ဘီလီယံတာသူဌေးလေးရဲ့ အသဲ
“အမ အနေနဲ့ တွေ့ချင်တယ်ဆိုရင် ကြိုတင် ချိန်းတာဖြစ်ဖြစ် တွေ့ဖို့ အကြောင်းတစ်ခုခုရှိရင်ဖြစ်ဖြစ် ကျွန်မတို့က သွားခေါ်ပေးပါတယ်”
“အော် သူ့ကို တွေ့ဖို့ အကြောင်းအရင်း လိုသေးတာလား”
ပြောလည်းပြော ဘေးဝဲယာကို ကြည့်နေတဲ့ အမကို ခရာကြည့်ပြီး သဘောပေါက်လိုက်တာမို့
“အမ ဒါဘာလုပ်တာလဲ”
ဧည်သည်တွေ ထိုင်ဖို့ပေးထားတဲ့ ခုံကို မြှောက်ပြီး မှန်ကောင်တာတွေကို ခွဲဖို့ ပြင်နေတဲ့ သူကို ခရာ အမြန် ဆွဲလိုက်တာက ခုံနဲ့သူ့ကို တွန်းလိုက်သလိုဖြစ်ပြီး မြေပေါ် လဲကျသွားသည်။
“တောက် ကောင်မ နင့်လို အဆင့်ကများ”
“ရီရတယ် အမပြောနေတဲ့ အဆင့်ဆိုတာ ဘာနဲ့တိုင်းတာတာလဲ”
“ရှိတယ် တိုင်းတာက ငါ့မှာ လိုချင်တာ ဖြည့်စည်းနိုင်တဲ့ အစွမ်းတွေရှိတယ်လေ နင်မှာရှိလား နင်လို သူများဆိုင်ရဲ့ အောင်ခြေ ဝန်ထမ်းမဟုတ်ဘူး”
“အောက်ခြေ ဝန်ထမ်း ဆိုတော့လည်း ဘာဖြစ်လို့လဲ
သူများ ပစ္စည် ခိုးစားတာလည်း မဟုတ်ဘူး ကိုယ့်အလုပ်ကိုယ်လုပ်တာလေ ပြီးတော့ အဲ့ဒီအောက်ခြေဝန်ထမ်းတွေက ယောကျာ်လေးတစ်ယောက်ကို အဲ့လောက် ငမ်းငမ်းမတက်ဘူးရှင့်”
“နင် ဘာစကားပြောတာလဲ ငါကို လက်နဲ့ရော စကားနဲ့ရော ထိပါးတာ နင် ဘာဖြစ်သွားမယ်လို့ ထင်လဲ”
“ဘာဖြစ်ဖြစ် ခရာဖြူဆိုတာ ကိုယ်မှန်ရင် ဘယ်အရာမှမကြောက်ဘူး အမလို လူဆို ပိုတောင် မကြောက်သေးတယ် ပုံကြည့်လိုက်တာနဲ့ ခရာ ကြောက်ရမယ့်ထဲ မပါဘူးဆိုတာ သိပြီးသားမို့”
“နင်လို ကောင်မကများ….”
ပြောလည်းပြော ခရာပါးပေါ် ရောက်လာတော့မယ့် သူမရဲ့လက်ကို ခရာ အမိအရဖမ်းပြီး နောက်တစ်ကြိမ် ဆောင့်တွန်းလိုက်တာမို့
“နင့်ကို ငါ့အဖေနဲ့ တိုင်ပြောမယ်”
ဆ်ိုပြီး ငိုယိုကာ ထွက်သွားတဲ့ မိန်းကလေးကို ကြည့်ပြီး ခရာ ရီချင်တာတော့ အမှန်
“ခရာ ဘာဖြစ်သွားသေးလဲ သမီး”
“လက်ဘဲ နဲနဲ နာသွားတာ ဂျာကြီး”
ခနတုန်းက ခုံကို ဆွဲယူလိုက်တုန်းက အားပါတာမို့ လက်ကောက်ဝတ်လေး နာသွားပြီး နဲနဲ ယောင်နေတာမို့
“ဆေးလိမ်းရအောင်”
“ရပါတယ် ဂျာကြီးရဲ့ မေးဦးမယ် ဒါက စိန်ဆိုင်နော် အကျီဆိုင် ဖိနပ်ဆိုင်လည်း မဟုတ်ဘူး ပြီးတော့ မြို့တိုင်း ဆိုင်ခွဲတွေ ဆယ်ချီရှိနေတဲ့ ဒီလိုဆိုင်ကို ပြသာနာ ရှာရဲတဲ့သူတွေရှိတာလား”
ခရာအမေးကို ဂျာကြီးက အနည်းငယ် မျက်နှာလေးပျက်ပြီးမှ
“MDကြောင့်ပေါ့ ခါတိုင်းလာနေကြသူတွေက အဲ့လောက်မဆိုးဘူး ဒီတစ်ယောက်က တော်တော်ဆိုးဆိုးဘဲ”
“MD ကြောင့်”
ဂျာကြီးစကားကို ခရာ အံ့ဩနေမိတာအမှန်
“MDကရုပ်အရမ်းချောတယ် ပြီးတော့ မိန်းကလေးတွေက အဝိုင်းဝိုင်းလည် MDက Rollတစ်ခုရဲ့ ထိပ်ဆုံးမှာရှိတာဆိုတော့ ဒိတ်ဒိတ်ကြဲ ခနကလိုသူလေးတွေက အလုအယက်တွေကို လာကြရောလေ”
ဂျာကြီးပြောမှ သူက အဲ့လောက်စွံတာကိုလို့ ခရာတွေးမိလိုက်တယ် အရင်ကတော့ ဝိုင်းဝိုင်းလည်မယ့်ရုပ်ရည်ဆိုတာသိပေမယ့် ဒီလောက်ဆိုတာတော့ မထင်ခဲ့ဘူး…..
သူလို အသိုင်းအဝိုင်းက အကြီးဆုံး စီးပွါးရေးကလည်း ထိပ်ဆုံးကဆိုတော့ လိုချင်နေတဲ့ မိန်းမတွေ ပေါများနေတာ မဆန်းပါဘူး
“အဲ့ဒါမြန်း MDကို သွားခေါ်ပေးလိုက်တာ မဟုတ်ဘူး”
“MDက အရေးကြီး Meeting ရှိလို့လေ”
“အော်”
“ကဲလာ ဆေးသွားလိမ်ရကြစို့”
ခရာနဲ့ဂျာကြီး အတွင်းထဲကို ဝင်မယ်လုပ်တုန်း
“မမ ခရာ ကျေးဇူးတင်ပါတယ်နော်”
အနောက်က တိုးရှရှ စကားသံလေးနဲ့ ဟိုမိန်းမကြောင့် ကြောက်နေတဲ့ သူလေးကို ခရာကြည့်လိုက်ပြီး
“ဘာကျေးဇူးတင်စရာရှိလို့လဲ ခရာလည်း ဒီက မိသားစုဝင်ဖြစ်နေပြီလေ ခရာက ဖိုက်တာပါနော် အဲ့တာကြောင့် မကြောက်နဲ့နောက်ခါ တစ်ခုခုဆို ခရာ့ကိုလာ လာခေါ်”
ခရာ့စကားကြောင့် ရီသွားကြတဲ့ ဂျာကြီးနဲ့ ဆိုင်ရဲ့ မိသားစုတွေအကုန်လုံးပေါ့
MD တစ်ယောက် Meeting ပြီးတာနဲ့ မန်နေဂျာဝေဝေမော် ပြောတဲ့ အကြောင်းတွေကို သိပြီးတာနဲ့
“မင်း လက်ဘဲ ဖြစ်တာ သေချာလား ဘယ်နေရာထိသွားသေးလဲ”
ဂျာကြီးပြောထဲက ရင်ထဲ မီးကြီးခဲနဲ့ထိုးလိုက်သလို ပူပန်သွားတာက သူကိုယ်သူ အသိဆုံး သူမေးတာကို ကြောင်ကြည့်နေပြီး မလှုပ်မယှက် လုပ်နေတဲ့ သူလေးကို စိတ်မရှည်တာကြောင့်
“မေးနေတယ်လေ လက်အပြင် ဘယ်နေရာထိသွားသေးလဲလို့”
ခရာ့ကို မျက်လုံးစိမ်းစိမ်းတွေနဲ့ကြည့်ပြီး သူဟာမတွေကိုရန်ထောင်မိလို့ မကျေနပ်နေတဲ့ပုံနဲ့ သူကြောင့်ဖြစ်ရတာကို မတောင်းပန်တဲ့အပြင် အသံက မာနေသေးတယ်
“မထိဘူး မဖြစ်ဘူး”
“သေချာတယ်နော်”
“သေချာတယ် ဖြစ်တော့လဲ ဘာလုပ်နိုင်မှာလဲ”
“ဟ မင်းတစ်ခုခု ဖြစ်ကြည့်ပါ့လား အဲ့မိန်းမကို ချက်ချင်း အချုပ်ထဲ ထည့်ပစ်မယ်”
“ဟင်!!!”
“ဟယ်!!!”
“ဟော်တော်!!”
ဇွဲစကားသံအဆုံးမှာ ထွက်ပေါ်လာတဲ့ အာမေဠိတ် အသံလေးတွေ ဇွဲ ရုံးခန်းထဲကထွက်လာပြီး ခရာနဲ့စကားပြောတဲ့ထိ ဝန်ထမ်းတိုင်းရဲ့ မျက်လုံးတွေ အာရုံတွေက ခရာတို့ဆီမှာ…..
ဒီတိုင်း ရပ်နေရင် အခြားသူတွေ ခရာတို့ကို တစ်ခုခု ထင်သွားမှာ စိုးတာကြောင့်
“ရတယ် ရတယ် ခရာ ဘာမှမဖြစ်ဘူး လက်တောင်မှ သူလုပ်တာမဟုတ်ဘူး ကိုယ့်အရှိန်နဲ့ကိုယ်မို့”
ရှက်နေတာမို့ ပြာပြာသလဲ ပြောနေတဲ့ ခရာကို ကြည့်ပြီး
“ဟုတ်ပါပြီကွာ ဂျာကြီး နောက်ခါအဲ့လို ဟာတွေလာရင် ကျွန်တော့်ဆီ တိုက်ရိုက်လာခေါ် ကလေးတွေနဲ့ ခုလိုလွှတ်ထားရင် ဒီနေ့လိုတွေဖြစ်ကုန်မှာ”
သူ့အမှားမဟုတ်ဘဲ သပ်သပ်လာစော်ကားတာတယ်ဆိုတာ သိပေမယ့် နောက်ခါတွေ ထပ်ဖြစ်လာရင် ကလေးတွေလည်း ထိခိုက်မခံနိုင်သလို ဆိုင်နံမည်လည်း နည်းနည်းမှ အထိခိုက်မခံနိုင်တာအမှန်
“ဟုတ်ကဲ့ MD”
“သူက သူ့အဖေနဲ့တိုင်မယ် ပြောသွားတာမလား အဲ့တာလေး သွားရှုပ်လိုက်ဦး”
“ဘယ်လိုကြီးလဲ MD”
“အော် သူ့အဖေက ဒီမြို့မှာ အကောင်ကြီးကြီးထဲက ကြောက်လောက်မယ်ထင်လို့ ခြောက်တာလေ ဒီနေါကိစ္စကို ရှင်းနေရင် သူတို့ကို ကြောက်တယ်ထင်နေလို့ရှင်းတာပေါ့ ရှုပ်ပြမှ ဘာလဲဆိုတာသိမှာပေါ့ ကဲ ကျွန်တော်သွားလိုက်ဦးမယ် ဂျာကြီးရေ”
အခန်းမှတ်ချက်များ (0)