ဘီလီယံနာသူဌေးလေးရဲ့အသဲ
“မချွတ်နဲ့နော် မင်းအဲ့ဒီဆွဲကြိုးချွတ်ရင် ကိုယ် မင်းကိုယ်ချက်ချင်းဖက်နမ်းမှာ ဆွဲထား မင်းပြန်မချစ်လာလည်း ကိုယ်မင်းကို ချစ်တယ်ဆိုတဲ့ အမှတ်အသားလေးဘဲ အဲ့တော့ ဆွဲထားပေး အဲ့ဒီအတွက် မင်းမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်နဲ့ ကိုယ်မင်းဆီက အဖြေမတောင်းတော့ဘူးလို့ ဂတိပေးတယ် မင်းဘက်ကလည်း အဲ့ဆွဲကြ်ုးကို ချွတ်ဖ်ု့ မတွေးပါနဲ့ကိုယ်တို့ ပြန်ကြစ်ု့”
အသွားတုန်းက ဆူညံ့နေတဲ့ ကားသံလေးက အပြန်မှာတော့ အပ်ကျသံတောင် ကြားရလောက်တဲ့ထိ တိတ်ဆိတ်နေသည်။
~~~~~~~~~~~
“ငါထက် အရင် သွားတာကို ဘာကိစ္စ အခုမှ ရောက်လာကြတာလဲ”
“မရီး ကျွန်တော် အပြင်ခနသွားမလို့ ဒီနေ့ ပြန်တော့ မလာတော့ဘူး ရတယ်မလား”
“ခုမှ လာတယ် ခုပြန်ထွက်မယ် ဘာတုန်း”
“သွားပြီ”
“ဟက် အော် ဒီကောင်လေးနဲ့တော့”
အရိပ်အကဲနားမလည်တဲ့ ရွှန်း အခုမှ သတိထားမိတာက ဆိုင်းကို ဝင်လာထဲက နှစ်ယောက်လုံး မျက်နှာမကောင်းတာ ဘာဖြစ်တာလဲဆိုတာ
မေးရအောင်လဲ ဇွဲလေးက ထွက်သွားပြီ
ခရာကို ကြည့်တော့လဲ အလုပ်စားပွဲမှာ နဂိုက မတည်ဘူးတဲ့မျက်နှာလေးက တင်းထားလိုက်တာများအလိုမကျနေတဲ့ပုံ
“ခရာ ဇွဲက ဘာလုပ်လိုက်လို့လဲ မမကိုပြော”
ရွှန်းမေးတော့မှ ရွှန်းကို မော့ကြည့်လာတဲ့ခရာလေးက မျက်ရည်တွေ အပြည့်
“ဟော်တော် ကျစ် ဒီကောင်လေး ငါ့ညီမလေးကို နှိပ်စက်ပြန်ပြီလား ဘာစလိုက်ပြန်တာလဲ ပြော မမ ဦးနဲ့တိုင်ပေးမယ် တလုံးမကျန် အကုန်ပြော”
အကုန်ပြောဆိုတော့ ငိုလိုက် ရှိုက်လိုက်နဲ့ မနက်က အဖြစ်အပျက်တွေ အကုန်ပြောပြတော့ ရွှန်း ထင်ထားတာနဲ့ လုံဝ ဆန့်ကျင်ဘက်မို့
“ဟင် ဆွဲကြိုးက ခရာလေး ဆွဲထားတာ ဇွဲပေးတဲ့ဟာလား”
“ဟုတ် မမ ဟင့်”
“အဲ့ဒီ ဆွဲကြိုးလေးက ဇွဲရဲ့ပထမဆုံး တဇိုင်းလေး အပြင်မှာ ပုံတူမရှိဘူး သူအရမ်းကြိုက်တာ မမတောင် တစ်ခါဘဲ မြင်ဖူးတာ အဲ့ဒီအထည်ကိုလည်း သူက်ိုယ်တိုင် လုပ်တာ သူလက်ရာ သူတဇိုင်းဘဲ မမတောင် တောင်းဖူးသေးတယ် ကြိုက်လွန်းလို့လေ ဦးကိုယ်တိုင်က ကြိုက်သလောက်တောင်း မမအတွက် ဝယ်မယ်ပြောတာတောင် လုံးဝမရောင်းဘူး”
ရွှန်း ဒီလောက်ထိဘဲ ခရာလေးကို ဆွဲကြ်ုလေးကြောင်းပြောပြတာ ဒီဆွဲကြိုးလေးက ဘယ်လောက်ထိ တန်တယ် ဒီတဇိုင်းလေးကို ဓာတ်ပုံလေးတစ်ဝက် ရိုက်တင်တုန်းကတောင် နိုင်ငံတကာ ရတနာပြပွဲတွေက ဖိတ်ခံရတဲ့အထိ ပေါက်ထားတဲ့ ဆွဲကြိုးလေး ဆိုတာကိုများ ခရာလေးသိသွားရင်
“သူက ခရာကို ဝတ်ဖို့ပြောနေတာ မမယူပြီး သိမ်းထားပေးမလားဟင်”
“နိုး နိုး နိုး ဆွဲထား ဒီလို အရာလေး ညီမလေးကို ပေးထဲက သူရဲ့အဖိုးတန်လေးဆိုတာ ပြလိုက်တာဘဲ သူဘက်က ညီမလေးကို ဆွဲကြ်ုးမချွတ်ခိုင်းတာ ညီမလေးအချစ်ကို မျှော်လင့်နေတာဘဲလေ”
“ရှင်”
“ကဲပါ အရမ်းကြီး မတွေးပါနဲ့ ပေါ့ပေါ့ပါးပါး ဘဲ တွေး လူငယ်တွေလေ ချစ်လို့ရတယ် စဉ်းစားလို့ရတယ် ပြတ်လို့ရတယ်လေ ဒီကိစ္စတွေကို အရမ်းကြီး ဖိအားအဖြစ်မသုံးနဲ့ ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းထိ အချစ်ကရောက်လာမှာပေါ့”
“ဟုတ် မမ”
“ခနကလို မျက်နှာကြီးနဲ့ အလုပ်မလုပ်နဲ့တော့နော် ခါတိုင်း လို ပုံစံလေးနဲ့လုပ် ဇွဲမရှိလို့ မမ စာရင်းတွေ လက်မှတ်သွားထိုးလိုက်ဦးမယ်”
“ဟုတ်ကဲ့မမ သူက ဘယ်သွားတာလဲ ဟင်”
“မသိဘူး အပြင်လို့ပြောတာဘဲ ပြန်တော့မလာတော့ဘူးတဲ့ ကိစ္စရှိလို့နေမှာပါ”
တကယ်ဘဲ ကိစ္စရှိလို့လား ငါ့ကြောင့်များလား ပြောတာတွေများ လွန်သွားလို့လား ငါဘက်က စဉ်းစားချင်သေးတယ် ပြောခဲ့ရမှာကို ငြင်းပစ်ခဲ့လို့ စိတ်ဆိုးသွားတာလား
စိတ်ဆိုရသွားလည်း ခရာ့အပြစ်ပါ ခရာလိုလူမျိုးကို မချစ်တာက ပိုမှန်တယ်ဆိုတာ အစ်ကို အချစ်စစ် တွေ့လာရင် အချိန်က သက်သေပြသွားမှာပေါ့
~~~~~~~~
သူမလေးကို ဖွင့်ပြောပြီး သူမလေးရဲ့ တဇိုင်းကိုအထည်မအပ်ရသေးတာကြောင့် ပန်းထိန်ကို လာပြီး
အသေးစိတ် ရှင်းပြ လိုချင်တဲ့ပုံကို သေချာပြောပြပြီးတာနဲ့
မနေ့တုန်းက သူတို့ခေါ်ပေမယ့် ဒီနေ့မှာတော့ ကိုယ်ကအရင် သူငယ်ချင်းတွေကို စခေါ်ပြီး ချိန်လိုက်တော့သည်။
“ဘာလိုဖြစ်တာတုန်း မနေ့ကတုန်းက လေကြီးမိုးကြီးတွေ ပြောသွားတာ ဒီနေ့တော့ သောက်လှချည်လား”
“မပြောစမ်းပါနဲ့ ကျော်ခန့်ရာ ဒီကောင်ပုံကိုကြည့်ဦး အသဲကွဲလာတဲ့ပုံ”
“ဟဲ့ကောင် သီဟ ဇွဲလိုကောင်မျိုးလား ကွဲမှာ သူကဘဲ တစ်ယောက်ပြီးတစ်ယောက် ရိုအီလို ထားခဲ့တာကြည့်ဘဲ ကျော်ခန့်ပြောသလို မနေ့က လေပိပြီး မသောက်လိုက်ရလို့ ခုမှ ဖိသောက်နေတာ”
“မင်းတို့ ကြည့်ပြောမနေကြနဲ့ တားလိုက်ကြဦး ဆက်တိုက်တွေ သောက်နေတာ ဘာဖြစ်နေတာလဲ ဇွဲတာ သတိနဲ့သောက်ဦး”
သူငယ်ချင်းတွေ တစ်ယောက်တစ်ခွန်းပြောနေပေမယ့် အရက်ကို တစ်ခွက်ပြီးတစ်ခွက် အပြတ်မခံသောက်နေတဲ့ ဇွဲကြောင့် ဝိုင်းဆွဲထိန်းရတဲ့အထိ
“ဘာဖြစ်နေတာလဲ မင်းဒီလိုပုံစံ ငါတို့ မမြင်ဖူးပါဘူး ဘာဖြစ်နေတာလဲ ပြောစမ်းပါ ဘာလဲ *MH Diamond & Jewelry * ဒေဝါလီ ခံရတော့မှာမို့လို့လား”
သူရဲ့ဆိုင်ကိုထိရင် လုံးဝမကြိုက်တာကို သူငယ်ချင်းဖြစ်သူတွေ ကောင်းကောင်းသိထားတာမို့ ဆိုင်နဲ့ကိုင်ပေါက်မှဘဲ
“္ီးကို ဒေဝါလီခံပါ့လား အခြားကိစ္စဖြစ်နေတာ ဒီလို……………………”
အခန်းမှတ်ချက်များ (0)