Bububai ဝတ္ထု ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး အခန်းစာရင်း

အပိုင်း(၃)

ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး

“သမီး အရမ်းမဆိုးနဲ့နော် မေမေ တစ်လဘဲ ကြာမှာ ကြားလား”

“ဟုတ်”

အန်တီမြနဲ့ ပိုးကို စစ်တပ်ရှေ့ထိ လိုက်ပို့ပေးပြီး တပ်ရှေ့ ရောက်တာပိုးကို စိတ်မချဖြစ်နေတဲ့ မေမေရယ်ပါ

“သမီး ဒီမှာက ယောကျာ်းလေးတွေများတယ် နေရာတကာလျှောက်မသွားနဲ့နော် မေမေ က သမီးကို အပြင်မှာ စိတ်မချလို့ ဒီထဲ ပို့တာ “

“သိပါတယ် မေမေရယ် သမီး သိပါတယ်ဆို”

ပြောလိုက်ရင် ဘာမဆို သိပါတယ် ဆိုတဲ့ ပိုးက လုပ်လိုက်ရင် အဆန်းအပြားတွေမို့ မိခင်မှာ လန့်နေရသည်။

“သမီး လေးလေး ခနနေ ထွက်လာလိမ့်မယ်”

လေးလေးက တပ်မှာ အကြီးဆုံး တပ်ရင်းမှူးဆိုပေမယ့် စစ်သားပြီပြီ စည်းကမ်းကြီးလွန်းတယ် အခု ပိုးတို့ ရောက်နေတာတောင် တပ်စည်းကမ်းဆိုပြီး သူလာခေါ်မှ ဝင်ရမယ် တစိမ်းတွေကို လက်လွှတ်စပယ် မ

ဝင်ခိုင်းဘူးတဲ့

မေမေရယ် ပိုးရယ် အန်တီမြရယ် တပ်ရှေ့မှာဘဲ ကားရပ်ပြီး လေးလေး လာခေါ်တာကို စောင့်နေရင်း

“မေမေ ဟိုမယ် ကြည့်ဦး ဟိုစစ်သားကို အန်တီကြီးက ရိုက်နေတာ”

အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် နဲ့ ချောမောလွန်းတဲ့ ကောင်လေးက အန်တီတစ်

ယောက်ဆီကနေ ကလေးလို နားဆွဲခံလိုက်ရ လက်ရိုက်ခံလိုက်ရနဲ့ မို့ ပိုး မေမေကို လက်ညိုးထိုးပြီး ပြလိုက်မိတော့

“အဲ့တာ မေမေ သူငယ်ချင်းထင်တယ်”

“ဟင် ဟုတ်လား”

“လာ မေမေတို့ သွားကြည့်ရအောင်”

ပိုးနဲ့မေမေ ထိုနေရာကို ရောက်သွားတော့

“ရတနာ ရတနာမလား”

“ဟယ် ခင်မိုး မလား”

“ဟုတ်တယ် ငါ ခင်မိုးလေ သူငယ်ချင်းရယ်”

မေမေနဲ့ အန်တီ တို့က ချက်ချင်းပွေ့ဖက်နေကြတာပုံက အချစ်ဆုံး သူငယ်ချင်းတွေဖြစ်မယ့်ပုံ

ခနက အရိုက်ခံနေရတဲ့ ကောင်လေးကို ကြည့်လိုက်တော့ အဆွဲခံထားရတဲ့ နားလေးကို ပွတ်ပြီးရပ်နေတာ ပိုး မျက်လုံးဆွေ ထိုကောင်လေးဆီကနေ

အကြည့်ကို မလွှဲနိုင်ဘူး

“သမီး ဒါက မေမေ အချစ်ဆုံး သူငယ်ချင်းလေ သူက အိမ်ထောင်စောကျသွားတော့ မေမေတို့ ကွဲသွားတာ ခုမှ တွေ့ရတော့တယ်”

“ဟုတ် မေမေ”

“သမီးလေးက ချစ်စရာလေး ခင်မိုးရယ် ဒါက ငါ့သားလေ ဒီမှာ တာဝန်ကျနေတာ”

“သားကလည်း တော်တော်ချောတာဘဲ ရတနာရယ်”

“ချောသာချောတာ အသက်၃၀နားကပ်နေပြီ မိန်းမရဖို့ နေနေ သာသာ ရည်းစားတောင်မရှိဘူး ခင်မိုးရယ်”

အန်တီခင်မိုး ပြောလိုက်တဲ့ စကားကြောင့် ပိုးစိတ်ထဲ

ပျော်သွားတဲ့ ခံစားချက်လေးက ချက်ချင်းတိုးဝင်လာသလို တစ်ခါမှ မခုန်ခဲ့ဘူးတဲ့ နှလုံးသားလေးက ထိုအမျိုးသားလေးကို ခိုးကြည့်မိတိုင်း ရူးမတက် ပျော်ပြီး ခုန်ပေါက်နေတာ

ဒီ အမျိုးသားလေးသာ ငါရဲ့မူပိုင်လေး ဖြစ်ခဲ့ရင် ဘယ်လောက် ကောင်းမလဲ

~~~~~~~~~~~

ဖြစ်ချင်ပြီ လိုချင်ပြီဆို မဖြစ်ဖြစ်အောင် လုပ်တဲ့ ပိုး သုံးရက်အတွင်း ဂုဏ်အမေကို အများကြီး စည်းရုံးခဲ့တာက ဂုဏ်ကို အပိုင်သိမ်းဖို့

“ဦး”

ဂုဏ် ရုံးခန်းထဲ အလုပ်လုပ်နေတုန်း တံခါးပေါက်ကနေ ခေါ်လိုက်တဲ့လအသံလေးကြောင့် မျက်မှောင်ကျုံသွားကာ

“မင်းကို အဲ့လိုမခေါ်နဲ့ ပြောထားတယ်လေ”

“ဦးအရွယ်မို့ ဦးပေါ့ မောင်လေးအရွယ်ဆို မောင်လေးခေါ်မှာပေါ့”

“ကျစ် နားညီးတယ် ပြော ဘာပြောမှာလဲ”

“အော် ဒီနေ့ ဦးမေမေနဲ့တူတူ အပြင်သွားတာလေ ရော့ ဦးအတွက် ပိုး မုန့်ဝယ်ခဲ့တယ်”

“ထားခဲ့”

“ဟို ပြီးတော့လေ”

“ကဲ မပြီးတော့ဘူးလား ဒါ စကားပြောတဲ့ နေရာမဟုတ်ဘူး အလုပ်လုပ်တဲ့နေရာ အပြင်ထွက်တော့”

“ဦးက ပိုးနဲ့ဆို စကားကို ၁၀လုံးတောင် ပြည့်အောင် မပြောဘူး ပိုးကိုဆို အမြဲ နှင်ထုတ်နေတာ”

“အလုပ်လုပ်နေတာလေ”

“အားတဲ့ချိန်ရော ရှိလို့လား”

လေးလေးကို ဦးအကြောင်းမေးတော့လဲ ဦးက ဗိုလ်ကြီး ဆိုတာကလွဲပြီး ကျန်တာ ပြောမပြဘူး ဦးပုံက သာမာန် ဗိုလ်တွေထပ်ကို အလုပ်အမြဲရှုပ်နေတာ

ပိုးမှာ ဦးအနားကို ကပ်ချင် မြူစွယ်ချင်ပေမယ့်လည်း

“ဟလို ခုချက်ချင်း ငါ့အခန်းထဲက အရှုပ်ထုပ်ကို လာရှင်း”

ဦးက တပ်သားတစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်တာမို့ ရောက်လာပြီး

“အမ အပြင်ထွက်ပေးပါ”

“ကျစ် ဦး မှတ်ထား လူဂွစာကြီး အကြင်နာတရားကို မရှိဘူး လူပျိုသိုးကြီး”

အပြင်ထွက်ရင်း ကျိ-မ်ဆဲ-သွားတဲ့ ကောင်မလေးကြောင့် ဂုဏ် နှုတ်ခမ်းလေး တစ်ချက် ညွှန့်ကွေးမိသွားတာ ဘယ်သူများ သတိထားမိခဲ့မလဲ

—————————

“ဦး ဒီနေ့ရော အလုပ်အားလားဟင်”

“မင်း ငါ့နောက် တစ်ကောက်ကောက် လိုက်နေတာလား”

ဦးက သူတပည့် စစ်သားလေးတွေအချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း အနောက်က ဝင်ထိုင်လိုက်တဲ့ ပိုး

ရိပ်မိတဲ့ စစ်သားလေးအချို့က ပြုံစိစိ ဖြစ်နေကြကာ

ဘေးဖယ်ပေးကြတာမို့ ပိုး ဦးနားလေး တိုးထိုင်လိုက်ပြီး

“ပိုး ဦးအနောက်ကို လိုက်နေတာမဟုတ်ပါဘူး ပိုးသွားတဲ့ နေရာတိုင်း ဦးက ရှိနေတာလေ တိုက်ဆိုင်တာမဟုတ်ရင် ဖူးစာထင်တယ်နော် ဦး”

ပိုးစကားကြောင့် သူတို့ဗိုလ်ကြီးကြောက်လို့ အသံမထွက်ရဲကြပေမယ့် ခွီးချင်နေပြီဖြစ်တဲ့ ဂုဏ်အဖွဲ့တွေ

“ကျစ် မင်း က မိန်းကလေးနော် စကားကြည့်ပြော”

“ကြည့်ပြောနေတာဘဲကို ဦး ပိုး ပဲနို့နဲ့အီကြာကွေး စားချင်တယ် မှာပေးဦး”

“ပါးစပ်မပါဘူးလား ကိုယ့်ဘာသာ မှာလေ”

« ရှေ့အခန်း - အပိုင်း(၂) နောက်အခန်း - အပိုင်း(၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ