Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၆)

တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ

ပထမဆုံး ခွန်းတို့ရောက်ခဲ့တာ နွန်းဆိုတဲ့ ဆိုင်းဘုတ် အကြီးကြီး ချိတ်ဆွဲထားတဲ့ စိုင်းတို့ပိုင်တဲ့ စပျစ်ခြံ

ခြံကြီးက ကျယ်လွန်းတာကြောင့် လမ်းတောင် သိပ်မလျှောက် နိုင်တဲ့အထိ

တောတောင်တွေ ကာရံထားတဲ့ အပြင် တောင်တန်းဒေသရဲ့ မြေသင်းနံ့လိုလို ကျောက်တုံးတွေရဲ့ နှင်းရည်ငွေ့ပျံတဲ့ ရနံလိုလို မသဲကွဲတဲ့ ရနံ့လေးတွေက ဒီခြံထဲလေးမှာ လွှမ်းခြုံထားတာ

“မမ သဘောကျလား”

“အင်း”

“မမ အကြိုက်ဆုံး အသီးက ဘာလဲ”

“စပျစ်သီး”

“စပျစ်ခြံ ပိုင်ရှင်လေးကိုရော မကြိုက်ဘူးလား”

“စားလို့ရတဲ့ အသီးဘဲ ကြိုက်တယ်”

“ကျွန်တော်ကိုလည်း စားလို့ရပါတယ် မရဲ့”

ဘာမှ ဆက်မပြောတော့ဘဲ မျက်နှာလေး တည်သွားတဲ့ ခွန်း

“နောက်က လိုက်မလာခဲ့နဲ့တော့”

“ဘာလို့လဲ”

“တစ်ယောက်ထဲ လမ်းလျှောက်ချင်လို့”

“ဟာ မရပါဘူး တော်ကြာ ခလုတ်တွေ တိုက်မိပြီး လှဲနေရင် ဘယ်လိုလုပ်မလဲ”

“ဖုန်းပါတယ်လေ ဖုန်းဆက်ခေါ်လိုက်မယ်”

“မရဘူး မရဘူး ကျွန်တော်စိတ်မချပါဘူး”

ပြောလေ ဆိုးလေ တောက်တဲ့လေးလို တော်တော် အနားအမြဲ ကပ်နေတဲ့ ကောင်လေးရယ်ပါ

“မ ဒီလိုခြံမျိုး ပိုင်ချင်လား”

“အင်း”

“ကျွန်တော်နဲ့ ဇနီးမောင်နှံဖြစ်ရင် ဒီခြံ မမ ပိုင်ပြီလေ”

“ဘာ!!!”

“စပျစ်ခြံလည်းရတယ် ကျွန်တော်ကိုလည်းရမယ် တစ်ခုဝယ် တစ်ခုလက်ဆောင်ပေါ့”

“တစ်ခုလည်း မဝယ်ချင်ဘူး အဲ့ဒီ လက်ဆောင်ကြီးလဲ မလိုချင်ပါဘူး”

“ဘာလို့လဲ ကျွန်တော်က လိမ္မာပါတယ် မရဲ့”

“ငါ ကလေးမထိန်းချင်ဘူး”

“မကို ကလေးတန်းမယူခိုင်းပါဘူး step by step ပေါ့”

“ဘာတွေ လျှောက်ပြောနေတာလဲ မင်းကို မထိန်းချင်ဘူးပြောတာ”

“ဟာဗျာ”

ရှေ့ကနေ ခက်သွက်သွက် လမ်းလျှောက်သွားတဲ့ မရဲ့နောက်ကို ပြေးလိုက်ရပြန်သည်။

စိုင်း အရင်တုန်းက ရည်းစားထားတာ ဆေးလိပ်တစ်လိပ်သောက်တာထက်တောင် လွယ်ကူသလိုရှိပေမယ့်

ကိုယ်ထက် အသက်ကြီးတဲ့ မမနဲ့မှ ခြေတစ်လှန်းလေးမှားမှာကို စိုးရိမ်နေမိတဲ့အထိ

စပျစ်ခြံကို လည်ပြီးတာနဲ့ ပန်းသီးခြံဘက်ကို ခရီးဆက်ရင်း တစ်နေ့တာလုံး မရဲ့ဘေးမှာဘဲ စကားတွေ လိုက်ပြောရင်း ကပ်တွယ် နေခဲ့မိသည်။

************

“ဘာ ငါနေခဲ့ရမယ် ဟုတ်လား”

တောင်ကြီးမှာ ခွန်းတစ်ယောက်ထဲ နေခဲ့ရမယ် ဆိုတဲ့ စကားကြောင့်ပင်

“ဟုတ်တယ် ခွန်း ငါသားက ထိုင်းမှာ medical checkups သွားလုပ်ရမှာက ဒီရက်ပိုင်းဖြစ်နေတာ”

“အင်းပါ တစ်လ ကျော်ကျော်ဘဲဆိုတော့ သိပ်မကြာပါဘူး”

ခွန်း အသက်လည်း မငယ်တော့သလို အဖော်လည်း သိပ်မမက်ချင်တာမို့ တစ်ယောက်ထဲ နေခဲ့ဖို့ကို သဘောတူပြီး ခေါင်းငြိမ့်လိုက်ရတော့သည်။

“အဆင်ပြေသွားပြီဆိုတော့ ငါတို့ ဒီည ပါတီ လုပ်ကြမလား ဒီဟိုတယ်က စိုင်းသူငယ်ချင်းပိုင်တာလေ VIP barတွေ ရှိတယ်တဲ့”

“Barရှိတယ် ငါတို့တည်းနေတာ ကြာပြီ ဘာလိုမသိတာလဲ”

“VIPပါဆို ဝင်ကြေးမြှင့်တယ်လေ သုံးနိုင်တဲ့ သူတွေဘဲဆိုတော့ နာမည်သိပ်မကြီးဘူး လူလည်း သန့်တယ်လေ”

ခွန်း စိတ်ထဲမှာတော့ စိုင်းတို့ သူငယ်ချင်း အုပ်စုကို ချီးကျူးမိတာတော့အမှန်

မိဘတွေ ပိုက်ဆံကြောင့် လက်ဆင့်ကမ်း အမွေဆက်ခံရတယ်ဆိုပေမယ့် စီးပွါးရေးတွေကို

လူငယ်တွေပီပီ တော်တော်လေး ထိန်းထားနိုင်တာ တော်ရုံ အုပ်ချုပ်မှုမျိုးတော့မဟုတ်

“ဘာတွေတွေးနေတာလဲ ခွန်း”

အသံငြိမ်ကျသွားတဲ့ ခွန်းကို မြဖူး သတိပေးကာ ခေါ်လိုက်တော့

“ဘာမှ မဟုတ်ပါဘူး”

“ဘာလဲ ရှမ်းတရုတ်လေးအကြောင်း စဉ်းစားနေတာလာ”

“မစဉ်းစားပါဘူး”

“နင်က မစဉ်းစားပေမယ့် ဟိုကတော့ တော်တော်လေး စဉ်းစားနေပြီတဲ့ သူ့သူငယ်ချင်းတွေက ပြောနေတာ”

“ဟုတ်ပ တစ် မ ထဲ မ နေတာ ခွန်းနဲ့တွေ့ပြီးထဲကတဲ့”

“ကလေးတွေဘဲ စိတ်ကစားတာပေါ့ဟာ နင်တို့လည်း ငယ်ရာက ကြီးလာတာဘဲ”

“အေး လူကြီးဖြစ်တဲ့ နင်လည်း စိတ်ကစားမိနေဦးမယ်နော်”

“မကစားပါဘူး သွားအိပ်တော့မယ်”

ခွန်းလည်း စိုင်းနဲ့ ပတ်သတ်မိပြီးမှ သူ့အကြောင်းပြောရင် ရှက်တက်လာသလို ခနခန ရင်တွေလည်း ခုန်မိနေတယ်

ဒီကောင်လေးက တကယ်မလွယ်ဘူး စီးပွါးရေးမှာ ထိန်းချုပ်တက်သလို ခွန်းနှလုံးသထိန်းချုပ်

« ရှေ့အခန်း - အပိုင်း(၅) နောက်အခန်း - အပိုင်း(၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ