Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၄)

တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ

အသက်သာ သူ့ထက် ကြီးမယ့်ပုံပေါ်နေပေမယ့် ဘာမှ ရေရေရာရာ မရှိတာကြောင့်

“ကွဲသွားတဲ့ မိဘရဲ့ဖုန်းနံပါတ်တောင် မမှတ်မိဘူးလား”

“မိဘနဲ့ လာတဲ့အရွယ်များထင်နေလား အသက် ၂၉နှစ်ရှိနေပြီ သူငယ်ချင်းတွေနဲ့လာတာ”

“အဲ့တာဆို သူငယ်ချင်း ဖုန်းနံပါတ်တွေ မှတ်ထားလေဗျာ”

“မမှတ်မိဘူး ဒီလိုလုပ် တို့ဖုန်းကို ဆက်ပေး အဲ့ဒီမှာ သူတို့ယောကျာ်းတွေ ကိုင်လိမ့်မယ် ပြီးရင် သူတို့ကို ထပ်ဆက်ခိုင်းလိုက်မယ်”

“အဲ့ကျ တစ်ဆင့်ခံဖြစ်နေလိမ့်မယ် သူတို့ဖုန်းနံပါတ်ကို တောင်းပြီး ကိုယ့်ဘာသာ ထပ်ဆက်ပေါ့”

“အင်း အဲ့လိုလုပ်လိုက်မယ်”

ခွန်း ဖုန်းကို ခွန်း ပြန်ဆက်ပြီး မြဖူးတို့ရဲ့ ဖုန်းနံပါတ်ကိုတောင်းကာ ခွန်းရှိတဲ့နေရာကို ခေါ်လိုက်ရတော့သည်။

“ရပြီ ကျေးဇူးပါဘဲနော် အစ်မ နာမည်က ခွန်းရှင်နံသာပါ”

“ဟုတ် ကျွန်တော်က စိုင်းနွန်းခမ်းပါ အသက်က ၂၅ပါ အစ်မက ကျွန်တော့်ထက် ၄နှစ်ကြီးတယ်”

“အင်း စိုင်းဆိုတော့ ရှမ်းလူမျိုးထင်တယ်”

“အဖေက တရုတ်အမေက ရှမ်း”

“အော်”

ခွန်းစိတ်ထဲမှာတော့ ဒီကောင်လေး ဘာလို့ ဒီလောက် ချောနေလဲဆိုတာ အခုမှ သဘောပေါက်လိုက်တာက

ရှမ်းတရုတ်လေးဖြစ်နေလို့ကို

“ခွန်း!!”

“မမခွန်း!!”

မြဖူးတို့နဲ့ ဆိုင်က ဝန်ထမ်းလေးတွေက ခွန်းဆီ ပြေးလာကြကာ ဝန်းထမ်းလေးတွေက ခွန်းကို ဖက်ငိုနေကြတာမို့

“ဟော်တော် ဘာလို့ ငိုရတာလဲ”

“မမ ပျောက်သွားပြီ ထင်လို့လေ ဟင့် ဟင့်”

“မပျောက်ပါဘူး ပျောက်လဲ မမက ကလေးမှ မဟုတ်တာ”

ကလေး မှ မဟုတ်တာလို့ ပြောနေနဲ့ စိုင်းထက် အသက်၄နှစ်ကြီးတဲ့အစ်မကို ကြည့်ပြီး စိုင်းပြုံးမိသွားသည်။

“ဟယ် စိုင်းနွန်းခမ်း မလား”

“မခိုင်သဇင်”

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နှုတ်ဆက်နေတဲ့ ခိုင်နဲ့စိုင်း ကို

“နင်တို့က သိနေကြတာလား”

“သိတာပေါ့ ငါ့အမေရဲ့တပည့်လေ စိုင်းက ဆေးကျောင်းသား”

“အော်”

“အစ်မသူငယ်ချင်းကို ကူညီပေးလို့ ကျေးဇူးပါဘဲ စိုင်းရယ်”

“ရပါတယ်”

“နွန်းခမ်း ရာ မင်းကလည်း ရှာလိုက်ရတာကို”

အနောက်ကနေ ရောက်ချလာတဲ့ စိုင်းတို့ သူငယ်ချင်းအုပ်စုတွေ

“ဟာ အစ်မခိုင်သဇင်”

ရောက်လာကြတဲ့ သူတွေက ခိုင်ကို နှုတ်ဆက်ပြန်ကြတာမို့ ဆေးကျောင်းသားအုပ်စုလေးတွေဆိုတာ ခွန်း သဘောပေါက်လိုက်သည်။

“ငါမောင်တွေ လူစုံလိုက်တာ တောင်ကြီးကို လည်ဖို့ မင်းတို့ကို အကူညီတောင်းရတော့မယ် ထင်တယ်”

“ဘယ်လည်ချင်လို့လဲ အစ်မတို့က”

“တောင်ကြီးရဲ့ အထင်ကရ နေရာတွေပေါ့ ပြီးတော့ ရိုးရာချည်ထည်ဆိုင်တွေ သွားချင်တာ”

“ရတယ်လေ ကျွန်တော်တို့မြို့ကို ရောက်တာဘဲ ဧည့်ဝတ်ကျေရမှာပေါ့ နော် နွန်းခမ်း”

“အင်း”

မနေ့ဖြန် ဘယ်နေရာတွေ စလည်မလဲဆိုတာ တိုင်ပင်ပြီးကြတာနဲ့ ခွန်းတို့က အရင်ပြန်ကြတော့မှာမို့ နှုတ်ဆက်တော့

“မ”

ခွန်း ဘေးနားကနေ တိုးဝင်လာတဲ့ လေနွေးနွေးလေးက စိုင်း အသံလေးမို့

“အွန်း”

“ကျွန်တော့် ဖုန်းနံပါတ်ကို ဟိုတယ် ပြန်ရောက်ရင် မှတ်ထားလိုက်ဦးနော်”

“ဘာလို့ မှတ်ရမှာလဲ”

“သတိရတဲ့ချိန် ဆက်ရအောင်လို့လေ”

“ကလေးတွေက ဆိုးလိုက်တာ”

ဆိုကာ အရင် ပြန်ဖို့ ထွက်ပြေးသွားတဲ့ ခွန်းကို ပြုံးပြီးကြည့်နေတဲ့ စိုင်း

“ခွန်းကို ကြိုက်တယ်ဆို ရအောင်လိုက်နော် စိုင်းရေ အစ်မတို့ကူညီပေးမယ်”

စိုင်း ပြန်မဖြေဘဲ ပြုံးသာပြုံးနေခဲ့သည်။ ဘာလို့ခနခန မ ရဲ့ မျက်နှာကိုငေးကြည့်ချင်နေတာလဲ ဆိုတာ စိုင်း ကိုယ့်ကိုကိုယ် အဖြေရှာနေဆဲပင်

“ဟျောင့် မင်း ကြည့်လို့ မပြီးဆော့ဘူးလား ဟိုက ဟိုတယ်တောင် ပြန်ရောက်နေလောက်ပြီ”

“မကြည့်ပါဘူး”

“ပြောတော့ မမတွေဆို မကြိုက်ဘူးဆို ထိန်းချုပ်တဲ့သူတွေဆိုပိုတောင် မကြိုက်သေးတယ်ဆို”

“လူအကြိုက်ဆိုတာ ပြောင်းလဲတက်တာဘဲ သွားကြစို့ကွာ မနက်ကျ မမ တို့ကို အလည်တွေ လိုက်ပို့ရဦးမှာ”

“ဟာ ဒီကောင် ဘာဖြစ်သွားတာလဲ”

———————

၉နာရီထိုးတာနဲ့ ခွန်းတို့ တည်းတဲ့ ဟိုတယ်ရှေ့ရောက်နေတဲ့ စိုင်းတို့အဖွဲ့ ကို ပြတင်းပေါက်ကနေ မြင်လိုက်တဲ့ ခွန်း

“ဟဲ့ မြန်မြန်လုပ်ကြ စိုင်းတို့တွေက ရောက်နေပြီ”

ကလေးအမေတွေမို့ ကလေးတွေကိုပါ ပြင်ဆင်ပေးနေရတဲ့ မြဖူးတို့ က ကြာနေသလို ဝန်ထမ်းလေးတွေကလည်း ပြင်လို့ဆင်လို့မပြီး

အစောကြီးလာတဲ့ စိုင်း တို့ ဘာမှစားမလာရသေးဘူးအထင် ဝယ်ထားတဲ့ ပေါင်မုန့်ထုတ်တွေယူပြီး

“နင်တို့ ပြီးရင် အောက်ဆင်းလိုက်ခဲ့တော့ ငါ အောက်ကဘဲ စောင့်နေမယ်”

“အေးအေး”

ကားမှာ လက်လေးပိုက်ပြီး မှီနေတဲ့ စိုင်း ဆီ တည့်တည့်လျှောက်လာတဲ့ ခွန်း

“မနက်စာ စားခဲ့ကြရဲ့လား”

“မစားခဲ့သေးဘူး”

စိုင်းတို့ သူငယ်ချင်းတွေ အကုန်လုံး စိုင်းအိမ်မှာဘဲ ညအိပ်လိုက်ကြကာ မနက်စာ စားပြီးမှ ထွက်လာကြတာကို

မစားခဲ့ဘူး လုပ်နေတဲ့ စိုင်းကြောင့် အံ့ဩသလို ဘေးကနေ ရပ်ကြည့်နေကြကာ

“ရော့”

“ဖောက်ပေး”

“ကိုယ့်ဘာသာ ဖောက်စားလေ”

“မဖောက်တက်ဘူး”

“ကလေးလား”

“မမဘဲပြောတာ မနေ့က ကလေးအရွယ်ဆို”

“ဒါပေမယ့် မုန့်ကို ဖောက်စားတက်တဲ့အရွယ်တော့ ရောက်နေပြီလေ”

“အဲ့တာဆို တော်ပြီ”

“ဘာလို့လဲ မစားခဲ့ရသေးဘူးဆို”

“စားချင်ပါတယ် မုန့်မဖောက်ချင်လို့”

ခွန်းတစ်ယောက် သူကသာ သူများကို ရစ်ခဲ့ပေမယ့် အခုပြန်အရစ်ခံနေရတာမို့ ဝဋ်လည်နေသလိုပင်

မုန့်ထုတ်ကို ဖောက်ပြီး ပေးတော့ မယူသေးဘဲ ခွန်း လက်နဲ့ ကိုင်ထားတဲ့ မုန့်ကို စားလိုက်တဲ့ စိုင်း

“ဝါးးး”

ဘေးက စိုင်းသူငယ်ချင်းတွေက ပွဲကျသလို ထအော်တော့ ခွန်းတော်တော်လေး ရှက်သွားကာ

“ရော့ ကိုယ့်ဘာသာ ကိုင်စား”

ဆိုကာ စိုင်းလက်ထဲကို မုန့် ထိုးပေးပြီး မျက်နှာလေး တင်းမာသွားတဲ့ ခွန်း

« ရှေ့အခန်း - အပိုင်း(၂) နောက်အခန်း - အပိုင်း(၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ