Bububai ဝတ္ထု ဦးပိုင်တဲ့ရစ်လုံးလေး အခန်းစာရင်း

အပိုင်း(၂၉)

ဦးပိုင်တဲ့ရစ်လုံးလေး

သစ်ပင်ပေါ်တက်ပြီး တူနေတာကို အောက်ကနေ ရပ်ကြည့်နေကာ

“မမလေး တော်ပြီလား”

ခြင်းထဲမှာ လိုချင်တဲ့ ပမာဏလောက်ရနေပြီမို့

“အင်း တော်ပြီ ဆင်းခဲ့ခိုင်းလိုက်တော့”

“ဟုတ်ကဲ့ မမလေး”

“ဒီ သရက်သီးတွေကို ငပိရယ် ငရုတ်သီးများများရယ်နဲ့ သုတ်ထားပေး”

“ရှင်”

“ဘာလို့ တ ရှင် ရှင် ဖြစ်နေတာလဲ”

“မမလေး ဗိုက်နာမှာစိုးလို့ပါ”

“မနာဘူး အဲ့တိုင်း သုတ်ခိုင်းပေး”

“ဟုတ်”

သရက်သီးသုပ်ဖို့မှာနေတုန်း သစ်ပင်ပေါ်က ဆင်းလာတဲ့ ကောင်လေးက လှေကားပေါ်ကာ ရုတ်တရက် ချော်ကျသွားတာမို့

“အားးးးး”

“ဟယ်”

“ဟယ်”

“လုပ်ကြဦး”

တေး ရုတ်တရက်ဆိုသလို ပြုတ်ကျတဲ့ နေရာကို သွားလိုက်တဲ့အချိန် မြင်လိုက်ရတဲ့ 6သွးကြောင့်

“ဟင်”

ရုတ်တရက်ဆိုသလို အရမ်းလန့်သွားကာ မူးဝေလာပြီး လောကကြီးနဲ့ အဆက်သွယ် ပြတ်သွားတော့သည်။

“မမလေး”

“မမလေး လုပ်ကြပါဦး”

“ဥက္ကဌဆီ ဖုန်းခေါ်ကြစမ်း”

ရှယ်ယာရှင် အစည်းဝေး ကျင်းပနေတုန်း ဖုန်းလာတာမို့ မကိုင်ဘဲ နေပေမယ့် ဇနီးဖြစ်သူ ဖုန်းမို့

“ဟလို ကလေး”

“ဟင့် ဟင့် ဥက္ကဌ မမလေး မူးလဲလို့ပါ”

“ဘာ”

ဖုန်းချပြီးတာနဲ့ အစည်းဝေးခန်းထဲကနေ ချက်ချင်းတန်းပြေးတဲ့ ခန့်ကို ကြည့်ပြီး ရှယ်ယာရှင်တွေပါ လန့်ကုန်ကြသည်။

*************

အိမ်ရောက်တာနဲ့ တေးရဲ့ ဘေးမှာ ထိုင်နေကာအကြောင်းစုံ အကုန်မေးပြီး

“နင့်တို့ လူတွေ အများကြီးကို အပင်အောက်မှာ မနေဖို့ တစ်ယောက်မှ ဘာကိစ္စ မတားကြတာလဲ”

ခန့်ရဲ့ သူငယ်ချင်းဖြစ်သူ တေးကို စမ်းသပ်ရင်း တစ်ချက်ပြုံးသွားပေမယ့်

ဇနီးကို စိတ်ပူလွန်းက အိမ်မှာ သောင်းကြမ်းနေတဲ့ ခန့်ကြောင့်

“သူတ်ို့ အပင်အောက်မှာ မနေခိုင်းလဲ မင်း မိန်းမက မူးလဲမှာဘဲ”

“ဟျောင့် ငါ့မိန်းမက အစားဆို အကုန်စားတာ သူတို့သာ ကလေးကို သေချာကြည့်ရင် မူးလဲစရာ အကြောင်းမရှိဘူး”

“ကိုယ်ဝန်ကြောင့် မူးလဲမှာဘဲလို့”

“ဘာ ဘယ်လို!!!!”

“ဟုတ်တယ် ကိုယ်ဝန်ရှိနေပြီ ပိုသေချာအောင် မင်းအဖေနဲ့ ချိတ်ပြီး OGဆရာဝန်ကို အိမ်ခေါ်လိုက်တော့”

ဘေးကသာ ပြောနေပေမယ့် ခန့် မှာတော့ မျက်ရည်တွေ မဝိုင်းသားနဲ့ ဇနီးဖြစ်သူကို ကြည့်နေကာ

“ကျေးဇူးတင်လိုက်တာ ဦးအသဲလေးရယ် ကလေးကြောင့် ဦးဘဝ ဒီလောက် ပြီးပြည့်စုံလာခဲ့တာ”

တေးရဲ့ ခေါင်းလေးကိုပွတ်ရင်း နှဖူးလေးကိုပါ နမ်းကာ ကျေးဇူးတင်စကားတွေ တဖွဖွ ပြောနေလေရဲ့

***************

“ဦးမြတ်ရှိန်ဝါခန့် ရှင် ရည်းစားဟောင်းနဲ့ပြန်တွဲနေတာမလား”

“မဟုတ်တာ ကလေးရာ”

“သင်္ဘောသီးရခိုင်သုတ်စားချင်တယ်”

“ဟာ ကလေးရာ အပူအစပ်တွေမစားရဘူး”

“ရှင်ကျွန်မကို ကွာရှင်းချင်နေတာမလား”

“ဦး အသက်ထက်တောင် ချစ်ရတဲ့မိန်းမကို ဦးက ရူးနေလို့ကွာရမှာလား”

“ဟင့် တေးကို ဦးက မချစ်တော့ဘူးလားဟင်”

“ချစ်တာပေါ့ ဦးဘဝမှာ ဒီကလေးလေးက အရေးကြီးဆုံးဘဲ”

“ဦး တေးကို အော်လိုက်တာလား”

“မအော်ရပါဘူး ကလေးရယ် မလုပ်းဘူးလို့ဘဲ ပြောတာလေ”

“ဦး အသက်ရှုသံက ပြင်းလိုက်တာ စိတ်ရှည်တာလား”

“ဟာဗျာ စိတ်မရှည်ဘဲ နေမလား ဦးမိန်းမ အတွက်ဘဲကို”

ကိုယ်ဝန်ရင့်လာလေ တစ်နေ့တစ်မျိုစ မရိုးရအောင် မထပ်အောင် တစ်နေကုန်ထိုင်ရစ်နေနိုင်တဲ့ တကယ့် ရစ်လုံးလေး တေးပါ

တစ်ခါတစ်ခါဆို ခန့် တစ်ယောက် ရစ်ကို ဖြေရှင်းရင်း ညနက်သွားတဲ့ ရက်နွေ မနည်းမနှော

စိတ်ကလည်း အရင်ကထက် ဆက်လာတာကြောင့် တစ်ခုခုဆို လေသံ အေးအေးနဲ့ပြောရင်တောင် လေသံမာတယ် ဖြစ်နေတာမို့

တော်ရုံ စကားလည်း မမှားရဲသလို ခန့်တစ်ယောက် ဇနီးရှေ့ဆို အသက်ရှုသံကိုပါ သတိထားနေရတဲ့ထိ

ကုမ္မဏီမှာ လေသံပြတ်သားပြီး အုပ်ချုပ်ခဲ့သမျှ အိမ်ပြန်ရောက်တာတဲ့ မိန်းမ အုပ်ချုပ်တာကို ပြန်ခံနေရသည်။

« ရှေ့အခန်း - အပိုင်း(၂၈) နောက်အခန်း - အပိုင်း(၃၀)(ဇာတ်သိမ်းပိုင်း) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ