Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၈)

ဘီလီယံတာလေးရဲ့အသဲ

ခရာကားပေါ်ရောက်တော့ ခရာဘေးက ကောင်းမောင်းနေတဲ့ သူကြီးကို တူလေးကို ဘာပြောလိုက်တာလဲ မေးမလို့ရှိသေး

“ဘာလဲ ဘာလ်ို့ ခနခန ဖုန်းဆက်နေတာလဲ”

သူငယ်ချင်းဖြစ်သူတွေဆီက ဖုန်းဆက်တာကို အလိုမကျတဲ့မျက်နှာ တင်းမာနေတဲ့အသံနဲ့ပြန်ဖြေနေသည်။

“………….”

“မင်းတို့နဲ့ ဘာဆိုင်လဲကွာ”

“……………………….”

“ငါ့ညီလေးကို ငါပိုင်တယ်ပြောပြီးသား ငါရောင်းချင်မှဖြစ်တာ မင်းတို့ရောင်းလို့လဲမရဘူး ရောင်းချင်ရင် မင်းတို့ညီ မင်းတို့ရောင်းလေ”

ညီတဲ့ သူက ညီရှိသေးတာလား ဖေဖေတို့ပြောတော့ ဦးမင်းမဟာသွေးနဲ့သူနဲ့ နှစ်ယောက်ဘဲ ရှိတယ်ဆိုပြီးတော့

“……………”

“တော်ပြီကွာ ဒါဘဲ”

ဇွဲ ရှက်ရှက်နဲ့ဖုန်းချလိုက်တာ ကိုယ်ကိုကိုယ်အသိဆုံး ဘေးက သူလေးကို ကြည့်တော့လည်း ကားမှန်ဘက်လေးကို ကြည့်ပြီး ငြိမ်ချက်သားကောင်းနေလေရဲ့

ဇွဲမနက်ထဲ သူငယ်ချင်းတွေကို သူကားနဲ့မလိုက်ရင် မန်လေးရောက်ရင် ကလပ်တစ်ခုမှာ သူနံမည်ပြောပြီး တစ်ညအဝကဲလို့ ကြွေးကြော်ထားတာမို့…..

မဟာကားနဲ့လိုက်ကြပြီး မဟာကားဘက်က လူပြည့်သွားတာမို့ ခရာအဖော်မရှိမှာစိုးလို့ မရီးက ဇွဲကားနဲ့လိုက်မယ်ပြောတော့ ကိုကြီးက ကောက်တော်မူနေတာဆိုတော့ ကားပေါ်မှာ သူမလေးနဲ့သူ နှစ်ယောက်ထဲပေါ့ ကိုယ်ကိုက်ုယ်ဘာတွေ လုပ်မိနေလဲဆိုတာ တကယ်မသိတော့ဘူး

“ဟိုလေ ဟို”

ကိုယ်ဘက်ကစပြီး ဘယ်လို စကားပြောရမလဲ မသိလို့ ငြိမ်နေပေမယ့် သူမလေးဘက်ကစပြောလာတာမို့

“အွန်းပြောလေ”

“ကလေးကို ဘာပြောလိုက်တာလဲ ဟင်”

“တီတီကို ဦးဦးတို့နဲ့ထည့်လွှတ်ရင် မနေ့ဖြန် နေပြည်တော့ကို စက်ရုပ်ကားတွေ အများကြီးပို့ပေးမယ်လို့ ပြောလိုက်တာ”

“ဟာ ဒီကောင်လေးက အဒေါ်နဲ့ကားကို လဲတယ်

ပေါ့”

သူမလေး အပြောကြောင့် ဇွဲသဘောကျပြီးရီမိတာကို

“ဘာရီတာလဲ”

“ကလေးလဲလည်း လဲချင်စရာလေးကိုနော်”

“ရှင်နော်”

“မဟုတ်လို့လား”

“ဟုတ်မနေဘူး”

ခရာ ဘေးက လူကြီးကို တကယ်ကြည့်မရတော့ဘူး

လူကို သူစ စရာများထင်နေလား မသိဘူး တစ်လမ်းလုံးလည်း စနေတာ………

~~~~~~~~~~

ရွှန်းတို့အိမ်ကို ခရာလေးရောက်တာနဲ့ နေရမယ့်အခန်းကို လိုက်ပြလိုက်ပြီး ခရီးလည်း ပင်ပန်းလာတာမို့ ခရာ့အခန်းလေးထဲမှာဘဲ နားလိုက်တော့သည်။

ခရာ အိပ်ယာနိုးတော့ ညနေ ၆နာရီတောင်ရှိနေပြီမို့ မေမေတို့ကို ဖုန်းဆက်ပြီးတာနဲ့ အောက်ထပ်ကို ဆင်းတော့

“အတွန့်မတက်နဲ့ အိမ်ပြန်”

“မပြန်ဘူး”

“ဇွဲရယ် နင်ဘဲ ကွန်ဒိုမှာက သက်တောင့် သက်သာရှိတယ်ဆို”

“အရင်တုန်းကဆို အိမ်လာဖို့အရေးကို ပင့်နေရတာ အခု အဘွားလည်း တရားစခန်းမှာ မင်းက ဘယ်သူရှိလို့ နေချင်နေရတာလဲ”

ဇွဲတစ်ယောက် သူ့ရဲ့ ကွန်ဒိုကိုမပြန်ဘဲ ခရီးကပြန်လာထဲက အိမ်မှာဘဲနေတော့မယ်ဆိုပြီး လုပ်နေတာက်ု ဘာကြောင့်လဲဆိုတာ သဘောပေါက်တဲ့

မဟာနဲ့ရွှန်းက စနေတာမို့

“မသိဘူးဗျာ နေမှာဘဲ ဒေါ်ကြီးတို့ ကျွန်တော့်အခန်းကို သန့်ရှင်းရေးလုပ်ပေးထား”

“ဟုတ်ကဲ့ သခင်လေး”

“ညီမလေး လာလေ”

“ဟုတ်မမ”

ခရာ မမရွှန်းရဲ့ဘေးမှာ ဝင်ထိုင်လိုက်ကာ

“မမတို့ကမနားကြဘူးလား”

“သူရစ်နေလို့ ခုထိမနားရသေးပါဘူး ခရာလေးရယ်”

ခရာ့ အရှေ့မှာထိိုင်နေတဲ့ ဇွဲကို မေးငေါ့ပြပြီး ပြောနေတဲ့ မမရွှန်းကြောင့်

“အော် မမတို့ ညကျဘာစားမလဲ ခရာ ပြင်ပေးပါ့မယ်”

“အယ် ဘာမှမလုပ်ရပါဘူးတော့ ဒီမှာ လုပ်မယ့်သူတွေရှ်ပြီးသား ခရာရဲ့ မမနဲ့ဦးက မနားရသေးလို့ တက်နားဦးမယ် ညီမလေး တစ်ခုခုလိုချင်တာ ရှိရင် တစ်ယောက်ယောက်ကို ပြောလိုက်နော် လုပ်ပေးလိမ့်မယ် မမမှာထားပြီးသား”

“ဟုတ်တယ် ခရာ တစ်ခုခုဆို အားမနာနဲ့ ညီမလေးစိတ်ထဲမှာ ကူညီဖို့ ရောက်လာတာ အလုပ်လုပ်ဖို့ မဟုတ်ဘူးလို့ တွေးထားပါ ဘာမှ အားနာစရာမလိုဘူး”

“ဟုတ်ကဲ့”

ခရာ့ကို မှာစရာရှိတာတွေ မှာပြီးတာနဲ့ အိမ်ပေါ်ကို လက်လေးတွဲပြီး တက်သွားတဲ့ မမတို့ လင်မယားကို ကြည့်ပြီး ခရာ့မှာ အားကျလို့မဆုံးးးး

“သွားရည်တွေကျနေပြီ လက်ခံလိုက်ဦး”

တကယ်များလားဆိုပြီး ခရာ ပါးစပ်လေးကို ကိုင်ကြည့်တော့ ရီနေတဲ့ ဇွဲကြောင့်

“အမြင်ကပ်ဖို့ကို ကောင်းတယ်”

“မင်းအမြင်ကပ်လည်း ငါက ဒီမှာနေမှာ အမြဲတွေ့နေရမှာဘဲ”

“အလုပ်သွားရင်မတွေ့ရဘူးလေ”

“အဟက် စိန်ဆိုင်က ငါပိုင်တာလေ ကိုကြီးထောင်ခဲ့တာမှမဟုတ်တာ”

“ဘာ အဲ့တာဆို မမက”

“မရီက ငါ့ဆိုင်ကို အုပ်ချုပ်နေတဲ့သူမို့လို့လေ”

“အော်”

« ရှေ့အခန်း - အပိုင်း(၇) နောက်အခန်း - အပိုင်း(၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ