Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း-၂၂

လရိပ် ဖက်ထုပ်များကို အပူခံချိုင့်ထဲကိုသေချာစွာထည့်နေသည်။သူမ ဖတ်ထုပ်လေးတွေကို ဆေးရုံရောက်တဲ့အချိန်အထိ ပူပူနွေးနွေးရှိ

နေစေရန် အဖုံးကိုပါ သေချာဖုံးလိုက်သည်။

သူမ ဆေးရုံသွားနေတဲ့ တက္ကစီ ပြတင်းပေါက်ကနေလမ်းပေါ်ကိုကြည့်လိုက်မိတော့..လူတိုင်းက သူတို့အလုပ်ကိုယ်စီနဲ့ လမ်းပေါ်မှာ လှုပ်ရှားသွား

လာနေကြသည်။

ဒီနေ့ New Year နဲ့ ရုံးပိတ်ရက်နဲ့ တိုက်တာ ကြောင့်ထင်တယ်မြို့ထဲမှာ လူတွေအတော်စည်ကားနေသည်။

လရိပ် ဆေးရုံ ဓာတ်လှေကားက နေဖြည်းဖြည်းချင်း အပေါ်တက်လာတာချိန် ဒီနေ့မှ သူမစိတ်ထဲမှာ ဘာကြောင့်မှန်းမသိ လေးလံလာသည်။

သူမ ဆေးရုံထဲမှာ ခြေတစ်လှမ်းလိုက်တိုင်း ရနေသည့်စူးရှ နေသော ပိုးသတ်ဆေးနံ့က သူမ လက်မခံချင်သည့် အမှန်တရားကို ပြန်လည်သတိပေးနေသလိုပင်။

သူမ ဘယ်လောက်ပဲလက်မခံချင်ပါစေ

ဆရာမကြီးရဲ့ နေ့ရက်တွေက တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီဖြစ်သည်။

လရိပ် ဆေးရုံအခန်းတံခါးကို ဖွင့်လိုက်တာနဲ့ သူမ မျှော်လင့်ထားသော ဘဝရဲ့နွေးထွေးမှုလေးကို တွေ့လိုက်ရသည်။

လရိပ် အခန်းကိုမနေ့က မပြန်ခင် အလှဆင်ထားခဲ့သေးသည်။

အိပ်ရာဘေးစားပွဲပေါ်မှာ ပန်းပွင့်နေသော ပန်းအိုးလေးတစ်အိုးရှိပြီး နံရံပေါ်မှာတော့

ခရစ်စမက်တုန်းက ကလေးတွေဆွဲပေးထားတဲ့ ပန်းချီပုံလေးများကို ကပ်ထားပေးသည်။

ဆရာမကြီး သူ့ကလေးတွေဆွဲပေးတဲ့ ပုံလေးတွေရတုန်းက အရမ်းပျော်နေတာမို့ သူမ အဲ့ဒါလေးတွေကို နံရံမှာ သေချာကပ်ပေးထားတာဖြစ်သည်။

ပြတင်းပေါက်ဘေးမှာလည်း ပန်းအိုးလေးတစ်အိုးထားပေးထားကာ ပန်းရောင်အဖူးလေးများ

က တကယ်ကိုလှပလွန်းရသည်။

သူမ ဝင်လာတော့ ဆရာမကြီးက အိပ်ရာခေါင်းရင်းကို မှီထိုင်နေကာ မျက်နှာက ဖြူဖျော့နေသော်လည်း အမူအရာက ငြိမ်းချမ်းနေသည်။

သူမ ဝင်လာတာကို မြင်လိုက်တာနဲ့ ဆရာမကြီးရဲ့ မျက်လုံးများက တောက်ပလာပြီး....

"လ လေး သမီးရောက်လာပြီလား.."

အသံက အားနည်းသော်လည်း နွေးထွေးနေပြီး ဆရာမကြီးမျက်နှာပေါ်တွင် စိတ်အေးသွားသည့် အပြုံးတစ်ခု ပေါ်လာသည်။

"ဟုတ်..ဆရာမကြီး..သမီး ဆရာမကြီးအကြိုက် အသား ဖက်ထုပ်လေးတွေ လုပ်လာတယ်"

လရိပ် တိုးတိုးလေးပြောလိုက်ရင်း အပူခံ ချိုင့်ကို သေချာဖွင့်လိုက်တော့ ပူပူနွေးနွေး ဖက်ထုပ်ရဲ့ မွှေးပျံ့သောအနံ့က အခန်းထဲကို ပျံ့နှံ့သွားသည်။

အဲ့အချိန်မှာပဲ အခန်းတံခါး ထပ်မံပွင့်လာပြီး မင်းနိုင်က ပန်းစည်းတစ်စီးကို ကိုင်ဆောင်ကာ ဝင်လာကာ..

သူ့နောက်တွင် တော့သူနာပြုနှစ်ဦးကလည်း စားစရာ တွေတင်ထားတဲ့လှည်းတစ်စီးကို တွန်းလာကြသည်။

"ဆရာမကြီး..CEO လွှမ်းက New Year လက်ဆောင်ပန်းစည်းလေးပေးဖို့

ကျွန်တော့်ကို လွှတ်လိုက်တာပါဗျ"

"ပြီးတော့ဆရာမကြီး အရင်နေ့က ပြောပြဖူးတဲ့ တောင်ပေါ်အစားအစာလေးတွေလဲ အနီးစပ်ဆုံးတူအောင် ပြင်ဆင်လာခဲ့တယ်...ဆရာမကြီးကို စားစေချင်လို့ပါ"

ဆရာမကြီးရဲ့ မျက်နှာမှာ ဝမ်းသာပီတီဖြစ်သွားတဲ့ အပြုံးလေး ပေါ်လာပြီး ခေါင်းညိတ်ပြကာ ပန်းစည်းလေးကိုလည်း တစ်မြတ်တနိုး လှမ်းယူလိုက်သည်။

လရိပ် တွန်းလှည်းပေါ်က အစား အသောက်တွေကို ကြည့်လိုက်တော့ တစ်ပွဲချင်းစီက ဆရာမကြီး တစ်ချိန်က ပြောပြဖူးသော သူမ၏ဇာတိ တောင်‌ ပေါ်‌ ဒေသအစားအစာတွေပင်။

ဒါက နေကမ္ဘာလွှမ်းရဲ့ စီစဉ်ပေးမှု ဖြစ်ကြောင်း မင်းနိုင် မပြောလဲ သိသာလွန်းလှပါသည်။

•••••

အခန်းထဲတွင် ဆရာမကြီးကသူမ ကိုယ်တိုင်လုပ်လာပေးသော ဖက်ထုပ်များကို တစ်ကိုက်ချင်း ဖြည်းဖြည်းစားနေသည်။

မင်းနိုင်ယူလာပေးတဲ့ အစားအသောက်တွေကို အနည်းငယ်သာ မြည်းစမ်းပြီး သူမ ကိုယ်တိုင်လုပ်လာပေးတဲ့ ဖက်ထုပ်ကိုသာ အားရပါးရစားနေသည်။

"လ‌ လေး ဒီနှစ်ဖက်ထုပ်က မနှစ်ကလုပ် ကျွေးတဲ့ ဖက်ထုပ်ထက် အများကြီးပိုကောင်းတယ်"

ပြောရင်း ဆရာမကြီးမျက်လုံးများထဲတွင် ကျေနပ်နှစ်သက်မှုများ ပြည့်နှက်နေသည်။

လရိပ် ထိုမြင်ကွင်းကိုကြည့်ရင်းမျက်လုံးများ စိုစွတ်လာရကာ...

"ဆရာမကြီး နောက်ကျရင်လည်း သမီးက ဒီထက်တောင် ပိုကောင်းအောင် လုပ်ပေးမယ်နော်"

ထိုစကားကို ပြောရသည်မှာ သူမအတွက် အလွန်ခက်ခဲလှသည်....ဆရာမကြီးအတွက် "နောက်" ဆိုတာ ရှိချင်မှရှိတော့မှာမလား..

မသေချာတော့အခြေအနေပင်။

•••••

ဆောင်းညရဲ့ ညဉ့်နက်ပိုင်းက ပိုနက်လာတာနဲ့တစ်ဆတစ်ဆပိုအေးလာခဲ့သည်။

သန်း‌ခေါင်ယံ အချိန် မှာတော့ ပတ်ဝန်းကျင်

ကမီးရှူးမီးပန်းသံများကို ကြားနေရသည်။

လရိပ်အခုနောက်ပိုင်းညဘက်တွေပါဆေးရုံမှာပဲအိပ်ဖြစ်နေတာဖြစ်သည်။ သူမ ပစ္စည်းယူစရာနဲ့ လုပ်စရာလေးရှိမှသာ အိမ်ကိုပြန်ဖြစ်သည်။

သူမ ဒီညလည်း အဝေးက မီးပန်း‌သံတွေကို နားထောင်ရင်း မအိပ်ချင်သေးတာမို့ ပျင်းပျင်းနဲ့ ဖုန်းကို ကြည့်နေသည်။

အခန်းထဲမှာတော့ ဆရာမကြီးရဲ့ ပုံမှန်အသက်ရှူသံနဲ့ နှလုံးခုန်စက်ရဲ့ မြည်သံကလွဲပြီး တိတ်ဆိတ်နေသည်။

သူမရဲ့လက်ချောင်းများက ဖုန်းမျက်နှာပြင်ပေါ်တွင် ရွေ့လျားနေကာဆိုရှယ်မီဒီယာတွင်

New Year ပွဲရဲ့ပုံရိပ်တွေနဲ့ပြည့်နှက်နေသည်။

အဲ့အချိန်ရုတ်တရက် နန်းသစ္စာတင်လိုက်တဲ့

ပို့စ်အသစ်ကသူမဆီမှာတက်လာခဲ့သည်။

ပုံထဲမှာ နှင်းဖြူတွေဖုံးလွှမ်းနေသော တောင်တန်းများကို နောက်ခံထားပြီး..

နန်းသစ္စာက ပန်းရောင်နှင်းလျှောဝတ်စုံကို ဝတ်ထားပြီး သူမဘေးမှာ နေကမ္ဘာလွှမ်းက အနက်ရောင်ဝတ်စုံဖြင့် ရပ်နေသည်။

သူ့မျက်နှာချောချောပေါ်တွင် ပျော်ရွှင်နေသော အပြုံးတစ်ခုရှိပြီး သူ့လက်များက နန်းသစ္စာရဲ့ခါးကို ဖက်ထားသည်။

~~နှစ်သစ်ကူးမှာ အဲလ်ပ်စ်တောင်တန်းရဲ့ ပထမဆုံးနှင်းကျခြင်းကိုကိုယ်ချစ်ရတဲ့သူနဲ့အတူ ဖြတ်သန်းခြင်း~~~~

#ဆွစ်ဇာလန်

#နှင်းလျှောစီး

နှစ်ပုံတင်ထားတာဖြစ်ပြီးနောက်တစ်ပုံက Selfie ပုံတစ်ပုံဖြစ်သည်။

နန်းသစ္စာက သူ့ရဲ့ရင်ခွင်ထဲကို တစ်ဝက်‌လောက်မှီနေပြီး လွှမ်းကလည်း သူမကို နူးညံ့သောအကြည့်ဖြင့် ငုံ့ကြည့်နေသည်။

လရိပ် ထိုဓာတ်ပုံတွေကို မြင်ပေမဲ့ သူမနဲ့ မဆိုသ်တဲ့ သူနှစ်ယောက်ကို တွေ့လိုက်ရသလိုသာခံစားလိုက်ရသည်။

သူမ အစပိုင်းမှာ အနည်းငယ် တုန်ယင်သွားပေမဲ့ အရင်လိုမျိုး ဝမ်းနည်းနာကျင်နေတာမျိုးမခံစားရတော့ပေ။

လရိပ် ခဏလောက်ဖုန်းဆက်ကြည့်ပြီးမှ ဖုန်းချလိုက်ကာ ပြတင်းပေါက်နားကို လျှောက်သွားပြီး အပြင်ကို ငေးကြည့်နေမိသည်။

ညသန်းခေါင်အချိန် မြို့ပြရဲ့ မြို့လယ်ခေါင်မှာ ပျော်ရွင်‌ စည်းကားနေကြပေမဲ့ဆေးရုံကတော့ သူ့ ပုံစံအတိုင်းပင်အလွန်တိတ်ဆိတ်နေသည်။

ခဏအကြာမှာ တော့ပြတင်းပေါက်အပြင်ဘက်ရှိ မြို့ပြအိမ်ရာ တွေရဲ့ မီးများကလည်း တစ်ခုချင်းစီဖြည်းဖြည်းချင်း မှိတ်သွားကြသလို သူတို့လည်း တိတ်ဆိတ်သွားကြသည်။

ထိန်ထိန် သာနေတဲ့လရောင်အောက်မှာ တစ်ချက်တစ်ချက်ကြားရတဲ့ ကားသံကလွဲရင် တစ်မြို့လုံးတိတ်ဆိတ်သွားကြပြီဖြစ်သည်။

သူမလဲ အိပ်ပျော်နေတဲ့ ဆရာမကြီးရဲ့ နဖူးလေးကို ညင်သာစွာနမ်းပြီး အိပ်ဖို့လုပ်လိုက်သည်။

လရိပ် အဲ့ညက အိပ်မက်ထဲမှာနှင်းလုံးနဲ့ ဆရာမကြီးတို့ ကိုနေရောင်ခြည်ဖြာကျနေတဲ့ ဥယျာဉ်တစ်ခုထဲမှာအတူတွေ့လိုက်ရသည်။

နှင်းလုံးလေးက ဆရာမကြီးရဲ့ ခြေထောက်ပတ်ပတ်လည်မှာလှည့်ပတ်နေပြီး ပျော်ရွှင်စွာ

ခုန်ပေါက်နေသည်။

အဲ့အချိန် ဆရာမကြီးက ထိုင်ချလိုက်ပြီး နွေးထွေးတဲ့ လက်များနဲ့ နှင်းလုံးရဲ့ အမွေးတွေကို ပွတ်သပ်ပေးသည်။

ဆရာမကြီး မျက်နှာပေါ်တွင် နာကျင်မှုကင်းသော အပြုံးတစ်ခု ရှိနေသည်။

"တီ---တီ-----"

လရိပ်နားထဲမှာကြားလိုက်ရတဲ့အသံကြောင့် ရုတ်တရက် နိုးလားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ဆရာမကြီးရဲ့နှလုံးခုန်စက်ပေါ်ရှိ အစိမ်းရောင်မျဉ်းက အရင်ကလို လှုပ်မနေတော့ဘဲ ဖြောင့်တန်းနေတာကာ အသံတွေမြည်လာတာကြောင့်....

"မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ဘူး…"

သူမ အိပ်ရာဆီ ပြေးသွားလိုက်ပြီး ဆရာမကြီးရဲ့ အေးစက်နေသော လက်ချောင်းများကို တုန်ယင်နေသောလက်များဖြင့် ဆုပ်ကိုင်လိုက်သည်။

အိပ်ရာပေါ်ရှိ ဆရာမကြီးရဲ့မျက်နှာကတော့ ငြိမ်းချမ်းနေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး ရှိနေသည်။

လရိပ်..ပိန်လှီသောလက်ကို အားကုန်လှုပ်လိုက်ပြီး....

"ဆရာမကြီး… နိုးပါနော်.. မသွားပါနဲ့.. သမီးကို

မထားခဲ့ပါနဲ့…"

မနက် ၃ နာရီ ၁၈မိနစ် မှာတော့ ကံတရားကအသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို သေချာဆုံးဖြတ်ပေးသွားသည်။

အခန်းထဲက အရေးပေါ် အချက်ပေး အသံများကြောင့်သူနာပြုများ အသံကြား၍အလျင်အမြန် ရောက်လာကြပြီး ဆရာဝန်များကလည်း အရေးပေါ်ကုသမှုများ ကိုတတ်နိုင်သလောက်ကြိုစားပေးခဲ့ကြပြီးနောက်ဆုံးဆရာဝန်က ခေါင်းခါလိုက်ကာလက်လျှော့လိုက်ပြီး..

"စိတ်မကောင်းပါဘူး...လူနာ ဆုံးပါးသွားပါပြီ..

လူနာ ဒေါ်တင့်နွယ် မနက် ၃နာရီ ၁၈မိနစ်မှာ ကွယ်လွန်သွားပါပြီ"

ဆရာဝန်က သေဆုံးကြောင်းအတည်ပြုကြေညာပေးကာ သူနာပြုများကို လုပ်ရမဲ့

ကိစ္စများကို မှာကြားပြီး အခန်းထဲကထွက်

သွားသည်။

လရိပ်ကတော့ အခုထိလုံးဝ မလှုပ်မယှက်ရပ်နေပြီး အသက်မဲ့နေသော ဆရာမကြီးကိုသာ စိုက်ကြည့်နေမိသည်။

သူမနားထဲတွင်လည်းဆရာဝန်ပြောခဲ့တဲ့ သေဆုံးကြောင်းအတည်ပြုစကားကိုသာ ထပ်တလဲလဲ ပဲ့တင်ထပ်ကြားယောင်နေသည်။

သူမ မျက်ရည်လည်း မကျသလို အော်ဟစ်ငိုယိုခြင်းလည်း မရှိပဲ ထိုအတိုင်းသာရပ်နေမိသည်။

ဆောင်းရာသီရဲ့ အအေးဆုံးအချိန်မှာ ရင်ဘတ်ထဲကို ရေခဲရေများ လောင်းချခံလိုက်ရသလို ထုံကျဉ်နေပြီး ဘာမှမကျန်တော့သည့်

ခံစားချက်မျိုးသာ ရှိနေသည်။

ခုတင်ဘေးက ပန်းများကလည်း မွှေးနေဆဲ...

ပြတင်းပေါက်ဘေးရှိ ပန်းအဖူးများက

ပွင့်ရန်စောင့်နေဆဲ..

အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသလိုထင်ရပေမဲ့ တကယ်တော့ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ။

မနေ့က ဆရာမကြီးနောက်ဆုံးစားခဲ့သည့် ဖက်ထုပ်တစ်ပန်းကန်ထိုအတိုင်းရှိနေဆဲပင်။

ထိုအချိန်က ဆရာမကြီး ပြောခဲ့သည်....

"လ လေး နောက်ကျရင် သမီးက ပိုကောင်းတဲ့ဖက်ထုပ်တွေ သေချာလုပ်နိုင်မှာပါ"

သို့သော်…

နောက်နှစ်ဆိုတာ မရှိတော့ဘူး...

လရိပ် ထုံထိုင်း‌နေတဲ့ခြေလှမ်းတွေနဲ့ ပြတင်းပေါက်နားကို လျှောက်သွားရင်းအဝေးက အမှောင်ထုကြားကနေ တိုးထွက်နေတဲ့ နေအလင်းတန်းအစလေးတွေကို ငေးကြည့်နေမိသည်။

ဒီကမ္ဘာပေါ်မှ။ သူမကို အချစ်ဆုံးလူတစ်ယောက် ဆုံးပါးသွားပြီ။

သူမငယ်စဉ်က အိပ်မက်ဆိုးမက်တိုင်း ဆရာမကြီးက သူမကျောကို ညင်သာစွာ ပုတ်ပေးပြီး...

"လ လေး မကြောက်နဲ့...ဆရာမကြီးရှိတယ်နော်"

ပြောပေးခဲ့သည့်စကားများကို သတိရလာသည်။

ဒါပေမဲ့ အခုတော့…

သူမကို ဒီလိုနှစ်သိမ့်ပေးမည့်သူ မရှိတော့ပါ။

လရိပ် ဖုန်းကိုကောက်ကိုင်လိုက်တော့..

ညက သံစဉ် ပို့ထားတဲ့ နှစ်သစ်ကူးဆုတောင်းစာလေးကိုမြင်လိုက်ရသည်။

သံစဉ်ပို့ထားတဲ့..ပျော်ရွှင်စရာ စကားလုံးများနဲ့ Emoji များကို ကြည့်ရင်း လရိပ် ရုတ်တရက် သဘောပေါက်သွားတာက...

ဒီနေ့က နှစ်သစ်ရဲ့ ပထမဆုံးနေ့ပဲ..ဒါပေမဲ့ ဒီနှစ်သစ်ကတော့…ဆရာမကြီး မရှိတော့တဲ့ ပထမဆုံးနှစ်သစ် ဖြစ်နေခဲ့သည်။

သူမ တုန်ယင်နေသောလက်များဖြင့်ဖုန်းကို ကောက်ယူလိုက်ပြီး သံစဉ်ဖုန်းနံပါတ်ကို ခေါ်လိုက်တော့...

တစ်ဖက်က အိပ်ချင်မူးတူးအသံနဲ့....

"ဟယ်လို...လရိပ် ဒီလောက်စောစော…"

"ဆရာမကြီး ဆုံးသွားပြီ.."

သူမဖြတ်ပြောလိုက်တဲ့ စကားအဆုံးဖုန်းတစ်ဖက်မှာ စက္ကန့်အနည်းငယ်

တိတ်ဆိတ်သွားပြီး....

ချုပ်ထိန်းထားတဲ့ ငိုသံတစ်ခု ထွက်လာကာ ရှိုက်သံနဲ့အတူ....

"ငါ အခုချက်ချင်းပြန် လာခဲ့မယ်.."

ပြောပြီး သံစဉ် ဖုန်းချပြီးနောက်လရိပ် အိပ်ရာဘေးကို ပြန်သွားလိုက်ပြီးမြေကြီးပေါ် ဒူးထောက်ချလိုက်ကာ ဆရာမကြီးရဲ့လက်ပေါ်သို့ သူမခေါင်းကို ညင်သာစွာ မှီလိုက်သည်။

ထိုအချိန်တွင် မိုးတိမ်များကြားမှ ပထမဆုံးနေရောင်ခြည်အနည်းငယ် စတင် ထွက်ပေါ်လာပြီး ဆေးရုံခန်းရဲ့ ပြတင်းပေါက်ပေါ်သို့ ကျရောက်လာသည်။

လရိပ် နောက်ဆုံးမထိန်းထားနိုင်တော့ဘဲ ပထမဆုံးမျက်ရည်တစ်စက် ကျလာပြီးနောက် မျက်ရည်များက တာကျိုးသကဲ့သို့ တားမရတော့ဘဲ စီးကျလာပြီး အချိန်အတော်ကြာ တင်းခံထားခဲ့သမျှ ခံစားချက်များကို တစ်ခါတည်း ဖွင့်ထုတ်ပစ်လိုက်သည်။

"ဆရာမကြီး…ဘာလို့ ဒီလောက်တောင် တိတ်တိတ်လေး ထွက်သွားရတာလဲ… နှုတ်ဆက်စကားတောင် မပြောသွားဘူး"

ပြောရင်းသူမဆရာမကြီးနဲ့အတူဘဝတစ်လျှောက်လုံး ဖြစ်ပျက်ခဲ့သမျှ

အရာအားလုံးအမှတ်တရများက...

ရုပ်ရှင်ဟောင်းတစ်ကားသို့ သူမစိတ်ထဲ တစ်ခုပြီးတစ်ခု ပြန်ပေါ်လာသည်။

အတိတ်ပုံရိပ်တစ်ပုံချင်းစီက အလွန်ရှင်းလင်းနေပေမဲ့ တစ်ချိန်တည်းမှာပင် အလွန်ဝေးကွာနေသလို ခံစားရသည်။

ပြတင်းပေါက်အပြင်ဘက်ရှိ ကမ္ဘာကြီးက နိုးထလာပြီး နေ့သစ်တစ်ရက် စတင်လာပေမဲ့သူမအတွက်တော့အချိန်က ဒီနေရာမှာပဲ ရပ်တန့်သွားခဲ့သလို ဖြစ်နေသည်။

သူမသိသည်..ဒီနေ့ကစပြီး သူမဘဝထဲမှာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုက

ထာဝရ ပျောက်ဆုံးသွားပြီဆိုတာ...

သူမကို ဘယ်လိုချစ်ရမလဲ.. ဘယ်လိုအချစ်ခံရမလဲ သင်ပေးခဲ့သူ..အခြေအနေဘယ်လိုပဲဖြစ်ဖြစ် သူမဘက်က အမြဲရပ်တည်ပေးခဲ့သူ...

သူမအတွက် ကောင်းကင်ကြီးတစ်ခုလုံးကို ထမ်းပေးခဲ့သူ..သူမဘဝရဲ့ အရေးပါဆုံးသူကအခုတော့… မရှိတော့‌ပေ။

« ရှေ့အခန်း - အခန်း-၂၁ နောက်အခန်း - အခန်း -၂၃ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ