ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“ဦး ရွှန်းပြန်တော့မယ်လေ”
ခါးလေးကို ဆွဲဖတ်ပြီး ရင်ခွင်ထဲထည့်ကာ
“လွမ်းနေတော့မှာဘဲ”
“ညနေတောင် ရောက်နေပြီလေ တစ်နေကုန်လည်း တူတူရှိနေတာကို”
“ဒါပေမယ့်လည်းလွမ်းတယ်”
“ဦးနော် ပိုကိုပိုတယ်”
“အဟက် ဦးပြောဦးမယ်”
“အွန်း”
“အခုအိမ်ပြန်လို့ ဟိုနေ့ကလိုဖြစ်ရင် ဒီခါ သည်းမခံဘူးနော် အသဲလေး”
ဦးကပြောရင် ပြောတဲ့အတိုင်းလုပ်တယ်ဆိုတာ ရွှန်းသိတာမို့
“သိပါတယ် ဦးရဲ့ ရွှန်းလည်း ဒါတွေကို ဖြေရှင်းနိုင်တယ် ဖြေရှင်းနိုင်အောင်လည်း မေမေက သင်ပေးထားတယ်”
ဒီကလေးလေးက ပြန်စွာတက်တာကို သိပေမယ့် အခုချိန် လေနဲ့ကို အထိမခံနိုင်တာ သူကိုယ်သူအသိဆုံး
“ဘယ်လိုနေနေ ကလေး “
“အင်းပါဦးရဲ့ သိပါပြီ”
ရင်ခွင်ထဲကို အတင်းတို့းဝှေ့ပြီး ချွဲလွန်းနေတဲ့ ပိစိကွေးလေးကို တင်းနေအောင်ဖက်ထားပြီး
“ဒီခါ ယောက္ခမနဲ့တွေ့ရင် ယူဖို့တန်းပြောရမယ်”
“ဟာ ဦးကလည်း ရွှန်း ဘွဲ့လေးတော့ ယူပါ့ရစေဦး”
“ယူလို့ရပါတယ် အချစ်ကလေးရဲ့ ဦးတို့က လက်ထပ်ထားတယ်ဆိုတာ ကလေးဘဝကို ကန့်သတ်ဖို့မဟုတ်ဘူးလေ နှစ်ယောက်ဘဝလေး စချင်ယုံဘဲ”
“ဒါပေမယ့် ရွှန်းက ဘွဲ့ရမှ ယူချင်တာ ဦးရဲ့”
“ဟုတ်ပါပြီဗျာ ဦး စောင့်ပေးမယ်နော်”
“ဟုတ်”
~~~~~~~~~~~~~~~
Apple laptop လေးဖွင့်ပြီး zoom chatထဲကို ဝင်ကာ
Vedic callဖွင့်လိုက်ပြီး
“ဟလို အချစ်ကလေးတို့”
တစ်ဖက်က မိန်းကလေး ငါးယောက်လောက်နဲ့ chatနေတဲ့ ဇွဲမဟာသွေးလေးပါ
“ကိုကို ပြန်မလာသေးဘူးလား”
“ပြန်မလာတော့ဘူး ဒီမှာဘဲ နေရတော့မယ် အချစ်တို့ရယ်”
“ဟာ ကိုကိုကလည်း အဲ့ဒါဆို ချစ်တို့ကရော”
“ကံမကံသေရရင် တစ်နေ့ပြန်တွေ့ကြမှာပေါ့ ဘိုင်ဘိုင် ကိုကို outပြီ”
ချက်ချင်းဆိုသလို laptop လေးပိတ်ချလိုက်တာ အကောင်းတော့မဟုတ် အစ်ကိုဖြစ်သူ အသံကြားတာမို့
“အငယ်ကောင် အဘွားအခန်းဘက်လာခဲ့”
“ဟုတ်ကဲ့ ကိုကြီး”
ဒီလိုလာခေါ်ထဲက တစ်ခုခု ပွါးတော့မယ်ဆိုတာ သိနေသလို သူငွေကဒ်မပိတ်ခံရဖို့က အခုချိန် အရေးကြီးဆုံးမလား
“ကိုကြီး ဘာပြောမလို့လဲ”
“မင်း ဒီမှာ ကျောင်းဆက်ရမယ် ငါတို့ပိုင်တဲ့ MH Schoolမှာ တက္ကသိုလ်လည်း အဲ့မှာဘက်ဆက်တက် မင်း ဝါသနာပါတဲ့ စိန်အကြောင်းတွေ လက်ဝတ်
ရတနာ တဇိုင်းတွေကို ငါ MH မှာ မင်းတက္ကသိုလ် တက်တဲ့ချိန် နိုင်ငံခြားက အတော်ဆုံး ပညာရှင်တွေ ငှါးပေးမယ်”
စိန်အကြောင်း မြန်မာနိုင်ငံရဲ့ရတနာတွေ လက်ဝတ်ရတနာ တဇိုင်းတွေ ကို စိတ်ဝင်းစားလွန်းတဲ့ ဇွဲအတွက် ဘုရားပေးတဲ့ ဆုလိုပင်
“တကယ်နော် ကိုကြီး”
“အင်း”
ဇွဲလေးကဆိုးပေမယ့် ရတနာပိုင်းတွေကိုဆို မိခင်
ဖြစ်သူနဲ့ ဝါသနာတူပြီး စိတ်ဝင်တစားရှိတာ ငယ်
ငယ်ကတည်းကမို့
“ခနနေဦး မြေးလေး မြေးကိုကြီး ပြောတာတွေ မြေးအဆင်ပြေတယ်ဆို ဆိုးတာလေးလျော့ပြီး အစွမ်းကုန် ကြိုးစားမယ်လို့ ဘွားကို ဂတိပေး”
“ရတနာ ပညာရပ်ကို သေချာသင်ပြီး အအောင်မြင်ဆုံး လူ ဒီနိုင်ငံမှာ ဖြစ်အောင်လုပ်မယ်လို့ ဂတိပေးတယ် ဘွား”
“ဟုတ်ပြီ ဒါမှ ဘွားမြေးလေး”
“အခုမှ ဘွားမြေးလေးတဲ့ ချစ်ရောချစ်သေးလို့လား ဖတ်ပါဦး”
ဇွဲလေးကတော့ အဘွားဖြစ်သူကို နမ်းလိုက် ဖက်လိုက် ချွဲလိုက်ဖြင့် အလုပ်ရှုပ်နေတာမို့ မဟာ မြေးဘွား နှစ်ယောက်ကို ကြည့်ပြီး ပြုံးကာ အခန်းထဲက ထွက်ခါလိုက်သည်။
ငါ့မြေးကြီးလေးကို သနားလိုက်တာ မိဘတွေ မရှိတော့ထဲက လူကြီးလိုနေရတယ် လုပ်ငန်းတွေကို အုပ်ချုပ်ရတာ မရင့်ကျက်သေးတဲ့ ကလေးလေးက အခုချိန်ထိ တင်းမာရင့်ကျက်သွားလွန်းတာ အငယ်လေးလို လူငယ်ဘဝတောင် ပျောက်ရှခဲ့ရှာတယ်
~~~~~~~~~~~~~
“ကလေး အကျီသွားဝယ်ရအောင်”
မနက်စာ လိုက်ကျွေးပြီး အပြန် အကျီဝယ်မယ်ပြောနေတဲ့ ဦးကြောင့်
“ဘာလို့လဲ ဦး”
“ဦး ဒုတိယမြောက် HMဆေးရုံခွဲကြီး ဖွင့်ပွဲ မနေ့ဖြန် ရှိတယ်လေ အဲ့တာ ကလေးရောလိုက်ရမယ်”
“ဟာ မလိုက်ပါဘူး”
စဉ်းတောင် မစဉ်းစားဘဲ ချက်ချင်း ငြင်းလိုက်တဲ့ ကလေးကြောင့်
“မလိုက်ရင် ဦးတစ်ယောက်ထဲ အားငယ်နေမှာပေါ့”
“ပထမဆေးရုံဖွင့်တုန်းက ဘယ်သူနဲ့သွားလဲ အဲ့တုန်းက တစ်ယောက်နဲ့ပွဲတက်တာလား”
“ဟာ ကလေးရာ ဘယ်သူနဲ့မှမတက်ရပါဘူး တစ်ယောက်ထဲ တက်တာလေ”
“အခုလည်း အဲ့လို တက်ပေါ့ “
ရှေ့က ကားမောင်းနေတဲ့ ရဲရင့် နောကိကြည့်မှန်ကို ကြည့်ကာ ရီလိုက်တာမို့
“ဘာရီတာလဲ ရဲရင့်”
“ဘာမှမဟုတ်ပါဘူး ဥက္ကဌ”
အခန်းမှတ်ချက်များ (0)