Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၂၃

ဆေးရုံကိစ္စတွေကို ဆောင်ရွက်ရတာ ရှုပ်ထွေးလွန်းလှသလို. ..သံစဉ်ကပဲ ကိစ္စအားလုံးကို သူမအစား လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ဆရာမကြီးရဲ့ အသုဘကို မိဘမဲ့ဂေဟာက ကလေးအားလုံးလည်း ခေါ်လာခဲ့သည်။

ကလေးတွေးအားလုံးကသပ်သပ်ရပ်ရပ် အနက်ရောင်အဝတ်အစားလေးတွေကို ဝတ်ဆင်ထားပြီး မျက်ဝန်းများတွင် မျက်ရည်များဖြင့် သူမဘေးတွင်သာ တိတ်တဆိတ်ရပ်နေကြသည်။

ထိုကလေးများထဲတွင် အသက်အငယ်ဆုံးက ငါးနှစ်သာ ရှိသေးသော်လည်း အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း အဓိပ္ပာယ်ကို သူနားလည်နေပြီဖြစ်သည်။

ဈာပနာအခမ်းအနားတစ်လျှောက်လုံး လရိပ် ထူးဆန်းလောက်အောင် တည်ငြိမ်နေခဲ့သည်။

သူမ မငိုခဲ့သလို စိတ်လွတ်လက်လွတ်လည်း

မဖြစ်ခဲ့ပေ။

လူတိုင်းရဲ့ ..နှစ်သိမ့်မှုကို တိတ်တဆိတ် လက်ခံနေခဲ့ပြီး အသက်မဲ့နေသည့် အရုပ်တစ်ခုလို ဖြစ်နေခဲ့သည်။

ဈာပနာပြီးနောက် ဆက်လက်လုပ်ဆောင်ရမဲ့ စာရွက်စာတမ်းကိစ္စများက ပို၍ပင် များပြားခဲ့သည်။

ဘဏ်အကောင့် တွေပိတ်သိမ်းတာတွေအာမခံကိစ္စတွေကို ဖြေရှင်းတာနဲ့ ဆရာမကြီးရဲ့ ကိုယ်ပိုင်ပစ္စည်းအနည်းငယ်ကို စီစဉ်ရတွေမှာ သံစဉ်ကသူမနှင့်အတူ ကိစ္စတစ်ခုချင်းစီကို လိုက်လံဖြေရှင်းပေးရင်း သူမရဲ့အခြေအနေကိုလည်း သေချာစွာ စောင့်ကြည့်နေခဲ့သည်။

သူမဘယ်အချိန်မှာ စိတ်မခံနိုင်တော့ဘဲ ပြိုလဲသွားမလဲဆိုတာကို သံစဉ် စိုးရိမ်နေခဲ့သည်။

သူမတို့ တစ်ပတ်လုံး အလုပ်ရှုပ်သွားပြီးနောက် မှာတော့နောက်ဆုံးတွင် အားလုံးပြီးဆုံးသွားခဲ့သည်။

သံစဉ်က သူမကို အိမ်လိုက်ပို့ပေးပြီး အိမ်ထဲအထိ လိုက်ပို့ပေးခဲ့သည်။

လရိပ် သံစဉ်ကိုလည်းဘာမှမပြောဘဲ ဆိုဖာပေါ်တွင် တိတ်တဆိတ်ထိုင်ရင်း ပြတင်းပေါက်အပြင်ဘက်က နေဝင်ချိန်ကို သာစိုက် ကြည့်

နေမိသည်။

နေဝင်ချိန်ရဲ့ အလင်းရောင်ကသူမရဲ ဖြူဖျော့နေသောမျက်နှာပေါ်သို့ ဖြာကျနေကာနေရောင်အောက်တွင် သူမပုံရိပ်က ခံစားချက်မဲတဲ့ ရုပ်တုတစ်ရုပ်လိုဖြစ်နေသည်။

သူမ ထိုင်နေရင်းပင်နေလုံးဝဝင်သွားပြီး တဖြည်းဖြည်း မှောင်လာကာ ပြတင်းပေါက်အပြင်ဘက်ကောင်းကင်မှာလည်း အမှောင်ထုက ဖုံးလွှမ်းလာသည်။

မြို့ပြရဲ့အဆောက်အအုံတွေဟာလည်း မှောင်မိုက်လာရင်း မသဲမကွဲ ဖြစ်လာသည်။

သူမကတော့ ပြတင်းပေါက်ရှေ့မှာပင် တိတ်တဆိတ်ထိုင်နေဆဲဖြစ်ပြီး အဝေးက

မြို့ပြမီးအလင်းရောင်များကို ငေးကြည့်နေမိသည်။

အဲ့အချိန် သံစဉ်က ကော်ဖီပူပူတစ်ခွက် ယူလာပြီး စားပွဲပေါ်တင်လိုက်တာနဲ့ ကော်ဖီပူပူလေး‌ရဲ့ အငွေ့နဲ့အတူ အနံ့က ပတ်ဝန်းကျင်က်ု ဖုံးလွှမ်းသွားသည်။

"ကော်ဖီလေးသောက်ပြီး ကိုယ့်ကိုယ်ကို နွေးအောင်လုပ်ဦး"

လရိပ် သံစဉ်ဘက်ကို ခေါင်းလှည့်ကြည့်ပြီး အားတင်းပြုံးပြလိုက်ကာ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။

ထိုအချိန်တွင် အဝေးကောင်းကင်ယံ၌ မီးရှူးမီးပန်းတစ်ခု ပေါ်လာကာ ထို့နောက် ဒုတိယတစ်ခု၊ တတိယတစ်ခု ဆက်တိုက်ပေါ်လာသည်။

ရောင်စုံမီးရောင်များက ညကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး မီးရောင်အလင်းအမှောင်များအကြား လရိပ်ရဲ့ ဖြူဖျော့နေသောမျက်နှာမှာ ပို၍ပင် ထင်ရှားလာသည်။

သံစဉ်က ပြတင်းပေါက်အပြင်ကို ကြည့်ရင်း...

"ဒီနေ့ ကြည့်ရတာ အခမ်းအနားပွဲ ကြီးကြီးရှိတယ်ထင်တယ်...မီးပန်းတွေက တစ်မြို့တောင်မြင်ရတယ်"

"အင်း..ဟုတ်ပါရဲ့"

"ဒါနဲ့ သံစဉ် နင်ဒီရောက်ထဲက ငါ့ကိစ္စတွေလုပ်ပေးရတာနဲ့ ပင်ပန်းပြီး အလုပ်တွေရှုပ်နေတာနဲ့

ရောက်ထဲက နင့်ကောင်လေးနဲ့ အေးဆေးမတွေ့ရသေးဘူးမလား"

"အခုကိစ္စတွေအားလုံးလည်းပြီးသွားပြီဆိုတော့နင့် နင်ကောင်လေးကို အချိန်ပေးလိုက်အုံးလေ

ငါက တစ်ယောက်ထဲအဆင်ပြေပါတယ်"

လရိပ်ရဲ့အသံမှာ ခြောက်ကပ်ပြီး တိုးတိုးလေးဖြစ်နေသည်။သူမ အချိန်အတော်ကြာ စကားမပြောထားသဖြင့် အသံတွေက အက်ကွဲနေသလို ဖြစ်နေသည်။

"ဘယ်ကကောင်လေးလဲ သူက ငါ့အတွက်နင့်လောက် အရေးမကြီးဘူး"

"အခု ငါ့ကို ဝေါယာဉ်နဲ့ လာခေါ်ရင် နင့်ကိုထားပြီး ငါမသွားဘူး"

အဲ့အချိန် အပြင်ဘက်မှ မီးရှူးမီးပန်းများက ပို၍များပြားလာပြီးရုတ်တရက် ကောင်းကင်ပေါ်တွင် ဒရုန်းများ တန်းစီပေါ်လာကာအနီရောင်နှလုံးပုံစံအဖြစ် လင်းလက်သွားပြီးနောက် စာလုံးများအဖြစ် ပြန်ပုံဖော်လာသည်။

"N K L & N T"

ညကောင်းကင်ထဲတွင် ထိုစာလုံးများက ထင်ရှားစွာ လင်းလက်နေသည်။

"နေကမ္ဘာလွှမ်း နဲ့ နန်းသစ္စာ"

ထိုမြင်ကွင်းကို မြင်လိုက်ရတာနဲ့ သံစဉ်မျက်နှာက ချက်ချင်းဖြူဖျော့သွားပြီး အံကြိတ်လိုက်ကာ ဆဲဆိုလိုက်သည်။

"နေကမ္ဘာလွှမ်းက တကယ့်အမှိုက် ကောင်ပဲ! တိရစ္ဆာန်ထက်တောင် ဆိုးတယ်! "

သံစဉ်ပြောပြီး စိတ်မကောင်းစွာနဲ့ လရိပ်ကို ကြည့်လိုက်မိသည်။

သို့သော် လရိပ်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ

သူမမသိတော့ပေ။

လရိပ်ကတော့ ထိုမြင်ကွင်းဟာ သူမနဲ့ လုံးဝမဆိုင်သလို ဒီအတိုင်းသာ ဆက်ကြည့်နေလိုက်သည်။

ချစ်ခြင်း...မုန်းခြင်း အလျှင်းမရှိတော့ပေ...

ညကောင်းကင်ယံက မီးရှူးမီးပန်းများရဲ့ တောက်ပသောအလင်းများက ခဏတာလင်းလက်ပြီး အမှောင်ထဲတွင် ပြန်ပျောက်ကွယ်သွားကြသည်။

လရိပ် ခဏနေတော့ အပြင်ကိုဆက်မကြည့်တော့ဘဲ စားပွဲပေါ်က အေးစက်နေသော ကော်ဖီရည်ခွက်ကိုသာ ငေးကြည့်နေမိကာ..

သူမရင်ထဲမှာ တစ်စုံတစ်ခု ရုတ်တရက် ပြိုကျသွားသလို ခံစားလိုက်ရပြီး..အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သော မျက်ရည်များက နောက်ဆုံးတွင် အတားအဆီးမရှိ စီးကျလာတော့သည်။

သူမ ကိုယ့်ပခုံးကိုပြန် ဖက်ထားလိုက်ရင်း တိတ်တဆိတ်ငိုရာမှ တဖြည်းဖြည်း

ရှိုက်ကြီးတငင် အသံထွက် ငိုကြွေးမိတော့သည်။

သူမငိုနေရင်း ရှိုက်လိုက်ကာ...

"ငါ တကယ်ပင်ပန်းနေပြီ သံစဉ်... တကယ်ကို အရမ်းပင်ပန်းနေပြီ..."

လရိပ် ပြောလိုက်တော့ သူမကို သံစဉ်ကတင်းတင်းဖက်ထားလာပြီး ကလေးတစ်

ယောက်ကို ချော့သလို နူးနူးညံ့ညံ့နဲ့....

"ငိုလို့ရတယ်လရိပ်... ငိုလိုက်ပါ..."

အပြင်ဘက်မှ မီးရှူးမီးပန်းများ လဲတဖြည်းဖြည်းနည်းလာသလိုဒရုန်းများရဲ့အလင်းရောင်များလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပြီး...

ညကောင်းကင်ဟာ အရင်အတိုင်း ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ခဏအကြာမှာတော့လရိပ်ရဲ့ ငိုသံလည်း တဖြည်းဖြည်းငြိမ်သက်သွားပြီးသူမ အင်အားကုန်ဆုံးသွားသလို သံစဉ်ရဲ့ရင်ခွင်ထဲမှာ မှီနေခဲ့သည်။

အဲ့ကြမှ သံစဉ်က သူမမျက်နှာပေါ်ြမျက်ရည်များကို သုတ်ပေးရင်း....

"လရိပ်..ရက်အနည်းငယ်နေရင် နိုင်ငံခြားသွားဖို့ လေယာဉ်လက်မှတ်ဝယ်လိုက်တော့မယ်..နင် ဒီအရာတွေကို ထပ်မကြည့်နဲ့တော့"

" နိုင်ငံခြားမှာငါ လုပ်စရာတွေကိုလည်း စီစဉ်ပြီးပြီ..ဖီးလစ်စာပေတိုက်ကလည်း နင့်ကိုလာဖို့ စောင့်နေတယ်"

လရိပ်လည်း ပင်ပန်းစွာ မျက်လုံးမှိတ်ပြီး ခေါင်းအသာညိတ်ပြလိုက်သည်။

"အင်း... သွားမယ်..ဒီ‌ နေရာနဲ့ဝေးလေလေ ကောင်းလေလေပဲ"

သူမအသံက တိုးလွန်းပေမဲ့အသံထဲမှာခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ပါဝင်နေသည်။

သံစဉ် တစ်ချိန်က မာနကြီးပြီး သန်မာခဲ့ပေမဲ့ အခု တော့ဘဝရဲ့ဒဏ်ရာများကြောင့် ကျိုးပဲ့ခံစားနေရသော သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း ရင်ထဲတွင် မဖော်ပြနိုင်အောင် နာကျင်နေ

ရသည်။

"အဆင်ပြေသွားမှာပါ.. အားလုံးအဆင်ပြေသွားမှာပါ.. လရိပ် နင် ပြန်ကောင်းလာအောင် ငါသေချာပေါက် ကူညီပေးပါမယ်"

သံစဉ် တိုးတိုးလေး ကတိပေးလိုက်သည်။

•••••

သံစဉ် နောက်တစ်နေ့မနက်ကျစောစောထပြီး

မီးဖိုချောင်ထဲဝင်ကာ ဆန်ပြုတ်ပြုတ်နေသည်။

မနေ့ညက ငိုပြီး ပင်ပန်းကာ အိပ်ပျော်နေသော လရိပ် မနိုးလာစေရန် သံစဉ် တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ် လုပ်ကိုင်နေသည်။

အဲ့အချိန် မနက်အစောကြီးမှာ ရုတ်တရက် တံခါးဘဲလ်မြည်လာတာကြောင့်သံစဉ်

မျက်မှောင်ကြုတ်လိုက်ပြီး ဇွန်းကိုချကာ

တံခါးဆီ အမြန်လျှောက်သွားလိုက်သည်။

သူမ တံခါးဖွင့်လိုက်တာနဲ့တံခါးဝမှာ အမျိုးသားတစ်ယောက်ကလက်ထဲမှာ အိတ်တွေကိုင်ပြီးရပ်

နေတာကြောင့်...

"ဘယ်သူ့ကိုရှာတာလဲ...."

သံစဉ် မေးလိုက်တာနဲ့...

"ကျွန်တော် မင်းနိုင်ထွန်းပါခင်ဗျ CEO လွှမ်းရဲ့ လက်ထောက်ပါ... အခု အကိုလေးက လရိပ် အတွက် လက်ဆောင်အချို့ ပေးခိုင်းလို့ပါ"

သံစဉ် နေကမ္ဘာလွှမ်းရဲ့ နာမည်ကြားတာနဲ့ မျက်လုံးများချက်ချင်း အေးစက်သွားပြီး...

"သွား...ထွက်သွား!"

သံစဉ် ပြောရင်း ထိုလူရဲ့ လက်ထဲက အိတ်များကိုလည်း ဆွဲယူပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

သူမ ပစ်ချလိုက်တာကြောင့် အိတ်ထဲက တစ်စုံတစ်ခု ကျကွဲသည့်အသံ ထွက်လာ

ပေမဲ့ သူမဂရုမစိုက်ပဲ သူမထိုလူကို စိုက်ကြည့်လိုက်ကာ...

"လရိပ်က သူနဲ့အတူ ငါးနှစ်လုံးလုံး ရှိနေပေးခဲ့တာ! အခုကျတော့ သူက လရိပ်ကို ကစားစရာတစ်ခုလိုပဲ သဘောထားတယ်! တိရစ္ဆာန်ထက်တောင် ဆိုးတဲ့လူပဲ! ပြန်သွားပြီး နေကမ္ဘာလွှမ်းကို ပြောလိုက်..လရိပ်က သူ့လှည့်ကွက်တွေကို ဘယ်တော့မှ ထပ်မယုံတော့ဘူး!ဒီလက်ဆောင်တွေလဲ လုံးဝလက်ခံမှာမဟုတ်ဘူး"

သူမရဲ့စကားလုံးတွေကြောင့် ထိုလူက ဖြူဖျော့သွားပြီး ခေါင်းငုံ့ကာ ...

"ကျွန်တော်က.. အမိန့်အတိုင်းပဲ လုပ်တာပါ..."

"ဘာ ကြောင့်ပဲဖြစ်ဖြစ်ငါစိတ်မဝင်စားဘူး..အခုပြန်သွားပြီး နေကမ္ဘာလွှမ်းကို ပြောလိုက်..လရိပ်ကို ထပ်မနှောင့်ယှက်တော့နဲ့လို့.. "

"သူတောင် ငါးနှစ်ကြာတဲ့ဆက်ဆံရေးကို မျက်နှာမထောက်လုပ်ရက်တာ လရိပ်ကလည်း သူ့ဆီက ကျန်တဲ့ စေတနာ အနည်းငယ်ကို

ဘာလို့ လက်ခံရမှာလဲ"

သံစဉ်ပြော နေရင်း ခြေသံ တိုးတိုးလေးကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်

တော့ လရိပ်ကို တွေ့လိုက်ရသည်။

"လရိပ်..."

သံစဉ် စိတ်မကောင်းဖြစ်သွားပြီး သူမအနား အမြန်သွားကာ ပိန်လှီနေသောပခုံးကို နူးညံ့စွာ ဖက်လိုက်ပြီး...

"ဘာလို့ထလာတာလဲ..ပင်ပန်းထားတာကို အေးဆေးနားမှပေါ့"

လရိပ်က သူမကိုကြည့်ပြီး အဆင်ပြေပါတယ်ဆိုတဲ့ ပုံစံလေးနဲ့ ပြုံးပြလာပြီးမှ အပြင်က လူဘက်ကို လှည့်လိုက်ကာ...

"ကို မင်းနိုင် ပြန်လိုက်ပါ"

သူမအသံက တိုးညင်းနေပေမဲ့ အလွန်အေးစက်မာကျောနေသည်။

"CEO လွှမ်းရဲ့ စေတနာအတွက် ကျွန်မကိုယ်စား ကျေးဇူးတင်ပေးပါ ဒါပေမယ့် ဒါတွေ ကျွန်မ

မလိုအပ်တော့ပါဘူး"

သူမပြောနေပေမဲ့ မင်းနိုင်က အဲ့ဒီ့နေရာကနေ

မရွေ့ဘဲ ရပ်နေပြီး သူ့မျက်လုံးထဲတွင်

တွန့်ဆုတ်နေမှုများ ပြည့်နှက်နေသည်။

သူ မသွားသေးဘဲ ပေကပ်ကပ် ရပ်နေသေးတာကြောင့် သံစဉ် ဒေါသထွက်ကာ အော်တော့မည့်အချိန်မှာပဲ လရိပ်ကသူမထက် အရင်ပြောလိုက်သည်။

"ပြန်လိုက်ပါ..."

လရိပ်ရဲ့ အသံဟာ တည်ငြိမ်ပြီး ခိုင်မာသည်။

"ပြီးတော့ ကိုမင်းနိုင် CEO လွှမ်းကိုလဲအခု ကျွန်မပြောတာအတိုင်း ပြန်ပြောပေးပါ"

ပြောပြီး သူမ ခဏရပ်ပြီးမှ အသက်ရှူသွင်းလိုက်ကာ...

"ကျွန်မတို့တကယ် အဆုံးသတ်သွားပါပြီ...

ဆရာမကြီးအတွက် သူလုပ်ပေးခဲ့တာတွေအားလုံးက ကျွန်မရဲ့ငယ်ရွယ်နုပျိုမှု ငါးနှစ်အတွက်သူ ပြန်ပေးဆပ်တာပဲလို့ သတ်မှတ်လိုက်မယ်"

"ဒါကြောင့်...ကျွန်မတို့ကြားမှာ ဘာအကြောင်းကြောင့်မှ ပတ်သတ်စရာမရှိတော့ဘူးလို့"

အဲ့အချိန် မင်းနိုင် တစ်ခုခု ပြောဖို့လုပ်လိုက်ပေမဲ့ လရိပ်က သူပြောမှာကို ကြိုသိနေကာ လက်ကာပြလာပြီး......

"ဘာမှ ထပ်မပြောနဲ့တော့..ကျွန်မမကြားချင်ဘူး ပြီးတော့ ထပ်မလာပါနဲ့ တော့..ဘယ်လို လက်ဆောင်ပေးပေး အဓိပ္ပာယ်မရှိတော့ပါ

ဘူး"

သူမပြောရင်း ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ကြမ်းပြင်ပေါ်ကျ နေတဲ့လက်ဆောင်များကိုပင် မကြည့်ပဲ...

"ကျေးဇူးပြုပြီး ပြန်လိုက်ပါ"

မင်းနိုင် တစ်ခုခုကို ပြောချင်ပေမဲ့ မပြောနိုင် တော့ဘဲ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ရသည်။

သူ ကြမ်းပြင်ပေါ် မှာပြန့်ကျဲနေတဲ့ အိတ်များကို သာ ကောက်ယူပြီး ပြန်ထွက်လာခဲ့လိုက်သည်။

"ကျွန်တော်သွားလိုက်ပါအုံးမယ်ဗျ လရိပ်လည်း ကျန်းမာရေးကို ဂရုစိုက်ပါ...လရိပ် ပြောတဲ့စကားတွေကို အကိုလေးဆီ ပြန်ပြောပေးပါမယ်"

လရိပ်ခေါင်းသာညိတ်ပြလိုက်ပြီး တံခါးပိတ်လိုက်သည်။

သူမ တံခါးပိတ်လိုက်ပြီးတာနဲ့ သံစဉ် လရိပ်ရဲ့ကျောပြင်ကို စိတ်မကောင်းစွာနဲ့ ဖက်ထားလိုက်သော်လည်း ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာပင်

မသိတော့ပေ။

သံစဉ် တိတ်တိတ်လေးဖက်ထားပေးချိန် လရိပ်ဆီက စကားသံထွက်ပေါ်လာသည်။

"သံစဉ်...ငါတို့ ဒီညနေပဲ သွားကြရ အောင်

ထပ်မစောင့်ချင်တော့ဘူး...လေယာဉ်

လက်မှတ်ကရနိုင်အုံးမလား..."

သံစဉ် လရိပ် လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ခေါင်း ညိတ်လိုက်ကာ...

"ရတာပေါ့...မရရတဲ့နည်းနဲ့ ငါစီစဉ်ပေးမယ်..ငါတို့ဒီညနေပဲ ထွက်သွားကြရအောင်"

« ရှေ့အခန်း - အခန်း-၂၂ နောက်အခန်း - အခန်း -၂၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ