Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း-၁၄

တတိယထပ်က လသာဆောင်ဟာ တိတ်ဆိတ်တဲ့ လျှောက်လမ်းတစ်ခုနဲ့ ဆက်နေတာမို့ လရိပ် အနည်းငယ်ယိုင်ယိုင်နဲ့ နေတဲ့ခြေလှမ်းတွေနဲ့လျှောက်လာခဲ့သည်။

သူမ အရက်သောက်ထားတာကြောင့် ခြေလှမ်းတွေ မတည်မငြိမ်ဖြစ်နေပေမယ့် ထူးဆန်းတာက အဲ့ဒီအရက်ကပဲ သူမကို ရှေ့ဆက်လျှောက်ဖို့ သတ္တိပေးနေသလို ဖြစ်နေသည်။

ညလေက သူမရဲ့ ဆံပင်ရှည်တွေကိုလွင့်နေတာကြောင့် သူမလျှောက်နေရင်း လက်မြှောက်ပြီး ဆံပင်ကို သပ်လိုက်မယ်လုပ်တုန်း စကားများသံကြားလိုက်ရတာကြောင့် ခြေလှမ်းတွေ ရပ်သွားတန့်သွားရသည်။

သူမ စကားသံကိုအာရုံစိုက်ပြီးနားထောင်လိုက်တော့...

"ဘာလို့ သူနဲ့ မင်္ဂလာဆောင်တဲ့အခါ သောက်ရမယ့် မင်္ဂလာဝိုင်ကို အတူသောက်ချင်ရတာလဲ"

အဲ့ဒါ လွှမ်းရဲ့ အသံပဲ..လရိပ် ခြေလှမ်းတွေကို အသံမထွက်အောင်သတိထားပြီး နံရံနားကို တိုးကပ်ကာ ထောင့်မှာကပ်ကာာ ရပ်လိုက်သည်။

"အပျင်းပြေ ကစားတဲ့ဂိမ်းတစ်ခုပဲလေ..အလောင်းအစားရှုံးလို့ လုပ်ရတာပါ"

ပြန်ဖြေ‌နေတဲ့ နန်းသစ္စာရဲ့ အသံက ပျားရည်လို ချိုနေပေမယ့် စိတ်မရှည်တဲ့အရိပ်အယောင်တွေပါနေသည်။

"ဘာဖြစ်လို့လဲ လွှမ်း..ရှင် မနာလိုဖြစ်နေတာလား"

အဲ့အချိန် လွှမ်းရဲ့ခနဲ့တဲ့တဲ့ရယ်သံကို လရိပ် ကြားလိုက်ရသည်။

အဲ့ဒီရယ်သံထဲမှာ ခံစားချက်တွေ အများကြီး ရောထွေးနေကာ လှောင်ပြောင်မှု..ဒေါသနဲ့... သူမ သေချာမခွဲခြားနိုင်တဲ့အခြားခံစားချက်

တွေရော‌ထွေးနေသည်။

"မင်းရဲ့အနေအထားကို မင်းကိုယ်တိုင် သိထားသင့်တယ်"

လွှမ်းရဲ့ အသံမှာ ဒေါသအပြည့်ပါနေသည်။

"ငါက မင်းကိုအလိုလိုက်ပြီး အမြဲသည်းခံပေးနေမယ်လို့ မထင်နဲ့"

လရိပ်နားထောင်နေရင်း လက်ချောင်းတွေကို နံရံပေါ်မှာ ဖိကပ်ထားလိုက်သည်။

"အို... ဒါဆို ငါ့အနေအထားက ဘာလဲSun မိသားစုရဲ့ သခင်မလား"

ပြောရင်း နန်းသစ္စာကသူမ ကိုယ့်ကိုယ်ကို လှောင်ပြောင်သလို ရယ်လိုက်ကာ....

"ဒါပေမယ့် လွှမ်း ငါတို့ မင်္ဂလာမဆောင်ရသေးဘူးလေ"

"မင်းက ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ Sun မိသားစုဝင် ဖြစ်လာမှာကို မင်းကိုယ်တိုင်

သိတယ်မဟုတ်လား"

ကြားနေရတဲ့အဲ့ဒီစကားတွေဟာ ထက်မြက်တဲ့ဓားတစ်ချောင်းလို လရိပ် နှလုံးသားထဲကို တိတိကျကျ ထိုးဖောက်ဝင်လာသည်။

ဒီအချိန်မှာ အရက်က သူမရဲ့ အတွေးတွေကို မရှင်းမလင်း ဖြစ်စေနိုင်ပေမယ့် နာကျင်မှုကိုတော့ ထုံထိုင်းအောင် မလုပ်ပေးနိုင်ပေ။

သူမလက်က ရင်ဘတ်ပေါ်ကို နှလုံးသားကနာကျင်နေတာကို သက်သာမလားဆိုပြီး

ဖိထားလိုက်မိသည်။

"လွှမ်း..ရှင် ကျွန်မကိုကြည့်စမ်းပါဦး"

နန်းသစ္စာရဲ့ အသံက ရုတ်တရက် မြင့်တက်လာကာ...

"ရှင်..ကျွန်မကို ဂရုစိုက်တယ်မဟုတ်လား"

"ရယ်စရာပဲ... ဒါကတကယ်ရယ်စရာကောင်းလွန်းတယ်"

သူမရဲ့အသံက ပြန်တိုးသွားပြီး ငိုသံလို တုန်ရင်နေကာ...

"ရှင်မှာ မှာ လရိပ်မြူရှိနေပြီလေ..ဒါဆို ကျွန်မ

က ဘယ်သူနဲ့ ဝိုင်သောက်သောက် ရှင့်မှာ ဘာအခွင့်အရေးနဲ့ ကျွန်မ လာမေးနေတာလဲ"

"မင်းက Sun မိသားစုရဲ့ သခင်မဖြစ်လာမှာလို့

ငါပြောပြီးပြီလေ..တခြားယောက်ျားတစ်ယောက်နဲ့ မင်္ဂလာဆောင်ဝိုင်ကိုသောက်တာက

ငါ့မျက်နှာကို ရိုက်ချိုးတာနဲ့ အတူတူပဲ"

လရိပ်ရဲ့ သိချင်စိတ်တွေက သူမကို နောက်ထပ်ခြေလှမ်းတစ်လှမ်း ရှေ့ကိုတိုးစေခဲ့သည်။

သူမ လသာဆောင်ပေါ်က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အထိတိုးသွား

လိုက်သည်။

လွှမ်းက နန်းသစ္စာကို လသာဆောင်ရဲ့ လက်ရန်းနားမှာ ပိတ်ထားပြီး သူ့လက်နှစ်ဖက်က သူမရဲ့ ဘေးနှစ်ဖက်မှာ ထောက်ထားတာကြောင့်

နန်းသစ္စာဟာ သူ့အောက်မှာ လုံးဝပိတ်မိနေသည်။

"လွှမ်း...ရှင် ကျွန်မကိုချစ်တယ်မဟုတ်လား"

"လွှမ်း..ရှင်ကျွန်မကိုချစ်တယ်ဆိုတာ ကျွန်မသိတယ်"

လရိပ် လွှမ်းပြန် ဖြေတဲ့ အ‌‌ဖြေကို မကြား ပေမဲ့ သူကငြင်းလဲမငြင်းခဲ့ပေ။

သူမငြင်းခဲ့ဘူး...

အဲ့ဒီအခိုက်အတန့်မှာပဲ သူမ လွန်ခဲ့တဲ့ ငါးနှစ်တာ ကအမှတ်တရတွေဟာ လှိုင်းလုံး တစ်လုံးလို ပြန်လည်ရောက်ရှိလာသည်။

သူမတို့နှစ်ယောက် ပထမဆုံးတွေ့ခဲ့တဲ့အချိန် မျက်စိမမြင်နိုင်တဲ့အချိန် သူ့ဘေးမှာ နေ့ရောညပါ အတူရှိပေးခဲ့တာတွေ..သူမျက်စိပြန်မြင်လာတဲ့နောက် ပေးခဲ့တဲ့ကတိတွေ...အရာအားလုံးဟာ ရုတ်တရက် ဖျော့တော့ပြီး အဓိပ္ပာယ်မရှိတော့သလို ဖြစ်သွားသည်။

လရိပ် ကိုယ့်ကိုယ်ကို တခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာကို ခိုးကြည့်နေတဲ့လူတစ်ယောက်လို ခံစားလာရသည်။

သူမဟာ ရယ်စရာကောင်းပြီး သနားစရာလည်းကောင်းနေသည်။

သူမအသံမထွက်အောင် နောက်တစ်လှမ်း ဆုတ်လိုက်ကာ..ပြီးတော့ နောက်တစ်လှမ်း။

လရိပ်လုံးဝ မရပ်တော့ပေ..သူမ မရပ်ရဲ တော့သလို..ပြန်လှည့်လဲမကြည့်ရဲပေ။

သူမရပ်ပြီး ပြန်လှည့်ကြည့်လိုက်ရင် အားနာ ဆုံးဖြတ်ချက်ခိုင်မာနေတဲ့ လွှမ်းနဲ့ အနိုင်ရသူတစ်ယောက်လို မျက်နှာထားနဲ့ ရပ်နေတဲ့ နန်းသစ္စာ မြင်ရမှာကြောက်တယ်။

တစ်ယောက်ယောက်က သူမရဲ့နှလုံးသားကို အားနဲ့ဆုပ်ထားသလို ခံစားလာရပြီး ပြင်းထန်တဲ့နာကျင်မှုက ရင်ဘတ်ကနေ ခြေလက်တွေအထိ ပျံ့နှံ့သွားသည်။

သူမနားထဲမှာ တဝီဝီမြည်နေပြီး ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုပင်။

သူမမြင်ခဲ့ရတဲ့အဲ့ဒီမြင်ကွင်းက အရမ်းရှင်းလင်းလွန်းကာအသေးစိတ်တိုင်းက သေလောက်အောင် နာကျင်ပြီး အသက်ရှူရခက်စေသည်။

.....

လရိပ် ဓာတ်လှေကားကနေထွက်တာနဲ့ အပြင်ကို အမြန်ပြေးထွက်လာခဲ့ပြီး တက္ကစီတစ်စီးကို အမြန်တားကာ ကားရပ်ပေးတာနဲ့ ကားပေါ်ကိုအမြန်တက်လိုက်သည်။

သူမ တက္ကစီတံခါးကို အရှိန်နဲ့ ပိတ်လိုက်ပြီး ကားပေါ်ရောက်မှ သူမသွားမဲ့နေရာကို ပြောပြပြီး ဘာမှထပ်မပြောတော့ပဲ မျက်လုံးတွေမှိတ်ထားလိုက်သည်။

သူမ ခဏလောက်အကြာမှာတော့ ဘယ်လိုမှစိတ်မထိန်းထားနိုင်တော့ဘဲ မျက်ရည်တွေက အထိန်းအကွပ်မဲ့ကျဆင်းလာတာမို့သူမစိတ်ကိုလွတ်ပေးလိုက်ပြီး ငိုလိုက်မိသည်။

"သမီး အဆင်ပြေရဲ့လား"

သူမ ငိုနေတာကို သိတဲ့ ယာဉ်မောင်းက နောက်ကြည့်မှန်ကနေ သူမကို ကြည့်ပြီး

စိုးရိမ်တဲ့အသံနဲ့ မေးလာသည်။

"ဟုတ်အဆင်‌ ပြေပါတယ်..."

ထွက်လာတဲ့သူမရဲ့အသံက အက်ကွဲခြောက်ကပ်နေပြီး ကိုယ့်အသံကိုယ်တောင် မမှတ်မိတော့အောင်ဖြစ်နေသည်။

အဲ့အချိန် တက္ကစီက လမ်းအ ကွေ့ကို ကွေ့သွားချိန်မှာ ကားကသူမ ခန္ဓာကိုယ်က အနည်းငယ်ယိုင်သွားပြီး ခေါင်းက ကားပြတင်းပေါက်နဲ့ ဆောင့်မိလိုက်ပေမယ့် သူမ နာကျင်မှုကိုတောင် မခံစားမိပေ။

နှလုံးသားကို အကြိမ်ကြိမ်ချေမွခံနေရတဲ့နာကျင်မှုက သူမရဲ့ အာရုံခံစားမှုတွေကိုပါ ထုံကျင်သွားစေခဲ့ပြီ။

လရိပ် အိမ်ပြန်ရောက်တော့ အိမ်ဝင်ပေါက်မှာ မီးတောင်မဖွင့်ဘဲအကြာကြီး မတ်တပ်ရပ်နေမိသည်။

နှင်းလုံးလေး ကတော့ သူမပြန်ရောက်ထဲက သူမရဲ့ခြေထောက်တွေကြား လှည့်ပတ်ကာ ပွတ်သပ်ပြီး တိုးတိုးလေး အော်နေသည်။

လရိပ် နှင်းလုံးက ပိုပြီးကျယ်ကျယ်အော်လာတာကြောင့် မနေနိုင်နော့ဘဲ ငုံ့ပြီး ချီယူလိုက်ကာ သူ့ရဲ့နူးညံ့တဲ့အမွေးတွေထဲ မျက်နှာအပ်ထားလိုက်ပြီး..

"ရပါတယ်... ရပါတယ်..အဆင်ပြေပါတယ်"

သူမက နှင်းလုံး ကို နှစ်သိမ့်နေတာလား ကိုယ့်ကိုယ်ကို နှစ်သိမ့်နေတာလားဆိုတာတောင်

သူမကိုယ်တိုင် မသိတော့ပေ။

လရိပ် အိပ်ခန်းထဲကို လေးလံတဲ့ နေတဲ့ခြေလှမတွေနဲ့ လျှောက်ဝင်သွားပြီး မီးဖွင့်လိုက်တဲ့အခါ အိပ်ရာဘေးစားပွဲပေါ်က သူမနဲ့ လွှမ်းတို့ရဲ့ ဓာတ်ပုံဆီကို အကြည့်ကရောက်သွားမိသည်။

ဓာတ်ပုံထဲမှာ သူမတို့နှစ်ယောက် တောင်ထိပ်တစ်နေရာမှာ ရပ်နေကြပြီးသူမက ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ပြုံးနေကာ သူ့မျက်လုံးတွေထဲမှာလည်း သူမအပေါ် ချစ်ခင်မြတ်နိုးမှုတွေ ပြည့်နှက်နေသည်။

လရိပ် ခဏလောက်စိုက်ကြည့်ပြီး ဓာတ်ပုံဘောင်ကို ဆွဲယူကာ ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်သည်။

မှန်စတွေက နေရာအနှံ့ ပျံ့ကျသွားပြီး သူမရဲ့ ခြေကျင်းဝတ်ကို အရှိန်နဲ့လာစင်ကာ သူခြေဖမိုးနောက်ဘက်တစ်လျှောက် သွေးတွေ စီးကျလာပေမယ့် သူမ နာကျင်မှုကို မခံစားရပေ။

"တော်ပြီ... တကယ်ကို တော်ပြီ"

သူမ တုန်ယင်နေတဲ့နှုတ်ခမ်းတွေနဲ့ ကိုယ့်ဘာသာတိုးတိုးလေး ပြောလိုက်သည်။

အရာအားလုံးက အစောကြီးကတည်းက အရိပ်အမြွက်ပြထားပြီးသားပဲ သူမကသာ

မမြင်ချင်ယောင်ဆောင်နေခဲ့တာမလား။

နန်းသစ္စာ ပေါ်လာတာ..လွှမ်းရဲ့ အေးစက်တဲ့သဘောထား တွေပြီးတော့ ရေကန်ထဲ ပြုတ်ကျခဲ့တဲ့အဖြစ်အပျက်၊မှာလဲသူမကို မယုံဘဲ နန်းသစ္စာ ဘက်ကနေ ရပ်တည်ပေးခဲ့တာတွေ...

အားလုံးကအစထဲက ရှင်းနေပြီသားပဲ။

လရိပ် ပင်ပန်းနွမ်းနယ်နေတဲ့ လက်တွေနဲ့ ဖုန်းထဲကနေ သူမရဲ့အချစ်ဆုံးသူငယ်ချင်း သံစဉ် ရဲ့နံပါတ်ကို ရှာလိုက်ကာစက္ကန့်အနည်းငယ် တုံ့ဆိုင်းပြီးနောက်သေချာဆုံးဖြတ်ချက်ချပြီး ဖုန်းခေါ်လိုက်သည်။

"ဟယ်လို...လရိပ် ဒီအချိန်ကြီး ဖုန်းခေါ်လာတာဘာဖြစ်လို့လဲ..တစ်ခုခုဖြစ်လို့လား"

သံစဉ်က က ညဘက်ကြီး တစ်ခါမှဖုန်းမခေါ်ဖူးတဲ့သူမက ဖုန်းခေါ်လာတာမို့ စိုးရိမ်သွဟန်တူသည်။

"မဟုတ်ပါဘူး ငါမေးစရာရှိလိုပါ... နင်အရင်က ပြောခဲ့တဲ့ငါ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့အခွင့်အရေး...အဲ့တာ အခုထိ ရှိသေးလား"

လရိပ် သံစဉ်မရိပ်မိအောင် သူမရဲ့အသံကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး မေးလိုက်သည်။

"ရှိတာပေါ့...ဖီးနစ်.. စာပေတိုက်က နင့်ကို အမြဲကြိုဆိုနေတာ နင်ဘယ်အချိန်လာလာ ရတယ် ခဏ... နင်က..."

"ဟုတ်တယ် ငါ့ကိုကမ်းလှမ်းထားတဲ့အဲ့ဒီအလုပ်ကိုငါ လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ"

လရိပ် သံစဉ် စကားကို ဖြတ်ပြောလိုက်သည်။

"အလွန်ဆုံးကြာတစ်လစ်ပဲ တစ်လအတွင်း ငါအရောက်လာခဲမယ်..ဒီဘက်က မပြီးပြတ်သေးတဲ့အလုပ်ကိစ္စတွေပြီးတာနဲ့ ..လာခဲ့မယ်"

သူမ စကားအဆုံး သံစဉ်အသံက ဖုန်းထဲကနေ ခဏလောက် တိတ်ဆိတ်သွားပြီး..

"လရိပ်.. ဘာဖြစ်လို့လဲ"

သူက စိုးရိမ်တကြီးမေးလာပြန်သည်။ လရိပ် ဘာမှမဖြေဘဲ ချောင်းဆိုးသံ လေးတစ်သံသာထွက်လိုက်တာကြောင့်..သံစဉ်က သဘောပေါက်သွားဟန်တူပြီး သူမကို ဆက်မမေးတော့ဘဲ...

"ကောင်းပြီ.. ထပ်မပြောနဲ့တော့.. ငါနားလည်ပြီ..နင်ဘာမှစိတ်မပူနဲ့နော်ငါ အခုကတည်းက အားလုံးစီစဉ်ပေးထားမယ်..နင်အဲ့ဒီဘက်က ကိစ္စ တွေမှာလည်း တစ်ခုခု အကူအညီလိုတာ

ရှိရင် ငါ့ကိုပြော"

"ကျေးဇူးပါသံစဉ်..တကယ်ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး..ငါတို့က သူငယ်ချင်းတွေလား...ပြီးတော့တစ်ခုခုဆို နင့်ဘက်မှာငါအမြဲရှိတယ်ဆိုတာ မမေ့နဲ့နော်..."

"ဟုတ်ပါပြီ..အာဆိုဒါပဲနော် ငါဖုန်းချလိုက်တော့မယ်.."

"အေးအေး..နင်လဲဂရုစိုက်နော်"

လရိပ် ဖုန်းချလိုက်ပြီး ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်ကာ အဝေးက မြို့ပြရဲ့မီးရောင်တွေကို ကြည့်နေမိသည်။

တစ်ချိန်တုန်းကတော့ အဲ့ဒီမီးရောင်တွေဟာ မျှော်လင့်ချက်နဲ့ အနာဂတ်ကို ကိုယ်စားပြုတယ်လို့ သူမ ထင်ခဲ့ပေမယ့် အခုတော့ အဲ့ဒီမီးရောင်တွေဟာ သူမအတွက်ပူလောင်စေတဲ့အရာတွေလိုပင်။

သူမ အခန်းတစ်ခုလုံးကိုကြည့်လိုက်မိတော့ အမှတ်တရတွေ နေရာတိုင်းမှာရှိနေသည်။

နေရာတိုင်းလိုလိုမှာ လွှမ်းရဲ့ အရိပ်အယောင်တွေ ရှိနေသည်။စာအုပ်စင်ပေါ်က သူအမြဲဖတ်တဲ့ စာအုပ်တွေ၊ အဝတ်ဗီရိုထဲက သူ့အဝတ်တွေ၊ မီးဖိုချောင်ထဲမှာ သူအမြဲသုံးတဲ့ ခွက်တွေ...

ဒါပေမဲ့ သူမ အခုတွေးလိာက်မိတာက အခုချိန်ခံစားနေရတဲ့နာကျင်မှုဆိုတာက ခဏတာပါပဲ

တစ်ချိန်ကျ အဆင်ပြေသွားမှာပေမယ့် သူမဂုဏ်သိက္ခာကတော့ တစ်သက်လုံးစာပဲမလား။

သူမဟာ အချစ်ကို တောင်းခံပြီး အောက်ကျခံနေရတဲ့ မိန်းကလေးတစ်ယောက် မဖြစ်ချင်တော့ပေ။

ဒါကြောင့်သူမဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်တာပေ။ လရိပ်မအိပ်ချင်သေးတာမို့ အခုထဲက စပြငဆင်ထားရန်ဆုံးဖြတ်လိုက်ပြီး ခရီးဆောင်အိတ်ကို ထုတ်ကာ ကုတင်ပေါ်မှာတင်လိုက်သည်။

အဲ့အချိန် နှင်းလုံးလေးကလဲ ခရီးဆောင်အိတ်ဘေးမှာ ထိုင်ပြီး သူမကို ခေါင်းစောင်းကြည့်နေပြီး တိုးတိုးလေး အော်သံပေးကာ သူမရဲ့ဒူးပေါ်ကို ခုန်တက်လာမို့...

"နင်လည်း ငါနဲ့အတူ လိုက်ချင်တာလား

ကောင်းပြီလေ..."

လရိပ် နှင်းလုံး ရဲ့အမွေးတွေကို ဖြည်းဖြည်းချင်း ပွတ်သပ်ရင်း ပြုံးကာတိုးတိုးလေး မေးလိုက်မိသည်။

နှင်းလုံး ကလည်း စကားကို နားလည်နေသလိုပုံစံနဲ့ သူမရဲ့လက်ဖဝါးကို မျက်နှာနဲ့ ပွတ်သပ်လာတာက ပြန်ဖြေ နေသလိုပင်။

« ရှေ့အခန်း - အခန်း- ၁၃ နောက်အခန်း - အခန်း- ၁၅ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ