ဗိုလ်ကြီးပိုင်တဲ့အာဆေးလုံးလေး
“ကြည့်ပြောနေတာဘဲကို ဦး ပိုး ပဲနို့နဲ့အီကြာကွေး စားချင်တယ် မှာပေးဦး”
“ပါးစပ်မပါဘူးလား ကိုယ့်ဘာသာ မှာလေ”
“ယောကျာ်းလေးတွေကြည့်ဘဲမို့ ဦးမှာပေးပါ လုပ်ပါဆို”
မနက်စောစောလေး ဦးကို တွေ့ချင်လို့သာ ဦးထိုင်တဲ့ Teaဆိုင်ကို လိုက်လာခဲ့ရတာ ယောကျာ်းလေးတွေ များနေမို့ ဘာမှ မမှာရဲ
ဦးက စာပွဲထိုးလေးကို ခေါ်နေတုန်း
“ပိုး နင်အဲ့ဒီမှာ ဘာလုပ်နေတာလဲ”
“ဟီး”
စစ်သားပီပီအမိန့်လေသံနဲ့ အနောက်ကနေ ရောက်လာတာကတော့ ပိုးရဲ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ သက်ဦးပိုင်
လေးလေးရဲ့ တစ်ဦးတည်းသော သားပေါ့
“နင် အဲ့ဝိုင်းထိုင်ပြီး ဘာလုပ်နေတာလဲ”
“ဦး နဲ့ စကားပြောမလို့”
“ကျစ် လာခဲ့ ဒီကို”
အစ်ကိုဖြစ်သူ လက်ဆွဲခေါ်တာကို မလိုက်ချင်တဲ့ ပိုးကတော့ အကူအညီ တောင်းတဲ့ မျက်ဝန်းလေးနဲ့ ဂုဏ်ကို ကြည့်လိုက်ပေမယ့်
မျက်နှာ လွှဲသွားတဲ့ ဂုဏ်ကြောင့် အစ်ကို တို့ ဝိုင်းသွား ထိုင်ရတော့သည်။
“နင် ဘာကိစ္စ အဲ့ဝိုင်းထိုင်တာလဲ နင်က မိန်းကလေးနော်”
“သိပါတယ် ပွစိပွစိနဲ့ ကိုသက်ရယ်”
“တစ်ခါတည်းပြောမယ် အဲ့ကောင်နဲ့ ဝေးဝေးနေ ဖြစ်နိုင်ရင် မပတ်သတ်နဲ့”
“ဘာလို့လဲ မနေနိုင်ပါဘူး”
“ညီမလေး အစ်ကိုနဲ့ ဗိုလ်ကြီးဂုဏ်နဲ့က ပြိုင်ဘက် တွေ ရ-န်သူတွေလေ”
ဘေးက ဝင်ပြောလိုက်တဲ့ စစ်သားလေးကြောင့် ပိုးတွေးမိလိုက်တာက
မတည့်တဲ့သူ အချင်းချင်းဆို မကောင်းကြောင်း ပိုပေါ်တယ်တဲ့ လေးလေးကို မေးတုန်းက မသိခဲ့ရတဲ့ ဦးအကြောင်းတွေကို ကိုသက်ကို မေးရမယ်
“ဘယ်ကတည်းက မတည့်တာလဲ”
“စစ်တက္ကသိုလ် စတက်ထဲက မတည့်ကြတာဘဲ ညီမလေး အစ်ကိုရော ဗိုလ်ကြီးရော နှစ်ယောက်လုံးက ပညာချင်းတူတော့ စစ်ဆေးတက္ကသိုလ်လည်း PH.Dထိ ရောက်တယ်လေ”
“ကိုသက်နဲ့ဦး က လယ်ဗယ်ဘဲပေါ့”
“နင် ဘာသိချင်နေတာလဲ”
“အော် အခု လက်ရှိ ရာထူးကို ပြောတာလေ”
“အင်း ငါတို့က တူတူဘဲ”
“တူတူဆို တည့်ရမှာပေါ့ ဘာလို့တည့်တာလဲ ယောကျာ်းလေးတွေက တည့်တာ များပါတယ် ယောကျာ်းလေးတွေ မတည့်တာဆိုရင်…..”
ပိုး တွေးရင်း ပေါ်လာတာက မိန်းကလေး ကိစ္စများလား ဦးက အချစ်ဦးများ ရှိခဲ့တာလား
အရှင်ဘုရား ပိုးထင်သလို မဖြစ်ပါစေနဲ့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကိုသက်ကို ကြည့်မိတော့
“ကောင်မလေးတစ်ယောက်ကြောင့်….”
တကယ်ကို မိန်းကလေးကြောင့်ဘဲ ဦးက ငါ့ကိုသာ ခါးသီးနေတာ ကိုသက်နဲ့ပြိုင်လုရတဲ့ထိ ချစ်ခဲ့ရတဲ့ မိန်းကလေး ရှိခဲ့တာလား
အဲ့ဒီကောင်မလေးက ဘယ်သူလဲဆိုတာ ပိုးအရမ်းသိချင်တယ် တစ်ဖက်မှာလည်း ဦးတို့ဝိုင်းကရှိနေတော့
အိမ်ပြန်ရောက်မှ ကိုကြီးကို မေးရတော့မည်။
~~~~~~~~~~
“ဟလို အချစ်ကလေး တပ်ထဲမှာ ဗိုလ်ကြီးကို ဆွဲ-စားတာ အခြေနေ ဘယ်လိုရှိ”
“ငါတို့ လာခဲ့ရဦးမလား ပိုး ငါတို့လည်း ဗိုလ်ကြီး တစ်ယောက်လောက် လာရှာဦးမယ်”
ဦးအကြောင်း သူငယ်ချင်းဖြစ်သူတွေကို ဖွင့်ဟထားတာမို့ vedio call ခေါ်လိုက်တာ ဦးနဲ့စနေပြီ
“ငါစိတ်ညစ်နေတာ”
“ဘာလို့”
“နင့် ဦးနဲ့အဆင်မပြေဘူးလား”
“အဆင်က အစထဲက မပြေတာပါ အခုက ဦးမှာ ချစ်ရတဲ့ချစ်သူရှိခဲ့ဖူးတယ်တဲ့”
“ဟင်”
“ဟယ် နင် ပြောတဲ့ ဟိန်းဟောက်နေတဲ့ လူက ချစ်တဲ့သူ ရှိဖူးတယ်”
“သူချစ်တဲ့သူတော့ ဘယ်ဟိန်းဟောက်မလဲ ငါ့မို့လို့ ဟိန်းဟောက်ပြီး တွန်းထုတ်တာနေမှာပေါ့”
“နင်က ဗိုလ်ကြီး ချစ်သူရှိတာ ဘယ်လိုသိတာလဲ”
“ကိုသက်ဆီက သိတာ ကိုသက်နဲ့ဦးက အဲ့ကောင်မလေးကို နှစ်ယောက် ပြိုင်လုခဲ့တာတဲ့ သူက စစ်သမီးတဲ့ စစ်ဆေးတက္ကသိုလ်မှာ သူတို့ ဘွဲ့လွန်တက်ရင်းတွေ့ကြတာတဲ့”
“ဆက်ပြော”
“အဲ့ဒီမှာ ပြိုင်လုကြရင်း ကောင်မလေးက ဦးနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာ ၃နှစ်တဲ့ ကျောင်းလည်းပြီးရော ပညာတော်သင်ခေါ်တော့ ကောင်မလေးက ဦးကို လမ်းခွဲပြီး ပညာတော်သင် လိုက်သွားတာတဲ့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အဲ့အစ်မလွဲရင် ဦး ဘယ်မိန်းကလေးကိုမှ မချစ်ဘူး ဆုံးဖြတ်ထားပုံဘဲ”
“ကိုသက်ကကျတော့ရော”
“ကိုသက်နဲ့ဦးက အဲ့အစ်မကြောင့် ဘုံရ-န်သူလိုကို ဖြစ်နေကြတာ ဒါပေမယ့်လေ သူတို့က စစ်တပ်မှာ ဘာအဆင့်ဆိုတာကို မပြောကြဘူး သိလား”
“သူတို့ ဗိုလ်ကြီး မဟုတ်ဘူးလား”
“မှန်တယ် ဗိုလ်ကြီးဆိုတာ ဒါပေမယ့် တစ်ခါလေ ကိုသက်နဲ့ဦးက နှစ်ယောက်တူတူ ရက်ပိုင်းကြာအောင်
ပျောက်ပြီးမှ ပြန်ပြန်လာကြတာ ပြန်လာရင်လည်း ဒဏ်ရာတွေ ပါပါလာကြတာ”
“ဟမ်”
“နင်ဦးလေးမေးကြည့်လေ ပိုးရယ်”
“မေးတယ် စစ်သားတွေက သစ္စာရှိတယ် ပြောရမလားဘဲ လုံးဝမပြောဘူး ကိုသက်တောင် ငါ့ကို ပြောမပြဘူး”
ဦးအကြောင်းပြောရင်း ဦးချစ်ခဲ့တဲ့ အဲ့ဒီအစ်ကို ပိုးတွေ့ဖူးချင်လိုက်တာ ပြီးရင် မေးချင်တယ်
ဦးလို အရာရာ ပြီးပြည့်စုံနေတဲ့ သူမျိုးကို ဘယ်အရာတွေနဲ့လဲပြီး ထားခဲ့တာလဲလို့ ပိုးသာဆို ဦးနဲ့ယှဉ်လာတဲ့ အရာရာတိုင်းကို ရွေးချယ်မိမယ်မထင်ဘူး
ဘာလို့ဆို ပိုးအတွက် ဦးက နှလုံးသားတစ်ခုလိုဖြစ်နေခဲ့လို့လေ
အခန်းမှတ်ချက်များ (0)