💛သီဟသက်လင်း + ဖြူရှင်းသန့်💛
🚨🚨🚨
ပုဂံက ပြန်ရောက်ပြီး တစ်ပတ်ပင်မပြည့်သေး နိုင်ငံခြားက
လူကြီးရဲ့ အလုပ်ကိစ္စအတွက် ခရီးထွက်ရန်ဖြစ်လာပြန်၏။
လူကြီးက သူတစ်ယောက်တည်းလည်း မသွားဘူးဟုဆိုကာ ရှင်းသန့်ကို အပါခေါ်နေလေသည်။
"ရှင်းသန့် လိုက်လို့ မဖြစ်ဘူးလေ လူကြီးရဲ့ ... သမီးလေးက ကျောင်းမှမပိတ်တာ။ "
"ခွင့်တိုင်လို့ရတာပဲကွာ။ "
"သမီးလေးစာတွေ နောက်ကျကုန်မှာပေါ့။ "
"ကိုယ်ကလည်း ခွဲမှမခွဲနိုင်တာကွာ။ "
"လူကြီးကလည်း ဘယ်လောက်ကြာမှာမို့လို့လဲ။
သွားလိုက်တော့နော်။ "
"မသွားဘူးကွာ။
ကလေးမ မလိုက်ရင် ဘယ်မှမသွားချင်ဘူး။ "
"ဟာ ... လူကြီးကလည်း ကလေးလည်းမဟုတ်ပဲနဲ့။ "
"လိုက်ခဲ့ပါ မိန်းမရယ် နော် ... သမီးကိုလည်း ကိုယ်ခွင့်သွားတိုင်ပေးလိုက်မယ်လေ။ "
"မီးက မလိုက်ပါဘူး။
မီးက ဒီမှာ စာလုပ်ရမယ်။"
ဘယ်အချိန် အခန်းထဲရောက်ခဲ့မှန်းမသိပဲ အနောက်က ထွက်လာတဲ့
သမီးလေးအသံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြ၏။
"ဘာလို့လဲ သမီးလေးရဲ့။
နိုင်ငံခြားမှာ အရုပ်အစုံ မုန့်အစုံရှိမှာလေ ဖေဖေတို့နဲ့ လိုက်ခဲ့နော်။ "
"ဟင့်အင်း ... ဖေဖေတို့နဲ့လိုက်ခဲ့ရင် မီး စာနောက်ကျပြီး အဆင့်တွေကျသွားမှာပေါ့ ... သုသုကို မီးရှုံးလို့မဖြစ်ဘူး။ "
သုသုဆိုတာက အသွင့်သားလေး သွင်သုတကို ပြောခြင်းဖြစ်၏။
သက်ဖြူဖြူသွယ်လေးက ငယ်ငယ်ကတည်းက စာလည်းအရမ်းကြိုးစားကာ ပြိုင်ဆိုင်လိုစိတ်လည်း ပြင်းထန်၏။
အခန်းထဲမှာလည်း သမီးလေးကသာ အမြဲအဆင့်တစ်ရလေသည်။
"မီးလေး မလိုက်ရင် မေမေလည်းမလိုက်ပါဘူး။ "
"ဟာ ... ကလေးမကလဲ "
သီဟမျက်နှာကြီးမဲ့ကျသွားလျှင် ဖြူသွယ်လေးက သူမမျက်မှန်လေးအားပင့်ကာ ...
"မေမေလိုက်သွားလိုက်ပါ။
ဖေဖေတစ်ယောက်တည်းဖြစ်နေမှာပေါ့။ "
"ဟား ဟား ... ဒါမှ ဖေဖေ့သမီးကွ။ "
"အဲ့ဒါဆို မီးလေးက ဘယ်သူနဲ့နေမှာလဲ။ "
"ဘွားဘွားတို့ဆီ သွားနေမှာပေါ့။ "
"ဖြစ်ပါ့မလား။ "
"ဖြစ်ပါတယ် မေမေရဲ့ ... လိုက်သွားလိုက်နော် မီး စာသွားကျက်တော့မယ်။ "
သမီးလေးက ပြောပြောဆိုဆိုနှင့် အခန်းထဲမှ ပြန်ပြေးထွက်သွားလျှင် ရှင်းသန့် လူကြီးကို မော့ကြည့်မိတော့ လူကြီးက ရှင်းသန့်ကို
တောင်းဆိုနေသော မျက်လုံးအစုံနှင့်ကြည့်နေ၏။
"သမီးလေးကို ထားခဲ့ရမှာ စိတ်မချဘူး လူကြီးရဲ့။ "
"ကလေးမကလည်းကွာ ... သူစိမ်းနဲ့ထားခဲ့တာမှ မဟုတ်တာ။
သူ့အဘိုးအဘွားတွေနဲ့ပဲ ထားခဲ့တာကို ... နောက်ပြီး အိမ်က
ဆရာမကြီးအကြောင်း မသိတာလည်းမဟုတ်ပဲနဲ့။ "
"သမီးလေးက အဲ့လိုရင့်ကျက်လွန်းလို့ကို ရှင်းသန့်က ပိုစိုးရိမ်နေရတာ ... တချို့ကိစ္စတွေ ဖွင့်မပြောပဲ ထားမှာစိုးရတယ်။ "
"ဟင်း ... ကိုယ်တို့သမီးက အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးကွာ။ ထက်မြတ်တာပါ ဘာမှစိတ်မပူနဲ့တော့နော် ... ကိုယ်နဲ့
လိုက်မယ်မလား။ "
"လူကြီးကလည်း ဒါပဲ။ "
"ဒါပဲပေါ့ ကိုယ်မှ မခွဲနိုင်တာ ... လိုက်မယ်မလား။ "
"အင်း အင်း ... လိုက်မယ် ဟုတ်ပြီလား။ "
"ဟား ... အဲ့တာကြောင့် ငါ့မိန်းမကို ချစ်နေရတာကွ။ "
သီဟက ရှင်းသန့်ကိုယ်လေးအား သိမ်းဖက်ကာ နှာခေါင်းကို ဆွဲလိမ်၍ သုမမျက်နှာအနှံ့လိုက်လံနမ်းရှိုက်တော့သည်။
"အား ... နှုတ်ခမ်းမွှေးတွေနဲ့ ဆူးတယ်လို့ ... တော်ပြီ မနမ်ူနဲ့တော့လို့ ဆူးတယ်. "
"မိန်းမမှ မရိတ်ပေးတာကွ "
"ကိုယ့်ဟာကိုယ်ရိတ်ပါလား။ "
"မရိတ်ချင်ပါဘူး ... ကလေးမ ရိတ်ပေူနေကျဆိုတော့ အကျင့်ပါနေပြီ။ "
"ရိတ်မပေးဘူး။ "
"နေပေါ့... အဲ့တော့ ကိုယ်ကလည်း ဒီနှုတ်ခမ်းမွှေးတွေနဲ့ပဲ
နမ်းမှာပဲ။ "
ပြောပြောဆိုဆိုနှင့် ရှက်းသန့်မျက်နှာတပြင်လုံးကို ထပ်မံနမ်းရှိုက်ပြန်သည်။
"အား ... လူညစ်ပတ်ကြီး "
"ဟား ဟား ဟား ဟား "
___________________
ရှင်းသန့်တို့ သမီးလေးအား မှာစရာရှိတာမှာကာ လေယာဉ်နှင့်
ထွက်လာခဲ့ပြီး နေ့လည် ၂နာရီအချိန်တွင် နိုင်ငံခြားမှာရှိတဲ့ လူကြီးရဲ့ အိမ်ကို ရောက်လာခဲ့လေသည်။
"ဟေး ... ရှင်းသန့် "
"ဟင် ... ဆူဇီ "
"ဖြူသွယ်လေး မပါဘူးလား။ "
"အင်း ... ဟုတ်တယ် သမီးလေးက ကျောင်းမပိတ်လို့ ကျန်နေခဲ့တယ်။ "
"အိုး ... ငါက ဖြူသွယ်လေးကို သတိရနေတာ။ "
"အဟင်း ... အပြန်ကျရင် ပြောလိုက်မယ်နော်။"
"အိုကေ ... နေ့လည်ကျရင် အိမ်ကိုလာခဲ့နော်
ပါတီလုပ်ကြမယ် "
"အွန်း "
လူကြီးအလုပ်ကိစ္စနှင့် နိုင်ငံခြားကို လာရတိုင်း ရှင်းသန့်လည်း လိုက်လာရကာ ဆူဇီနဲ့တောင် သူငယ်ချင်းတွေဖြစ်နေပြီဖြစ်၏။
တွေ့ခါစကတော့ လူကြီးကို သဝန်တိုတာကြောင့် အမြင်မက့ည်ခဲ့ပေမယ့် သူက ရှင်းသန့်နဲ့လူကြီးပြန်ပေါင်းနေကြတာသိပြီးကတည်းက
လူကြီးအပေါ်မှာ ရိုးရိုးသားသားပဲရှိနေတာ တွေ့ရတာကြောင့်
ရှင်းသန့်တို့ ခင်သွားကြ၏။
"လူကြီး ရှင်းသန့်အရင် ရေချိုးလိုက်မယ်နော်။ "
ခရီးဆောင်အိတ်တွေကို လူကြီးကချနေတုန်း ရှင်းသန့်လှမ်းအေည်လိုက်လျှင် လူကြီးကလည်း ရှင်းသန့်အနားရောက်လာကာ ...
"ကိုယ်လည်း ချိုးချင်နေပြီ "
"ဟင် ... ဟုတ်လား။
အဲ့ဒါဆို သွားချိုးလေ ရှင်းသန့်က ပြီးမှ ချိုးလိုက်မယ်။ "
"အဲ့လိုလည်း မချိုးချင်ပါဘူး။
ကလေးမက ကိုယ့်ကို စောင့်နေရမှာပေါ့။
ကလေးမလည်း ချိုးချင်နေပြီမလား။"
"ဘာမှမဖြစ်ပါဘူး လူကြီးရဲ့ သွားချိုးနော်။
ရှင်းသန့် အဝတ်အစားတွေ ထုတ်ထားလိုက်မယ် "
"ရှင်းသန့်ရော ကိုယ်ရော မစောင့်ရမယ့် နည်းတစ်နည်းတော့ရှိတယ်။ "
"ဟင် ... ဘာလဲ "
လူကြီးက ခပ်တည်တည်ကြီးနှင့်ပြောတာကြောင့် ရှင်းသန့်က အဟုတ်မှတ်လို့ နားထောင်လိုက်လျှင် လူကြီးမျက်နှာကြီးက
ရှင်းသန့် နားရွက်ဖျားနားသို့ တိုးကပ်လာကာ ...
"ကိုယ်တို့ အတူတူချိုးကြမယ်လေ။ "
ဩရှရှအသံကြီးနှင့်ဆိုလာခဲ့ရာ လူကြီးရဲ့ ဝင်လေထွက်လေနှင့်တင် ရှင်းသန့်တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထောင်ထသွားရ၏။
"အာ ... လူကြီးနော် တော်ပြီ သွား။ "
"ဘာလို့လဲကွာ။
အရင်တစ်ခေါက်လာတုန်းက ရေချိုးခန်းထဲက လေ့ကျင့်ခန်းလေးကို
မလွမ်းဘူးလား။ "
"ဟာ ... ဘာတွေလျှောက်ပြောနေတာလဲလို့။
သွား သွား ရေသွားချိုးတော့။ "
ရှင်းသန့်က လူကြီးကျောကုန်းကြီးအား တွန်းထုတ်ကာ ရေချိုးခန်းဘက်တွန်းပို့လိုက်လျှင် လူကြီးကိုယ်ကြီးက ရှင်းသန့်ဘက်ပြန်လှည့်လာကာ ...
"တစ်ယောက်တည်းတော့ မချိုးချင်ဘူး... လာခဲ့ကွာ "
ဟုဆိုပြီး ရှင်းသန့်ကိုပါ ပွေ့ချီ၍ ရေးချိုးခန်းထဲ ခေါ်သွားတော့သည်။
"အို ... အမေ့ လူကြီး ဘာလုပ်တာလဲလို့ "
လူကြီးက ရေချိုးခန်းတံခါးအားလော့ခ်ချကာ ရှင်းသန့်ကို ပွေ့ချီထားလျှက်နှင့် ရေပန်းကြီးအား ဖွင့်ချလိုက်၏။
"အား ... လူကြီး "
ရေပန်းမှ အားကောင်းစွာထွက်ကျလာတဲ့ ရေတွေက ရှင်းသန့်တို့
နှစ်ယောက်လုံးကို စိုရွှဲသွားတော့သည်။
လူကြီးရဲ့ ရှပ်လက်ရှည်ခဲရောင်ကလည်း ကြွက်သွားအမြှောင်ူမြှောင်းနှင့် သူ့ကိုယ်ကြီးမှာ ကပ်ကျသွားသလို ရှင်းသန့်ဝတ်ထားတဲ့
ဖလော်ရယ်ဂါဝန်လေးကလည်း ကိုယ်မှာကပ်သွားကာ အောက်က ဇာဘော်လီအဖြူရောင်လေးကိုပါ ဖောက်မြင်နေရတော့၏။
ထိုအခါမှ လူကြီးက ရှင်းသန့်အား အောက်ချပေးကာ ရေတွေနှင့် ကပ်နေပြီဖြစ်တဲ့ ရှင်းသန့်ဂါဝန်လေးအား ဆွဲချွတ်တော့သည်။
"အို ... လူကြီး ဘယ်လိုဖြစ်နေတာလဲ။ "
ရှင်းသန့်ဘာပြောပြော လူကြီးက မကြားတော့သည့်အလား
သူလုပ်ချင်ရာကိုသာ ဆက်လုပ်လေသည်။
ရှင်းသန့်ဂါဝန်လေးအားချွတ်ပြီးသွားလျှင် သူ့အင်္ကျီကို အကြမ်းပတမ်းဆွဲဖြုတ်ကာ ချွတ်လိုက်ပြီး အောက်က ခါးပတ်ကိုလည်း ဖြုတ်ကာ ဘောင်းဘီကိုလည်းချွတ်ချလိုက်၏။
Extra 3 ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)