Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၁၉)

ဘီလီယံနာ သူဌေးလေးရဲ့ချစ်သူ

“တောက် ငါမေးနေတာကြားကြလား ငါ့ကလေးကို ဘယ်သူထိတာလဲလို့”

ဝိုင်တွေ စိုနေတဲ့ မျက်နှာ အကျီလေးတွေနဲ့ ကလေးကို ကြည့်ပြီး ဒေါသတွေက တစ်ဆင့်ပြီး တစ်ဆင့် အရှိန်တက်လာတာကို

ဘေးကကြည့်နေတဲ့ ကောင်မလေး အုပ်စုတွေနဲ့ ဇွဲမဟာထက် အဝေးလှန်းကြည့်နေတဲ့ လုပ်ငန်းရှင်တွေဥက္ကဌဖြစ်သူ ဒေါသကိုကြည့်ပြီး ကြောက်လန့်နေကြတာမို့ ဘယ်သူမှ အသံမထွက်ရဲကြပေမယ့်

“ဦး ဘာမှမဖြစ်ဘူး ရွှန်း အကျီသွားလဲလိုက်မယ် အဲ့တာဆို ရပါပြီ”

ရဲရင့် လာပေးတဲ့ ပုဝါကို ယူပြီး မျက်နှာလေးကို တယုတယ သုတ်ပေးရင်း

“မင်းတို့ဖြေမှာလား”

“ကိုကြီး ဒီလိုပါ”

ပထမဆုံး အသံထွက်လာတာကတော့ ဇွဲပါ ခါတိုင်းအစ်ကိုဖြစ်သူကို မကြောက်တက်ပေမယ့် မရီးကို ထိလိုက်တော့ ဒေါသဘယ်လောက် levelရှိ ရောက်နေမလဲဆိုတာ ဇွဲ အကဲခက်မိတာပေါ့

“သူတို့က မရီးက ဒီအကျီ ဝတ်လာလို့ ပြသာနာ ရှာကြတာ ကျွန်တော် ရောက်လာတော့ ရှင်းလိုက်ပါပြီ”

“ဘာ မင်းရှင်းတာ ငါ့ကလေးက ဒီလိုပုံနဲ့လား”

“ကျွန်တော် ရောက်တော့ သူတို့က ပတ်ပြီးသွားပြီ မရီးကလည်း သူတို့ကို ဆော်ပြီသွားပြီ”

သူကလေးကလည်း ဆော်ထားတယ်ဆိုလို့ ကျေနပ်ပေမယ့် ဒေါသကတော့ မလျော့သွားဘဲ

“တော်တယ် ကလေး သွား အကျီ သွားလဲ မင်းတို့ မမလေးကို ခေါ်သွားကြ အကျီ လဲပေးခဲ့”

“ဟုတ်ကဲ့ ဥက္ကဌ”

အနောက်မှာ ရပ်နေတဲ့ ဝန်ထမ်းမလေးတွေနဲ့ ကလေးကို ထည့်လွှတ်လိုက်ပြီး

“မင်းတို့က ဘာကိစ္စ ငါ့ကလေးကို ဟိုဟာဝတ်တယိ ဒီဟာဝတ်တယ် ပြောရတာတုန်း ဟမ် တန်လို့လား”

အပြောခံလိုက်ရတဲ့ ကောင်မလေး သုံးယောက်ရဲ့ မျက်နှာမှာ ကြောက်လန့်မှု ရှက်ရွံ့မှုတွေနဲ့

“ဟို ဟို ဒီတိုင်းဘဲ ပြောမိတာပါ”

“ဒီတိုင်းပြောတယ်ဆို ငါ့ကလေးက ဝိုင်တွေ စိုစရာလား ငါ့ရဲ့သမိုင်းမှာ မိန်းကလေးတွေကို လက်ပါခဲ့တာမရှိလို့ မလုပ်ဘူး မထင်နဲ့ ငါ့ကလေးကို ထိရင် မင်းတို့လောက်ကတော့ အမှုန့်ချေလို့ရတယ်”

“ဇွဲ နင်ဝင်ပြောလေ ငါဘာလို့ ဝိုင်နဲ့ပတ်ရလဲဆိုတာ”

အစ်ကိုဖြစ်သူဒေါသမျက်လုံးက ဇွဲဘက်ကို ရောက်လာပြီး

“ဟာ ကိုကြီး သူလျှောက်ပြောတာနော် ကျွန်တော်နဲ့မရီးက တူတူ ဝင်လာတာ အဲ့တာကို ဘာမှ မပြောဘဲ ဘလိုင်းကြီး ပြောပြီး မရီး ဂါဝန်ကို စပြောတော့တာဘဲ”

“ငါတို့ ချစ်သူတွေလေ တူတူဝင်လာတာကို ငါစိတ်မဆိုးဘဲ နေမလား”

ပြသာနာကို ပိုကြီးအောင် မီးခွက်ထွန်းရှာနေတဲ့ ဟာမကြောင့်

“ဟာဟေ့ ငါပြောမယ် မင်းကို ချစ်တယ်ပြောမိလား တစ်ညဘဲ ညစာစားဖူးတာလေ”

ညီဖြစ်သူရဲ့ ချီးထုပ်ကြား ကလေးက ဝင်ညှပ်တယ်ဆိုတာ သဘောပေါက်ပြီး

“ဇွဲမဟာထက်!!!!မင်းရောက်နေတာ ၁လကျော်ဘဲ ရှိသေးတာနော် ပြသာနာ ရှာတက်တာဘဲ”

သေပြီ သေပြီ ကျစ် စိတ်ညစ်လိုက်တာကွာ ဒီဟာမနဲ့ပတ်သတ်မိတာကိုက ငါ့အမှား ကဒ်ပိတ်လိုက်လို့ကတော့ ငါတော့ သွားပြီ

“ကိုကြီး ကျွန်တော်….”

“မင်းတို့ကုမ္မဏီတွေ မနေ့ဖြန်က စပြီး ဘာဖြစ်မလဲဆိုတာ အိမ်ကထိုင်စောင့်နေကြ”

“ရှင် မလုပ်ပါနဲ့ ဥက္ကဌရယ် ကျွန်မ မှားပါတယ် ကျေနပ်တဲ့ထိ တောင်းပန်ပါ့မယ်”

“ကျွန်မရောဘဲ”

“မှားသွားပါတယ် ဥက္ကဌ”

“တစ်ခုမှတ်ထားကြ မင်းတို့ရှေ့မှာ ခနက ရပ်နေတဲ့ ရွှန်းလဲ့ကြည်လင်ဆိုတဲ့ ကောင်မလေးက မင်းတို့ထိချင်တိုင်း ပြောချင်တိုင်း လက်လွှတ်စပယ် ပြောလို့ရမယ့် သူမျိုးမဟုတ်ဘူး မင်းတို့ မော့တောင် ကြည့်လို့မရနိုင်တဲ့ အမြှင့်ဆုံးမှာ ရှိနေမယ့်သူ မင်းတို့ ဦးညွှတ်ရမယ့် သူဘဲ ငါဆိုတဲ့ ကောင်ထပ်တောင် အရေးပါတဲ့သူ”

“ဟုတ်ကဲ့ပါ ဥက္ကဌ”

သူရဲ့ကလေးလေးကလည်း ပြန်စွာထားတာများ ဟိုမိန်းကလေးထဲက တစ်ယောက်ရဲ့ပါးဆို သွေးတောင်စို့လို့ စွာစိလေးက ပြန်စွာတက်လို့တော်သေးတာပေါ့

“အာကာ သူတို့ကို နောက်ခါ မဟာစံအိမ်ကပွဲတိုင်း MHကုမ္မဏီက ပွဲတိုင်း မတက်စေနဲ့ ငါမျက်စိရှေ့က ခေါ်သွားကြတော့”

“ဟုတ်ကဲ့ ဥက္ကဌ”

အနီးနားမှာ ကျန်ရှိနေတဲ့ သူလေးကတော့ မျက်နှာငယ်လေးဖြင့်

“ကိုကြီး ကျွန်တော်”

“အသံထပ်မထွက်နဲ့ မင်းရည်းစားထပ်ရှုပ်နေမယ်ဆိုရင် အဘွားကို အကုန်ပြောပစ်မယ်”

“ဟာဗျာ”

နိုင်ငံခြားက ကလေးတွေက လန်းသလောက် ဒီက ကလေးတွေက ဇယားရှုပ်လွန်းလို့ လူပွေလေး စိတ်ညစ်နေလေရဲ့

(ဒီအဆိုးလေးလည်း ထိန်းပေးမယ့် သူလေး လိုနေပြီ ထင်ပါရဲ့)😆

~~~~~~~~~~~~~~~~~~

“ကလေး ဘာဖြစ်သွားသေးလဲ”

“ဘာမှမဖြစ်ဘူး ရွှန်က အပတ်ခံရုံလေးဘဲ သူတို့ကို သုံးယောက်လုံး ရိုက်လိုက်ရတယ်”

ကျေနပ်နေသလိုပြောနေတဲ့ ငတိမလေးကြောင့်

“အဟက် တော်တော် စွာတဲ့ကောင်မလေး”

“အဲ့ကောင်မလေးက ဦးအသဲလေး မဟုတ်ဘူးလား”

“ဟုတ်ပ ဦးအသဲလေး ဦးရဲ့ရွှေဥလေး ဦးရဲ့ပိစိကွေးလေး”

“ဟီးး”

« ရှေ့အခန်း - အပိုင်း(၁၈) နောက်အခန်း - အပိုင်း(၂၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ