ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး
“ဟင့် ဦး ဟင့် ဦး ပိုးကို မထားခဲ့ပါနဲ့ ဦး”
“သမီး သတိထားဦး သမီးလေး”
အဖျားတွေကြီး သတိလစ်နေရာကနေ မျ၊က်ရည်အရွှဲသားနဲ့ ဂုဏ်ကိုဘဲ တနေတဲ့ သမီးဖြစ်သူကြောင့် မိခင်ဖြစ်သူတွေလည်း စိတ်မကောင်း
တစ်ဖက်က သားဖြစ်သူက သတိမရသေးသလို တစ်ဖက်က ချွေးမလေးကလည်း အပြင်းဖျားနေတာက သတိလည်မလာ
“တို့ ဘယ်လိုလုပ်ကုမလဲ”
“စိတ်အေးအေးထားပါ ငါ့သမီးအကြောင်း ငါသိတယ် သူ ဘာမှမဖြစ်ပါဘူး ငါစိတ်ပူတာ သားကိုဘဲ”
“သား သတင်းကို အမြဲ ဖုန်းဆက်မေးနေပါတယ်”
ပိုးလေးကို ပြုစုရင်း ဂုဏ် သတင်းကို ဖုန်းဆက်ပြီး မေးရင်းနဲ့ ၃ရက်လောက်ကြာမှ
“မေမေ”
“သမီးလေး”
“ဦးရော ဦး ဘယ်မှာလဲ”
နိုးလာထဲက သားက်ို ရှာနေတာမို့
“သားက ပြန်မရောက်လာသေးဘူး သမီး”
“ဟင့် ဦး ဘာမှ မဖြစ်ပါဘူးနော် ဦး ဘာမှမဖြစ်ဘူးနော် ဟုတ်တယ် မလားမေမေ”
“မဖြစ်ပါဘူး သမီးရယ် သမီး သတိမေ့နေတဲ့ သုံးရက်အတွင်း သား သတိရလာပြီပြောတယ်”
“သမီး သုံးရက်တောင် ထမလာတာလား”
“ဟုတ်တယ် သမီး”
ပိုး ကိုယ်ကိုကိုယ် အားနည်းတာကို ဝမ်းအနည်းဆုံးဘဲ ဘာလို့ ဒီလောက် အားနည်းရတာလဲ
အခုချိန် ပိုးခေါင်းထဲ တစ်ခုလုံး ရှိနေတဲ့ အတွေးက ဦးနဲ့တွေ့ရဖို့ဘဲ
“မေမေ သမီး ဦးဆီ လိုက်သွားချင်တယ်”
“အဲ့တာတော့ မရဘူး သမီး သားတို့ဘက်က န၊ယ်ကြ၊မ်းတယ် သားလည်း အခု အဲ့မြို့လေးက ဆေးရုံပေါ်မှာပါ စိတ်ပူစရာမလိုဘူး”
ဒီတစ်ခါ တားလိုက်တာက ဂုဏ် အမေပင်
သားဖြစ်သူလည်း သူ့ဇနီးလေးကို ထိုနေရာတွေကိုတော့ လိုက်မလာစေချင်ဘူးဆိုတာ သူသိတာမို့
“လုပ်ပါ မေမေရယ် ဦး အနား ပိုးရှိမှ ဖြစ်မှာ မေမေရဲ့ လင်ရယ် မယားရယ်ဖြစ်လာရင် မနာမကျမ်းတဲ့အခါ အနားမှာ ရှိပေးရမှာမလား”
“မသွားပါနဲ့ သမီးရယ် သား သက်သာနေပါပြီ”
“ဟင့်အင် မေမေတို့ သမီးကို ဦးဆီမသွားခိုင်းရင် သမီး တက်တဲ့နည်းနဲ့ လိုက်သွားမယ်”
ပိုး က ပြောရင်ပြောတဲ့အတိုင်း လုပ်တာမို့ မိဘတွေ တစ်ညလုံး နားချကြပေမယ့် ပြောမရတဲ့ အဆုံးမှာတော့ တ၊ပ်ရိ၊က္ခာတင်တဲ့ ရဟ၊က်ယာဉ်နဲ့ ဂုဏ်ရှိတဲ့ နေရာကို ထည့်လွှတ်လိုက်ရသည်။
သာမာန် လူဆိုရင် လိုက်ချင်တိုင်းလိုက်မရပေမယ့်
ဦးလေးဖြစ်သူကိုယ်တိုင် စီစဉ်ပေးတာမို့ အခက်မခဲမရှိဘဲ ပိုး ဦးရှိတဲ့ နေရာကို ရောက်ခဲ့ပြီ
“ကိုသက်”
အစ်က်ိုဖြစ်သူ ကို တွေ့တာနဲ့ ကလေးလို ငိုနေတဲ့ ပိုး
“ကလေးလို ခုမှ ငိုမနေနဲ့ ဒီလိုနေရာကို ဘယ်လို သတ္တိနဲ့ လိုက်လာတာလဲ”
“ကိုသက်နော် ဦးကို စိတ်ပူလို့ပေါ့ ဦးရောဟင်”
“အခန်းထဲမှာ ရှိတယ် လာ”
ကိုသက်က ဦး ရှိတဲ့ ဆီ လိုက်ပို့တော့
“ဦး!”
“ပိုး ဘယ်လိုရောက်လာတာလဲ”
ဦးရဲ့ ဘေးမှာ အမတစ်ယောက်ရပ်နေပေမယ့် ပိုး သတိမထားမိဘဲ ဦးကို ပြေးဖက်လိုက်ကာ
“ဦး ကို လွမ်းလို့ ေ၊သတော့မယ်”
“အမလေး ဗျာ ချွဲလိုက်တာ”
“ဦး ဘယ်နေရာ ထိသွားတာလဲဟင်”
“စပ်စုလိုက်တာ”
“ဦးနော် သိချင်လို့မေးတဲ့ဟာကို”
“နောက်ကျောမှာပါ နှစ်ချက်”
“နှစ်ချက်တောင်”
ပြောပြလိုက်ရင် ဝမ်းနည်မယ်ဆိုတာ သိလို့ ပြောမပြခဲ့တာ ပြောပြလိုက်တော့လည်း တကယ် ငိုတော့တာ
“ဟင့် ဦး အရမ်းနာလားဟင် ပ၊စ်တာ ဘ၊ယ်ကကော၊င်လဲ ပိုးသွား ရှ၊င်းလိုက်ရမလား”
ပိုးအပြောကြောင့် ဘေးက အစ်ကိုဖြစ်သူတို့အဖွဲ့တွေပါ ရီနေကြပေမယ့် ဂုဏ်ကတော့
ငိုနေတဲ့ ကလေးလေးကို မျက်ရည်တွေ သုတ်ပေးရင်း
“သတ္တိခဲလေးရယ် ဟိုက ဖို၊က်တာတွေလေ ခင်ဗျားလေးကို လက်ကလေးနဲ့တင် တောက်ချသွားလိမ့်မယ်”
“ဟင့် ဦး အရမ်းနာနေလားဟင်”
ဂုဏ်နောက်ကျောဘက်ကို သွားကာ လက်သေးသေးလေးနဲ့ ဒ၊ဏ်ရာတွေကို ပတ်တီးတွေ အပေါ်ကနေ ကိုင်ကြည့်ကာ
“ဟင့် သနားပါတယ် ဟင့် ဟင့် အီးးးဟီးးး”
“ဟာ မငိုရဘူးလေကွာ”
ဂုဏ် ဒဏ်ရာထက် ဒီကောင်မလေး မျက်ရည်မြင်တိုင်း ရင်ထဲမှာ အောင့်ကနဲ့ပင် အချိန်ခနလေးအတွင်း ဒီလူကောင်သေးသေးက အချစ်တွေကို အများကြီး သိ၊မ်းပိုက်ပြစ်နေပြီ
ရင်ခွင်ထဲ တစ်ခါပြန်ဝင်လာကာ ဂုဏ် ချော့နေရင်း
“ဟင့် ကိုသက်တို့က ဦး ဖြစ်တာကို ဒီတိုင်းကြည့်နေတာလား”
“အမယ် နင်ဦးကို ငါကယ်လာတာ”
“ကယ်တာက ဒ၊ဏ်ရာ ရစရာလား ထားပစ်ခဲ့လို့ ဒ၊ဏ်ရာ ရတာပေါ့”
“နင့် ငါတို့ကို ပတ်ရမ်းမနေနဲ့”
“ဟင့် ဦး နောက်ခါဆို အပေါင်းအသင်း ရွေးပေါင်းနော်”
“နင်ဘာပြောတာလဲ”
“ကြားတဲ့အတိုင်းဘဲ ဘေးမှ မိတ်ဆွေ အစစ်အမှန်မှ မရှိတာ”
ဂုဏ် ရင်ခွင်ထဲကနေ နှုတ်ခမ်း တထော်ထော်နဲ့ စွာနေတဲ့ ညီမဖြစ်သူကို ရို၊က်ချင်စိတ်အပြည့် စွာနေလိုက်တာများ
“ပိုး ပိုး အစ်ကိုက ကိုယ့်ကို တကယ် ကယ်ခဲ့တာ သူပေးလို့အသ၊က်ရှင်ခဲ့တာ”
“ဟုတ်လို့လား”
ဦးက ခေါင်းငြိမ့်ပြတော့မှ ပိုး ယုံသွားပေမယ့်
“ငါ့ကို ရိုရိုသေသေ ဆက်ဆံ ပိုးသားငယ် လာ နင် နေဖို့ အခန်း လိုက်ပြမယ်”
လက်ဆွဲခေါ်နေတဲ့ အစ်ကိုဖြစ်သူကြောင့် ပိုး ဦးကို ပြန်ဖက်လိုက်ကာ
“ခနနေဦး ဒီမှာ အလွမ်းတောင် မပြေသေးဘူး”
“လိုက်သွားလိုက် ပိုး ခနနားပြီးမှ ပြန်လာခဲ့”
အလွမ်းတောင် မပြေသေးတာကို ဦးကလည်း နှင်
လွတ်နေတာမို့ မသွားချင်ပေမယ့် ကိုသက်နောက် ပါလာခဲ့တော့သည်။
“နင်သူ့ကို ချစ်နေပြီလား ဂုဏ်”
ဂုဏ်ရဲ့ဘေး ရပ်နေပြီး ပိုးနဲ့ငယ်ကို အကြာကြီးရပ်ကြည့်နေတာက ယွန်းရတနာ
“ငါမှာ တိကျတဲ့အဖြေ မရှိသေးပေမယ့် ငါ့မိန်းမအပေါ် ငါသစ္စာရှိတယ် သူက ငါ့ကို အရမ်းချစ်တာ နင်လည်း မြင်မှာပါ သူ့အသ၊က်တောင် ဂရုမစိုက်ဘဲ ဒီနေရာထိ လိုက်လာတယ် ဆိုကတည်းက”
“အင်း ငါသဘောပေါက်ပါတယ်”
ဂုဏ် စိတ်က ပြတ်သားတယ် ဆိုတာသိပေမယ့်
ယွန်း ကြိုးစားကြည့်ချင်သေးတယ် ဂုဏ် နှလုံးသားထဲမှာ ယွန်း ရှိသေးတယ်ဆိုတာ ယုံကြည်တယ်
ပိုးသားငယ်ဆိုတာ နောက်မှ ဖြစ်တည်တဲ့လူ ယွန်းကို မမှီပါဘူး ဂုဏ်ရယ်
အခန်းမှတ်ချက်များ (0)