Bububai ဝတ္ထု ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး အခန်းစာရင်း

အပိုင်း(၁၇)

ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး

“ဦး ဘာလုပ်နေတာလဲ စားလေ”

ပိုးစားတာကိုဘဲ ထိုင်ကြည့်နေတဲ့ ဦးကြောင့်

“စားပါ ဦး အစပ်တွေ မစားနိုင်ဘူး”

“ဘာလို့လဲ အစာအိမ်မကောင်းဘူးလား”

“အရင်ကစားပါတယ် နောက်ပိုင်း မစားတာကြာတော့ မစားဖြစ်တော့ဘူး”

အကင်ဗန်းလေးကို ဦးရှေ့ တိုးပေးပြီး တစ်ကင်ယူကာ

“ရော့ စမ်း စားကြည့်”

ပိုး ပေးလာတဲ့အကင်ကို ဂုဏ်ယူလိုက်ကာ မစားရင်လည်း စိတ်ကောက်သွားမှာ စိုးတာကြောင့်

“ကိုယ်…”

“စားပါ အရင်စားကြည့်”

“တီ တီ တီ”

“ဖုန်းလာနေတယ် ခနလေး”

ဂုဏ် ဖုန်းဝင်လာလို့ ထပြောပြီးတာနဲ့

“ပိုး ကိုယ်တို့ပြန်ရအောင်”

“ဟင် ဘာလို့လဲ အကင်စားနေတာလေ”

“နောက်မှစား အရေးပေါ်ဖြစ်နေပြီ သွားရအောင်”

ဂုဏ် ပိုးရဲ့လက်ကို အတင်းဆွဲခေါ်လာကာ အကင်လေးတုတ်လေးတွေကို ရသလောက်တော့ ယူခဲ့လိုက်သေးတဲ့ ပိုး

“ဦး ဘာလို့ လောနေတာလဲ ဟမ်”

“ကိုယ် ပြောမယ် ပိုးသေချာနားထောင် အခု ကိုယ် နိုင်ငံတော်အဆင့် အ၊ရေ-းပေါ်အခြေနေတစ်ခုကို သွားရမှာ ၂ပတ်လောက်ကြာမယ်”

“ဟာ ပြန်လာတာဘဲ ၄ရက်ရှိသေးတာလေ လာလို့ ပြန်သွားမှာလဲ”

“မင်းယောကျာ်းက စ၊စ်သားလေ အရေးေ-ပါ် အခြေအနေဆိုတာ ရှိတယ်လေ”

“ချက်ချင်းကြီး ဘယ်မှာရှိလို့လဲ မသွားနဲ့”

“ပိုး ဒါ ကလေး ကစားနေတာမဟုတ်ဘူး မင်း ဂျီမကျနဲ့”

အထ၊က်အမိ၊န့်က ဒီတ၊စ်ခါအရမ်းပြ၊င်းထ၊န်နေတာကြောင့် ဇနီးကို ဘယ်လို ရှ၊င်းပြရမလဲ ခေါင်းစ၊ဉ်ရှာမရဖြစ်နေချိန်

ကလေးဆန်လွန်းတဲ့ ပိုးကြောင့် ဂုဏ် ဟော၊က်လိုက်တာနဲ့ စကားသံက ထွ၊က်မလာ

“နောက် ၂ပ၊တ်နေရင် ကိုယ်ပြ၊န်လာခဲ့မ၊ယ်”

“မသွားနဲ့ ပိုး မသွားစေချ၊င်ဘူး”

ကားပေါ်ကနေ ဂျီကျလာတာက အိမ်ရောက်လို့ ဂုဏ် ပစ္စည်းတွေ ထည့်နေတဲ့ထိ ဂုဏ်ဘေး မတ်တပ်လေးရပ်ကာ တအီအီနဲ့ ဂျီနေတုန်း

“ပိုးသားငယ် ငါသွားဆော့မှာမဟု၊တ်ဘူး”

“မသိချင်ဘူး ပိုး မသွားနဲ့ဆို မသွားနဲ့”

“ကလေး မဆ၊န်နဲ့ ပိုး ငါ့ဇနီးဖြစ်တဲ့မင်းက ဒီလိုချိန်မှာအရမ်းကလေးဆန်လို့မရဘူး”

“မသွားနဲ့ဆို မသွားနဲ့”

“ဖယ်တော့ အချိ၊န်မရှိတော့ဘူး”

ဂုဏ်ရဲ့လက်ကို အတင်းကိုင်ဆွဲထားတဲ့ ပိုးရဲ့လက်ကို ဆွဲဖြုတ်တာ အားပါလို့ လဲကျသွားတဲ့ ပိုးကို ဂုဏ် တစ်ချက်လှည့်ကြည့်ပြီးတာနဲ့ချက်ချင်းတုန့်ကနဲ့ လှည့်ထွက်သွားသည်။

“လူယု၊တ်မာကြီး အကြ၊င်နာတရားခေါ၊င်းပါးတဲ့ လူကြီး ဟင့် ဟင့် ဟီးးးအီးးဟင့်”

ငိုပြီးကျန်နေခဲ့တဲ့ ပိုးလေးကို ဒေါ်မြချော့မရတော့တာကြောင့် မိဘတွေဆီ ဖုန်းဆက်ရတော့သည်။

<<<<<<<<<<<<>>>>>>>>>

ဂုဏ်သွားတာ သုံးရက်ရှိနေပြီ ဆိုပေမယ့် ပိုး အစားလည်း သိပ်မစားဘဲ တစ်မှိုင်မှိုင်နဲ့မို့

“ပိုးရေ ပိုးရေ”

အိမ်ထောင်သည်တန်းလျားက ဗိုလ်ကတော်တွေ ပိုးဆီ လာလည်ကျတာမို့

“မမတို့လာလေ”

“ပိုးအတွက် မြန်မာမုန့်လေး ဝယ်လာတာ”

“ဟာ အားနာစရာကြီး နောက်ခါ အဲ့လိုတွေ ဝယ်မလာပါနဲ့ မမတို့ရယ် ပိုးဆီ ဒီတိုင်းလာလည်ရင်ကို ပျော်နေပါပြီ”

“ဟုတ်ပါပြီရှင်”

“အန်တီမြရေ မမတို့အတွက် ဖျော်ရည် ၅ခွက်လောက် လာချပေးဦးနော်”

ပိုးနဲ့ မမတို့ မုန့်စားရင်း စကားဖောင်ဖွဲ့ရင်းနဲ့ဘဲ

“ဗိုလ်ကြီးဂုဏ်က ဒီခါသူခေါင်းဆောင်တာတဲ့ ဟုတ်လား ပိုး”

“ဘာကိုလဲ မမ”

သူမေးတဲ့ မေးခွန်းကို ပြန်မေးလာတဲ့ ပိုးရဲ့ပုံလေးက ဘာမှမသိတဲ့ ပုံစံလေးမို့

“ပိုး အခု ဗိုလ်ကြီး ဘယ်သွားလဲ ဆိုတာ မသိဘူးလား”

“ဟုတ်”

“ဟယ် ပိုးရယ်”

“ဗိုလ်ကြီး ရာထူးကိုရော သိရဲ့လား”

“မသိဘူး”

“ဟာ မဟုတ်သေးပါဘူး ဗိုလ်ကြီးက ပြောမပြဘူးလား ပိုးရယ်”

“ပိုးက မမေးမိတာပါ မမတို့ သိသလောက် ပြောပြပါဦး”

လျှိဝှ၊က်ချ၊က်တွေဆိုတာ မပေါက်ကြားရဘူး ဆိုပေမယ့် ဇနီးဖြစ်သူကိုယ်တိုင်မို့ ပြောပြမယ် ဆုံးဖြတ်လိုက်တဲ့ မေဦး

“ဗိုလ်ကြီးက နို၊င်ငံတော်အဆင့် အရေးပေါ် အထူးတ၊ပ်သားလေ ပြီးတော့ ပိုးရဲ့အစ်ကိုက ဗိုလ်ကြီးနဲ့ရာထူး တစ်ခုဘဲ နိ၊မ့်တာ သူတို့က mission တွေကို တူတူထ၊မ်းဆော၊င်တာ”

“အရေပေါ် တ၊ပ်သားဆိုတာ”

“ထိ၊ပ်တ၊န်း တ၊ပ်ဖွဲ့တွေက အရ၊မ်းခ၊က်ခဲတဲ့ စ၊စ်ဆင်ရေးတွေကို သူတို့ဘဲ တာဝန်ယူရတာ”

“ရှင်”

“အခုက အရမ်းအရေးကြီးဂို၊ဏ်းကို ဖ၊မ်းမယ်ကြားတယ် ပိုး”

“ရှင်”

ပိုး အသက်ရှုသံတွေတောင် မမှန်ချင်တော့ ဘယ်လိုဖြစ်ပြီး ဘာတစ်ခုမှ မပြောပြဘဲ နေနိုင်ရတာလဲ

ငါက ပြောပြစရာမလိုဘူးလို့ ထင်နေခဲ့တာလား အရေးမပါနေတာလား အတွေးများစွာနဲ့ ခေါင်းထဲလည်း ချာချာလည်နေပြီ

“ပိုး စိတ်အေးအေးထားပါ ဗိုလ်ကြီးက အရ၊မ်းကိုတော်တာ သူမလုပ်တက်တဲ့အရာဆိုတာ မရှိဘူး အမ ယောကျာ်းပြောတာတော့ ဒီနို၊င်ငံမှာဖြစ်ဖြစ် မိတ်ဖက် နို၊င်ငံတွေမှာဖြစ်ဖြစ် ဗိုလ်ကြီးရဲ့ နာမည်ပြောင်ကို ကြားတာနဲ့တင် ဖိ၊န့်ဖိ၊န့်တုံနေတာတဲ့”

“ဟုတ်တယ် ပိုး အဲ့တာကို အမတို့ ယောကျာ်းကလည်း ပြောပြတယ်”

“အင်း”

ဦးတော်တယ်ဆိုတာ ပိုး သိပြီးသား ဆိုပေမယ့် ပိုး စိတ်ထဲတော့ ဘာကြောင့်မှန်း မသိ လေးနေတယ်

“မပိုးသားငယ် ရှိလားဗျ”

အိမ်ရှေ့ကနေ အသ၊ည်းအသန်အော်နေတဲ့ ကောင်လေးကြောင့် ပိုး ထွ၊က်တွေ့လိုက်တော့

“ပိုးသားငယ်ပါ ဘာကိစ္စလဲရှင့်”

“ဟုတ် မမလေး ဗိုလ်ကြီးလေ mission မှာ ထိခိုက်မိလို့ ဒ၊ဏ်ရာပြ၊င်းတယ်တဲ့”

“ရှင်”

မကြာခင်က ကြားထားတဲ့အကြောင်းတွေရော အခုကြားလိုက်ရတဲ့ အရာတွေက ပေါင်းပြီး ပိုးခေါင်းတွေ

ချာချာလည်နေသလို ရင်ထဲ စို့နစ်နေတာ ပေါက်ကွဲတော့မယ့် ချိ၊န်ကို၊က်ဗုံ၊းတစ်ခုလို

“ညီမလေး သတိထားဦး”

ဘေးက လူတွေ ပိုးကို ထိန်းထားပေးပြီး စကားတွေပြောနေပေမယ့် ပိုးကတော့ လောကကြီးနဲ့အဆက်သွယ်ပြတ်သွားခဲ့ပြီ

« ရှေ့အခန်း - အပိုင်း(၁၆) နောက်အခန်း - အပိုင်း(၁၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ