Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၁၇)

ဘီလီယံတာ သူဌေးလေးရဲ့အသဲ

“ဘာဖြစ်နေတာလဲ မင်းဒီလိုပုံစံ ငါတို့ မမြင်ဖူးပါဘူး ဘာဖြစ်နေတာလဲ ပြောစမ်းပါ ဘာလဲ *MH Diamond & Jewelry * ဒေဝါလီ ခံရတော့မှာမို့လို့လား”

သူရဲ့ဆိုင်ကိုထိရင် လုံးဝမကြိုက်တာကို သူငယ်ချင်းဖြစ်သူတွေ ကောင်းကောင်းသိထားတာမို့ ဆိုင်နဲ့ကိုင်ပေါက်မှဘဲ

“္ီးကို ဒေဝါလီခံပါ့လား အခြားကိစ္စဖြစ်နေတာ ဒီလို……………………”

ဇွဲရဲ့စကားအဆုံးမှာ တဝိုးဝိုး တစ်ဟားဟားနဲ့ရီပြီး ဆူညံသွားကြသည်အထိ

“မင်းကို ငြင်းတဲ့မိန်းကလေး မွေးလာပြီဘဲ ဇွဲ”

“ဂုဏ်ယူစရာကောင်းလိုက်တာကွာ အဲ့တာကလည်း ငါတို့ ရွာသူ ဖြစ်နေတာကိုး”

“ငါစဉ်းစားလို့မရတာက ဘာလို့ ဒီလောက် ငြင်းနေတာလဲ ဆိုတာကိုဘဲ ငါမှာ သူမကြိုက်တဲ့ ဘယ်အချက်ရှိလို့လဲ အဲ့တာကို ပြင်ဆင်ပေးလို့ရတယ် ဒါပေမယ့်ကွာ စဉ်းစားတောင်မပေးဘူး တန်းငြင်းတာ”

ပထမတော့ စနေပေမယ့် ဇွဲဆီကနေ ကြားရတဲ့စကားတွေက ခံစားချက်အစစ်အမှန်တွေမို့ သူငယ်ချင်းတွေ အံ့ဩရတဲ့အထိ

“ငါတို့ သတိထားမိသလောက် ခရာက အဲ့လောက် ခေါင်းနာတဲ့သူမဟုတ်ဘူးနော် ဇွဲ မင်းကို ပြန်မကြိုက်နိုင်တာ အကြောင်းများရှိလို့လား”

သီဟ စကားအဆုံးမှာ

“ကောင်လေးများရှိနေတာလား”

“မဖြစ်နိုင်ပါဘူး ခရာက ကောင်လေးရှိရင် ဒီမှာ အလုပ်လိုက်လုပ်မယ် မထင်ဘူး ငါတော့”

“အဲ့တာဆို ဘာလို့ ငါ့ကို စဉ်းစားတောင် မပေးနိုင်ရတာလဲ”

“မင်းပြောနေတဲ့ ခရာကို ကျော်ခန့်နဲ့သီဟဘဲ သိတာ ငါတို့က မမြင်ဖူးသေးဘူး မြင်ဖူးချင်သေးတယ် ဇွဲဒီလောက် ကြွေနေတဲ့သူလေးက သူယောင်မယ်လေးလားလို့”

“အဟက် ဒီနေ့ မင်းတို့ကြိုက်သလောက် ကဲ ငါနဲ့ ညထိရှိပေး အကုန် ငါရှင်းမယ်”

“ကြိုက်တယ်ကွာ”

ဇွဲတစ်ယောက် ဆိုင်ကို မပြန်ချင်သလို အိမ်ကိုလည်း ပြန်ချင်စိတ်မရှိတာကြောင့် clubမှာဘဲ အချိန်ကုန်ခံနေသည်။

condoကို ပြန်မယ်ဆိုရင်လည်း သူမလေး မျက်နှာကို မတွေ့ဘဲ မနေနိုင်ဘူး ငါဘယ်လို ဆက်လုပ်ရမှာလဲ

“ဘာမှ မညစ်ပါနဲ့ကွာ သူပြောသလို မင်းတို့ရင်းနှီးတာ ၁လရှိသေးလို့မယုံတာဆို မင်းက အချိန်နဲ့သက်သေပြပေါ့”

“ဟုတ်သားဘဲ ဇွဲရာ ကောင်မလေးတွေက သူတို့ကို အချိန်ပေးတာ ချစ်ပေးတာ ဂရုစိုက်ပေးတာများ ခံရရင် ကလေးတွေလိုဘဲ အနားက မခွါဘူး”

“ငါသူကို ချစ်တယ် သူအချစ်မရရလို့ မဖြစ်ဘူး ဒါပေမယ့် သူအနေခက်နေမလားလို့”

“ခက်တယ်ဆို ဒီလိုလုပ်

လေကွာ………………………………………..”

သီဟပေးနေတဲ့အကြံကြောင့် ပြုံးပြုံးကြီး ထိုင်

နားထောင်နေတဲ့ ဇွဲရယ်ပါ

~~~~~~~~~~~~~~~

“နာရီကိုလည်း ကြည့်ဦး ဇွဲ”

အိမ်ပေါ်ထက်ကနေ အသံနဲ့တူတူ ဆင်းလာတာ မဟာနဲ့ရွှန်း ပြန်လာတာ ၁၀နာရီကျော်နေပြီမို့ ပွါးတော့မယ်ဆိုတာ သိပြီးသား

“Hublot Spirit လေ ဘာလို့လဲ ကိုကြီး ကြိုက်လို့လား နောက်ဆုံး တဇိုင်းနော် Limited ပစ္စည်းမို့ တစ်ကမ္ဘာလုံးမှာ အလုံး ၂၀ဘဲ ရှိတာ”

အချိန်မေးတာကို စကားလမ်းကြောင်းပြောင်းပြီး လက်ကလေး ထောင်ပြရင်း ပတ်ထားတဲ့ နာရီ အဖြူလေးကို ပြနေတာ

“မင်းကို နာရီကြေညာခိုင်းနေတာမဟုတ်ဘူး အချိန်ပြောနေတာ”

“သိပါပြီ နောက်ခါ စောပြန်မယ် ရပြီမလား”

“ခနဘေး တစ်ခုကျန်သေးတယ်”

“ဘာလဲ”

“ဘာကမှာလဲ နင်လုပ်လို့ ဒီနေ့ ခရာလေး ငိုလိုက်တာကို မရမ်းဘဲ”

“ကျွန်တော်လုပ်လို့…..”

သံယောင်လေးလိုက်ရင်း ပျက်သွားတဲ့ ဇွဲရဲ့ မျက်နှာကို ရွှန်းနဲ့ ဦး သတိထားမိတယ် ဒီကောင်လေး ခရာလေးအပေါ် တကယ်ခံစားချက်တွေ ပေါက်ဖွားနေတာလားလို့ပေါ့

ကိုယ်ကမင်းကို ချစ်လွန်းလို့ ချစ်တယ်ဘဲပြောတာပါ ကလေးရယ် ဘာလို့ အဲ့လောက် ငိုရတာလဲ ကိုယ့်ကို အဲ့လောက်တောင် ပြန်မချစ်နိုင်တာလား မင်းပြန်မချစ်ရင်တောင် မင်းကို ကိုယ်ကြောင့် မျက်ရည်ကျတာမျိုးတော့ အဖြစ်မခံနိုင်ဘူး………

“ဘာတွေဖြစ်ထားတာလဲ ဇွဲ”

“မရီးသိပြီးလောက်ပြီ နေမှာပါ မရီးကိုဘဲ မေးတော့ ကျွန်တော် နားတော့မယ်”

အရင်တုန်းကဆို ပျော်ပါးနေတဲ့သူ အိမ်ကို ညလုံးပေါက်ပြန်မလာချင် သူငယ်ချင်းတွေနဲ့ ရှာသမျှပိုက်ဆံထိုင်ဖြုန်းနေတဲ့သူက အိမ်ကို နောက်ကျပေမယ့် ရောက်အောင်ပြန်လာတယ် ကွန်ဒိုကိုတောင် မပြန်နိုင်ဘူးဆိုထဲက ဇွဲစိတ်ထဲ ခရာလေး ဘယ်လောက်စိုးမိုးနေပြီလဲဆိုတာ ဘေးကကြည့်တဲ့သူတွေတောင် သိနေပြီ

~~~~~~~~~~~~~~~

“မမ ဒါလေးတစ်ချက် ကြည့်ပေးပါဦး”

ခရာက တဇိုင်းတွေ ရွှန်းကို ပြနေတာကြောင့်

“ညီမလေး ဒါတွေက ဇွဲလေးကို ပြမှ ရမှာလေ”

မမရဲ့အပြောကြောင့် ခရာပြုံးလိုက်ပြီး ခရာဘာကို တွန်ဆုတ်နေလဲ ဆိုတာ မမက ချက်ချင်းရိပ်မိတယ် ထင်ပါရဲ့

“မမ ညထဲက တစ်ခါတည်း ပြောထားပြီးသားပါ”

“ရှင်”

မမက ဘာမှမဖြစ်ဘူး သွားဆိုတဲ့သဘောဖြင့် မေးလေးငေါ့ပြနေတာကြောင့် ခရာ ဇွဲဆီကို သွားရတော့သည်။

ဘယ်လိုမျက်နှာနဲ့သွားရမလဲ ခရာမသိဘူး အပြစ်ရှိတဲ့သူက ခရာလေ ကိုယ် အားနည်းချက်ကြောင့် ကိုယ့်လည်း ပြန်ချစ်ပါရဲ့နဲ့ လက်လွှတ်လိုက်ရတဲ့ ခံစားချက်က ခရာ အစ်ကို့ ကို ရင်မဆိုင်ရဲတာ အမှန်

“ခရာ တဇိုင်းလေးပြချင်လို့ပါ”

“အင်း”

တည်ငြိမ်အေးစက်နေတဲ့ ရုပ်ကြီးနဲ့ ပြတ်သားလွန်းနေတဲ့ အသံ ဒီလောက်အေးစက်နေတဲ့ ဇွဲရဲ့ပုံစံက ခရာတစ်ခါမှ မတွေ့ဖူးတဲ့ပုံမျိုး……

“ဒီ နေရာလေးကို ပြင်ချင်သေးလား”

« ရှေ့အခန်း - အပိုင်း(၁၆) နောက်အခန်း - အပိုင်း(၁၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ