ဦးပိုင်တဲ့ ရစ်လုံးလေး
“မေမေ့ သမီးလေး”
အိမ်ရောက်မှာ တေးရောက်နေတယ်ဆိုတဲ့ အသံကြားတာနဲ့ ချက်ချင်းကို ဆင်းလာတဲ့ မေမေရယ်ပါ
“မေမေ”
“သမီးလေးရယ် ဘယ်တွေသွားနေတာလဲ”
“သမီး သူငယ်ချင်းတွေရဲ့အိမ်မှာ ဦးမသိအောင်ပုန်းနေတာပါ”
“မေမေက စိတ်ပူနေတာ”
“မေမေ့ ကို မဆက်သွယ်မိတာ တောင်းပန်ပါတယ် မေမေရယ်”
မေမေ မေမကောင်းဘူးဆိုတာ ဦး လိမ်ပြောနေတယ် ထင်နေခဲ့တာ
ခု အိမ်ရောက်မှ မေမေကို ကြည့်တော့ ခါတိုင်းထက်ကို ပိန်သွားတာမို့
“မေမေ နေမကောင်းဘူးဆို”
“မေမေ သမီး ပြန်လာတော့ မေမေ နေကောင်းသွားပါပြီ”
ဘိုးဘိုးပြောတဲ့ မစဉ်းစားမဆင်ခြင်ဘဲ လုပ်မိတယ်ဆိုတာ ထိခိုက်တော့ လူကြီးတွေကို ရိုက်ခတ်တယ်ဆိုတာ နားလည်သွားတာမို့
“သမီးနောက်ခါ လျှောက်မသွားတော့ပါဘူး မေမေရယ် ခုလို မေမေ နေမကောင်းတော့ ဟင့်”
မျက်ရည်လေး ဝဲကာ ချွဲနေပြန်တာ ချွေးမဆိုတာထက် သမီးလို ချစ်ရပါတဲ့ သံသာတေးလေး
“မေမေ သမီး မမှားဘူး သား မကောင်းလို့ဖြစ်တာလေ မေမေအကုန်သိပြီးပါပြီ ကဲ ပြီးခဲ့တာတွေလည်း ပြီးပြီ သမီး ညနေစာ ဘာစားချင်လဲ”
“သမီး မေမေချက်တဲ့ မျှစ်ချဉ်ခေါက်ဆွဲစားချင်တာ”
“ချက်ကျွေးရမှာပေါ့ မေမေ့ သမီးလေးကို”
မေမေရဲ့ မျှစ်ချဉ် ခေါက်ဆွဲ စားဖို့ အသင့်ဖြစ်နေတဲ့အချိန်
ဦးကလည်း ကုမ္မဏီက ပြန်လာပြီဆိုတာနဲ့ ညစာကို တူတူစားဖို့ ပြင်လိုက်တော့သည်။
“ကလေး အရမ်းမစားနဲ့”
တေး ခေါက်ဆွဲ တစ်ဇွန်းစားတိုင်း တားနေတဲ့ ဦးကြောင့်
“ဦးကလည်း ဘာဖြစ်နေတာလဲ”
“ဗိုက်နာမှာ စိုးလို့လေ”
“မေမေဟာ စားနေကြဘဲကို မနာပါဘူး”
“ညမို့လို့လေ ကလေးရဲ့ အစာမကြေမှာစိုးလို့”
ညကို ခေါက်ဆွဲ ချက်ပေးတဲ့ မေမေကို ပြောချင်ပေမယ့် ပြောလည်း သူဘဲ ပြန်ဆူခံရမယ်ဆိုတာ သိတာမို့ ကလေးကိုသာ ဆင်ဆင်ခြင်ခြင်စားဖို့ မှာနေရသည်။
“သမီး သား မလိမ္မာတာရှိရင် ဖေဖေကို တိုင်နော်”
“ဟုတ် သမီး တိုင်မှာ ရယ် ဟီး”
“သား သမီးကို စိတ်ဆင်းရဲအောင် ထပ်မလုပ်ပါနဲ့”
“ဟုတ်ကဲ့ ဖေ”
“ဦးက စိတ်ဆင်းရဲအောင် လုပ်ဖို့ အချိန်မရှိလောက်ဘူး သူ ကလေးယူဖို့ဘဲ ကြိုးစားနေတာ ဟီး””
“အဟွတ် အဟွတ်”
တေးရဲ့ တစ်ချက်လွတ်ပြောချလိုက်တဲ့ စကားကြောင့် ရေသောက်နေတဲ့ ခန့် သီးသွားတာမို့
“ဘာဖြစ်တာလဲ ဦး”
“ဟင် လူကြီးတွေရှေ့ မပြောရဘူးလေ”
ဦးပြောလိုက်မှ လူကြီးတွေ မျက်နှာပြန်ကြည့်ကာ ရှက်သွား တေး
“ဟင်းး ဘာဘဲဖြစ်ဖြစ် မေမေကတော့ သဘောကျတယ် သား အမြန်ဆုံး ကြိုးစား မေမေလည်း မြေးလေးချီချင်ပြီ”
“ဟုတ်ကဲ့ မေ”
“ဟီး”
*************
ဦးရဲ့ကြိုးစားမှုတွေက တစ်ရက်ပြီး တစ်ရက်ဆိုပေမယ့် ဘာမှတော့ ထူးခြားမလာသေး
“ဦး ကိုယ်ဝန်က ခုထိ မရသေးဘူး ၄လကျော်နေပြီ”
“ဘာဖြစ်လဲ မရတော့”
“ဟာ လူကြီးတွေရှေ့ ကလေးမွေးပေးမယ် အာချောင်ခဲ့ပြီးပြီလေ မမွေးနိုင်ရင် ပြောခံရမှာပေါ့”
ဗိုက်လေးပွတ်ကာ ခေါင်းလေးငုံသွားတဲ့ တေးလေးကို
သူ့ပေါင်ပေါ် ထိုင်စေပြီ
“ကလေးကို ဘယ်သူက ဘာပြောမှာလဲ တစ်အိမ်လုံးက ချစ်လိုက်တာတုန်လို့ ခုမှ လနည်းနည်းဘဲရှိသေးတယ်တယ် လာမှာပေါ့”
“ဟီး ဟုတ်တယ်နော် တေးတို့ ကလေးလေးက နတ်သက်မကြွေလာသေးတာဖြစ်မယ်”
“ဒါပေါ့ဗျာ”
တေးအတွက် ဦးရှိနေတာက လုံခြုံတာထက်ပိုတယ်ဆိုတဲ့ ခံစားချက်မျိုး အမြဲရနေအောင် ဦးက ထားပေးတာ
************
“မမလေး ဘယ်လဲ”
“သရက်သီးခူးမလို့”
“မခူးပါနဲ့ ကျွန်မတို့ စျေးက ဝယ်ထားတဲ့ သရက်သီးတွေရှိတယ် ဘာလုပ်ချင်လို့လဲ”
“မရဘူး အဲ့အပင်ပေါ်က အသီးဘဲ စားချင်တာ”
“သရက်သီးချင်းက တူတူပါဘဲ မျိုးမကွဲဘူး”
သရက်ပင်က ပုံမှန်ထက် နည်းနည်းမြင့်သလို သရကါပင်အောက်မှာလဲ
သံစူးကြိုးတွေနဲ့ အုတ်တံတိုင်းခံနေတာကြောင့် မခူးဖို့ ဝိုင်းတားနေကာ
“မရဘူး အခုခူးပေးကြ မဟုတ်ရင် ငါတက်ခူးမှာနော်”
“ရှင်”
တစ်အိမ်လုံး အုံ့အုံ့ကြွကြွဖြစ်ကုန်ကြကာ မခူးပေးရင်လည်း ပြသာနာထပ်ရှာနေမှာစိုးတာကြောင့်
ခြံထဲမှာရှိတဲ့ အကူ ဝန်ထမ်းကောင်လေးနှစ်ယောက်ကို တက်ခူးခိုင်းရတော့သည်။
အခန်းမှတ်ချက်များ (0)