘေးကိုကြည့်လိုက်တော့ စိုင်း
“ဘာလုပ်တာလဲ”
“မမ ကို မတွေ့လို့လေ”
“အဲ့တော့”
“မတွေ့တော့ ရှိတဲ့နေရာ လိုက်လာရတာပေါ့”
“ဘာကိစ္စလဲ”
“ကိစ္စရှိမှ မမနဲ့တွေ့ရမှာလား ကျွန်တော်က အမြဲတမ်း တွေ့ချင်နေတာ”
“ကဲ မင်း ဘယ်လို ဖြစ်နေတာလဲ ငါ မောင်လေးတွေကို မကြိုက်ဘူး ကလေးလေး”
“ကျွန်တော်လည်း မမတွေကို မကြိုက်ပါဘူး”
“ဘာ!!”
“ကျွန်တော်က မမတွေကို ကြိုက်တာမျိုးမဟုတ်ဘဲ မိန်းမလှလေးကို စွဲလန်းသွားတာ”
ခွန်းရှေ့ တိုးကပ်လာတဲ့ စိုင်း မျက်နှာ ချောချောကြောင့် ရင်ခုန်သံကို မနည်းထိန်းထားရကာ
“ဖယ်…နောက်ဆုတ်”
“အဟွန်း ကျွန်တော် မမကို ဒီနေ့ကစပြီး ရအောင် လိုက်မှာနော်”
“ပြောရဆိုရခက်လိုက်တာ”
“မမ ကောင်လေးဖြစ်သွားတဲ့အချိန်တော့ ပြောရဆိုရ လွယ်သွားမှာ”
“ကျစ် တော်”
ခွန်းရဲ့ ဘလူးတူးနားကြပ်ကို သူ့အပိုင်လိုမျိုး တပ်ပြီး မျက်လုံး မှိတ်ကာ သီချင်းနားထောင်နေတဲ့ စိုင်း
View point မှာ ဓာတ်ပုံတွေ တဝကြီး ရိုက်ပြီး ကားပေါ် တက်လာကြတဲ့ အဖွဲ့က ကားတံခါးကို ဆွဲလိုက်တော့
“ဝါးးး”
အံ့ဩတဲ့အသံကို နားထဲ ကြားလိုက်တော့မှ ခွန်းဘေးနားကပ်ထိုင်ပြီး လက်ပိုက်ကာ နောက်ကို မှီအိပ်နေ စိုင်း ကြောင့်
“ရှုးးးမဆူကြနဲ့ အနောက်ခန်းထဲ ဝင်ထိုင်လိုက်ကြ”
ကလေးတွေ အနောက်ခန်းထဲမှာ ဝင်ထိုင်ကြပြီး ကား စထွက်ကြကာ
ခွန်း လက်ကို လာဆွဲပြီး ကိုင်လိုက်တဲ့ လက်သွယ်သွယ်လေးကြောင့် ခွန်း တွန်းဖယ်နေတော့
“ငြိမ်ငြိမ်နေ အိပ်ချင်နေလို့တဲ့”
သူကလည်း ဗိုလ်ကျပြီး ပိုင်ဆိုးပိုင်နက် လာကိုင်သေးတယ် အခု လူကို လာပြီး ငြိမ်ငြိမ်နေတဲ့
ထပ်ရုန်းနေရင်လည်း လူတွေသိကုန်ကြမှာစိုးတာကြောင့် လက်ကို ကိုင်ခိုင်းထားလိုက်ရတော့သည်။
“အဟွန်း”
ယောကျာ်းလေးမတန်ဘဲ အိပ်နေရင်း ချစ်စရာကောင်းအောင် ပြုံးနေလိုက်တာများ ခွန်း အကြည့်လွှဲဖို့တောင် မေ့နေတဲ့အထိ
ဟိုတယ်ရောက်တော့ ည၈နာရီကျော်နေပြီမို့ မနေ့အလည်သွားမယ့် နေရာတွေကို တိုင်လိုက်ကြတော့
“စိုင်းနွန်းခမ်းတို့ ပိုင်တဲ့ စပျစ်ခြံ နဲ့ ပန်းသီးခြံ”တဲ့လေ
******************
“မမ ဒီနေ့ကျမှ အရမ်းလှနေတယ်”
ဟိုတယ် မှာ ပြထားတဲ့ ရှမ်းဝတ်စုံလေးတွေက လှလို့ ဝတ်ချင်တာနဲ့
ဝယ်ပြီး ဝတ်လိုက်တဲ့ နေ့မှာဘဲ ရှမ်းတရုတ်လေးဆီက ကြားရတဲ့ စကားကြောင့် ပြုံးမိသွားသည်။
“ကိုယ်လှတာ ကိုယ်သိပါတယ်နော်”
စိုင်း မျက်လုံးထဲမှာ ကိုယ့်ထက် အသက်လေးနှစ်ကြီးတယ်ဆိုပေမယ့် ကလေးလိုဘဲ မြင်ကာ
ဟိုတယ် ထဲကနေ ရှမ်းဝတ်စုံခွန်းရဲ့ ပုံစံလေးက စိုင်း မျက်လုံးတွေ အလင်းဖြာထွက်နေတဲ့ ကောင်းမလေးလိုပင်
“စိတ်မချတော့ဘူး ဒီနေ့ကစပြီး မမနားမှာဘဲ ကပ်တွယ်တော့မှာမလို့ ကျွန်တော့် က လွှဲပြီး ဘယ်သူ့ကိုမှ မကြည့်နဲ့နော်”
“ကြည့်မှာ”
“ကြည့်ရင် ကျွန်တော် မမ ကို အပိုင်သိမ်းပ၊စ်မှာ”
“ဆိုးလိုက်တာ”
“လိမ္မာအောင် မမ ဆုံးမပေး”
“ဒီ ကလေးနဲ့တော့”
“ကျွန်တော် ကလေးမဟုတ်ဘူး”
“ကလေးဘဲ”
အမြန်လမ်းလျှောက်သွားတဲ့ ခွန်းရဲ့နောက်ကို ကလေးမဟုတ်ကြောင့် အပြေးလွှား လိုက်ရှင်းပြနေတဲ့ စိုင်း
“နင်တို့ တွေ့ပြီမလား”
ခိုင်အပါအဝင် ဟိုတယ် ပေါက်ဝကနေ ရပ်ကြည့်နေကြတဲ့ ယောကျာ်းဖြစ်သူနဲ့ မြူဖူးတို့အပြင် စိုင်း သူငယ်ချင်းတွေကိုပါ ရှေ့က အတွဲကို မေးငေါ့ပြနေခဲ့သည်။
“ပြောတော့ မောင်လေးတွေကို စိတ်မဝင်စားဘူး ဘာလေးနဲ့”
“အဲ့တာတော့ ဟိုကောင် စိုင်းရော တူတူဘဲ မမတွေဆို မကြိုက်ဘူး အထိန်းချုပ်မခံနိုင်လို့တဲ့”
“မပြောကြပါနဲ့ သူတို့နှစ်ယောက်သာ အတည်ဆို ကူညီပေးကြတာပေါ့”
“ခိုင် ငါတို့ မနေ့ဖြန်ဆို ပြန်ကြတော့မှာ ဒါပေမယ့် ချည်ထည် ကိစ္စနဲ့ နင်တို့ လင်မယား နေခဲ့ကြမှာလေ အခု နင်တို့မနေခဲ့နဲ့ သူ့ကို ထားခဲ့”
“အင်း အဲ့တာလည်း မဆိုးဘူး”
“မခွန်းက ချည်ထည် ကိစ္စပြီးရင် ဘယ်တော့လောက် မန္တလေးကို ပြန်မှာလဲ”
“ဒီမှာ ရက်၄၀ကျော်ဆိုတော့ နောက်လကုန်လောက်မှ ပြန်ရမှာ”
“အဲ့တာဆို ကွက်တိဘဲ ကျွန်တော်တို့က မန္တလေး ဆေးရုံကြီးမှာ တာဝန်ကျမှာ နောက်လကုန်မှ ပြောင်းရမှာ”
“ဟယ် အဲ့တာဆို သူတို့နှစ်ယောက် နီးစပ်ဖို့ ပိုသေချာသွားပြီ”
အခန်းမှတ်ချက်များ (0)