ဦးပိုင်တဲ့ရစ်လုံးလေး
စုရယ် ပိုးအိရယ် တေးရယ်သာ စကားတွေ ဖောင်ဖွဲ့ပြီးပြောနေပေမယ့်
ယမင်းက နည်းနည်းလေးမှ စကားမပြောတဲ့ အပြင် မျက်နှာပါ မကောင်းနေတာမို့
“ယမင်း နင်ဘာဖြစ်နေတာလဲ”
“ဒီလိုပါဘဲဟာ”
“ဘာကို ဒီလိုလဲ ပြော ဘာဖြစ်တာလဲဆိုတာ”
ခါတိုင်းဆို အဖွဲ့ထဲမှာ တေးက အစွာဆုံးနဲ့ ဦးဆောင်ဆုံး
အခု တေး အိမ်ထောင်ရေးအဆင်မပြေတော့ အပူမပေးချင်တာနဲ့ ကိုယ်ကိစ္စကို ရင်ထဲမှာဘဲ သိမ်းထားပေမယ့်
အထှာ နပ်လွန်းတဲ့ တေးက မျက်နှာလေး ပျက်ပြီး စကားမပြောတာနဲ့ကို ဘာဖြစ်လဲဆိုတာ တန်းသိနေတာ
“မေးနေတာ ပြောပြလိုက်လေ”
စုကလည်း ဇွတ်ကို ပြောခိုင်းနေတော့တာမို့
“ဒီလိုဟာ အရင်တစ်ပတ်က ပါးပါးရဲ့မိတ်ဆွေက ငွေချီးတာ ယုံကြည်ရတဲ့သူမို့ ချေးမိလိုက်တာ အခု ငွေက ပြန်မရဘူး”
“ယုံကြည်ရတယ်ဆို”
“အဲ့လူက ယုံကြည်ရတယ် သူက မဆပ်ချင်လို့မဟုတ်ဘူး သူ့ကို လိမ်သွားလို့ လိမ်သွားတဲ့သူက လူဆိုးခေါင်းဆောင်လိုလို ဘာလိုလိုဘဲ”
“ငွေက ဘယ်လောက်မို့လို့လဲ”
မေးလာတဲ့ ငွေအမောက်ကို လက်လေးတစ်ဖက် ထောင်ပြလာတဲ့ ယမင်း
“၅ထောင်လား”
“မဟုတ်ဘူး ၅သောင်း”
“ဘာ သိန်း ၅သောင်းတောင်”
“အင်း”
ခုချင်း ကုတင်ပေါ်ကနေ ဆင်းလာကာ ယမင်းကို ပြေးလုပ်တော့မယ့် တေး အကြောင်းသိတဲ့ စုနဲ့ပိုးက
“စိတ်လျော့ သူငယ်ချင်း”
“ဒီဟာမ ဦးနှောက်ပျက်နေတာလား အဲ့လောက်ချီးစရာလား”
“ယုံကြည်ရလို့ပါဟာ”
“အခု အဲ့လူက ဘယ်မှာလဲ”
“ရှိတယ် သူနဲ့က တွေ့လို့ရတယ် တွေ့မရတာက သူ့ကိုပါ လိမ်သွားတဲ့သူ”
ချက်ချင်းဆိုသလို အဝတ်ဗီရိုကို ဖွင့်ကာ အကျီ လဲဖို့ ပြင်လိုက်တဲ့ တေးကြောင့်
“ဘယ်သွားမလို့လဲ”
“ဘယ်သွားရမှာလဲ အဲ့လူကို သွားရှာမလို့လေ”
“ဖြစ်ပါ့မလား နင် ဦး က”
“ထားလိုက် သူရှာလို့ တွေ့ခဲ မြန်မြန် ကွဲရုံဘဲ”
စကားကို လက်လွတ်စပယ်ကွဲရုံဘဲလို့ တေးပြောမိပေမယ့် စိတ်ထဲမှာ ဦး တေးကို ကွာရှင်းမပေးပါစေနဲ့လို့ဘဲ ဆုတောင်းနေမိတာ…..
“တေးရယ် ငါ့ကြောင့်နဲ့”
“နင့်ကြောင့်မဟုတ်ဘူး ငါနဲ့ဦးဖြစ်တာက သပ်သပ် နင့်ကိစ္စ ရှင်းရမှာက သပ်သပ်လေ နင့်ကြောင့် ငါတို့ဖြစ်တာမှ မဟုတ်တာ စိတ်ကို ရှင်းအောင်ထားဦး အခု နင် အဲ့လူဘယ်မှာလဲဆိုတာ အရင်မေး”
တေးဆိုတာ ဒီလိုမိန်းကလေးပါ သူငယ်ချင်းတွေ ရှေ့မှာ အမြဲ ရှေ့က ဦးဆောင်ပြီး ဖြေရှင်းပေတဲ့သူ
ယမင်း ဖုန်း တွေ တစ်ဆင့်ပြီး တစ်ဆင့်ဆက်နေကာ စုံစမ်းလို့ ပြီးတော့
“သူတို့က VIP clubမှာတဲ့”
VIP club ဆိုတာ ဦးပိုင်တဲ့နေရာ ပိုဆိုးတာက ဦးတောင်ရှိနေမလားဘဲ
တေး မသွားလို့ကလည်း လုံးဝမဖြစ်တာမို့ ဘာမှမဖြစ်သလိုနဲ့ ရှေ့ကနေ ဦးဆောင်ပြီး ထွက်သွားခဲ့သည်။
“VIP clubက နံမည်အကြီးဆုံးနေရာနော် လူဦးရေ ကန်သက်ထားတာ ငါတို့လို လူတွေ ဝင်လို့ရပါ့မလား”
“ငါထဲမှာ Club ရဲ့ QRရှိတယ်”
“ဟင်”
တေးရဲ့စကားကြောင့် အံ့ဩမှင်သက်သွားကြတဲ့ သူငယ်ချင်းတွေ
QRဆိုတာ ငွေအများကြီး ပုံအောသုံးထားမှ ရတဲ့အရာမျိူး VIPမှာက ငွေ ပုံအော သုံးထားရင်တောင် ကန့်သက်မှုတွေကြောင့် တော်ရုံလူ လုံးဝ မရနိုင်တဲ့ စနစ်မျိုး
“ဦး ပိုင်တာ”
“နင့် ဦးပိုင်တာ”
“တေးရယ် မိုက်လိုက်တာ”
“ဝိုးး လုံးဝ high so ဘဲ”
ဦးကြောင့် သူငယ်ချင်းတွေရဲ့ အံ့ဩမှု ချီးမွန်းမှုတွေ ခံနေရတဲ့ တေးကတော့ ကျေနပ်ပြီး ပြုံးနေလေရဲ့
QRပြပြီးတာနဲ့ ထိုလူ ဘယ်အခန်းမယ်ဆိုတာ တန်းသိတာမို့
“ယမင်း သူက ဘယ်သူလဲ”
“အလယ်မှာ ထိုင်နေတဲ့ အကျီအနက်နဲ့လူထင်တယ်”
မီးရောင်ဖျော့ဖျော့ အောက်မှာမို့ ရုပ်က သေချာ မမြင်ရဘဲ
တံခါးကို ခြေထောက်နဲ့ ကန်ဖွင့်လိုက်တဲ့ တေးကြောင့် ထိုလူဘေးက အစောင့်တွေက တေးအနားကို ရောက်လာကြကာ
“ဘယ်သူလဲ”
“နင်တို့ သူဌေးရဲ့အမေ”
အခန်းမှတ်ချက်များ (0)