ဘီလီယံနာလေးရဲ့အသဲ
“ခရာ တဇိုင်းလေးပြချင်လို့ပါ”
“အင်း”
တည်ငြိမ်အေးစက်နေတဲ့ ရုပ်ကြီးနဲ့ ပြတ်သားလွန်းနေတဲ့ အသံ ဒီလောက်အေးစက်နေတဲ့ ဇွဲရဲ့ပုံစံက ခရာတစ်ခါမှ မတွေ့ဖူးတဲ့ပုံမျိုး……
“ဒီ နေရာလေးကို ပြင်ချင်သေးလား”
“ထားခဲ့လိုက် ခနနေ လိုတာကို ဂျာကြီးနဲ့ပြောလိုက်မယ်”
ဘာလဲ ဒီပုံစံက ဘာလဲ မနေ့က ချစ်လှပါတယ်ဆိုတဲ့သူက သူမဟုတ်တော့တဲ့အတိုင်း တင်းမာနေလိုက်တာများ………
ယောကျာ်းတွေများ အဖြေတောင်းလို့ရရင်ရ မရရင် စိတ်ဆိုးစိတ်ကောက်နဲ့ တကယ့် ကလေးစိတ်တွေနဲ့…….
“တစ်ခါတည်းပြောလိုက်ပါ ခရာ တစ်ခါတည်းပြင်ရမှာမို့”
“ငါ မအားသေးဘူး စိန်တွေ စစ်ရဦးမယ်”
မနေ့တုန်းကတော့ တကိုယ်ကိုယ်နဲ့ အခုတော့ ငါ ဖြစ်နေပြီ အပြောင်းအလဲကတော့ မြန်ချက်ဘဲ
“ဟုတ်ကဲ့”
အခန်းထဲကနေ ဘောက်ဆက်ဆက်နဲ့ ထွက်သွားတဲ့ ကောင်မလေးကို ကြည့်ပြီး
မင်းစိတ်ဆိုးလည်း ကိုယ်ခံရမှာဘဲ ကလေးရယ် မင်းမှကိုယ့်ကို မချစ်တာ ကိုယ်က ရှောင်ပေးရမှာပေါ့
“ခရာ နင် ဘာဖြစ်နေတာလဲ”
“စိတ်တိုလို့ပါ မမရယ် ယောကျာ်းတွေများ ခုတစ်မျိုး တော်ကြာ တစ်မျိုးနဲ့ အပြောင်းအလဲက နေ့ချင်းညချင်းမို့ အံ့ဩလို့ပါ”
စာရင်းကိုင် အမက ခရာ မျက်နှာလေးဆူပုပ်နေတာမို့ ခရာ ရင်ထဲရှိတာတွေ တစ်လဆက်ပြောနေတုန်း အခန်းထဲက ထွက်လာတဲ့ ဇွဲမဟာသွေး
ခရာပြောနေတာ ဇွဲ သိပေမယ့် မကြားသလို နေပြီး ဆိုင်ရှေ့ထွက်ကာ ဂျာကြီးနဲ့စကားတွေ ပြောနေသည်။
“ဘယ်သူလဲ ခရာ နင်ပြောနေတာ နင့်ကောင်လေးနဲ့လား ရန်ဖြစ်နေတာလား”
“ခရာမှာ ကောင်လေးမရှိပါဘူး မမရယ် ဒီတိုင်းဘဲ မျောက်စိတ်လို ဟိုမရောက် ဒီမရောက် စိတ်နဲ့လူတွေကို ဒေါသထွက်နေလို့ပါ”
ခရာ သူဘက်ကို ကြည့်ပြီး မျက်စောင်းလှလှလေးတစ်ချက်ထိုးသွားတာလဲ ဇွဲတွေ့လိုက်တာပေါ့
“ခရာလေး MDက လိုအပ်ချက် မရှိဘူးတဲ့ အရောင်ကို စိတ်ကြိုက် ထပ်ထည့်ပေးတဲ့ ပြီးရင် ပြန်ပြပေးတဲ့”
“ဟုတ်ကဲ့ ဂျာကြီး”
ပြောတော့ စိန်စစ်ရဦးမှာတဲ့ ခုကျ ချက်ချင်း အခန်းထဲက ထွက်လာတာ ခနထဲက တန်းပြောရင် ရရဲ့သားနဲ့ လိုအပ်ချက်ကို ဂျာကြီးကနေ ပြောခိုင်းလိုက်သေးတယ် ဘာလဲ ဒါဘာအချိုးလဲ ငါ့ကို လာပြီး ပလစ်နေတာလား
ခရာအလုပ်သာ လုပ်နေပေမယ့် တစ်နေ့လုံး စိတ်ထဲမှာ တနုတ်နုတ်နဲ့ လူကို ကလိကလိဖြစ်အောင် လုပ်သွားတဲ့ လူကြောင့်………
“ခရာ မမတို့အပြန်ကျ သမီးလေးအတွက် လိုအပ်တာလေးတွေ ဝင်ကြည့်ဖို့ မမနဲ့တူတူ baby shopကို လိုက်ခဲ့ပေးဦးနော်”
“ဟုတ် မမ”
ခရာနဲ့မမရွှန်း အလုပ်တွေ ပြီးတာနဲ့ baby shopမှာ လိုတာတွေ ဝင်ဝယ်နေရင်း
“ဟယ် ရွှန်း”
“ပီတိ နင်ဘယ်လာတာလဲ”
“ကလေးတွေအတွက် လိုတာလေးတွေ လာဝယ်တာ မတွေ့တာတောင် ကြာပြီ ရွှန်းရယ် ငါတို့ ဆိုင်ထိုင်ရအောင်လေ”
“ကောင်းသားဘဲ”
ရွှန်း နာရီကြည့််တော့ ၄နာရီလည်း ကျော်နေပြီမို့ ဦးကို ဖုန်းဆက်ပြီးတာနဲ့
“ခရာ မမတို့နဲ့ လိုက်မလား”
“ဟိုလေ……”
ခရာလေးပုံကို ကြည့်တော့လည်း အိမ်မှာဘဲ နေချင်တဲ့ပုံလေးမို့
“ဟုတ်သားဘဲ မမ မေ့လို့ ခရာလည်း ပျင်းနေမှာပေါ့ အဲ့တာဆို ခနလေး”
ရွှန်း ဇွဲကို ဖုန်းဆက်လိုက်တော့ ပထမတော့ ပန်းထိန်မှာ မအားဘူးပြောပြီး ခရာလေးကို တစ်ယောက်ယောက်လာကြိုခိုင်းလိုက်မယ်လည်း ပြောရော ဒင်းက ချက်ချင်းအားပြီတဲ့
“ခရာ ခနနေ ဇွဲ လာကြိုမယ် သူနဲ့တူတူပြန်လိုက်နော် သမီးအတွက် မုန့်တွေ တစ်ခါတည်း ယူသွား ပေးဦးနော်”
“ဟုတ် မမ”
မမပြောပြီးတာနဲ့ မိနစ်လေးဘဲ ကြာလိုက်တယ် ဇွဲရောက်လာတာနဲ့
“မမ ပေး ခရာဘဲ ယူသွားလိုက်မယ်”
“လာပါ မမလိုက်ပို့ပေးမယ်”
“ရတယ် မမတို့ နေခဲ့ပါ ခရာ ဘာသာ သယ်သွားမယ် သွားပြီနော်မမ”
ရွှန်း လက်ထဲကနေ ခရာ အိတ်တွေ ယူပြီးတာနဲ့ ဆိုင်ထဲက ထွက်လာတာကို မြင်လိုက်တဲ့ ဇွဲက
“ဘာလို့တစ်ယောက်ထဲ သယ်လာတာလဲ”
ခရာလက်ထဲက အထုပ်လေးတွေကို လာသယ်ပေးရင်း လေသံမာမာလေးနဲ့ပြောပေမယ့် ဒေါသသံမဟုတ်ဘဲ မလုပ်စေချင်လို့ ပြောတဲ့အသံမျိုးမို့……
ခရာစိတ်ထဲ သကာရည်တွေ လောင်းချလိုက်သလို နွေးထွေးပြီး ချိုသွားလိုက်တာများ……
“ဟို မမက သယ်ပေးမယ်ပြောတယ် ခရာက ယူလာလိုက်တာ”
“ဆိုင်က ဝန်ထမ်းတွေကို သယ်ခိုင်းပေါ့ အများကြီး သယ်လာရတာ ကြည့်ဦး”
“ရပါတယ်”
“တက်တော့ ကားပေါ်”
ကားပေါ်မှာ မျက်နှာတည်လေးနဲ့မောင်းနေတဲ့ ဘေးကသူကြီး ခရာကြည့်ပြီး ဘာကို အလိုမကျနေလဲ ခရာလည်း မသိဘူး
“ခရာကို စိတ်ဆိုးနေတာလား”
“ဘယ်သူကလဲ”
“အစ်ကိုကလေ”
အစ်ကိုတဲ့လား တင်းထားတဲ့ စိတ်တွေတောင် ပြေလျော့ တော့မယ့်အထိ ဒီနာမ်စားလေးတစ်ခုထဲနဲ့ အရည်တွေ ပျော်နေပါပြီ
“ဆိုးရအောင် ငါက ကလေးလား”
“ကလေးဆိုတဲ့ သဘောမျိုးပြောတာမဟုတ်ပါဘူး တစ်ခုခုများ ခရာကို မကျေနပ်နေတာလားလို့”
“မင်းကို မကျေနပ်စရာ အကြောင်းမှ မရှိတာ”
“အဲ့တာဆို ဘာလို့လဲ ဘာလို့ ခရာ့ကို တစ်နေ့လုံး ရှောင်နေတာလဲ”
ခရာ့ဘက်က ငြင်းတဲ့သူဆိုရင် ဒီလိုစကားတွေ မမေးသင့်တာ သိပေမယ့် ဒီအခြေအနေ အေးစက်စက်ကြီးကို ခရာလုံးဝမကြိုက်ဘူး
“မင်းအတွက် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့လေ ငါမင်းကို ဖွင့်ပြောတာလေးနဲ့ မနေ့က ငိုတယ်ဆို နောက်ထပ်မင်းကို ငိုရအောင် စိတ်ဆင်းရဲအောင် လုပ်တဲ့သူ မဖြစ်ချင်ဘူး အဲ့တော့ ဒီလို အကွာအဝေးလေးနဲ့ နေတာ မင်း စိတ်အဆင်ပြေမယ် ထင်လို့”
“မပြေဘူး”
အခန်းမှတ်ချက်များ (0)