Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၁၆)

ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ

ဒီနေ့ မေမေ လာမှာမို့ မနက်ထဲက အိမ်ကနေ ဘယ်မှမသွားဘဲ အိမ်မှာဘဲ စောင့်နေကာ

ဦးကတော့မနက်ထဲက လွမ်းနေပါပြီဆိုပြီး တစ်ရက်လေး မတွေ့ရတာကို ခနခန ဖုန်းခေါ်နေလေရဲ့

“ကားသံကြားတယ် ဘိုး မေမေထင်တယ်”

ဆိုကာ ထပြေးပြီး သွားကြိုတော့ မိခင်ဖြစ်နေတာမို့

ပြေးဖက်ပြီး ရင်ခွင်ထဲ ဝင်ကာ ချွဲနေတဲ့ ကလေးလေး

“အဟင့် အဟင့် အီးးးဟီးး”

ရင်ခွင်ထဲကနေ ငိုချလိုက်တဲ့ သမီးငယ်လေးကြောင့်

“ဟော်တော် မေမေ့သမီးလေး ဘာဖြစ်တာတုန်း ခုထိကို ကလေးကြီး လာလုပ်နေတာ”

“မေမေကလည်း”

“တော်ပီ မငိုရပါဘူး ကလေးဆိုးလေး တိတ်တော့”

“ဟုတ်”

သားအမိနှစ်ယောက် အလွမ်းသယ်နေတာကို ပြုံးကြည့်နေပြီးမှ

“သမီးကြီး လာ အိမ်ထဲ မြေးလေး မေမေကို အိမ်ထဲခေါ်လေ”

“ဟုတ် ဘိုးဘိုး”

“သမီးလေး ဒီနေ့အလုပ်မသွားဖူးပေါ့”

“ဟုတ် မေမေ ဒီနေ့ မေမေလာမှာလေ မေမေထပ်အရေးကြီးတာ ဘာရှိလို့လဲ”

တအားကိုပေကပ်နေပြီး ချွဲနေတဲ့ သကြားခဲမလေးပါ

“အမလေးတော် စကားတွေ မတရားကို တက်နေတာ ငါတော့ ဒီဟာမလေးပူဆာတာတွေ ဝယ်ပေးရတော့မယ်ထင်တယ်”

“ဟားးဟားး မြေးလေးက လိုအပ်တာ ရှိပါဦးမလား သမီးကြီးရယ်”

ဘိုးဘိုးစကားကို ရွှန်း နားမလည်သလိုလေး ကြည့်နေတုန်း မေမေက ရွှန်းပါးလေးကိုင်ပြီး

“ဘာလိုဘဲ ဖြစ်ဖြစ် ဖေဖေရယ် ကိုယ့်ဘက်ကတော့ အပြည့်အဝ ပေးရဦးမယ်လေ”

“ဘာတွေပြောနေတာလဲ မေမေ”

“မေမေ့သမီးလေး မောင်မင်းမဟာသွေးနဲ့ဖြစ်နေတာ မေမေသိတယ်”

“ရှင်”

“မေမေလည်း ငယ်ရာကကြီးလာတာ သမီး မကုန်နားလည်တယ်”

“ဟိုလေ ဦးက သမီးကို တကယ် ချစ်တာပါ မေမေ”

မေမေက ဦးကို အကောင်းအမြင်မှာ စိုးရိမ်တာက တစ်ကြောင်း အသက်ကွာလို့ ပြောမှာကို လည်း စိတ်ပူရသည်။

“မေမေ ကြားသင့်သလောက်ကြားပါတယ် မေမေသမီးလေး ရွေးချယ်တာ မေမေ မပြောလိုဘူး ဒါပေမယ့် သူနဲ့မေမေ စကားတော့ ပြောရဦးမယ် သမီးလေး”

“ဟုတ်တယ် မြေး ဘိုးဘိုးသိလို့ မြေးလေး မေမေကို အကြောင်းစုံ ပြောထားတာ ကန့်ကွက်စရာအနေအထားမှာ မရှိပေမယ့် သမီးမေမေမှာ သမီးလေးဘဲရှိတဲ့အတွက် သူ့သမီးလေးကို တန်ဖိုးထားတက်ဖို့ ပြောဦ်းမှာ”

“သမီးဘိုးဘိုးပြောတာ နားလည်လား”

“ဟုတ်မေမေ ဦး ဆေးရုံ ဖွင့်ပွဲရှိသေးတာမို့ ပြီးတာနဲ့ သမီးချိန်းပေးပါ့မယ်”

“အင်း မေမေနားတော့မယ် မေမေနဲ့လိုက်ခဲ့”

“ဟုတ်ကဲ့”

~~~~~~~~~~~~~~~~~

မနက်ထဲက သူ့ကလေလေးကို မတွေ့ရသေးလို့

ဘာလုပ်လုပ် အလိုမကျဖြစ်တာ

“ရဲရင့် ငါတို့အိမ်ပြန်မယ်”

“ဗျာ”

“ဗျာမနေနဲ့ အခုချက်ချင်း ကားထုတ်ခဲ့”

“ဥက္ကဌ ရှယ်ယာအစည်းအဝေးနဲ့ဆေးရုံ က ပရောဂျက်အသစ်တွေအတွက် ဒေါက်တာတွေကို အစည်းအဝေးခေါ်ထားသေးတယ်”

“ကျစ် ဘာလုပ်လုပ် အဆင်ပြေတယ်လို့ မင်းထင်နေလား”

ရွှန်းလေးနဲ့ဒီနေ့လေးမတွေ့မပြောရတာနဲ့ဘဲ ငါကိုဘဲ ဖိဟောက်နေတော့တာဘဲ မွှန်ကို မွှန်လွန်းတယ်

“မထင်ပါဘူး”

“အဲ့တာဆို အကုန် ဖျက်…..”

“တီ တီ တီ”

စာပွဲခုံပေါ်ကဖုန်းလေးမြည်လာတော့ my babyတဲ့ မျက်နှာကြီးကပြုံးသွားလိုက်တာများးး

“ခနနေဦး ကလေးဆီကဖုန်းဝင်နေတယ်”

“ဟုတ်ကဲ့”

“ကလေးလေး ဘာလုပ်နေလဲ ဦးလွမ်းနေပြီ”

“တူတူပါဘဲ ဦးရဲ့ ညနေကျ ရွှန်းထွက်ခဲ့မယ်လေ ဝတ်သားတုတ်ထိုးသွားစားရအောင်”

“သွားလေ ဦးလာခေါ်မယ်”

“ဟုတ် ဦး ခနက မေမေနဲ့တူတူတစ်ရေးအိပ်ပျော်သွားလို့ အခုနိုးမှဆက်လိုက်တာ”

ပြောတော့ လွမ်းတယ်တဲ့ ဒင်းလေးက သူ့မေမေနားကပ်ပြီး အိပ်တောင် အိပ်လိုက်သေးတယ် တော်တော် အိပ်ရေးမက်တဲ့ပိစိကွေးမလေး

“အဟက် ဟုတ်ပါပြီဗျာ အဲ့ဒါဆို ဦး ညနေ လာခေါ်မယ်”

“ဟုတ် ဦး ဒါဘဲနော်”

“ချစ်တယ် ကလေး”

ဖုန်းချပြီးတာနဲ့ဘေးကရပ်နေတဲ့ ရဲရင့်ကို ကြည့်လိုက်တော့ ပြုံးစိစိနဲ့မို့

“ရဲရင့် ငါက ငါကလေးလေးနဲ့မတွေ့ရရင် စိတ်အခြေအနေမကောင်းဘူးလို့မင်းထင်လား”

“ထင်တာပေါ့ ဟိုကဖုန်းဆက်ရင်တော့ ဥက္ကဌနဟုတ်သလိုဘဲ ပြီးရင် လူတကာကို ဖိဟောက်လိုက်

ပြသာနာရှာလိုက်နဲ့”

“HR ဌာနကို ဖုန်းဆက်စေချင်ပြီထင်တယ်”

သူမေးလို့လည်းဖြေရသေးတယ် အခုကျ HRကိုဖုန်းဆက်ပြီး လစာလျော့ခိုင်းဦးမယ်သဘော

“စတာပါ ဥက္ကဌ ကလည်း”

“မင်းတော့ပြုတ်စော်နံနေပြီ သွား အစည်းအဝေးပွဲကို နောက် ၅မိနစ်နေရင် စမယ်လို့”

“ဟုတ်ကဲ့ ဥက္ကဌ”

~~~~~~~~~~~~~

« ရှေ့အခန်း - အပိုင်း(၁၅) နောက်အခန်း - အပိုင်း(၁၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ