Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၁၆)

"ကဲ... အားလုံးပဲ အသံတွေ တိတ်ကြတော့။"

အတန်းပိုင်ဆရာမ ဝင်လာပြီး အော်တော့မှ အကုန်တိတ်သွားကြလေသည်။

"ကဲ ရီပို့ကဒ်တွေ ရပြီနော်။ အဆင့် ၁ ကတော့ ခါတိုင်းလို ရှင်ငြိမ်းပဲ။ ရှင်ငြိမ်းက ဆယ်တန်း fresher တွေနဲ့လည်း သူပဲ အဆင့် ၁ ပဲ။ အမှတ်တွေကလည်း အကုန်လုံး ထိပ်ဆုံးကချည်းပဲ။"

ဆရာမ စကားသံအဆုံးတွင်...

"ဝိုး... မိုက်တယ်။ "

အခန်းထဲရှိ ကျောင်းသားများအားလုံးက လက်ခုပ်တီးကာ အားပေးကြလေတော့သည်။

ရှင်ငြိမ်းကတော့ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးကိုသာ ငုံ့ထားမိပြီး ပါးချိုင့်လေးများ ပေါ်လာသည်အထိ ခပ်ဟဟလေး ပြုံးနေမိသည်။

"ကဲ ကဲ... တိတ်ကြဦး။ နောက်ထပ် ကြေညာစရာ တစ်ခုရှိသေးတယ်။"

ဆရာမ အသံကြောင့် အတန်းထဲ ပြန်ငြိမ်ကျသွား‌သည်။

" အတန်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ရှိတယ် ဟုတ်တယ်မလား။ ဆရာမတို့ အခန်းက ယောက်ျားလေးတွေလည်း ဘောလုံးပြိုင်ပွဲမှာ ပါတာကြောင့်... ဆရာမမတို့အခန်းကလည်း ဘောလုံးသမား တွေကို သပြေခက်ကမ်းမယ့်သူ ထွက်ရမယ်။"

ဆရာမက စကားကို ခဏရပ်ကာ အတန်းထဲရှိ မိန်းကလေးများကို တစ်ချက် ကြည့်လိုက်ပြီးမှ...

"ဆရာမကတော့ အဲ့ဒီအတွက် ရှင်ငြိမ်းကိုပဲ ရွေးလိုက်တယ်။ ရှင်ငြိမ်း... သမီးပဲ တာဝန်ယူပေးလိုက်တော့နော်။"

"ရှင်..."

ရှင်ငြိမ်း မျက်လုံးအစုံ ပြူးကျယ်သွားရကာ နေရာမှ အလန့်တကြား ထရပ်လိုက်မိသည်။

"ဟို... ဆရာမ... သမီး... သမီးက အဲ့လိုမျိုးတွေ မလုပ်ဖူးလို့ပါ။ တခြား..."

"လုပ်လိုက်ပါ ရှင်ငြိမ်းရယ်... နင်နဲ့ လိုက်ပါတယ်။"

ဖြူစင်က ဘေးမှနေ၍ ရှင်ငြိမ်း လက်မောင်းလေးကို ဆွဲလှုပ်ကာ တိုးတိုးလေး ဝင်မြှောက်ပေးလေသည်။ ကျန်တဲ့ ယောက်ျားလေးတွေကလည်း...

"ဟုတ်တယ် ဆရာမ... ရှင်ငြိမ်းက အသင့်တော်ဆုံးပဲ။ ရှင်ငြိမ်း လုပ်ပေးလိုက်ပါ။"

ဆရာမကလည်း ပြုံးကာ ခေါင်းညိတ်ပြနေသဖြင့် ရှင်ငြိမ်း ငြင်းလို့မရတော့ဘဲ သက်ပြင်းကို ခပ်ဖွဖွချကာ ခေါင်းညိတ် လက်ခံလိုက်ရတော့သည်။

_____________

ရတီ သူမရှေ့ရှိ စတော်ဘယ်ရီ မစ်ရှိတ် ခွက်ထဲမှ ပိုက်လေးကို ကိုက်ကာ စုပ်သောက်ရင်း ဖုန်းကြည့်နေလျှင် သူမရှေ့တွင် ထိုင်နေသော လင်းခက မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတာကြောင့် ရတီ မနေတတ်ပင်ဖြစ်လာရသည်။

"ဘာလို့ အဲ့လောက်တောင် ကြည့်နေတာလဲ။"

ရတီ ရှက်ကိုးရှက်ကန်းဖြင့် မပွင့်တပွင့်လေး မေးလိုက်သည်။ ထိုအခါ လင်းခ နှုတ်ခမ်းထောင့်တစ်ဖက်က အပေါ်သို့ ကွေးတက်သွားပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာလေသည်။

"ကိုယ့်ကောင်မလေး ကိုယ်ကြည့်တာ... အပြစ်ဖြစ်လို့လား။"

"အဲ့လိုကြီး ကြည့်နေတော့... ငါ နေရခက်တယ်လေ။"

ရတီ နှုတ်ခမ်းလေးကို ဆူကာ ပြောလိုက်ရင်း မစ်ရှိတ်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အကြည့်လွှဲရန် ကြိုးစားလိုက်သည်။ သို့သော် လင်းခက သူမကို အလွတ်မပေးပဲ စားပွဲပေါ်တင်ထားသော သူမ လက်တစ်ဖက်ကို သူ့လက်ဖြင့် အုပ်မိုးကာ ဆုပ်ကိုင်လိုက်သည်။

"ချစ်လား။ "

"ဒါပဲမေးတတ်တာလား။ "

"အဲ့ဒါဆို ဘာမေးရမလဲ။

ပေးကိုင်မလားလို့ မေးရမှာလား။ "

"လင်းခ ... နင်သေချင်နေတာလား။ "

ပါးစပ်က စကားမဆုံးခင် လက်ကလည်း သူ့ပါးကို လှမ်းရိုက်လိုက်ပြီးပြီဖြစ်၏။

ပါးစပ်က စည်းကမ်းမရှိဘူး။

"အာ့ ... နာတယ်ဟ။ "

"သေ ..."

"တအားချစ်နေတယ်ပေါ့ ... ပြော အသစ်တွေ့နေတာမလား။ "

"ငါ့စော-က်ကြောင်း "

"ရတီ့ ..."

"ဘာလဲ "

သူက မှုန်ကြုတ်ကြုတ်နှင့် ရတီ့ကိုအော်လာလျှင် ရတီလည်း ပြန်အော်ပေးလိုက်သည်။

ရတီ ရိုင်းတတ်လာတာတွေကလည်း သူ့ကြောင့်။

သူနဲ့တွဲပြီး ရေမြေလိုက်ပြီး ရိုင်းတတ်လာတာ။

အလကား စောက်ကျိုးမပေးတဲ့ ရည်းစား။

"နာချင်နေတာ။ "

"နင်က လက်တွေ့နာပြီးသွားပြီလေ ... ဟား ဟား "

ရဲတဲတဲဖြစ်ချင်နေတဲ့ သူ့ပါးကို ကြည့်ပြီး ရတီခပ်လှောင်လှောင်ပြန်ပြောလိုက်သည်။

သူကများ ...

"အေးပါ ... လုပ်ထား ... လုပ်ထား။

ငါ့မိန်းမဖြစ်လာမှ အပိုးကျိုးအောင်ကို လုပ်ပစ်မယ်။ "

"နင့်ကို ဘယ်သူက ယူမယ်ပြောလို့လဲ။ "

"ရတီ ... နင်ဟာ။ "

"ငိုတော့မှာလား။ "

"အဲ့လိုတွေ မစနဲ့ဟာ ... ငါမကြိုက်ဘူး။ "

"မေးမိလို့လား။ "

"ဟာ ... မိန်းမနော်။ "

"အောင်မာ ... ဘာမိန်းမလဲ။

နောက်ပါးတစ်ဖက်က လက်ဝါးတောင်းနေတာလား။ "

"ဘာလဲ ... ငါမဟုတ်တာ ပြောနေတာမှမဟုတ်တာ။

နင်က ငါ့မိန်းမဖြစ်လာမှာပဲလေ။

ဘွဲ့ရတာနဲ့ ငါနင့်ကိုယူမှာ။

ဟာ ... ရှုပ်ပါတယ်ကွာ။

၁၀တန်းအောင်တာနဲ့ ယူကြမလား။

လက်ထပ်ပြီးလည်း တက္ကသိုလ် ဆက်တက်လို့ရတယ်လေ။ "

"သူ့ကို ယူမယ်လို့လည်းမပြောပဲနဲ့ ... ကောင်လေးတစ်ယောက်ကတော့ စိတ်ကူးတွေယဉ်နေပြန်ပါပြီ ... အွန့် ..."

ခပ်ဟဟရယ်ရင်း သူ့ကိုလှောင်နေတဲ့ ရတီ့စကားတွေပင်မဆုံးလိုက် ... လူကြားထဲမှာ နှုတ်ခမ်းကို ဆွဲစုပ် နမ်းခံလိုက်ရခြင်း။

"အွန့် ... နင်ဘာလုပ် ... အွန်း "

"ပြွတ်စ် "

ရတီ အတင်းရုန်းကာ သူ့ကို ထုရိုက်ပေမယ့် သူက လက်နှစ်ဖက်ကို ဆွဲချုပ်ကာ ဆက်နမ်းလေသည်။

ဘေးက မြင်နေတဲ့ သူတွေကတော့ တဝိုးဝိုး ... တအားအားနဲ့ ။

တစ်ယောက်ယောက်က ဆရာမကို သွားတိုင်မှဖြင့် ရုံးခန်းရောက်ရပြန်ဦးမည်။

ဒီကောင် စောက်ချိုးကို မပြေဘူး။

"ပြွတ်စ် ... ပြွတ်စ် "

လင်းခ ဖူးပြည့်နေတဲ့ နှုတ်ခမ်းလေးကို အညှိုးကျနဲ့ကို ဆုပ်ယူနမ်းပစ်လိုက်သည်။

လူကို ဘာမှတ်နေလဲမသိ ... လာဆွနေတာ။

စိတ်ရှိလက်ရှိ လုပ်လိုက်ရရင်တော့ ...

လူကြားထဲမှာမို့ အနမ်းမခံပဲ ရုန်းနေတာသိပေမယ့်

သူကလည်း ဘယ်သူမို့လို့လဲ။

သူဝမှ လွှတ်ပေးလိုက်၏။

အခုတလော ဒီကောင်မလေးက လူမြင်ကွင်းတွေမှာပဲ တွေ့နေတာကြောင့် မနမ်းရတာ အတော်ကြာပြီ ဖြစ်ကာ အောင့်အီးထားရသည်။

အခုမှ နမ်းလိုက်ရတာ ကောင်းလိုက်တာ။

နုအိဖက်နေတာပဲ။

သူလွှတ်လိုက်သည်နှင့် တပြိုင်နက် ခုနက မရိုက်ထားတဲ့ နောက်ပါးတစ်ဖက်ကို ရိုက်ချခံလိုက်ရလေသည်။

ထိုအခါ ဘေးကကြည့်နေတဲ့သူတွေက တအံ့တဩဖြစ်သွားကြပေမယ့် လင်းခကတော့ ဘာမှ မထူးဆန်းသည့်အတိုင်း သူမကို ပြုံးပြုံးကြီးစိုက်ကြည့်နေလေရဲ့။

သူ့အတွက် ဒါက ဆန်းမှ မဆန်းတော့တာ။

ရည်းစားမဖြစ်ခင်ကတည်းက လက်သံပြောင်လွန်းတဲ့ ရတီ့လက်ဝါးစာတွေ သူခဏခဏ စားခဲ့ရတာလေ။

အဲ့ဟာမက သူ့ကိုဆို ချီးနိုင်၊သေးနိုင်ကို နိုင်တာပါ။

_______________

‌အထက်တန်း ဗိုလ်လုပွဲနေ့ရောက်လာကာ သူ့အသင်းကိုယ့်အသင်း အားတက်တရော အားပေးသံတွေညံနေလေသည်။

အငယ်တန်းတွေက နောက်နေ့ သက်သက်လုပ်မှာဖြစ်ပြီး အခုက

၉တန်းနှင့်၁၀ တွေချည်း ကန်ကြတဲ့ ပွဖြစ်လေသည်။

ဘောလုံးဝါဿနာပါတဲ့ သူတွေစုပြီး အသင်းငါးသင်းဖွဲ့ကာ ပြိုင်ရပြီး နောက်ဆုံး ဘုရင့်နောင်အသင်းနှင့် ကျန်စစ်သားအသင်း နှစ်သင်းကျန်ကာ ဗိုလ်လုရမှာဖြစ်၏။

ထိုထဲမှ အနိုင်ရတဲ့အသင်းက တခြားကျောင်းတွေနဲ့ သွားပြိုင်ရမှာဖြစ်သည်။

ရှင်ငြိမ်းတို့ အခန်းထဲက ခေါင်ကြီးနှင့် မိုးထိုက်တို့ပါကာ အသင်းကတော့ မတူပေ။

ခေါင်ကြီးက ဘုရင့်နောက်အသင်းဖြစ်ပြီး မိုးထိုက်က ကျန်စစ်သားအသင်းဖြစ်လေသည်။

အခန်းထဲက နှစ်ယောက်လုံး ဗိုလ်လုပွဲအထိတက်နိုင်တော့ ဘယ်အသင်းကို အားပေးရမှန်းပင်မသိ။

ရှင်ငြိမ်းကတော့ ခေါင်ကြီးနှင့် မိုးထိုက် ဘယ်သူ့အသင်းကပဲ နိုင်နိုင် သူတို့ နှစ်ယောက်ထဲက တစ်ယောက်ကို အောင်သပြေကမ်းပေးရမှာဖြစ်ပြီး ပြင်ဆင်ထားလိုက်သည်။

သန့်ဇင်လင်းလည်း ဘောလုံးပွဲထဲပါလေသည်။

သူကလည်း ဗိုလ်လုပွဲတက်တဲ့ အသင်းထဲပါကာ ခေါင်ကြီးတို့နှင့်အသင်းတူ ဘုရင့်နောင်အသင်းဖြစ်၏။

ပထမပွဲမှာတော့ နှစ်သင်းလုံး တစ်ဂိုးတစ်ဂိုးနှင့် သရေဖြစ်နေကာ ဒုတိယပွဲစဉ်မှာတော့ ဘုရင့်နောက်အသင်းက အားသာလာကာ ‌အလျိန်ကုန်ခါနီးလေးတင် သန့်ဇင်လင်းရဲ့ တစ်ဂိုးသွင်းမှုနှင့်အတူ ၅ဂိုး ၂ဂိုး အပြတ်ဖြင့် ဘုရင့်နောင့်အသင်းက နိုင်သွားလေသည်။

"ဝှီ ... ဝှီ ... ဝှီ "

ဒိုင်လူကြီး၏ ပွဲသိမ်းခရာမှုတ်သံ ရှည်ကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကွင်းထဲတွင် အော်ဟစ်သံများက ဆူညံသွားတော့သည်။

ဘုရင့်နောင်အသင်းကို အားပေးတဲ့အဖွဲ့တွေက အောင်ပွဲခံကြသလို ကျန်စစ်သားအသင်းအားပေးတဲ့ အဖွဲ့ရဲ့ ညဉ်းငြူသံနှင့်အတူ ရှုံးမဲမဲသည့် အသံတွေပါ ညံလာ၏။

"ဒိုင်လူကြီး ညစ်တာပါကွ။"

"ဟျောင့်တွေ ... မင်းတို့အသင်းကိုက ညံ့တာပါကွာ။

ကပ်ဂိုးလေးနဲ့ ရှုံးတာမဟုတ်ဘူးနော်။

၅ဂိုး ၂ဂိုးကွ ဟား ဟား။ "

ကျောင်းတွင်း အားကစားရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေအချင်းချင်း စည်းလုံး ညီညွတ်ဖို့ ရည်ရွယ်တာဖြစ်ပေမယ့် အခုတော့ သူမကျေနပ်ကိုယ်မကျေနပ်တွေ ဖြစ်လာကြတော့သည်။

"ကဲ ... သပြေခက် ကမ်းမယ့် မိန်းကလေး လာတန်းစီကြ‌တော့လေ။ "

ကျောင်းက အသံအကျယ်ဆုံး ဆရာမဒေါ်မြတ်မြတ်လင်းရဲ့ အော်လံကြီးနှင့် အော်လိုက်တဲ့အသံကြောင့်

ရှင်ငြိမ်းတို့ မိန်းကလေးတွေ သွားတန်းစီလိုက်ကြတော့သည်။

ဘယ်သူက ဘယ်နေရာနေရမလဲ အစကတည်းက နေရာချပြီးသားမို့ ရှင်ငြိမ်းလည်း အောင်သပြေနှင့် အလှပန်းလေးတွေ ရောစီးထားသည့် ပန်းစီး‌ေလးကိုင်ကာ ကိုယ်ရပ်ရမယ့် နေရာမှာ ရပ်နေလိုက်သည်။

အနိုင်ရတဲ့ ဘုရင့်နောင်အသင်းကို စီစဉ်ထားပြီးသားဖြစ်တဲ့ ဆုတွေကို ကျောင်းအုပ်ကြီးက ချက်ချင်းချီးမြှင့်လေသည်။

"ကဲ ... ဆုယူပြီးရင် အောင်သပြေယူမယ်။

မှတ်တမ်းတင်နေတယ်နော် ... သေသေချာချာလေး သေသေချာချာလေး။ "

ဆုယူပြီးတဲ့ ဘုရင့်နောင်အသင်းက အောင်သပြေယူဖို့ ရှင်ငြိမ်ူတို့ဘက် လာဖို့ ပြင်နေကြလျှင် ရှင်ငြိမ်းလည်း ခေါင်ကြီးကို ပေးဖို့ အသင့်ပြင်ထားလိုက်သည်။

သို့သော်... ဘယ်လိုက ဘယ်လို ဖြစ်သွားသည်မသိ။

ရှင်ငြိမ်း အောင်သပြေကမ်းရသူက ခေါင်ကြီးမဟုတ်ပဲ သန့်ဇင်လင်းဖြစ်သွား၏။

ဟင် ... ရှင်ငြိမ်းက ရှင်ငြိမ်းတို့အခန်းကလူကို ကမ်းရမှာလေ။

သူ့ကို ကြည့်မိတော့ သူကလည်း ခပ်တည်တည်ပင်။

ရှင်ငြိမ်းကတော့ မမှားတာ သေချာပါတယ်။

သူတို့နေရာတွေများ လွဲကုန်ကြတာလား။

ဟုတ်ရင်လည်း ဟုတ်မှာပေါ့ ပင်ပင်ပန်းပန်း ဘောလုံးကန်ထားရတဲ့အပြင် အပျော်တွေလည်း ဆို့နေကြမှာဆိုတော့ ဖြစ်တတ်ပါတယ်။

ရုတ်တရတ် ကြောင်အသွားပေမယ့် ဆရာမတွေရှိတာကြောင့် ရှင်ငြိမ်း ဟန်မပျက် အလိုက်သင့်လေး နေလိုက်သည်။

သူနဲ့ မျက်နှာချင်းဆိုင် ဆုံမိပြန်တော့လည်း အမှတ်မရှိတဲ့ ရှင်ငြိမ်း နှလုံးသားက လျှင်မြန်စွာ ခုန်လှုပ်လာပြန်၏။

အပိုင်း (၁၇) ဆက်ရန် ...

Author - Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၅) နောက်အခန်း - အပိုင်း (၁၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ