ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“ဦး”
ဟောလာပါပြီ ဒီနေ့တစ်နေကုန် မတွေ့ရသေးတဲ့ သူ့ရဲ့အသဲအသက်လေး
“ဖြေးဖြေး ကလေး ဘာလို့ပြေးလာရတာတုန်း”
နှုတ်ခမ်းလေးပေါ်နဲ့နဖူးလေးပေါ်က ချွေးလေးတွေကို ဦးလက်ဖဝါးလေးနဲ့သုတ်ပေးနေတုန်း
ဦးရဲ့ရင်ခွင်လေးကို ရွှန်း တော်တော်လေးလွှမ်းနေပြီမို့ အတင်းတိုးဝင်လိုက်ပြီး
“လွမ်းလို့ပေါ့ ရွှန်း ဦးရင်ခွင်လေးကို လွမ်းနေတာ ကြာပြီ ဦးရဲ့”
ချွဲလွန်း ရင်ခွင်ထဲ တိုးဝင်နေတဲ့ ခေါင်းသေးသေးလေးကို ပွတ်ပေးရင်း
“အဟက် အတက်ကလေး”
“မတက်ပါဘူး တကယ်ပြောတာပါနော် ဦးရင်ခွင်လေးက နွေးတယ် ပြီးတော့ ဒီနားလေးက ရင်ခုန်သံကြားနေရတာ အဲ့ဒီအသံလေးကို သဘောကျတယ် ရွှန်းတိုးဝင်လေ ပိုကြားရလေဘဲ အဲ့ဒီအသံလေးနားထောင်ရတာကို ကြိုက်လွန်းလို့ ဒီရင်ခွင်ထဲက ပြန်မထွက်ချင်ဘူး”
လက်သေးသေးလေးနဲ့ရင်ခုန်သံကြားနေရတဲ့ နေရာလေးကို ထောက်ပြီး သဘောကျကြောင်းပြောနေတဲ့ ကလေးလေးကို
“ဟာကွာ ဒီကောင်မလေးကို အိမ်ပြန်မပို့ဘဲ နေလိုက်တော့မှဘဲ ချစ်လွန်းလို့ ပါးစပ်ထဲ ငုံထားချင်တော့တယ်”
“ဟီး”
“ဦးတို့ မုန့်သွားစားကြစို့”
“ဟုတ်”
လက်လေးဆွဲပြီး အကောက်ပေါက်လေး စားချင်နေတဲ့ ဝက်သားတုတ်ထိုးဆိုင်မှာ အဝလိုက်ဝယ်ကျွေးပြီး……..
အချိန်တွေက မြန်တယ်ဘဲ ပြောရမလား ပြန်ပို့ချိန်တောင်ရောက်ပြီမို့
“ကလေးရယ် ဦးမခွဲနိုင်တော့ဘူး”
“တူတူပါဘဲ ဦးရဲ့”
“ကလေးအမေကို လိုက်တွေ့လိုက်တော့မယ်ကွာနော်”
“မေမေကလည်း ဦးကို တွေ့ချင်တယ်ပြောတယ် ဆေးရုံဖွင့်ပွဲပြီးရင် တွေ့ပေးမယ်လို့ ပြောထားတယ်”
“ဟာကလေးကလည်း အဲ့တာ ဦးကို ပြောပါ့လား ဆေးရုံကိစ္စက ကလေးထက် ဘာအရေးကြီးလဲ
ဒီလိုလုပ်ကလေးအခုညကို မေမေကို ပြောတာ ဦးမနေ့ဖြန်လာတွေ့မယ်”
ချက်ချင်းကြီး လာတွေ့မယ်ပြောနေတဲ့ဦးကြောင့်
“ဦးကလည်း မမြန်ဘူးလား”
“မမြန်လို့မရဘူး အသဲလေး ဒီလိုသာဆို ကလေးနဲ့ဦးက ခိုးတွေ့နေရမှာ ကလေးကလည်း မေမေ့နားဘဲ ကပ်နေမှာ ခါတိုင်းလို ဦးဆီ တစ်နေကုန်နေမှာမဟုတ်ဘူး သင်တန်းဖွင့်လည်း သင်တန်းပြီးတာနဲ့အိမ်တန်းပြန်မှာ ဦးသိတယ်”
ဦးပြောတာလည်း ဟုတ်နေတာမို့
“ဟီး ဟုတ်ပါတယ် အဲ့ဒါဆို ညမေမေ့ကို ပြောပြီး ဦးကို ဖုန်းဆက်မယ်နော် ဟုတ်ပီလား”
“အွန်း”
“နမ်းဦးမယ်”
ပါးလေးကို လက်လေးနှစ်ဖက်နဲ့ အုပ်မိုးကိုင်ပြီး မျက်နှာ အနှံနမ်းနေကာ
“တော်ပီနော် ဦး”
“ဟော စွာနေတဲ့ ဒီနေရာလေး ကျန်သေးတာဘဲ”
“အွန့်”
နှုတ်ခမ်းဖူးဖူးလေးကို အတင်း နမ်းရှိုက်ယူပြီး
ပြန်မနမ်းတက်သေးတဲ့ ကလေးလေးကတော့ ဦးရဲ့အနမ်းတွေအောက်မှာ သာယာမှိန်းမောပြီး အချိန်အတော်ကြာမှ ဦးရဲ့နှုတ်ခမ်းတွေဆီက လွတ်မြောက်ခဲ့ရသည်။
“ပင်ပန်းသွားလားကလေး”
အသက်ရှုပြင်းနေတဲ့ ကလေးလေးကို ဆံပင်လေးသပ်ပေးရင်းမေးတော့ ရှက်ပြီး ပါးလေးကို ရဲလို့
“ဖယ် ပြန်တော့မယ်”
“မဝသေးဘူး ကလေးရယ်”
“ဦးမင်းမဟာသွေး ဟွန်းနော်”
မျက်စောင်းလေးထိုးပြီး ရှက်နေတဲ့ကောင်မလေးကို အူယားလွန်းလို့ ပါးလေးတစ်ချက်နမ်းလိုက်ကာ
“အဟက် ချစ်တယ် ကလေးလေး ညကျ ဖုန်းဆက်နော်”
“ဟုတ် ဦး”
ကားတံခါးလေး ဖွင့်ဆင်းသွားတဲ့ ကလေးလေးကို ကြည့်ပြီး
ဘယ်တော့များမှ ဒီကလေးလေးကို ပိုင်ဆိုင်ရမှာလဲကွာ ပြန်မလွှတ်ချင်လောက်အောင်ကို မင်းလေးရဲ့စွမ်းအားက ကြီးလွန်းနေတာ ချစ်လိုက်တာ အသဲလေးရယ်
~~~~~~~~~~~~~~~~
စာရင်းတွေထိုင်လုပ်နေတဲ့ မေမေကို ရွှန်း ထိုင်နေရင်း ပြောသင့်မပြောသင့် စဉ်းစားနေပေမယ့်
မထူးလည်း ပြောရမယ့်အတူတူ စွန့်စားပြီး ရဲသွေးတင်ကာ
“မေမေ”
“အွန်း”
“မေမေကို သမီးပြောစရာရှိလို့”
“ပြောလေ သမီး”
“ဟိုလေ ဟို ဦးကလေ မနေ့ဖြန် မေမေ့ကို တွေ့ဖို့ ခွင့်တောင်းခိုင်းလို့ မေမေ”
မင်းမဟာသွေးဆိုတာ မြန်မာနိုင်ငံမှာ လုပ်ငန်းပေါင်း များစွာလုပ်ကိုင်နေတဲ့သူ ငယ်ရွယ်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်း အလုပ်လုပ်နေတဲ့သူကို
သမီးလေးနဲ့ပတ်သတ်ပြီး ချိန်းရင် သူဘက်က မင်းမဟာသွေး အားတဲ့ထိ စောင့်ရမှာကို နားလည်ပေမယ့် အခုချိန် သူကိုယ်တိုင်က တွေ့ခွင့်တောင်းတာမို့
သမီးလေးက သူ့အတွက် ဘယ်လောက်အရေးပါလဲဆိုတာ ခံစားမိလိုက်သည်။
“ဟုတ်ပီလေ မနေ့ဖြန် ၉နာရီလောက် လာဖို့ပြောလိုက် သမီးလည်း မနေ့ဖြန် သင်တန်းပိတ်သေးတာဘဲကို”
“ဟုတ်ကဲ့ မေမေ”
အခန်းမှတ်ချက်များ (0)