ဘီလီယံတာ သူဌေးလေးရဲ့အသဲ
“ဒါတွေက ညီမလေးဆွဲထားတဲ့ တဇိုင်းတွေလား”
“ဟုတ်တယ် မမ”
ရွှန်းလက်ထဲက စာရွက်လေးတွေကို ခရာလေးဆီပေးရင်း ရွှန်း မှန်းထားတဲ့ အဖြေလေးဖြစ်နေတာမ်ု့
“အခု ညီမလေးအားလား”
“ဟုတ်အားပါတယ်”
“မမတို့ စကားပြောချင်လို့ရလား”
မမရွှန်းလို သူဌေးကတော်လို လူတစ်ယောက်က အရေးကြီးစကားပြောစရာရှိလို့ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ ခရာ ထင်လိုက်တာမို့……
မေမေတို့ဆီ ခွင့်တောင်းပြီးတာနဲ့ မမတို့နဲ့တူတူ စကားပြောဖို့ လိုက်လာခဲ့သည်။
“ညီမလေးကို မမတို့ စိန်ဆိုင်တဇိုင်းပိုင်းမှာ ရာထူးတစ်ခုအနေနဲ့ ခန့်ချင်တယ် ညီမလေး”
“ရှင်”
“ခနက ညီမလေး လက်ထဲက စာရွက်ထဲမှာပါတဲ့ ရတနာတဇိုင်းတွေကို အရမ်း စိတ်ဝင်စားလို့ပါ”
ကိုယ့်တဇိုင်း ကိုယ့်အရည်အသွေးကို ခရာအမြဲတမ်း
ယုံကြည်တယ် ဒါပေမယ့် တဇိုင်းဆွဲခက လိုသလောက်ဘယ်တော့မှမရတာမို့ လိုအပ်တဲ့နေရာတွေ ရှိသေးလို့ဘဲဆိုတာ အမြဲတမ်းတွေးထားမိတယ်
“ဟိုလေမမ ခရာလက်ထဲက တဇိုင်းတွေက အရမ်းကောင်းနေတာမျိုးမဟုတ်ဘူးမမ ပြီးတော့လေ မမတို့ ခရာကို နေရာတစ်ခုပေးပေမယ့် ခရာက မမတို့မှန်းထားသလောက် အရာမထင်မှာ စိုးရိမ်တယ်”
ဒီကောင်မလေး ဘာလို့ ကိုယ့်ကိုကိုယ် မယုံကြည်နေလည်းဆိုတာ ရွှန်း သဘောပေါက်တယ် ဒီနိုင်ငံမှာက တော်တဲ့သူကို မြင်နေတွေ့နေရရင်တောင် သူတို့ ပိုတော်လာအောင် တွန်းမပို့ပေးဘဲ ဆွဲချကြတဲ့ သူတွေများတာကိုးးး
ခေါင်းလေးငုံပြီး ယုံကြည််မှု မရှိနေတဲ့ သူလေးကို ကြည့်ပြီး အားမရနေတဲ့ တက်ကြွလွန်းသူ ဇွဲကတော့
“မင်း ဒီလောက်အားနည်းမယ်မထင်ခဲ့ဘူး”
“ဘာကိုလဲ”
“မင်း ငါနဲ့တွေ့ထဲက ရန်ခနခန ဖြစ်တယ်လေ ငါထင်ခဲ့တာ ဒီကောင်မလေးက သူကိုယ်သူ ကာကွယ်တဲ့သူ သူကိုယ်သူ ယုံကြည်မှုရှိတဲ့မိန်းကလေးလို့ပေါ့”
“အခုက ဘာဖြစ်နေလို့လဲ”
အခုကျတော့ ခနက ငြိမ်ချက်သားကောင်းနေတဲ့ သူမဟုတ်တော့တဲ့အတိုင်း ရန်စွာနေပြီ
“အခု ကိုယ်ကိုကိုယ် မယုံကြည်နေတာလေ”
“မယုံကြည်တာမဟုတ်ဘူး ခရာက အလုပ်လုပ်တယ် ဘဲထားဦး မမတို့က မန်းလေးမှာ ခရာက နေပြည်တော်မှာလေ နေဖို့ ဆိုတာ ရှိသေးတယ်”
“အဲ့တာ အတွက် ညီမလေး စိတ်မပူနဲ့ မမတို့နဲ့ လာနေ”
“ဗျာ”
“ရှင်”
ဒီတစ်ခါ အံ့ဩသွားရတဲ့သူတွေကတော့ ဇွဲရော ခရာရောပါ
“ကိုကြီး နဲ့ဖြစ်ပါ့မလား မရီးရာ”
မဟာဆိုတဲ့သူက သူမိန်းမနဲ့သူ့သမီးသာတစ်ကမ္ဘာထင်ပေမယ့် အပြင်လူဖြစ်တဲ့သူတွေ အခုလို လာနေရင် ကြိုက်မှာမဟုတ်ဘူးဆိုတာ ဇွဲသိတာမို့
“ဘာကိစ္စ မဖြစ်ရမှာလဲ ဦးက ငါ့တစ်ခွန်းဘဲ”
ကိုကြီးက မရီး တစ်ခွန်းဆိုတာသိပေမယ့် သူမလေးအနေကြပ်မှာတော့ ဇွဲတွေးနေမိတာ အမှန်
“ဒါပေမယ့် မမ”
“ဒါပေမဲ့တွေ လုပ်မနေပါနဲ့တော့ လစာကို ညီမလေး စိတ်ကြိုက် တောင်းလို့ရတယ် မမတို့ ပေးမယ် ရာဂဏန်းထိ တောင်းချင်လား ဒါမှမဟုတ် တစ်ဇိုင်းတစ်ခုကို တစ်ခါတောင်းချင်လား ညီမလေး စိတ်ကြိုက်ဘဲ”
တဇိုင်းတစ်ခုကို ဘယ်လောက်ထိ ဝယ်ပြီး သုံးရလဲဆိုတာ သူ့တို့အသိဆုံးမို့ တော်တဲ့သူလေးကို ဘယ်လောက်ပေးရပေးရ ရွှန်းနဲ့ဇွဲ မနှမြောနိုင်ပါဘူး
“ဟုတ်ကဲ့ မမ ခရာ ဖေဖေ မေမေတို့နဲ့တိုင်ပင်ပြီးတာနဲ့ အကြောင်းပြန်ပါ့မယ်နော်”
“အင်း မမတို့ သဘက်ခါပြန်ကြမှာ အဲ့ကျ တူတူလိုက်လာမယ်လို့ မျှော်လင့်တယ်နော် ညီမလေး”
“ဟုတ်ကဲ့ ခရာကြိုးစားကြည့်ပါ့မယ်”
~~~~~~~~~
အိမ်ရောက်တာနဲ့ ဖေဖေနဲ့မေမေကို အကြောင်းစုံ အကုန်ပြောပြလိုက်တော့
“သမီးလေး သဘောကရော”
“ဖေဖေတို့ သဘောပါ”
“ဖေဖေကတော့ ဝမ်းသာတယ်သမီး”
“ရှင်”
ခရာဖေဖေကို ကြည့်လိုက်တော့လည်း ဖေဖေက တကယ်ပျော်နေတဲ့ပုံပင် မေမေကလည်း ဖေဖေစကားကို ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ပေါ့
“ဖေဖေ သမီးကို သာမာန် အလုပ်လေးနဲ့နေနိုင်ထိုင်
နိုင်ရမယ် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ကြီးလာမယ် ဒီလောက်ဆို ဝမ်းသာနေပေမယ့် အခုလို သမီး ဝါသနာပါတဲ့အလုပ်လေးကို ကျော့ကျော့မော့မော့လေးနဲ့ လုပ်နိုင်မယ် ဦးမင်းမဟာသွေးဆိုတာ သာမာန်လူမှ မဟုတ်တာ သမီးရယ် သူ့ဇနီးကိုယ်တိုင်က ကမ်းလှန်း လာမှတော့ သမီးအနာဂတ်လေးက ဒီထပ်တောင် တောက်ပလာဦးမှာ”
ဖေဖေပြောမှ ခရာလေး အဲ့ဒီအချက်ကို ထည့်စဉ်းစားမိပြီး အချမ်းသာဆုံး အကျော်ကြားဆုံးသူရဲ့ဇနီးကတောင် ကမ်းလှန်းခံရတာ ဘယ်လောက်တောင် ငါတော်လဲ ကံကောင်းလဲဆိုတာကိုပေါ့
“ဖေဖေတို့ ဆီက ခွင့်ပြုတာနဲ့ သမီး လုပ်မှာပါ”
“ဖေဖေတို့က သမီးလေး ပျော်ရင်ပြီးတာဘဲ”
“ဟုတ် ဟီးး”
ပျော်ရွှင်နေတဲ့ သမီးလေးကို ကြည့်ပြီး စိတ်ချမ်းသာပေမယ့် သမီးဖြစ်သူက ကလေးလိုမို့ သူများအိမ်မှာ နေမှာဆိုတော့ ပြောစရာ မှာစရာတွေက ရှိသေးတယ်လို့ တွေးမိတဲ့ မိခင်ကတော့
“ဟီးးမနေနဲ့ သူများအိမ်မှာ နေရမှာနော် မေမေပြောပြမယ် မိန်းကလေးဆိုတာ
…………………….……………………………………………………….”
မေမေရဲ့ ဓာတ်ပြားလေးကို နားထိုင်ရင်းဘဲ ဒီနေ့လေးက ကုန်ဆုံးရတော့တာပေါ့ မေမေက အစိုးရိမ်ကိုကြီးလွန်းတယ်လို့ ခရာတွေးမိလိုက်သည်။
~~~~~~~~~~~~~~~
ဒီနေ့ ခရာ မမရွှန်းတို့နဲ့ မန်းလေးကို လက်ရမယ့်နေပေါ့ အရင်နေ့တွေတုန်းက တက်ကြွနေပေမယ့် ဒီနေ့မှာ ခရာ မေမေ ဖေဖေရော တူလေးက်ုရော မခွဲနိုင်လို့ ငိုနေတာ မနက်ထဲက
“တိတ်ပါသမီးရယ် သမီးငိုတော့ သမီးတူလေးပါ ငိုနေတာပေါ့”
အဒေါ်နဲ့တစ်ဂျက်ဂျက် ရန်ဖြစ်တက်တဲ့ ပေါက်စလေးက အဒေါ်နဲ့ခွဲရမယ်ဆိုတာနဲ့ မနက်ထဲက ခရာလက်ပေါ်က မဆင်းဘဲ ဖက်ပြီး ငိုနေတာ
အခန်းမှတ်ချက်များ (0)