Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၁၅)

ဘီလီယံတာသူဌေးလေးရဲ့ချစ်သူ

“ဘာဘဲဖြစ်ဖြစ် အခုချိန် တစ်ယောက်ထဲ ပွဲမတက်နိုင်ဘူး ကလေးနဲ့ဘဲတက်မယ်”

အရင်က တစ်ယောက်ထဲဆိုတာ မထူးဆန်းပေမယ့် အခုချိန် သူအချစ်ဆုံးကလေးလေး ရှိနေပြီ မလား…

“ဦးကလည်း ရွှန်းကမနက်ဆို သင်တန်းချိန်နဲ့လေ မအားဘူး သင်တန်း ခနခန မပျက်ချင်ဘူး ဦး”

“အဲ့ဒါဆို ပွဲချိန်ကို ညနေ ရွေ့မယ်”

“ဟာ ဦးကလည်း”

“ကလေးအဆင်ပြေရင်ပြီးတာဘဲ ဦးက ကလေးနဲ့တူတူဘဲတက်မှာ”

ဒီလူကြီးကလေ တစ်ဖြေးဖြေး ရွှန်းအပေါ်ကို ဆိုးလာသလားဘဲ

“ဦးနော်”

“လုပ်ပါ ကလေးရယ်နော် လုပ်ပါ”

မာနကြီးလွန်း တည်ကြည်လွန်းတဲ့ မင်းမဟာသွေးမှ ဟုတ်ရဲ့လား ကလေးသေးသေးလေးရဲ့လက်မောင်းလေး ဖတ်ပြီး ချွဲနေတာများးးးးးး

“အွန်း အွန်း”

“အဟက်”

“မရီနဲ့”

“အွန်း”

ရွှန်း ပွဲတက်အကျီဆိုင်လေးကို သွားကြပြီး

“မင်္ဂလာပါ ဥက္ကဌ”

“မင်းတို့ဆီ ငါမှာထားတဲ့ အကျီရောက်ပြီမလား”

ဘာလဲ ဦးက ကြိုစီစဉ်ထားတာလား

“ရောက်ပါပြီ ဥက္ကဌ ဒီဘက်ကြွပါ”

မမတစ်ယောက် ခေါ်တဲ့နောက်ကို ဦးနဲ့ရွှန်း လိုက်ခဲ့ပြီး

“ဟာ ဦး”

ပန်းရောင် ဂါဝန်လေး တစ်ဖျက်ဖျက်လတ်နေတဲ့ စိန်ပွင့်လေးတွေက ဂါဝန်အနှံနေရာယူထားသလို ဖဲသားအကျီ ရင်ပြတ်လေး လှလိုက်တာ ဒါကို ရွှန်းဝတ်ရမှာတဲ့လား…..

“ကလေးကြိုက်လား”

“အင်း ဒါပေမယ့်လေ စျေးကြီးမှာ ပြီးတော့ ရွှန်း ဝတ်ရင် လှပါ့မလား”

“ဒီလောက်ချစ်စရာကောင်းတဲ့ ဦးရဲ့ပေါက်စလေးက ဝတ်မှာလေ မလှဘဲနေမလား ဦးရဲ့ဒီအကောင်လေးက အလှဆုံးဘဲ ဖြစ်နေရမယ်”

ငါတို့ ဥက္ကဌက ဒါမျိုးတွေထိ ပြောတက်တာလား အရင်ကဆို တစ်နေကုန်နေလို့ တစ်ခါတောင် မပြုံးတဲ့လူက

ဒီကောင်မလေးကို ပြုံးပြုံးကြီး ရှင်းပြနေများချောမောလွန်းတဲ့မျက်နှာက ပိုပြီး အရောင်တွေထွက်နေသလိုဘဲ

“ကောင်မလေးတွေ ငါ့ကလေးကို ဝတ်ပေးကြဦး”

“ဟုတ်ကဲ့ ဥက္ကဌ သခင်မလေး ဒီဘက်လာပါနော်”

ဆိုင်ကမမတွေ ခေါ်လိုက်တဲ့ အခေါ်အဝေါ်ကြောင့်

“မမတို့ အဲ့လိုမခေါ်ပါနဲ့ ဒီတိုင်း ညီမလေးလို့ ခေါ်ရင်ရပါတယ်”

ရီရီပြုံးပြုံးလေးနဲ့ရှင်းပြနေတဲ့ကောင်မလေးက အခြားသူဌေးသမီးတွေလို ကတော်တွေလို မဟုတ်ဘဲ စိတ်ထားနုညံ့တာက ဟန်ဆောင်မနေဘူးဆိုတာ ခံစားမိတာပေါ့

“ရပါတယ် သခင်မလေးရယ် ဒါကျွန်မတို့တာဝန်မို့ပါဝတ်ရအောင်နော်”

“ဟုတ်”

လိုက်ကာလေးဖွင့်ပြီး ထွက်လာတဲ့ မိန်းကလေးက နတ်သမီးလေးအလား ချစ်စရာကောင်းလွန်းတာမို့

“ဦးကလေးကတော့ကွာ ချစ်စရာလေး အဟက်”

“ဟီး လှတယ်နော်ဦး”

လှမှာပေါ့သခင်မလေးရယ် အဲ့ဝတ်စုံက ကမ္ဘာမှာ နှစ်ထည်ဘဲရှိတာ ဥက္ကဌက ဘယ်လောက်တောင် ပေးဝယ်ထားလိုက်ရလဲ ပြောချင်ပေမယ့် ပြုံးသာနေတော့သည်။

“အဲ့ကောင် ဟိုဘက်လှည့်နေစမ်း”

ရဲ့ရင့်ကို မကြည့်နဲ့ဆိုတဲ့သဘောဖြင့် လှည့်ခိုင်းလိုက်တာကြောင့်

အခုမှ တော်တော်တိုပြနေတာ ငါက ဒီလိုကလေးကို ဘာလုပ်ရမှာလဲ သူသာမွှန်နေတာ

“ဟုတ်ကဲ့ ဟုတ်ကဲ့”

“အွန်း အကျီကဘအဆင်ပြေပြီဆိုတော့ ပြန်ကျစို့ ကလေးကို သင်တန်း ဝင်ပို့ရဦးမယ်”

“ဟုတ်”

“အဲ့ဒီအကျီကို အိမ်တော်ကို ပို့ထားလိုက်တော့ ပွဲ့နေ့ကျရင် ပြင်ဖို့နဲ့အကျီဝတ်ပေးဖို့ လူ၅ယောက်လွတ်လိုက် အဲ့နေ့ ပွဲတွေ အပြင်အဆင်တွေ ဘာမှလက်မခံနဲ့ ငါ့ကလေးဘဲ အာရုံစိုက်ကြ”

“ဟုတ်ကဲ့ပါ ဥက္ကဌ”

“ပြန်ကြစို့ ကလေး”

~~~~~~~~~~~~~~~~~~~~~

“မနေ့ဖြန် ကလေးမေမေ လာမှာနော်”

“ဟုတ်တယ်”

“ဦး မိတ်ဆက်ရဦးမယ်”

“ဟာ မရပါဘူး”

ကြောက်လန့်တကြား ငြင်းလိုက်တဲ့ကောင်မလေးကြောင့်

“ဘာလို့လဲ ကလေးရယ် ဦးတို့က ခိုးတွဲနေတာမို့လို့လား”

“မဟုတ်ပါဘူး ဒါပေမယ့်လည်း….”

“ကလေး ဦးပြောမယ် ဦးက ကလေးမေမေနဲ့တွေ့ရင် အဆင်ပြေပေါင် မပြောတက်မှာ စိုးလို့လား”

ဦးက စီးပွါးရေးလုပ်ငန်းတွေအများကြီးကို ဦးဆောင်တဲ့လူမို့ အဆင်ပြေပြေ ပြောနိုင်တာသိပေမယ့် မေမေနဲ့ကျ စကားလေးမှားရင်တောင် မရတာကို ရွှန်းအသိဆုံးမို့

“ရွှန်း အရင်ပြောကြည့်ပါ့မယ် ဦး မေမေ လက်ခံတဲ့အခါကျ တွေ့ပေးမယ်နော်”

“ဟုတ်ပါပြီဗျာ ကလေးသဘော”

အခုချိန် ကလေးအမေနဲ့အဆင်ပြေအောင်ပြောပြီး အရမ်း အိုကေတယ်ဆို လက်ထပ်ဖို့ထိတောင် တစ်ခါတည်းပြောချင်ပေမယ့် ဆန္ဒကို ကလေးလေးကြောင့် ထိန်းချုပ်ထားရသည်။

« ရှေ့အခန်း - အပိုင်း(၁၄) နောက်အခန်း - အပိုင်း(၁၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ