Bububai ဝတ္ထု ဦးပိုင်တဲ့ရစ်လုံးလေး အခန်းစာရင်း

အပိုင်း (၂၀)

ဦးပိုင်တဲ့ရစ်လုံးလေး

တေး အဘိုးနဲ့ အစ်ကိုဆီ ဖုန်းဆက်တော့လည်း မလာဘူး လို့ဆိုကာ

သတင်းကြားကြားချင်း ရောက်လာတာကတော့ ခန့်ရဲ့ အဖေနဲ့ အမေ

“မင်း ဘယ်လိုလုပ်လိုက်တာလဲ ငါ့သမီးလေးက အခုမှ ငယ်ငယ်လေးရှိသေးတာ”

“သားမှားပါတယ် အမေရယ် သား ကလေးကို ရှင်းပြရမှာတွေ ရှိသေးတယ်”

“အေး မင်း လုပ်ချင်တာတွေ လုပ်ပြီးပြီမလား ဘာကို ရှင်းပြချင်သေးတာလဲ”

ခန့်ဘက်က အကြောင်းအရင်းအစုံကို မသိရသေးပေမယ့် အိမ်ထိန်းတွေ ပြောပြချက်ကို ကြည့်ပြီး

တစ်နေကုန် တေး ထမင်းမစားတာကအစ ပါနေတာမို့ ကိုယ့်သား လွန်တယ်ဆိုတာ သိနေတဲ့ အမေကတော့ တစ်စက်လေးမှ မလျော့

“မဟုတ်ဘူး”

“သားမှာလည်း အကြောင်းရှိတယ် ရှင်း……..”

“တော်ပြီ မင်းရဲ့ဖြေရှင်းချက်တွေကို ငါနားမထောင်နိုင်ဘူး ငါ့သမီးကိုဘဲ ရအောင် ပြန်ရှာပေး”

“သား ရှာနေတယ်”

အမေဖြစ်သူကလည်း သားထက် ချွေးမကိုဘဲ သဲနေသလို တစ်ငိုငိုတစ်ရီရီနဲ့မို့ စိတ်ပင်ပန်းရသလို

တစ်ဖက်မှာလည်း ဇနီးဖြစ်သူက လုံးဝရှာမရတာကြောင့် ခန့်ရင်ထဲ သောက အစိုင်အခဲက ကြီးမားနေခဲ့သည်။

*************

“တေး နင် အိမ်မပြန်တော့ဘူးလား”

၅ရက်လောက်ရှိပြီ အိမ်ထဲက အိမ်ပြန်မထွက်ဘဲ နေနေတဲ့တေးကြောင့်

စုရော ယမင်းရော ပိုးအိရော တေးအခန်းထဲ ဝင်လာကာ အိမ်ပြန်ဖို့ ပြောပြန်တော့

“နင်တို့ ဘာလို့ မပြန်သေးဘူးလားကြည့်ပြောနေတာလဲ”

“ဟက် နင်ယောကျာ်းကို ဘယ်သူထင်နေလို့လဲ”

“ဘယ်သူလဲ”

“နာမည်အကြီးဆုံး ဆေးရုံအုပ်ရဲ့ တစ်ဦးတည်းသောသား ကုမ္မဏီပေါင်းများစွာရဲ့ CEO လက်ဖျောက် တစ်ချက် တီးလိုက်တာနဲ့ လိုချင်တာမှန်သမျှ ဖန်တီနိုင်တဲ့သူနော်”

တေး ပေါင်းလာတဲ့ ယောကျာ်းက ဘယ်လိုလူလဲဆိုတာ မသိဘူးနေလား

ဒါကို အထူးအဆန်းတွေ လုပ်ကာ ပြောနေပြန်တဲ့ ဟာတွေကြောင့်

“ငါလက်ထပ်ထားတဲ့ သူအကြောင်း ငါမသိဘဲနေမလား”

“သတိမေ့နေမှာ စိုးလို့ပြောတာလေ နင် ပျောက်တာက မြို့တစ်ခုလုံး ပွတ်လောရိုက်နေတာ သိရဲ့လား”

“စုပြောတာဟုတ်တယ် တေး အပြင်မှာ တကယ်ပွတ်လောရိုက်နေပြီ”

“ဘာကိုလဲ”

“နင့်ကို ရှာနေကြတာလေ ငါတို့ဆီကိုလည်း နေ့တိုင်း လူ ၂၀လောက်လွတ်ပြီး ရှာဖွေခိုင်းနေတာ”

“အဲ့လောက်တောင်လား”

ဦး ရှာနေမယ် ဆိုတာတော့ သိပေမယ့် ဒီလောက်ထိ လုပ်လိမ့်မယ်လို့ထင်မထားဘူး

“အဲ့ထက်ဆိုးသေးတယ်”

“ဟင် ဆိုးသေးတာ”

“ဟုတ်တယ် နေရာတိုင်မှာ သူ့လူတွေကြည့်ဘဲ နင့်ယောကျာ်း နောက်ကွယ်မှာ ဂို-ဏ်းထော-င်ထားတာလား”

“အဲ့လိုတော့ မရှိပါဘူး နင်တို့ကလည်း”

“နင်က ဘယ်လောက်ထိ စိတ်ကောက်နေမှာလဲ ဒီထဲ ပုန်းနေလို့လဲ ပြသာနာက မပြီးဘူးနော် တေး”

“သိပါတယ် ငါ ချက်ချင်း မျက်နှာချင်းမဆိုင်ဘူး ငါစိတ်ငါသိတယ် ခုချက်ချင်း ဦးနဲ့တွေ့လို့ ချော့လိုက်တာနဲ့ ပြန်ပြီး စိတ်ဆိုးပြေမိမှာ”

“မျက်နှာချင်းဆိုင် ရှင်းဖို့ အချိန်တန်နေပြီ တေး”

“နင် မေးစရာရှိတာမေး နင်ပြောတော့ ကွာမှာဆို ကွာမှာဆိုလည်း အချိန်ဆွဲမနေနဲ့”

မကွာချင်လို့ ပတ်ပုန်းနေပြီးမှ လေကြီးလေကျယ်တွေ ပြောထားတဲ့ တေး တစ်ယောက်

“ချက်ချင်းဆို သူကွာမပေးမှာ စိုးလို့လေ နင်တို့်သိပါဘူး”

မကွာချင်မကွာဘူးပေါ့ စကားကို လှည့်ပတ်ပြောနေတဲ့ တေးကို သူငယ်ချင်းတွေ ပြုံးပြီး ကြည့်နေကြသည်။

ကိုယ့်စိတ်ကိုယ် နိုင်တဲ့ အချိန်ကျမှာ ဦးနဲ့ ရင်ဆိုင်မယ်လို့ တွေးထားတာ

ရက်ပိုင်းလေးအတွင်းကို ပိုးတစ်ယောက် ခါတိုင်းလိုမဟုတ်

ထမင်းကျတော့ လုံးဝကို မစားဘဲ မုန့်ဆို အချဉ်အစပ်တွေကြည့်စားနေတာမို့ နဂိုကထက်တော့ ဝိတ်က သိသိသာသာ ကျသွားတာ သိသာလွန်းတယ်

“တေး နင်ပိန်သွားတယ်နော် ထမင်းမစားဘူးလား”

တူတူနေတဲ့ စု ကတော့ တေး ကုတင်ဘေးက မုန့်တွေကို မျက်စပစ်ပြလိုက်ကာ

“အဲ့တာတွေနဲ့ ခေါက်ဆွဲခြောက်တွေဘဲ စားနေတာ”

“နင် ကြာရင် အစာအိမ်ဖြစ်လိမ့်မယ်”

“ရက်ပိုင်းလေးနဲ့မဖြစ်ပါဘူးဟာ”

စုရယ် ပိုးအိရယ် တေးရယ်သာ စကားတွေ ဖောင်ဖွဲ့ပြီးပြောနေပေမယ့်

ယမင်းက နည်းနည်းလေးမှ စကားမပြောတဲ့ အပြင် မျက်နှာပါ မကောင်းနေတာမို့

“ယမင်း နင်ဘာဖြစ်နေတာလဲ”

“ဒီလိုပါဘဲဟာ”

“ဘာကို ဒီလိုလဲ ပြော ဘာဖြစ်တာလဲဆိုတာ”

« ရှေ့အခန်း - အပိုင်း(၁၉) နောက်အခန်း - အပိုင်း(၂၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ