ဘီလီယံတာ သူဌေးလေးရဲ့အသဲ
“ဦး သမီးကလေ သူ့အဘွားဆီကနေ ပြန်မလိုက်ဘူးလုပ်နေတာ”
သမီးလေး လက်ကို ဆွဲပြီး နှုတ်ခမ်းလေးတစ်ဆူဆူနဲ့ ဝင်လာထဲက ပွစိပွစိ ပြောလာတဲ့ ဇနီးလေးကြောင့် အလုပ်လုပ်နေတာလေးရပ်ပြီး
“လာပါဦး မေမေ က စိတ်ဆိုးနေပြီ သမီးက ဘာလို့ပြန်မလိုက်ချင်ရတာလဲ”
သမီးလေးကို ကောက်ချီလိုက်ပြီး ဒေါ်
စိတ်ကောက်လေးရဲ့ လက်လေးကို ဆွဲ ဆိုဖာပေါ်
ထိုင်ကာ သမီးလေးရဲ့ ဆံပင်လေးကို သပ်ရင်းမေးလိုက်ကာ…..
“ဖွားဖွားနဲ့ဘဲနေချင်တယ်”
ဟော အမေဖြစ်သူက စိတ်ဆိုးနေတာကို ဒင်းလေးက အဘွားနဲ့နေချင်တယ်ပြောတုန်း……
“ဘာလို့လဲဆိုတာ ဖေဖေ ကိုပြော”
“ဖွားဖွားက မီးကို ချစ်တယ် မီး လိုချင်တာဝယ်ပေးတယ် မီးကို မဆူဘူး”
“မေမေကရော သမီးကိုဆူလို့လား”
“မေမေဆူတယ်လေ”
“အဲ့တာ သမီး ဆိုးလို့လေ”
“သမီး မဆိုးပါဘူး သမီး မဆိုးဘဲ မေမေက ဆူတာလေ ဟုတ်တယ် မလားဖေဖေ”
သမီးလေးမေးခွန်းအဆုံးမှာ သားအမိနှစ်ယောက်လုံးအကြည့်က မဟာဆီက အဖြေကို စောင့်နေတဲ့ပုံ….
ဟုတ်တယ်လို့ဖြေရင်လည်း ဇနီးဖြစ်သူက စိတ်ကောက်ဦးမယ် မဟုတ်ဘူးလို့ ဖြေရင်လည်း သမီးက စိတ်ကောက်ဦးမယ် သူကြားထဲကနေ မင်းသမီးလေး နှစ်ပါးကြား ဘယ်လို ဖြေရမလဲတွေးရင်းး
“ဖေဖေပြောပြမယ် မေမေက သမီးလေးကို အချိန်တိုင်းဆူလား”
“မဆူပါဘူး ဖေဖေ”
“အဲ့တာဆိုထဲက သမီးလေး အမှားပိစိကွေးလေးလုပ်မှ မေမေက ဆူတာမလား”
“ဟုတ်”
“ဘာလို့ဆူတာလဲ ဆိုတာရောသိလား”
“ဟင့်အင်”
“သမီးလေးကို ချစ်လို့ပေါ့ ဖေဖေနဲ့မေမေရဲ့ သမီးလေးက အလိမ္မာလေး ယဉ်ကျေးတဲ့သူလေး စာနာတက်တဲ့သူလေးဖြစ်စေချင်လို့ပေါ့ ဖေဖေရဲ့ချမ်းသာမှုကြောင့် သမီးကဆိုးတယ် အဖေအရှိန်နဲ့ လူတိုင်းပေါ်အနိုင့်ကျင့်တယ် အဲ့လိုတွေ အပြောမခံရအောင် မေမေက ဖြေးဖြေးချင်းသမီးလေးကို သွန်သင်ပေးနေတာလေ”
“ဟုတ် သမီး သိပါပြီဖေဖေ”
၅နှစ်အရွယ်သမီးလေးက အဖေဖြစ်သူရဲ့ပေါင်ပေါ်မှာထိုင်ရင်း မေမေဘက်ကို တစ်ချက်ကြည့်တာကို မဟာမြင်လိုက်တာမို့
“သိပြီဆိုတော့ သမီး ဘာလုပ်ရမလဲဆိုတာ သိတယ်မလား”
“ဟုတ် သိပါတယ် ဖေဖေ”
ဆိုကာ ဖခင်ရင် ပေါင်ပေါ်က ဆင်းပြီး မိခင်ဖြစ်သူကို လက်အုပ်လေးချီကာ
“မေမေသမီး တောင်းပန်ပါတယ်နော် မေမေကို သမီး မဆိုးခဲ့သင့်ဘူး မေမေ စိတ်မဆိုးပါနဲ့တော့နော်”
ဒီလိုအပြုအမှုလေးကို မြင်ရထဲက သူသိပ်ချစ်တဲ့ ဇနီးလေးက သမီးလေးကို ဘယ်လို ယဉ်ကျေးသိမ်မွေ့အောင် သင်ပြထားလဲဆိုတာ မဟာ သဘောပေါက်တာမို့ ပီတိအပြုံးတွေ ပြံးနေမိသည်။
“ဟင့် မေမေက သမီးနဲ့ ခွဲနေရတာ ကြာပြီလေ သမီးက မလိုက်ဘူးပြောတော့ မေမေက ဝမ်းနည်းလို့ပါ မေမေ့ သမီးလေးကို စိတ်ဆိုးလို့မဟုတ်ရပါဘူး”
သမီးဖြစ်သူက မငိုဘဲ သူက င်ိုနေတာမို့
“ဟော မေမေရယ် သမီးလေးက မငိုရဘူး ခင်ဗျားလေးက အသဲနုလိုက်တာ”
“ဦးနော် ရွှန်းက သမီးလေးကို ချစ်တာကိုး”
“သမီး လည်း မေမေ့ကို ချစ်တယ်”
“ဟီး”
သားမိနှစ်ယောက် ဖက်နေကြတာကို ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ မဟာ ရယ်ပါ
“တီ…..တီ…”
ရွှန်း ဖုန်းဝင်လာတာကြောင့် ဦးကို ဖုန်းလေးထောင်ပြပြီး
“ဖုန်းကိုင်လိုက်ဦးမယ် ဦး ဟလို”
“……………”
“ဘယ်လိုဖြစ်တာလဲ”
“………….”
“ဟုတ်ပီ ဟုတ်ပီ ခနနေ လာခဲ့မယ်နော်”
ရွှန်းဖုန်းချပြီးတာနဲ့ ဦးကို အကျိုးအကြောင်းပြောပြလိုက်ပြီး ဆိုင်ကို သမီးလေးနဲ့တူတူ ထွက်လာလိုက်တော့သည်။
~~~~~~~~~~
“ခရာ မမ အကုန်သိပြီးပြီ ညီမလေး လက်အပြင်ဘာထိသေးတယ်”
သမီး လက်လေးဆွဲဝင်လာပြီးတာနဲ့ အလုပ်လုပ်နေတဲ့ ခရာလေးကို တန်းသွားပြီး မေးတော့
“ဘာမှမဖြစ်ပါဘူး မမရဲ့ စိတ်မပူပါနဲ့”
“မမက ညီမလေး မိဘတွေဆီ တာဝန်ယူမှုအပြည့်နဲ့ခေါ်ခဲ့ရတာလေ ဆိုင်ကို ပထမဆုံးရောက်တယ် ဒီလိုဖြစ်တယ်ဆိုတော့ မမတို့က မကောင်းဘူးပေါ့”
“အဲ့လောက် အကြီးကြီး မဟုတ်ပါဘူး မမရဲ့ ဒါလေးက မမသမီးလေးလား”
“အင်း”
ဆိုင်ထဲကို ဝင်လာထဲက သတိထားမိနေတာက မမလက်တွဲလာတဲ့ ကလေးလေးကို မမက ပြောစရာမလိုအောင် ချောလွန်းလှလွန်းတာအပြင် ဦးမဟာဆီက ချောမောမှုတွေပါ ထပ်ဆင့်ရထားတဲ့ သမီးဖြစ်သူလေးက ဘာဘီရုပ်လေးအလား……
“သမီး လေးက ချောလိုက် လှလိုက်တာ”
“ဟုတ် ကျေးဇူးတင်ပါတယ် တီတီရှင့်”
ဦးမင်းမဟာသွေးနဲ့ မရွှန်းလဲ့ကြည်လင်ရဲ့သမီးလေးက မာနခဲလေးထင်ထားပေမယ့် ထင်ထားသလိုမဟုတ်ဘဲ မိခင်ဖြစ်သူ မမရွှန်းလို အကြည်ဓာတ်လေးဖြစ်နေခဲ့တာ………
“မမရွှန်း ဆိုင်ရှေ့မှာ MDပြန်ရောက်နေပြီ လက်မှာလည်း သွေးတွေနဲ့”
“ဟော်တော် “
“ဟယ်”
အခန်းမှတ်ချက်များ (0)