ဦးပိုင်တဲ့ ရစ်လုံးလေး
“ဥက္ကဌ မမလေးက VIP clubကို ရောက်နေတယ်တဲ့”
“ဟင်”
အရေးကြီး အိမ်ခြံမြေ အစည်းအဝေးပွဲလုပ်နေပေမယ့်
ဇနီး ဖြစ်သူ အသံကြားတာနဲ့ ချက်ချင်းဆိုသလို ထသွားတဲ့ မြတ်ရှိန်ဝါခန့်
“ဥက္ကဌက သူဇနီးကို တကယ်ချစ်တာဘဲ”
“ဟုတ်တယ် ဘာအကြောင်းကိစ္စနဲ့မှ အစည်းအဝေးကို နောက်ကျ မခံတဲ့သူက အစည်းအဝေးတောင် ဖျက်ပြီး သွားတယ်ဆိုတော့”
“အရမ်းအရေးပါနေလို့ပေါ့ကွာ”
ရှယ်ယာရှင်တွေ စကားဖောင်ဖွဲ့နေကြပေမယ့် နှုတ်ခမ်းကို ပြ-တ်လုမတက်ကိုက်ပြီး ခန့် ထွက်သွားတာကို မကျေနပ်နေတဲ့ မြတ်
“အစ်ကို ပြန်ပိုင်ဆိုင်ရဖို့ မြတ် ဘယ်လိုနည်းနဲ့မဆို ရအောင် ကြိုးစားမှာ”
**************
“နင်တို့ သူဌေးရဲ့အမေ”
“ဘာပြောတယ်”
“မကြားဘူးလား နင့်တို့ သူဌေးကလဲ လူတွေဆီက ငွေ သိန်းသောင်းများစွာသာ လိမ်တက်တာ တပည့်ကျ နားကြားရတဲ့လူတွေ ခန့်မထားဘူး”
ထိုစကားကို ကြားတာနဲ့ ချက်ချင်းဆိုသလို ထလာတဲ့ ကောင်လေး
“မင်းကို ငါက လိမ်တယ်လို့ ဘယ်သူက ပြောတာလဲ”
“ယမင်း ငါ့ကို ဖုန်းပေး”
“ဦးကျော်ကြားဆီက ပိုက်ဆံတွေ ရှင် လိမ်သွားတာလေ”
ဦးကျော်ကြားရဲ့ ပုံကို ဖုန်းထဲကနေ ပြပြီး လိမ်တယ်လို့ ထပ်ပြောလာတဲ့ ကောင်မလေးကြောင့်
မာန်ဝန်းထည် တစ်ချက်ပြုံးလိုက်ကာ တေး လက်ထဲက ဖုန်းကို ယူပြီး
“ဒီလူလား အဟက်”
“ဘာရီတာလဲ”
ဒီတစ်ခါ အနောက်ကနေ မခံချင်စိတ်အပြည့်နဲ့ စွာလိုက်တာက ယမင်း
“သဘောကျလို့လေ လိမ်တယ်ဆိုတော့လဲ လိမ်တယ်ပေါ့ နေပါဦး ပိုက်ဆံက ဘယ်သူဟာလဲ”
“ကျွန်မဟာ”
“အဲ့တော့ မင်းက ဒီကို သူငယ်ချင်းတွေ ခေါ်လာပြီးတော့ ပိုက်ဆံပြန်တောင်းမယ်ပေါ့”
တေးက ဆက်ပြောဖို့ မျက်စ ပစ်ပြနေပေမယ့် ဆက်မပြောဘဲ ထိုလူရဲ့ မျက်နှာကိုသာ
သွားရည်ကျမတက်ကြည့်နေတဲ့ ယမင်းကြောင့် စုနဲ့ပိုးပါ အနောက်ကနေ ဆက်ပြောဖို့ သတိပေးလိုက်တော့
“ဟုတ်တယ်”
ကောင်းလိုက်တာ ယမင်းရယ် “ဟုတ်တယ်” တစ်လုံးထဲနဲ့ အဆုံး သတ်ချပစ်လိုက်တာ
ရုပ်ချောတာကို သိန်း၅သောင်းနဲ့ လဲမယ့်ပုံလုပ်နေတဲ့ ယမင်းကြောင့်
“ဒီမယ် ကျွန်မ သူငယ်ချင်းက ပိုက်ဆံကြောင့် နည်းနည်း နေမကောင်းနေလို့ သိပ်မပြောနိုင်တာ ရှင် ပိုက်ဆံ ကျွန်မတို့ကို ဘယ်လို နည်းနဲ့ပြန်ပေးမှာလဲ ပြော”
“ပြန်ပေးမယ်လေ”
“ဟင်”
“နေဦး ချက်ချင်းတော့မရဘူး ငါကို လိမ်တယ်ပြောတဲ့ ဦးကျော်ကြားရဲ့ အသက်ရယ် ပြီးတော့ မင်း သူငယ်ချင်းရယ်ကို အရင်ယူချင်တယ်”
တေး ဘေးမှာ ကျောက်ရုပ်လိုရပ်နေတဲ့ ယမင်းကို လက်ညိုးထိုးကာပြောလိုက်တဲ့ ထိုလူကြောင့်
“အဟင်းး ရူးနေလား နှာဘူးကောင်ရဲ့”
ဒီတစ်ခါတော့ အသံကပ်သွားတဲ့ ယမင်းရဲ့ တုန့်ပြန်
ချက်က မြန်လွန်းတာမို့ ဘေးက နေအံ့ဩနေရတဲ့အထိ
“ကိုယ် ပထမဆုံး နှာဘူးတာ မင်းကိုနော်”
ဆိုကာ ယမင်းကို လက်လှန်းဆွဲလိုက်ကာ သူ့အနားခေါ်လိုက်တာမို့
ချက်ချင်းဆိုသလို ယမင်းကို ပြန်ဆွဲလိုက်တဲ့တေးက မထိန်းနိုင်ဘဲ အနောက်ကို အရှိန်နဲ့
“အ့”
လှဲကျသွားတဲ့အချိန် အနောက်ကနေ ခါးလေးဖက်ကာ ထိန်းလိုက်တာက ဦး ဖြစ်နေနေတာမို့
“ကိုယ်တို့အိမ်က ကလေးက အပုန်းကောင်းလိုက်တာ”
“ဖယ် လွှတ် ရှင်နဲ့နောက်မှရှင်းမယ်”
သူခါးပေါ်က ခန့်လက်တွေကို တွန်းဖယ်ကာ ယမင်းကို မာန်ဝန်းထည်ဆီကနေ ပြန်ဆွဲခေါ်လိုက်သည်။
“ကိုကြီး မိန်းမက ကြားရတဲ့ သတင်းအတိုင်းဘဲ စွာလိုက်တာဗျာ”
“ဟဲ့ကောင် မင်း ဘာတွေ မွှေထားပြန်ပြီလဲ”
“မမွှေရပါဘူး ဒီမှာ အေးဆေးနေနေတာ သူတို့ ဘာသာရောက်လာတာ”
“ရှင်လိမ်လို့လေ”
“မလိမ်ဘူး”
“သူမလိမ်ဘူးတဲ့ ကလေး”
မိန်းမဖြစ်သူဘက်က လိုက်မပြောဘဲ တစိမ်းဘက်က လိုက်ပြောနေတဲ့ ခန့်ကို
“ရှင်က ဘာသိလို့လဲ”
အခန်းမှတ်ချက်များ (0)