Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၉)

ဘီလီယံတာသူဌေးလေးရဲ့အသဲ

ဒီနေ့ အလုပ်စဆင်းရတဲ့ရက်လေးဆိုပေမယ့် ခရာကို ဂရုစိုက်ပေးတဲ့ မမကြောင့် ပထမဆုံးနေ့လေးမှာတင် အတော်လေး သက်တောင့်သက်သာ ရှိနေပြီ

ခရာ ဆိုင်ရောက်ထဲက ဆိုင်မှာရှိတဲ့ လူတိုင်းနဲ့မိတ်ဆက်ပေးပြီး လုပ်ငန်းအကြောင်းတွေလည်း သေချာလေးရှင်းပြပေးသည်။

“ညီမလေးက တဇိုင်းသီးသန့်ဆိုပေမယ့် အရောင်းပိုင်းမှာ စိတ်ပါရင် ဝင်လေ့လာနော် မမက ထပ်

ဆောင်း ဘော့နပ်ပေးမှာ”

“ဟုတ်ကဲ့ မမ”

ရွှန်းတို့ဆိုင်မှာ လာလုပ်တဲ့သူလေးတွေက အလုပ်သမားမဟုတ်ဘဲ အကုန်လုံးက မောင်နှမတွေလိုဘဲ

၁၀တန်းတုန်းက ဘောဂ ထဲမှာ ပါသလိုပေါ့ သူတို့ရဲ့ ခွန်အားကို ရောင်းတယ် ရွှန်းတို့ကလည်း ဝယ်ယူတဲ့သဘောဘဲ အဲ့တော့ သူတို့လည်း ရွှန်းတို့ကို လုပ်အားပေးထားရတာလေ ရွှန်းတို့ ပိုက်ဆံက်ု အလကားယူထားတာမဟုတ်ဘူး သူတို့ကတာဝန်ကျေကျေ လုပ်ဆောင်တယ် အဲ့တော့ သူတို့ တက်သင့်တာလေးတွေ အကုန်သင်ပေးတယ်

အဲ့တာကြောင့်လည်း ဝန်ထမ်းကောင်းလေးတွေကြည့် ရပြီး ဆိုင်ခွဲတွေလည်း အများကြီး ဖွင့်ထားရတဲ့ထိ MH Diamond & Jewelry ဆိုင်ကြီးက တစ်နေ့တစ်ခြား အောင်မြင်နေတာပေါ့

”မင်္ဂလာပါ MD”

“အေး မရွှန်းရောက်နေပြီမလား”

“ဟုတ်ကဲ့ ရောက်နေပါပြီ”

မနေ့ညက နိုင်ငံခြားစိန်လုပ်ငန်းရှင်းတွေနဲ့ Meeting ရှိလို့ Zoom ကနေ joinရင်း ညနက်သွားလို့ ၁၀နာရီကျော်လောက်မှ ဆိုင်ကိုရောက်တော့ မေးလိုက်တာ မရီးနံမည်ဆိုပေမယ့် သူရှာနေတာ ဟိုပေါက်စလေး

အဖြူရောင် အကျီလေးနဲ့ Laptop လေးမှာ တဇိုင်းစဆွဲနေတဲ့ ကောင်မလေးကို တွေ့တော့ အလိုလိုပြုံးမိသွားပြီး

“ဘယ်လိုလဲ အဆင်ပြေရဲ့လား”

ခရာဘေးမှာ လက်ပိုက်လာရပ်နေပြီး လုပ်ငန်းခွင်မှာဆို တစ်ဇိုင်းတစ်မျိုးနဲ့အထှာကျလွန်းနေတဲ့ ဇွဲကိုကြည့်ပြီး

“အင်း ပြေပါတယ်”

“ပြေရင်ပြီးတာပါဘဲ တော်ကြာနေ မပြေလို့ဆိုပြီး နေပြည်တော်ကို ပြန်ပြေးသွားမှာ စိုးလို့”

“လိုက်လာပြီဆိုထဲက ဆုံးဖြတ်ချက်ကို လွယ်လွယ်ပြန်ပြင်တဲ့သူ မဟုတ်ပါဘူး”

“တစ်ခွန်းမခံနော်”

“မခံပါဘူး”

“ရွာသူတွေက စွာတာဘဲ”

“ဘာရွာသူလဲ မြို့သူ”

တကယ်လဲ ခရာက မြို့သူပါ ဖေဖေနဲ့ အခုမှ အလည်လေးပြန်မိတာကို လူကို မဟုတ်တရုတ်လာပြောနေတဲ့ လူကို ဘုကြည့်ကြည့်ပြီး ပြန်ရန်တွေ့တော့

“ကဲ ဇွဲ နင်အလုပ်မလုပ်ဘူးလား ငါ ဟိုနားကနေရပ်ကြည့်နေတာ ကြာပြီနော်”

ရောက်ထဲက ခရာလေးနားကို သွားပြီး စနေတဲ့ မောင်ကို လာခေါ်နေရသည်။မဟုတ်ရင် ခရာလေးက စိတ်ဆိုးတော့မှာ

“ဟဲ ဟဲ လုပ်မှာပါ”

“ရီမနေနဲ့ ငါ သမီးလေးကို သွားခေါ်ရဦးမှာ ဒီနေ့ ပြီးရင် ဦးဆီသွားမှာ”

ရွှန်း မနက်စောစော အလုပ်လာပြီး ရွာကို ရွှန်းတို့နဲ့ သမီးလေးကိုထည့်မလွှတ်ဘူးဆိုတဲ့ မေမေကြောင့် သမီးလေးကို မေမေဆီဘဲ ထားခဲ့ရတာ အခုမှ သွားခေါ်ရမှာမို့ မှာစရာရှိတာတွေ ဆိုင်ရဲ့ဂျာကြီးကို မှာထားခဲ့ရသည်။

“ကျွန်တော် လိုက်ပို့ပေးမယ်လေ”

“မပို့နဲ့တော့ ဦးရဲ့အတွင်းရေးမှူးလာကြိုမှာတဲ့”

“အင်း”

“နင် ဒီမှာ ရပ်မနေနဲ့တော့ နင့်အခန်းထဲမှာ စစ်စရာ စိန်တွေ တဇိုင်းတွေ လက်မှတ်ထိုးစရာတွေ ပုံနေတာ

သွားတော့”

“သိပါတယ်”

ရွှန်းက ပြောပြောဆိုဆိုနဲ့ ခရာကို နှုတ်ဆက်ပြီး ထွက်လာလိုက်တော့သည်။

မရီးတို့ကတော့ အရိပ်အကဲကို နားမလည်ဘူး အေးလေ အဲ့လိုနားမလည်လို့လဲ ကိုကြီးလို စာအုပ်ကြီးနဲ့ညားတာ……

~~~~~~~~~

ဒီနေ့မှ ဆိုင်ကိုရောက်တယ် ဇွဲရဲ့ အရှုပ်ဇယားလေးတွေက ငွေကိုရေလိုသုံးနိုင်သူတွေမို့ စိန်ဝယ်ပြီးတာနဲ့

“ဒီဆိုင်ရဲ့ Bossနဲ့တွေ့ချင်တယ်”

“ဘာမလိုမကျတာရှိလို့လဲ မမ အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်”

“ငါ နင်တို့Bossနဲ့တွေ့ချင်တယ်လို့ ပြောနေတယ်လေ နင်နားလေးနေလား”

“ရှင်”

ခရာ ဆိုင်ရဲ့ မန်နေဂျာ မမနဲ့ တဇိုင်းပိုင်း စကားပြောနေတုန်း ကောင်မလေးတစ်ယောက်က ဆိုင်ရှေ့မှာ ပြသာနာတက်နေတယ်ဆိုပြီး လာခေါ်တာကြောင့် ခရာပါ လိုက်လာလိုက်သည်။

“ဘာဖြစ်လို့လဲ ညီမလေး အမက ဆိုင်ရဲ့ မန်နေဂျာပါ”

“ဒီကောင်မလေးလေ လူလိုပြောနေတာ နားမလည်ဘူး ငါနဲ့ ဇွဲ ခနနေတွေ့ပြီးရင် နင်လို ငတုံးတွေကို ဆိုင်က အလုပ်ထုတ်ပစ်မယ်”

ဘေးက မျက်ရည်လေးတွေ ဝဲနေတဲ့ ဝန်ထမ်းလေးကို လက်ညိုးထိုးပြီး မညှာမတာပြောနေတဲ့ ကောင်မလေးကို ခရာ သေချာကြည့်လိုက်တော့

ရုပ်လေးက တော်တော်လေးကိုကြည့်ကောင်းတယ် ပုံစံကလည်း အသိုင်းအဝိုင်းကြီးထဲက ထင်ပါရဲ့ ဘာလို့ လူလူချင်းကို ဒီလို တွေပြောနေလဲဆိုတာ ခရာ စဉ်းစားလို့ကို မရဘူး

“ကျွန်မတို့ ဝန်ထမ်းက ဘာများ စကားမှားလို့လဲရှင့်”

ကိုယ်ဝန်ထမ်းတွေကို ဘယ်လိုဆုံးမထားလဲ ဆိုတာ ကိုယ်ကိုကိုယ်အသိဆုံးမို့ မေးလိုက်မိသည်။

ဂျာကြီးပုံစံကြည့်ရတာလည်း ဒေါသကို တော်တော်လေးထိန်းပြီး ပြောနေတယ်ထင်ပါရဲ့ အသံလေးကတော့ မာနေတာ သိသာတယ်…..

“ဒီဆိုင်ရဲ့ Bossနဲ့ တွေ့ချင်တယ်ပြောတာကို အပိုစကားတွေ လာပြောနေတာလဲ”

“အမ အနေနဲ့ တွေ့ချင်တယ်ဆိုရင် ကြိုတင် ချိန်းတာဖြစ်ဖြစ် တွေ့ဖို့ အကြောင်းတစ်ခုခုရှိရင်ဖြစ်ဖြစ် ကျွန်မတို့က သွားခေါ်ပေးပါတယ်”

“အော် သူ့ကို တွေ့ဖို့ အကြောင်းအရင်း လိုသေးတာလား”

« ရှေ့အခန်း - အပိုင်း(၈) နောက်အခန်း - အပိုင်း(၁၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ