မနာလိုစိတ်ဆိုတာ လွတ်လပ်စွာကြီးထွားလာတဲ့ နွယ်ပင်တစ်ပင်လို..အခုတော့ နန်းသစ္စာ ရဲ့နှလုံးသားကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားပြီး အသက်ရှူစရာနေရာတောင် မကျန်တော့သလို ဖြစ်နေသည်။
အဲဒီမနာလိုစိတ်က သူမရဲ့ မလုံခြုံမှုနဲ့ ပိုင်ဆိုင်လိုစိတ်ကို ပိုပြီး တောက်လောင်လာစေသည်။
လရိပ်မြူ ရှိနေတာကို သူမ လုံးဝသည်းမခံ
နိုင် ပေအကျဉ်းချထားခံရတဲ့ အရိပ်တစ်ခု
အဖြစ်ပဲ ရှိနေရင်တောင် မခံနိုင်ပေ။
လရိပ်မြူ အသက်ရှင်နေသရွေ့..နေကမ္ဘာလွှမ်း ရဲ့ နှလုံးသားထဲက လျှို့ဝှက်နေရာလေးတစ်ခုမှာ သူမအတွက် နေရာကျန်နေသရွေ့ နန်းသစ္စာ ဘယ်တော့မှ စိတ်အေးချမ်းနိုင်မှာမဟုတ်ပေ။
သူမလိုချင်တာက လွှမ်းကို အပြည့်အဝ ပိုင်ဆိုင်ပြီး ပြီးပြည့်စုံတဲ့ အောင်ပွဲတစ်ခု ရရှိဖို့ပင်။
မိန်းမတစ်ယောက်အနေနဲ့ လူတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုနည်းနဲ့ အနာကျင်ဆုံးဖြစ်အောင် လုပ်ရမလဲဆိုတာ သူမကောင်းကောင်းသိသလို...
ခုနလေးတင် လရိပ်မြူရဲ့ စိတ်ပျက်ပြီး ရူးသွပ်နေတဲ့ပုံကို တွေးမိတော့ နန်းသစ္စာ ကျောထဲ စိမ့်ခနဲ ဖြစ်သွားပေမယ့် ရင်ထဲက မကျေနပ်မှုနဲ့ အငြိုးကတော့ ပိုပြီးပြင်းထန်လာသည်။
ဘာကြောင့်လဲ..သူမက တရားဝင်စေ့စပ်ထားတဲ့ မိန်းကလေး..Sun မိသားစုရဲ့ အမွေဆက်ခံမယ့်ကလေးကို ကိုယ်ဝန်ဆောင်ထားတဲ့သူပဲ..
အဲဒီမိန်းမကတော့ အတိတ်မှာ ကျန်ခဲ့သင့်တဲ့ အကျဉ်းသားတစ်ယောက်ပဲ..ဒါတောင် သူမကို အဲ့မိန်းမကဘာကြောင့် ခြိမ်းခြောက်ရဲတာလဲ။
တွေးရင်း နန်းသစ္စာ အနည်းငယ်ဖောင်းလာတဲ့ ဝမ်းဗိုက်ကို လက်နဲ့ထိလိုက်ပြီး မျက်လုံးထဲမှာ ရက်စက်တဲ့အရိပ်တစ်ခု ဖြတ်သန်းသွားသည်။
သူမ ဖုန်းကိုထုတ်ပြီး မကြာသေးခင်က သိမ်းထားတဲ့ ဗီဒီယိုဖိုင်ကို ရှာလိုက်ကာ
နှုတ်ခမ်းထောင့်မှာတော့အဆိပ်ပြင်းတဲ့အပြုံးတစ်ခု ပေါ်လာပြီး မဆိုင်းမတွဘဲချက်ချင်း
လရိပ်မြူဆီ ပို့လိုက်သည်။
လရိပ် အဖြူရောင်ကြောင်လေးကို ရင်ခွင်ထဲ ပြန်ထည့်ပြီး ကြောက်လန့်နေတဲ့ကြောင်လေးကို စိတ်ငြိမ်အောင် ချော့နေတုန်း ဖုန်းမျက်နှာပြင် လင်းလာတာကြောင့်ကြည့်လိုက်တော့...
နန်းသစ္စာဆီက မက်ဆေ့ချ်တစ်စောင်နဲ့ဗီဒီယိုဖိုင်တစ်ခုပင်။
သူမ လက်ချောင်းက ဖုန်းမျက်နှာပြင်ပေါ်မှာ ခဏရပ်နေကာ စဉ်းစားလိုက်ပြီးစက္ကန့်အနည်းငယ် တွန့်ဆုတ်နေပြီးမှ နောက်ဆုံး
တော့ ဖွင့်ကြည့်လိုက်သည်။
ဗီဒီယိုထဲမှာ ကင်မရာလှုပ်ခါနေပြီး ဇိမ်ခံဟိုတယ်အခန်းတစ်ခန်းထဲမှာဖြစ်သည်။
ဗီဒီယိုထဲကယောက်ျားတစ်ယောက်ရဲ့ အသက်ရှူသံနိမ့်နိမ့်နဲ့ မိန်းမတစ်ယောက်ရဲ့ တမင်တကာ ပြုလုပ်ထားတဲ့ အသံတွေက ရောနှောပြီး သူမနားထဲ ဝင်လာသည်။
ဖုန်းမျက်နှာပြင်က အလင်းဟာ လရိပ်ရဲ့ ဖြူဖျော့နေတဲ့မျက်နှာပေါ် ကျရောက်နေသလို
ဗီဒီယိုထဲက အသံတွေက ပိုပိုပြီး မခံနိုင်စရာဖြစ်လာခဲ့သည်။
သူမကြည့်ပြီး အသက်ရှူရတာတောင် ခက်လာကာ ရင်ဘတ်ပေါ်မှာ ကျောက်တုံးကြီးတစ်တုံး ဖိထားသလို ခံစားလာရသည်။
လရိပ် ဆက်မကြည့်တော့ဘဲ ဖုန်းကို နံရံကို ပစ်ပေါက်လိုက်တာကြောင့်ဖုန်းက နံရံကို "ဒုန်း"ခနဲ ရိုက်မိပြီး မျက်နှာပြင်တစ်ခုလုံး ပင့်ကူအိမ်လို အက်ကြောင်းတွေဖြစ်သွားကာဗီဒီယိုလည်း ချက်ချင်းရပ်သွားသည်။
ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသလိုပင်။သူမရဲ့ လေးလံပြီး ရှုပ်ထွေးနေတဲ့ အသက်ရှူသံကလွဲပြီး အကုန်လုံးက တိတ်ဆိတ်နေသည်။
လရိပ် ဒူးတွေကိုဖက်ပြီး ကိုယ်ခန္ဓာတစ်ခုလုံး တုန်လာကာအဲဒီအတိုင်းသာ ငြိမ်ငြိမ်လေး
နေနေရင်း မိုးချုပ်သွားခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်မှာ နေဝင်ချိန်ကောင်းကင်ဟာ လိမ္မော်ရောင်ဖြစ်လာပြီး နောက်ပိုင်း တဖြည်းဖြည်း မှောင်မိုက်သွားသလို...
လေက ပြတင်းပေါက်ကနေ ဝင်လာပြီး အေးစက်နေပေမယ့် လရိပ် အခုထက်ထိမလှုပ်ပဲ
ငြိမ်နေဆဲပင်။
အေးစက်မှုက သူမအရေပြားပေါ် တက်လာပြီး အပ်သေးသေးလေးတွေ ထိုးဖောက်နေသလို ခံစားရပေမယ့် လက်မြှောက်ပြီး ပြတင်းပေါက်ပိတ်ဖို့ အင်အားမရှိတော့ပေ။
သူမ ရင်ထဲက အရင်ထဲကအေးခဲပြီးသားပဲ.. ခန္ဓာကိုယ်က နည်းနည်းပိုအေးသွားတော့ ဘာထူးတော့မှာလဲ....
••••
လွှမ်းအိမ်ပြန် ရောက်လာတော့ သူ့နောက်မှာ အိမ်တော်ထိန်းက လိုက်ပါလာပြီးတစ်ခုခု ပြောချင်ပေမယ့် မပြောရဲသလို ဖြစ်နေတာကို သူသတိထားလိုက်မိသည်။
လွှမ်း ဧည့်ခန်းထဲရောက်တာနဲ့ အင်္ကျီအပေါ်ထပ်ကို ချွတ်ပြီး ဆိုဖာပေါ် ပစ်တင်လိုက်ကာ...
"အိမ်တော်ထိန်းက ပြောတယ်.. မင်း တစ်နေ့လုံး ဘာမှမစားဘူးဆို"
ပြောရင်း သူက သူမအနားကို လျှောက်လာပြီး ထိုင်ချလိုက်ကာ မျက်နှာကို လက်နဲ့ထိဖို့ ကြိုးစားလိုက်တာ ကြောင့် လရိပ် ခေါင်းကို
လွှဲလိုက်တော့သူက မျက်မှောင်ကျုံ့လိုက်ပြီး...
"လရိပ်မြူမင်းဘာလိုချင်တာလဲ..မင်းကိုယ့်ကိုယ်ကို အစာငတ်ခံပြီး သေချင်နေတာလား"
ပြောရင်း သူက သူမလက်ကို ဆုပ်ကိုင်လိုက်တော့သူမ လက်ဖျားတွေ အေးစက်နေတာကြောင့် သူ့နှလုံးသားထဲ တင်းကျပ်သွားသလို ခံစားလိုက်ရကာ....
"တစ်ခုခု ပြောချင်ရင် ကိုယ့်ကိုပြောပါမင်း ကိုယ့်ကိုယ်ကို ဒီလိုမနှိပ်စက်နဲ့"
"ကျွန်မကို လွှတ်ပေးပါ.."
လရိပ် တိုးတိုးလေးပြောလိုက်သည်။
"နေကမ္ဘာလွှမ်းကျွန်မ ရှင့်ကို မချစ်တော့ဘူး... ရှင့်ဆီကနေ ထွက်သွားချင်တယ်..ဒီနေရာကနေလည်း ထွက်သွားချင်တယ်.."
သူမစကားကြောင့် သူ့မျက်နှာ ချက်ချင်း ဖြူဖျော့သွားကာသူမလက်ကို ဆုပ်ကိုင်ထားတဲ့ လက်တွေ တုန်လာပြီး...
"မဖြစ်ဘူး...မရဘူး.."
သူက အံ့ကြိတ်ပြီး ပြောလာသည်။
"ကိုယ်သေမှပဲ မင်းကို လွှတ်ပေးမယ်.."
လရိပ် အဲ့စကားကြောင့် သူမရှေ့မှာ အရမ်းနီးနီးကပ်ကပ်ရှိနေတဲ့ သူ့မျက်နှာကို ကြည့်လိုက်မိတော့..တစ်ချိန်က သူမနှလုံးသားကို အကြိမ်ကြိမ်ခုန်စေခဲ့တဲ့ဒီမျက်နှာဟာ..
အခုတော့ အဲဒီဗီဒီယိုထဲက မျက်နှာနဲ့ တူနေပြီး သူမကို ထွက်ပြေးချင်အောင် ရူးသွပ်စေတဲ့မျက်နှာပင်။
လရိပ် ရုတ်တရက်ထ ရယ်လိုက်တော့ သူမ
အသံက ခြောက်ကပ်ပြီး ကျိုးကျေနေသလိုပင်။
အခန်းအလွတ်ထဲမှာ သူမရဲ့ရယ်သံက ပဲ့တင်ထပ်နေပြီး ကြားရတဲ့
သူပင် ဝမ်းနည်းစရာကောင်းလှသည်။
လရိပ် သူမရဲ့မျက်လုံးတွေက စားပွဲပေါ်မှာရှိတဲ့ အသီးနွှာတဲ့ဓား ဆီ ရောက်သွားတော့ဓားသွားက မီးရောင်အောက်မှာ အေးစက်စက် တောက်ပနေသည်။
သူမ ထိုင်နေရာကနေ ထလိုက်ပြီး ဓားကို ကောက်ယူလိုက်ကာ မဆိုင်းမတွဘဲ သူ့ရင်ဘတ်ကို ထိုးလိုက်သည်။
သူမရဲ့ လှုပ်ရှားပုံက ရုတ်တရက်ဆန်ပေမဲ့
နေကမ္ဘာလွှမ်းက ချက်ချင်း တုံ့ပြန်ပြီး ဘယ်ဘက်လက်နဲ့ ဓားသွားကို တိုက်ရိုက်ကာလိုက်တာကြောင့် သူ့ရင်ဘတ်ကို ထိမသွားပေ။
ဒါပေမဲ့ သူ့လက်က သွေးတွေ ချက်ချင်း စီးကျလာသလိုသူကလည်း ဓားသွားကို လက်နဲ့ ဆုပ်ထားတာကနေ လွှတ်မပေးပေ။
အဲ့အချိန် အိမ်တော်ထိန်းနဲ့ အိမ်အကူနှစ်ယောက်နဲ့ အပြေးရောက်လာပြီး သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်လန့်သွားကြပြီး မျက်နှာတွေဖြူဖျော့သွားကြကာ....
"ဆရာဝန်ခေါ်! မြန်မြန်!"
အိမ်တော်ထိန်းကအိမ်အပြင်မှာ စောင့်နေတဲ့ ကိုယ်ရံတော်တွေကို အော်ပြောရင်း လရိပ်ရဲ့ လက်ထဲက ဓားကို ဖြုတ်ဖို့ ကြိုးစားနေတာကြောင့်...
"ရပ်လိုက်"
လွှမ်း ရုတ်တရက် အော်လိုက်သည်။
သူ့အသံထဲမှာ ထိတ်လန့်မှုနဲ့ ဒေါသတွေ ပြည့်နေပေမယ့် အဲဒီဒေါသက သူမအပေါ်တော့ မဟုတ်ပေ။
"သူမကို မလန့်စေနဲ့.. မထိနဲ့"
သူအိမ်တော်ထိန်းနဲ့ အိမ်အကူတွေကို အေးစက်စွာကြည့်ပြီး အမိန့်ပေးလိုက်သည်။
"ဒီနားက ထွက်သွားကြ..ဆရာဝန်ကို ချက်ချင်းခေါ်လာ"
လရိပ် ခဏအကြာမှာတော့ သူမ လက်ချောင်းတွေ ဖြေလျော့သွားပြီးဓားက ကော်ဇောထူထူပေါ် ဒုန်း ခနဲ ကျသွားသည်။
နေကမ္ဘာလွှမ်းရဲ့ လက်ထဲက သွေးတွေက
တစက်စက် စီးကျနေပြီး အင်္ကျီလက်ဖျား
တစ်ခုလုံးချက်ချင်း နီရဲသွားသည်။
သူက အံကြိတ်ထားပေမယ့် သူ့မျက်လုံးတွေက သူမဆီကနေ တစ်ချက်မှ မခွာပေ။
အဲဒီမျက်လုံးထဲမှာ လရိပ် နားမလည်နိုင်တဲ့ ရူးသွပ်မှုနဲ့ မလျှော့ပေးချင်တဲ့ စိတ် တွေ ပြည့်
နှက်နေသည်။
လေထဲမှာ သွေးနံ့တွေကပျံ့နှံ့နေပေမဲ့ လရိပ် သူ့ကို ဘာခံစားချက်မှမရှိသလို ကြည့်လိုက်ပြီး ချက်ချင်း လှည့်ထွက်လာခဲ့သည်။
သူမ အိပ်ခန်းတံခါးကို အားကုန်ဆွဲဖွင့်ပြီး အထဲဝင်လိုက်ကာတံခါးကို ပိတ်ချလိုက်ပြီးအပြင်ဘက်က အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
•••••
မကြာခင် ဆရာဝန်က အလျင်အမြန် ရောက်လာပြီး လွှမ်းရဲ့ ဒဏ်ရာကို ဆေးထည့်ပေးလာသည်။
အရက်ပြန်နဲ့ ဆေးတဲ့အခါ အနည်းငယ် စပ်ပေမယ့် သူကတော့ ဘာမှမခံစားရသလိုပင်။
ဆရာဝန်က အနာကို ပတ်တီးသေချာစည်းပေးပြီး ...
"CEO လွှမ်း ဒဏ်ရာက မနက်ပေမဲ့ရေမစိုအောင် သတိထားပါ…"
လွှမ်း ဆရာဝန်ကို ပြန်မဖြေနိုင်ဘဲ သူ့မျက်လုံးတွေက ပိတ်ထားတဲ့ အိပ်ခန်းတံခါးဆီသာရောက်နေသည်။
သူ့ လက်က ဒဏ်ရာက သိပ်မပြင်းပေမယ့်
သူ့နှလုံးသားထဲက နာကျင်မှုကတော့ အသက်ရှူဖို့တောင် ခက်လောက်အောင် ပြင်းထန်နေသည်။
ဆရာဝန်ကတော့ ဘာမှမပြောတော့ဘဲ ဆေးအိတ်သိမ်းပြီး တိတ်တိတ်လေး
ထွက်သွားသလို..လွှမ်းလဲ ထလိုက်ပြီး
အိပ်ခန်းတံခါးဆီ လျှောက်သွားကာ...
တံခါးခေါက်ဖို့ လက်မြှောက်လိုက်ပေမယ့် နောက်ဆုံးမှာတော့သူ့ လက်ကို အားမရှိသလို ပြန်ချလိုက်သည်။
သူ အေးစက်နေတဲ့နံရံကို မှီလိုက်ပြီး ခန္ဓာကိုယ်က အနည်းငယ်ယိုင်သွားပေမဲ့ခဏအကြာမှာ ပြန်မတ်လိုက်ကာသူ့အနားမှာ စောင့်နေတဲ့
အိမ်တော်ထိန်းကို...
"ဒီအိမ်ထဲက ချွန်ထက်တဲ့ပစ္စည်းအားလုံးကို သိမ်းထားလိုက်.. ဓား၊ ကတ်ကြေး၊ ဖန်ထည်တွေ အကုန်လုံး"
သူပြောရင်းခဏရပ်လိုက်ပြီးမှ....
"ကြွေပန်းကန်နဲ့ ခွက်တွေအားလုံးကို ဆီလီကွန်နဲ့ အစားထိုးလိုက်..အခုချက်ချင်းလုပ်"
အိမ်တော်ထိန်းတစ်ယောက် သူဌေးရဲ့ မျက်လုံးထဲမှာ ဖုံးကွယ်ထားလို့မရနိုင်တော့တဲ့ ကြောက်ရွံ့မှုနဲ့ ပင်ပန်းနွမ်းနယ်မှု ကို မြင်လိုက်ရသည်။
သူခေါင်းငုံ့လိုက်ပြီး..
"ဟုတ်ကဲ့..အကိုလေး"
ပြောပြီးတာနဲ့ ကျန်တဲ့ အိမ်အကူတွေကို အလုပ်စလုပ်ဖို့ လက်ဟန်ပြလိုက်ကာအိမ်ကြီးတစ်ခုလုံး အသံမထွက်အောင် ထိန်းထားတဲ့ အလုပ်ရှုပ်သံသေးသေးလေးတွေ ထွက်ပေါ်လာသည်။
အခန်းမှတ်ချက်များ (0)