Bububai ဝတ္ထု ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး အခန်းစာရင်း

အပိုင်း(၅)

ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး

“ဦး ဘယ်သွားမလို့လဲ”

ဦး ကားသော့လေးကိုင်ပြီး ပိုးတို့ရှေ့က ဖြတ်သွားတာမြင်လိုက်တာမို့ နောက်က လိုက်သွားပြီး မေးကာ

“မင်း ငါဘယ်နေရာ သွားသွား လိုက်နေတော့မှာလား အရှုပ်ထုပ်ဘဲ”

“ဦးက ပိုး မျက်စိရှေ့ပေါ်လာတာကို ဦး အခု ဘယ်သွားမလို့လဲလို့”

“မြို့ထဲ လိုအပ်တာ သွားဝယ်မလို့”

“ပိုးလည်း လိုက်မယ်”

တစ်ယောက်ထဲ ကားစီးနေကြ ဂုဏ်က ဘယ်သူမှ သူ့ကားပေါ်ကို တင်ခေါ်လေ့မရှိ အခု ပိုးဆို ပိုလို့တောင် တင်မခေါ်ချင်တာမို့

“မခေါ်ဘူး”

“ဟာ ဦးကလည်း ပိုးလည်း လိုအပ်တာ ဝယ်ချင်လို့ပါ”

“မင်းအစ်ကို လိုက်ပို့ခိုင်းလေ”

“သူကမအားဘူး”

“သူနားရက် ရထားတယ်”

“ဒါပေမယ့် ဦးနဲ့တူတူ သွားချင်တာပါဆို လုပ်ပါ ဦးရယ်။ ပြီးတော့လေ ဟို ဟို…”

ဗိုက်ကို ကိုင်ပြီး တစ်ခုခု ဖြစ်နေတဲ့ အမူအယာ လုပ်ပြနေတဲ့ ပိုးကြောင့်

“ဘာဟိုလဲ”

“ဟိုဟာဖြစ်နေလို့ အသုံးအဆောင်လေး လိုအပ်လို့ဝယ်ချင်တာ”

ဦးက စစ်ဆေးတက္ကသိုလ် တက်ထားတဲ့သူမို့ ဒါတွေ နားလည်မယ်ဆိုတာ ပိုးသိလို့ အကွက်လှလှလေး ထုတ်သုံးခဲ့တာ

မျက်နှာလေးက မအီမလည် ဖြစ်နေတဲ့ပုံလေးမို့ ဂုဏ် မခေါ်ချင်ပေမယ့် မေမေကလည်း သမီးလေးပိုးကို ဂရုစိုက်နော် ဆိုပြီး တစ်ဖွဖွ မှာထားတာမို့ ကူညီရတော့သည်။

“လိုက်ခဲ့”

အလုပ်ဖြစ်သွားတဲ့ အကြံလေးကြောင့် မှိုရတဲ့ အပြုံးလေးနဲ့ ဦးနောက် ပါသွားတော့သည်။

<<<<<<<<>>>>>>>>>

ဦးက အသက်ကြီးလို့လား စစ်သားမို့လို့လားတော့ သေချာမသိပေမယ့် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့သေချာစစ်ပြီးတော့ကို ပစ္စည်းဝယ်နေတာ

ညနေစောင်းမှ ပြီးတော့တော့မို့ ပိုး တော်တော်လေးကို

ညောင်းပြီး ပင်ပန်းနေပြီ

“ဦး မိုးရွာတော့မယ် ထင်တယ်”

ပိုးပြောနေတုန်း ရှိသေးတယ် မိုးက ချက်ချင်း ရွာလာလို ကားကလည်း ထိုးရပ်သွားခဲ့တာ

“ကျစ် ဘာဖြစ်တာလဲ”

“ဦး ဘယ်လဲ”

“ဆင်းကြည့်မလို့လေ”

ကားပေါ်က ဆင်းဖို့ လုပ်နေတဲ့ ဦးကို လက်ဆွဲလိုက်ပြီး

“မိုးရွာနေတယ် ခနနေမှ ဆင်းကြည့်ပါ”

“အဲ့တာကြောင့်ပြောတာ မင်းကို မလိုက်ခဲ့နဲ့လို့ အခုတော့ နောက်ကျတော့မယ် ဘယ်လိုဖြေရှင်းမှာလဲ ကျစ်”

ဦးပုံစံက ပိုးပါလာလို့အရမ်း စိတ်ရှုပ်နေတဲ့ပုံမို့

“ပိုး လေးလေးတို့ဆီဖုန်းဆက်လိုက်ပါ့မယ်”

“ဒီဘက်က မိုးရွာရင် ဖုန်းလိုင်းမမီဘူး ချီးထုပ်ရဲ့”

“ဟာ”

ဦးနဲ့ပိုး မိုးအတိတ်စောင့်ရင်း ည ၈နာရီ ကျော်လာခဲ့ပေမယ့် မိုးက လုံးဝမဆဲ ဦးက စိတ်မရှည်တော့လို့ ထင်ပါရဲ့ ကားဆင်းကြည့်ပြီးတော့မှ

“ပြင်မရဘူး ဒုက္ခပါဘဲ တောက်!!! အဲ့တာကြောင့်ပြောတာ မင်းကို မလိုက်ခဲ့ပါနဲ့လို့ အခုတော့ ရှုပ်ကုန်တော့မှာဘဲ”

ဦးက အော်နေကြဘဲမို့ စိတ်ထဲ ဘယ်လိုမှ မနေပေမယ့် ခန္တာကိုယ်က ရေတွေ စိုနေတာမို့ ဦး နေမကောင်းမှာ စိုရိမ်မိကာ

“ဦး သုတ်လိုက်ဦး”

ပိုးအိတ်ထဲက လက်ကိုင်ပုဝါလေး ထုတ်ပေးလိုက်တဲ့ ကောင်မလေးကြောင့်

“မင်း ငါပြောနေတာကို အရေးမလုပ်တာလား ပိုးသားငယ် တစ်ခုခု ဖြစ်လာလို့ကတော့ မင်းဘာသာရှင်း ငါမရှင်းဘူး”

“ဘာဖြစ်ရမှာလဲ ဦးကလည်း”

“ဟ လူပျို အပျို ညအချိန်မတော်ထိ ပြန်မလာတာ ဘာဖြစ်ရမှာလဲ ငါမမေးနဲ့”

“အော် ရှင်းပြရတာဘဲလေ ပိုးရှင်းပြပါ့မယ်”

“ပြီးတာဘဲ မင်းဘာသာမင်း နိုင်အောင်ရှင်း”

“အင်းပါ”

အမြဲ အပေါက်ဆိုးတဲ့ ဦးကို ချစ်လို့သာအပြစ် မမြင်နေတာ ပိုးကိုဆို စွာလိုက်တာ မိန်းမကြီးကျလို့

ပိုးရှင်းမယ် ဆိုတာနဲ့ လက်လေးပိုက်ပြီး အခြားတစ်ဖက်လှည့်ကာ အိပ်နေတဲ့ဦးက ပိုးအပိုင် ယောကျာ်းဆို ဘယ်လောက်ကောင်းမလဲ

ပိုး သာထိုအမျိုးသားလေးကို ပိုင်ခဲ့ရင် ငါ့အမျိုးသားလေးက ဘယ်လောက် ချောကြောင်း ခန့်ကြောင်း ပညာတက်စစ်ဗိုလ်ကြီးဖြစ်ကြောင်း တစ်ဖွဖွကို ကြွားနေမိမှာ…

“ယွန်း ယွန်းကိုယ်ကို မထားခဲ့ပါနဲ့ကွာ ယွန်း ယွန်း”

အိပ်ပျော်သွားတဲ့ ဦးက အလန့်တကြား ပေါ်ဟစ်နေတာမို့ ပိုးလည်း လန့်နိုးသွားပြီး

“ဦး ဘာဖြစ်တာလဲ ဦး”

“ယွန်း ကိုယ့်ကို မထားခဲ့ဘူးမလားဟင် ကိုယ့်ကို မထားခဲ့ပါနဲ့ကွာ”

“အင်း မထားခဲ့ဘူးနော် ဘယ်တော့မှ ထားမသွားဘူး”

ယောင်ရင်း ကျစ်နေအောင် အဖက်ခံလိုက်ရတာမို့ ဦးရဲ့ ကျောပြင်လေးကို ပွတ်ပေးတော့မှ ဦး ပြန်အိပ်သွားခဲ့သည်။

ဖက်ခံရတာ ပိုး ခန္တာကိုယ်ဆိုပေမယ့် ဦး တမ်းတနေခဲ့တာ ယွန်းတဲ့

ပိုး ချစ်တဲ့ဦးက ဦးချစ်တဲ့ ဟိုအစ်မကို တမ်းတနေခဲ့တာ ပိုးရင်တွေ တစ်ဆစ်ဆစ်နဲ့ နာကျင်လိုက်တာဦးရယ် တားဆီးမရတဲ့ မျက်ရည်က ဦးကြောင့် ပထမဆုံး ကျဖူးခဲ့ပြီ

<<<<<<<<<<<<<<<<>>>>>>>>>>>>>

မနက်မိုးလင်းတော့မှ ပြန်ရောက်ခဲ့တဲ့ ဂုဏ်နဲ့ပိုး သတင်းက စစ်တပ်တစ်ခုလုံး ပြန့်နေပြီမို့

ပိုး ငြင်းတဲ့ကြားက အတင်းအကြပ်ကို စီစဉ်ပေးခဲ့ကြတဲ့ လက်ထပ်ပွဲလေးမှာ ပိုး ပျော်ရွှင်ခဲ့ရပေမယ့်

ပိုးကြောင့် ဖြစ်ရတာဆိုပြီး ဦးက ပိုးကို တော်တော်လေး စိတ်ဆိုးသွားတာ လက်ထပ်ပွဲနေမှ မတက်သာလို့ ပြန်ခေါ်ခဲ့တာ

“ငါမင်းကို လုံးဝမချစ်ဘူး ပိုးသားငယ်”

“တစ်နေ့ ပြန်ချစ်လာနိုင်တာဘဲ ဦးရယ်”

“ဖြစ်လာစရာအကြောင်းမရှိဘူး ငါအတွက် နှလုံးသားဆိုတာ မရှိတော့ဘူး အဲ့တော့ ထပ်ချစ်စရာလည်း မရှိဘူး”

“အဟွန်းးး”

ပိုး ပြုံးနေပေမယ့် ဦး ဘာကို ပြောချင်တာလဲ ပိုးသိတယ် ဦးရဲ့ နှလုံးသားက ဟိုအစ်မဆီမှာဆိုလည်း

နှလုံးသားအသစ်နဲ့ ပိုးကို ချစ်လို့ရအောင် လုပ်ပေးမှာပေါ့

« ရှေ့အခန်း - အပိုင်း(၄) နောက်အခန်း - အပိုင်း(၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ