Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၁၂)

ဘီလီယံတာ သူဌေးလေးရဲ့အသဲ

ကားပေါ်ကနေ တန်းဆင်းလာပြီးတာနဲ့ ဆိုင်ထဲမှာ ဧည်သည်တွေရှိတာမို့ ဘေးအခန်းကနေ ဆိုင်နောက်ကို ပတ်ဝင်လာတဲ့ ဇွဲ

လက်မှာလည်း လူကို ထိုးလာတာ ထင်ပါရဲ့ ပေါက်ပြဲလို့ မျက်နှာမှာတော့ ဒဏ်ရာတစ်ခုမှ မရှိ

“ဒါ ဘာဖြစ်လာတာလဲ ဇွဲ”

ခါးထောက်ရပ်နေတဲ့ မရီးအပြင် သူ့ကို မျက်လုံးလေးပြူးပြီး အံ့ဩသလိုကြည့်နေတဲ့ သူမလေး…..

မရီးဖြစ်သူ ဆိုင်ကို ပြန်မလာလောက်သေးဘူးထင်လို့ အရေးကြီး ဖိုင်တွေယူပြီး ကွန်ဒိုကို ပြန်မလို့ လုပ်ပေမယ့် တည့်တည်းလာတိုးနေတာကြောင့်

“ကိစ္စသေးသေးလေးပါ”

“ငါတို့ကိုပြောလေ ဘာကိစ္စ တစ်ယောက်ထဲ ရှင်းနေတာလဲ”

ဘာလို့လဲဆိုတာ ဇွဲပြောမပြချင်ပါ သူကိုယ်တိုင်ရှင်းမှလဲ ဒီကိစ္စကို သူတို့အသိုင်းအဝိုင်းက လူတိုင်းသိပြီး သူ့အပိုင်မှန်သမျှကို လက်လွှတ်စပယ်မထိရဲမှာ

“မေးနေတယ်လေ”

“လေးဇွဲ…….”

“ဗျ….”

အခုမှ ဦးလေးကို မြင်ပြီး အပြေးလာဖတ်တဲ့တူမလေးကို ချီပြီးတာနဲ့ အေးဆေးဘဲဆိုတဲ့ ပုံမျိုးလုပ်ပြီး

အထဲ ဝင်သွားတာမို့

ခရာလေး ဂျာကြီးပေးတဲ့ ဆေးသေတ္တာလေးကိုကိုင်ပြီး အနောက်က လိုက်ရတော့သည်။

“လာ သမီး လေးလေးပေါ် မထိုင်နဲ့ဦး သူအကျီတွေ လက်တွေက ညစ်ပတ်နေတာ”

“ဟင့်အင် ညစ်ပတ်နေလဲ လေးဇွဲက မွှေးနေတာဘဲနော်”

အမေဖြစ်သူခေါ်တာ မလာတဲ့အပြင် ဦးလေး ရင်ခွင်ထဲ အတင်းတိုးဝှေ့နေတဲ့ သူလေးကိုကြည့်ပြီး ခရာပြုံးမိလိုက်သည်။

“လာပါ သမီးက လိမ္မာတယ်လာ”

သမီးဖြစ်သူကို အပြင်ဆွဲခေါ်သွားမှဖြစ်မယ် မဟုတ်ရင် ဇွဲဆေးထည့်ရင် လိုက်ရှုပ်နေမှာ

“ဟွန့် ခနနေ ထပ်လာခဲ့မယ်နော် သန့်ရှင်းထားလ်ုက် တီတီ သမီးလေးဇွဲကို သန့်သန့်လေးလုပ်ပေးနော် “

“ဟုတ်”

ခရာဆေးသေတ္တာဘူးလေးကို ဖွင့်ပြီး ဇွဲရှေ့ လက်လေးဖြန်လိုက်တော့

“ဘာလဲ”

“ဘာလဲ လက်လေ”

ခရာတစ်ယောက် ဇွဲကို မကြည်သလိုလေးကြည့်ပြီး ဇွဲပေးလာတဲ့ လက်လေးကို ကိုင်ကာ

လှလိုက်တာ ယောကျာ်လေးဖြစ်ပြီး လက်တွေက ခရာတို့ထက်တောင် သွယ်ပြီးဖွေးဦးနေတာ သမီးပြောလည်း ပြောချင်စရာပဲ သူနားကပ်တာက မွှေးနေတာဘဲ ရေမွှေးနံမဟုတ်တဲ့ ကိုယ်သင်းနံလိုမျိုး အနံလေး……

“နာရင်ပြောနော်”

“ယောကျာ်းပါကွ မနာပါဘူး”

“ပြီးတာဘဲ”

“အားးနာတာ အားးး”

“ပြောတော့မနာဘူးဆို”

“လူဘဲ နာတက်တာပေါ့”

“သူကို အမျိုးမျိုး”

တစ်ဖူးဖူးနဲ့မှုတ်လိုက် ဆေးထည့်လိုက်နဲ့ လုပ်နေတဲ့ သူလေးကိုကြည့်ပြီး ရန်ဖြစ်ခဲ့သမျှထဲ ဒီနေ့ ရန်ဖြစ်လာတာကို ကျေနပ်သလို ဖြစ်နေတဲ့ ဇွဲကတော့ ခရာလေး ဂရုစိုက်မှုတွေကြား ကျဆုံးနေလေရဲ့

“ရပြီ ဘယ်နေရာ ဒဏ်ရာရှိသေးလဲ”

“မရှိတော့ဘူး”

“ခရာကို လျှာရှည်တယ်တော့ မထင်ပါနဲ့ ဘာလို့ ရန်ဖြစ်လာရတာလဲ”

သူတွေ့တွေ့ချင်းထဲက မေးချင်နေပေမယ့် မမရွှန်းတို့ရှ်နေလို့ သည်းခံထားရတာ

“ရန်ဖြစ်တာမဟုတ်ပါဘူး ရန်ဖြစ်တယ်ဆို ကိုယ်မျက်နှာတွေ ဖူးယောင်နေမှာပေါ့ ဒါက ပညာပေးလိုက်တာ သူတို့က တစ်ခါ လုပ်လို့ရရင် ထပ်လုပ်မှာလေ နောက်ခါလာမထိရဲအောင် ပါးပါးလေးပြခဲ့တာ”

“ဘယ်လိုဘဲ ဖြစ်ဖြစ် နောက်ခါ ရန်မဖြစ်ပါနဲ့ ရှင်လိုလူကညဒီလို ဒဏ်ရာတွေနဲ့ကြည့်မကောင်းဘူး ခရာအပြစ်လည်း အကင်းသလို ခံစားရတယ်”

“ဘာဆိုင်လဲ ဒါက မင်းက ကိုယ်ဆိုင်ကို ကာကွယ်ပေးတာလေ ကိုယ်က ကျေးဇူးတောင်တင်ရဦးမှာ သွား အလုပ်သွားလုပ်တော့ ဘာမှမဖြစ်တော့ဘူး”

“ဟုတ်”

ခရာထွက်သွားပြီးတာနဲ့ ရွှန်းဝင်လာခဲ့တာမို့ အနာတွေကို ကြည့်ပြီး ပြုံးနေတဲ့ ဇွဲကြောင့်

“ဒဏ်ရာတွေက အသည်းပုံတွေ ထွက်နေတာလား ကြည့်ပြီး ပြုံးနေလို့ပါ ပုရွတ်ဆိတ်တောင် တက်လောက်တယ်”

“မထွက်ပါဘူး လာပါဦး လေးဇွဲ အသဲလေးက”

ဦးလေးနဲ့တွေ့ရင် အကဲပိုတက်ကြတဲ့ တူရီးနှစ်ယောက်ိုကြည့်ပြီး

“အခုတော့ချွဲထားပေါ့ ဦးလေးမိန်းမယူရင် ကပ်ရမှာမဟုတ်တော့ဘူး”

“မယူပါဘူး လေးဇွဲက မယူဘူးမလားဟင် လေးဇွဲ”

“မယူပါဘူး ယူခဲ့ရင်လည်း ဒီကအချစ်ကလေး ပထမဦးစားပေးစလေးဘဲ အဟက်”

“အပိုတွေပါ ဇွဲရယ် ငါစောင့်ကြည့်ဦးမယ် နင်အရမ်းချစ် သဲသဲလှုပ်တဲ့သူ တွေ့တော့မှ ငါ့သမီးကို အချိန်မပေးကြည့် ငါနဲ့တွေ့မယ်”

~~~~~~~~~~

« ရှေ့အခန်း - အပိုင်း(၁၁) နောက်အခန်း - အပိုင်း(၁၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ