Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၁၈)

ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ

“ကျွန်တော့်ကို တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် အန်တီ”

ဒေါ်ခင်ချို သူ့အရှေ့က ကောင်လေးကို ကြည့်လိုက်တော့ တော်တော်လေး ချောမောခန့်ညားလွန်းပြီး သန့်ပြန့်နေတာများ ကြည့်လိုက်တာနဲ့ အထက်တန်းလွှာကသူများ သိသာနေတာမျိုး

အခြားအချိန်တွေဆို သွေးအေးလွန်း ပြတ်သားလွန်း မာနကြီးမယ့်ပုံ ပေါ်နေပေမယ့် သူနဲ့စကားပြောတဲ့အချိန် ယုန်သူငယ်လို သနားဖို့ကောင်းအောင် ကြောက်လန့်နေတဲ့ပုံပင်

“အေး အန်တီကလည်း တွေ့ရလို့ ဝမ်းသာပါတယ်”

“ကျွန်တော်နဲ့ကလေး ဟို ရွှန်းလေးက အခုမှ ချစ်သူဖြစ်တယ်ဆိုပေမယ့် ကျွန်တော် သူ့ကို တကယ်မြတ်နိုးတန်ဖိုးထားတာပါ အန်တီ အရမ်းလည်း တန်ဖိုးထားပါတယ်”

“အန်တီကလည်း သမီးက ဒီတစ်ယောက်လေးဘဲ ရှိတယ် သား အန်တီသမီးကို သားလက်ထဲ ထည့်ပေးဖို့ အန်တီ အရမ်းတွေးရတယ် ဘာလို့လဲ ဆိုတာ သားနားလည်မှာပါ”

ရွှန်းမေမေ ဘာကိုဆိုလိုလဲ ဆိုတာ ရွှန်းလေးနားမလာသလို မျက်နှာလေးဖြစ်ပြီး စိုးရိမ်သွားပေမယ့်

သဘောပေါက်လွယ်တဲ့ မဟာကတော့

ရွှန်းမျက်နှာလေးကို ကြည့်ပြီး စိတ်မပူနဲ့ဆိုတဲ့သဘောဖြင့် ကြည့်ကာ ပြုံးလိုက်ပြီး

“နားလည်ပါတယ် အန်တီ ကျွန်တော်တောင် ရွှန်းလေးကို အခုမှ တွေ့ပြီး ဒီလောက်ချစ်တာ မွေးထားတဲ့အမေက ဒီလောက်ချစ်စရာကောင်းတဲ့သမီးလေးကို ထည့်ပေးရမယ့်သူက ချမ်းသာတဲ့နောက်မှာ ရှုပ်ပွေနေမှာ စိုးရိမ်တာကို သိပါတယ် အန်တီ”

“ကျွန်တော်ရဲ့ အကြောင်းကို အန်တီ ကြိုက်သလောက် စုံစမ်းလို့ရပါတယ် ကျွန်တော်ရှုပ်ခဲ့ဖူးတဲ့ မိန်းကလေး တစ်ယောက်ရှိမယ်ဆိုရင်တောင် အန်တီ စိတ်ကြိုက် ဆုံးဖြတ်လို့ရပါတယ်”

မဟာရဲ့စကားအသွားအလာကို သဘောကျနေတဲ့ မိခင်ဖြစ်သူ

“အန်တီလုံလုံလောက်လောက် စုံစမ်းထားပါတယ် ဒါပေမယ့် အန်တီသမီးက အန်တီပိုင်ဆိုင်မှုထဲက တန်ဖိုးအကြီးဆုံးဘဲ သား”

“ဟုတ်ကဲ့ အန်တီ ကျွန်တော် အန်တီအချစ်ကို လိုက်မမှီနိုင်ပေမယ့် အန်တီထပ်မလျော့တဲ့ အချစ်မျိုးနဲ့ ချစ်ပါတယ်အန်တီ ကျွန်တော့်ရဲ့အသက် ဥစ္စာတွေ အကုန်လုံးနဲ့ ဒီကောင်မလေးကို လဲရမယ်ဆိုရင်တောင် တွေဝေခြင်းမရှိဘဲ လဲမှာပါ ကျွန်တော့် အသက်ထက်တောင် အရေးပါတဲ့သူလေးပါ”

ရွှန်းရှေ့မှာ ရွှန်းအချစ်ရဆုံးသူနှစ်ယောက်က ရွှန်းကို ဘယ်လောက်ချစ်ကြောင်းတွေ ထိုင်ပြောနေကြတာ နားထောင်ရတဲ့ ရွှန်းအတွက်

ငါလိုလူက ဒီကမ္ဘာမှာ အလောက်အရေးပါတဲ့သူပါလား ငါထိရှမှာတောင် မလိုလားတဲ့သူတွေရဲ့ အနီးနားမှာ နေရတဲ့ငါက ဘယ်လောက် ရှင်သန်ရတာ အဖိုးတန်လိုက်လဲ

တွေးရင်း မျက်ရည်လေးတွေ ဝဲနေတဲ့ ကောင်မလေးကို သတိထားမိလိုက်တဲ့ မဟာကတော့

“ကလေး ဘာလို့လဲ ဘာဖြစ်လို့လဲ”

ပြာပြာသလဲ ရွှန်း မျက်နှာကို ကြည့်ပြီး ချော့နေရကာ အနားသွားချင်ပေမယ့် မိခင်ဖြစ်သူလည်း ရှိနေတာမို့ ဆန္ဒကို သိက္ခာနဲ့ထိန်းရင်း

“ဘာလို့ငိုရတာလဲ ဘာဖြစ်လို့လဲ ဦးကိုပြော”

“ဘာဖြစ်လို့လဲ သမီး”

“ပျော်လို့ပါ”

ပျော်လို့တဲ့လား ကလေးရယ် ပျော်လို့ကျတဲ့ဆိုတာသိပေမယ့် ကလေးမျက်ရည်မြင်ရင်ကို ဦးရင်ထဲ သံရည်ပူတွေ လောင်းနေသလိုဘဲ

“မငိုရဘူး ဒီထက်လည်း အများကြီး ပျော်ရဦးမှာ ပျော်လို့ရတယ် ကလေး စိတ်ကြိုက် ပျော်လို့ရတယ် ဒါပေမယ့် မျက်ရည်တော့မကျပါနဲ့ ဦး မခံနိုင်လို့ပါ”

ဒေါ်ခင်ချို မဟာကို ကြည့်လိုက်တော့လဲ သမီးမျက်နှာကိုကြည့်ပြီး စိတ်ပူမှုတွေကို ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့မို့

ဒီကောင်လေး ဘယ်လောက်တန်ဖိုးထားလဲဆိုတာ တန်းသိလိုက်ရသည်။

“ဟင်းးးးမငိုနဲ့တော့ သမီး သားကို အန်တီနောက်ဆုံးပြောချင်တာက သမီးလေးကို လက်မထပ်ခင်ထိ တန်ဖိုးထားပေးဖို့ပါ သမီး အဆင်သင့်ဖြစ်ပြီလို့ ပြောတဲ့ချိန် အန်တီ ဆီ သား လာတောင်းရမ်းလို့ရပါပြီ”

သဘောတူတယ်ဆိုတဲ့သဘောဖြင့် ပြောလိုက်တဲ့ မတော်ရသေးတဲ့ ယောက္ခမကြီးကို

“ကျေးဇူးတင်ပါတယ် အန်တီ ကျွန်တော် တကယ် တန်ဖိုးထားပါမယ်လို့ ဂတိပေးပါတယ်”

“ဟုတ်ပီ အန်တီ ယုံတယ် ကဲ သားနဲ့သမီး စကားပြောကြဦး သမီးဘိုးဘိုးကိုလည်း ဘုန်းကြီးကျောင်းကနေ သွားခေါ်ရဦးမှာ မေမေ သွားလိုက်ဦးမယ်”

“ဟုတ်ကဲ့ အန်တီ”

“ဟုတ်ကဲ့ မေမေ”

မေမေ ထွက်သွားပြီ ဆိုတာနဲ့ ဦးက ရွှန်းနား ရောက်လာပြီး

“အချစ်ကလေးက ဘာလို့ ငိုရတာတုန်း ကလေးလေးရယ်”

မျက်ရည်တွေကို သုတ်ပေးနေရင်း ငိုလို့ စိတ်မကောင်းဖြစ်နေတဲ့ ဦး

“ပျော်လို့ပါဆို ဦးကရော မပျော်ဘူးလား”

“မပျော်ဘဲ နေမလား ကလေးရယ် ဒါပေမယ့် ဦးကလေးလေး ငိုတော့ အပျော်တွေ ဘယ်နားရောက်သွားလဲ မသိဘူး”

“ရွှန်းက ပျော်လို့ ငိုတာပါဦးရဲ့ “

“ဟုတ်ပါပြီဗျာ ဒါပေမယ့် နောက်ခါ ဘယ်တော့မှ မျက်ရည်မကျရဘူးနော် ဦးကလေးလေး အနားခေါ်ထားဖို့ ကြိုးစားရတော့မယ်”

“အခုလည်း ကြိုးစားနေတာဘဲကို”

“မတူတော့ဘူးလေ ဦးတို့ရဲ့ အနာဂတ်တွေ ကလေးလေးတွေအထိ တွေးရတော့မယ်လေ”

“ဟာ ဦးနော်”

“အဟက်”

~~~~~~~~~~~~~~~~~~~~

“ပွဲအစီစဉ်တွေကို မကြာစေနဲ့ ရဲရင့် ငါကလေးက အကြာကြီး ပွဲထဲ နေနိုင်မှာ မဟုတ်ဘူး”

ပွဲရဲ့တစ်နေရာကနေ ရဲရင့်နဲ့ ဝန်ထမ်း များစွာကို မှာကြားနေတဲ့ မဟာ

“ဟုတ်ကဲ့ ဥက္ကဌ”

“ငါ ကလေး ဆီသွားလိုက်ဦးမယ်”

မှာစရာရှိတာ မှာပြီးတာနဲ့ ပွဲထဲကလေးလေးကိုရှာတော့ လူစုနေတဲ့နားလေးကြည့်မိတော့ သူကလေးလေးကို တွေ့လို့ လမ်းလျှောက်သွားပြီး

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသမျက်လုံးတွေက ကြည့်ခံရသူတိုင်း ပြာကျတော့မလို

“ငါကလေးကို ဘယ်သူထိရဲတာလဲ”

« ရှေ့အခန်း - အပိုင်း(၁၇) နောက်အခန်း - အပိုင်း(၁၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ