💛သီဟသက်လင်း + ဖြူရှင်းသန့်💛
📳 Ring Ring Ring 📳
လူအိပ်ချိန် ညကြီးအချိန်မတော်မှ ထမြည်လာတဲ့ ဖုန်းကြောင့် ရှင်းသန့် လန့်နိုးလာကာ မြည်နေတဲ့ ဖုန်းအား ကောက်ကိုင်လိုက်လျှင် လူကြီးဖုန်းဖြစ်နေ၏။
အချိန်ကိုကြည့်တော့ ည၁၁နာရီတောင်စွန်းနေပြီ။
ဘယ်သူခေါ်တာလဲဆိုပြီး အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးကို ပွတ်ကာ ကြည့်လိုက်တော့ နာမည်မမှတ်ထားတဲ့ ဖုန်းစိမ်းတစ်ခုဖြစ်နေပြီး
ဖုန်ူနံပါတ်ကလည်း မြန်မာနိုင်ငံက နံပါတ်မဟုတ်ပဲ နိုင်ငံခြားနံပါတ်တစ်ခုဖြစ်နေ၏။
ရှင်းသန့် လူကြီးကို ဖုန်းကိုင်ရအောင် နှိုးမလို့လုပ်လိုက်ပေမယ့်
လူကြီးက အလုပ်ပင်ပမ်းလို့ထင် အိပ်နေတာ ဟောက်တောင် ဟောက်နေ၏။
အဲ့ဒါနဲ့ ရှင်းသန့်လည်း မနှိုးရက်တာကြောင့် မနှိုးတော့ပဲ အလုပ်ကိစ္စဆိုရင်လည်း အိပ်နေလို့ မနက်မှ ပြန်ဆက်ဖို့ပြောရန် ဖုန်းကိုင်လိုက်၏။
"Hello (ဟယ်လို)"
ရှင်းသန့် ဖုန်းကိုင်လိုက်တနှင့် တစ်ဖက်မှ အသံချက်ချင်းထွက်လာလေသည်။
ဒါပေမယ့် အသံက မိန်းမတစ်ယောက်အသံဖြစ်နေတာကြောင့်
ရှင်းသန့် အိပ်ချင်စိတ်ပင်ပျောက်သွားကာ မျက်ခုံးတွေ တွန့်ကွေးသွားရ၏။
"Hello,Hey Thinha (ဟယ်လို ... ဟေး သီဟ )"
ရှင်းသန့် ဘာမျှ ပြန်မပြောပဲ တိတ်နေလျှင် တစ်ဖက်က
တစ်ခွန်းပြီး တစ်ခွန်း ဆက်ပြောလာ၏။
"Hey ... Thiha, I am Suzy.( ဟေး ... သီဟ တို့က ဆူဇီပါ။ )"
"ဟယ်လို ..."
ရှင်းသန့် အသံပြုလိုက်လျှင် တစ်ဖက်မှ အသံတိတ်ကျသွား၏။
အတန်ကြာမှ လေးကန်သော အသံအနေအထားနှင့် ပြန်ထွက်ပေါ်လာလေသည်။
"Who are you. (မင်းက ဘယ်သူလဲ )"
"I am U Thihan Thet Lynn's wife.
(တို့က ဦးသီဟသက်လင်းရဲ့ အမျိုးသမီးပါ။ )
ရှင်းသန့် ပြန်ဖြေလိုက်လျှင် တစ်ဖက်က မိန်းကလေးထံမှ
အာမေဋိတ်အသံနှင့်အတူ အသံကျယ်ကျယ်ထွက်လာ၏။
"အိုး နိုး မဖြစ်နိုင်ဘူး။
သီဟက သူ့မိန်းမနဲ့ ကွဲသွားပြီ "
တစ်ဖက်က ထိုမိန်းမစကားကြောင့် ရှင်းသန့် စိတ်ကထောင်းခနဲဖြစ်သွားကာ မျက်ခုံးတန်းတွေကလည်း ပိုကွေးညွတ်သွားတော့သည်။
ထိုးထွင်းသိမြင်နိုင်သော မိန်းမတို့၏ ဆဌမမြောက်အာရုံအရ အလုပ်ကိစ္စ မဟုတ်ဘူး ဆိုတာလည်း အတပ်သိလိုက်၏။
"Yes, ဒါပေမယ့် ငါတို့ ပြန်ပေါင်းနေကြပြီ။ "
"Why (ဘာလို့လဲ)"
ဒါတော့ တော်တော်စည်းကျော်သွားပြီဖြစ်၏။
ကိုယ့်ဟာကိုယ် လင်မယားပြန်ပေါင်းတာတောင် ဘာလို့လဲတဲ့။
တစ်ဖက်က အမျိုးသမီးကို စိတ်တိုနေပမယ့် သူမက အနားမှာမရှိတာကြောင့် အနားမှာရှိနေတဲ့ လူကြီးကိုသာ မျက်စောင်းလှမ်းထိုစလိုက်၏။
ဘာတွေ ရှုပ်ထားပြန်ပြီပါလိမ့်။
သူမက အားနာမှုမရှိမေးလာတာကြောင့် ရှင်းသန့်လည်း ညစ်တွန်းတွန်းပြန်ဖြေပေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါတို့က ချစ်နေသေးလို့ပေါ့။
နောက်ပြီး အခု တို့မှာ ကိုယ်ဝန်လည်းရှိနေပြီ။
ရှင်က ဦးသီဟသက်လင်းနဲ့ ဘယ်လိုပတ်သတ်လို့လဲ။ "
ရှင်းသန့်က ပြောစရာရှိတာပြောပြီး ပြန်မေးလိုက်တော့ တစ်ဖက်က အမျိုးသမီးက အတော်ကြာမှ အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလာ၏။
"ငါတို့က ဒီအတိုင်း အိမ်နီးချင်းမိတ်ဆွေတွေပါ။
"အိုကေ ... ဒီအချိန်က မြန်မာပြည်မှာ ညသန်းခေါင်ယံ အိပ်ချိန်ဖြစ်နေပြီ။
အဲ့တာကြောင့် နောက်တစ်ခါ ဖုန်းမခေါ်ပါနဲ့။ "
"အိုး ... ဆောရီး။
ငါမသိလို့ပါ။ နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် "
ကပျာကယာတောင်းပန်ကာ ဖုန်းချသွားလျှင် ရှင်းသန့်လည်းဖုန်းကို မွေ့ယာပေါ်ပစ်ချလိုက်ကာ ဒေါသက စိတ်အေးလက်အေး အိပ်နေတဲ့ လူကြီးဆီကို ပုံကျသွားရတော့သည်။
ဝမ်းလျားမှောက်ကာ အိပ်နေတဲ့ လူကြီးကျောပြင်ပြောင်ပြောင်ကြီးအား ဖြန်းခနဲ ရိုက်ချပစ်လိုက်သည်။
"ထစမ်း ... ဦးသီဟသက်လင်း အခုထစမ်း"
"ဖြန်း... ဖြန်း ဦးသီဟသက်လင်း ခင်ဗျား ထစမ်းလို့ "
ရှင်းသန့် သူ့ကျောပြင်အား နှစ်ချက်သုံးချက် ဆင့်ရိုက်ကာ အော်တော့မှ ကမန်းကတန်းနှင့် ငုတ်တုပ်ထထိုင်တော့သည်။
"ဟမ် ... ဟမ် ဘာ ဘာဖြစ်တာလဲ။
မိန်းမ မွေးချင်လို့လား။ "
အိပ်ချင်မူးတူးနှင့် ၃လပဲရှိသေးတဲ့ဗိုက်ကို မွေးချင်လို့လားတဲ့။
ပုံမှန်စိတ်နဲ့သာဆို ရယ်မိမှာပေမယ့် အခုကျ ကိုယ်လည်း တော်တော်စိတ်တိုနေတာမို့ သူ့ပခုံးစွန်းကြီးအား တစ်ချက်ရိုက်ပစ်လိုက်၏။
"အာ့ ... နာလိုက်တာ။
ဘာဖြစ်တာလဲ မိန်းမရဲ့။ "
"ဘာဖြစ်ရမှာလဲ။
ညကြီးအချိန်မတော် ရှင့်မယားငယ် ဖုန်းဆက်တာလေ။ "
"ဟမ် ... ဟာ မိန်းမကလည်း ဘာတွေ လျှောက်ပြောနေတာလဲ။
လာ လာ အိပ်ရအောင်"
ပြောပြောဆိုဆိုနှင့် ရှင်းသန့်ပခုံးကြီးအား ဖက်ကာ မွေ့ယာပေါ် ပြန်လှဲချဖို့လုပ်လျှင် ရှင်းသန့် ပခုံးပေါ်က သူ့လက်ကြီးအား ဖယ်ချပစ်၍
ပြန်အိပ်ဖို့လုပ်နေတဲ့ သူ့ကိုလည်း လက်မောင်းကနေ ဆွဲထူလိုက်သည်။
"ဘာ အိပ်မှာလဲ။
ထ ထနော် ဦးသီဟသက်လင်း ရှင်းသန့် စိတ်တိုနေတာနော်။ "
"ဟာ ... ဘာလဲ ကလေးမရာ။
ကိုယ်အိပ်ချင်နေပြီ။ "
""ဘာအိပ်ချင်တာလဲ ... ဘာအိပ်ချင်နေတာလဲ ဟမ်
အခု ရှင့်ဟာမက ဖုန်းတွေ ခေါ်နေပြီလေ။
နိုင်ငံခြားမှာ မိန်းမနဲ့ ကလေးကျန်ခဲ့တယ်ဆိုတာ တကယ်များလား ဟမ် ... ဟာ မေးနေတယ်လေ။ "
ရှင်းသန့်ကသာ ဒေါနဲ့မောနဲ့ ပြောနေပေမယ့် သူကတော့ ထိုင်လျက်ကီ့း ပြန်ငိုက်နေတဲ့ အင်္ကျီချွတ်အိပ်တာကြောင့် ပြောင်နေတဲ့ ဗိုက်ခေါက်ကြီးအား ဆွဲလိမ်ပစ်လိုက်၏။
"အား ... အာ့ အာ့ နာတယ် "
ထိုအခါမှ ငိုက်နေတဲ့မျက်လုံးတွေ ပြူးကျယ်ကာ ရှင်းသန့်ကို သေချာမော့ကြည့်လာတော့သည်။
"ကလေးမ ... ဘာတွေဖြစ်နေတာလဲ။ "
"ဘာဖြစ်ရမှာလဲ။
ညကြီးအချိန်မတော် ခင်ဗျား မယားငယ် ဖုန်းဝင်လာလို့လေ။ "
"ဟာ ... ပေါက်ပေါက်ရှာရှာ ဘယ်က မယားငယ်လဲ။
ကိုယ့်မှာ ဘယ်မယားငယ်မှ မရှိဘူး။
ဖုန်းမှားတာလားမှ မသိတာ မိန်းမရာ။ "
"ဪ ... ဖုန်းမှာအောင် ဟိုက ခင်ဗျားနာမည်ကြီး
တပ်ပြီးပြောနေတာလေ။ "
"ဟာ ... ကျစ် အာရုံပဲကွာ။။
ဘယ်သုလဲ ကိုယ်တကယ်မသိတာပါကွာ။
ဘာမဟုတ်တာမှလည်း မလုပ်ထားဘူး။
ကိုယ်အလုပ်နဲ့အိမ်ပဲ ကူးနေတာ မိန်းမလည်း သိရဲ့သားနဲ့။ "
"အဲ့မိန်းမက ဒီက မဟုတ်ဘူး။
နိုင်ငံခြားသူ ... ခင်ဗျားပြောတဲ့ နိုင်ငံခြားမှာ အိမ်ထောင်ကျခဲ့တယ်ဆိုတာ တကယ်လား ဟင် ... အဟင့် ဟင့် ဟင့် "
ရှင်းသန့် ရင်ထဲစို့နင့်လာကာ ငိုချလိုက်ပြီး အရှေ့က လူကြီးကိုလည်း
ထုရိာက်ပစ်လိုက်သည်။
"ဟာ ... ဟေ့ ဘာလို့ငိုနေတာလဲ။
ဟာ ... မဟုတ်ပါဘူးကွာ အဲ့တုန်းက ကိုယ်စတာပါဆို ပြောရဲ့သားနဲ့ကွာ။ "
သူမပဲ ပြောချင်တာပြော လုပ်ချင်တာလုပ်ပြီး ငို ေနပြန်ပါပြီ။
"အဟင့် ... အဲ့ဒါဆို အဲ့ဒါဆို သူက ခင်ဗျားဆီ ဘာလို့ ဖုန်းဆက်တာလဲ။ "
"အဲ့တာတော့ ကိုယ်လည်းမသိဘူးလေကွာ။
ကိုယ့်ဖုန်းနံပါတ်ကိုလည်း အလုပ်ကိစ္စအတွက်ပဲ ပေးဖူးတာပါ။
ကိုယ်နဲ့အလုပ်တွဲလုပ်တဲ့သူတွေထဲမှာလည်း မိန်းမ မပါပါဘူး။
နေပါဦး သူက ဘယ်လိုပြောလို့လဲ။ "
"အင်း ... အဟင့် ဟင့် သူ့နာမည်က ဆူဇီတဲ့။
ခင်ဗျားနဲ့ အိမ်နီးချင်းမိတ်ဆွေတဲ့။
အိမ်နီးချင်းဆိုတော့ အင်း ဟင့် ဟင့် "
သူ့ဟာသူ တစ်ယောက်တည်း လျှောက်တွေးကာ ငိုပြန်၏။
"ဆူဇီ ... ဆူဇီ ဟာ မှတ်မိပြီ။
အဲ့ဒါ သူပြောသလိုပဲ ကိုယ်နိုင်ငံခြားမှာနေတုန်းက ကိုယ်နေတဲ့ တိုက်ခန်းရှေ့က ... ဒါပေမယ့် ကိုယ်သူနဲ့ စကားတောက် မပြောဖူးပါဘူးကွာ ...တကယ်ပါ "
"စကားတေင် မပြောဖူးရင် သူဆီမှာ ခင်ဗျားဖုန်းနံပါတ်က ဘာလို့ရှိနေတာလဲ။ "
"အဲ့ဒါက သူ့အကိုက ကိုယ့်သူငယ်ချင်းမို့ ကိုယ်သူ့အကိုကိုဖုန်းနံပါတ်ပေးခဲ့တာ။အဲ့ဒါကို သူ့အကိုဆီကတောင်းပြီး ဆက်တာနေမှာပါ။ "
"ရှင်းသန့်သိတယ်။
အဲ့မိန်းမက ခင်ဗျားကို ကြိုက်နေတာ အင်း အဟင့် ဟင့် "
"သူကြိုက်လည်း ကိုယ်မှ မကြိုက်တာကွာ။
နောက်ပြီး အခု ကိုယ့်မိန်းမနဲ့ ပြန်ပေါင်းနေတာလည်း သူသိသွားပြီးမလား။ "
"သိသွားပြီ။
ရှင်းသန့် ပြောလိုက်တာ။
ကိုယ်ဝန်ရှိနေတာပါ ထည့်ပြောလိုက်တယ်။ "
"ဟား ဟား ... အဲ့ဒါဆို ရပြီလေ မဟုတ်ဘူးလား။
အဲ့ဖုန်းနံပါတ်ကိုလည်း ကိုာ့်ဘလော့ထားလိုက်မယ်နော်။ "
"ရှင်းသန့် ဘလော့ပြီးပြီ။ "
ငိုမဲ့မဲ့မျက်နှာလေးနှင့် မကျေမနပ်လေး ပြောလာလျှင် သီဟ
သူမနှာခေါင်းလေးအား ဆွဲလိမ်လိုက်၏။
"ဟာ ... ဟား ဟား ငါ့မိန်းမကတော့ကွာ။
သဝန်တိုတာလေးကလည်း ချစ်စရာလေး။
သူ့ကို ရန်တွေ့လိုက်သေးတယ်မလား။ "
"အဲ့တော့ ခင်ဗျားက ဘာလုပ်ချင်လို့လဲ။"
"ဘာမှ မလုပ်ချင်ပါဘူးဗျာ။
ပွဲကောင်းလေး လွတ်သွားလို့ "
"ဟွန်း ... ခင်ဗျားနော် ရှုပ်ရှုပ်ရှက်ရှက်မလုပ်နဲ့။ "
"မလုပ်ရဲပါဘူးဗျာ။
လာ အိပ်ကြစို့ "
သူမ ပခုံးလေးအား ဖက်ကာ မွေ့ယာပေါ် လှဲချဖို့လုပ်လျှင် စိတ်ဆိုး
မပြေသေးတဲ့ ကလေးမက သူ့လက်ကြီးအား ဖက်ချပစ်လိုက်ဟည်။
ဒါပေမယ့် သူကလည်း မရမက ထပ်ဖက်ကာ လှဲချပြီး
သူမကိုယ်လေးအား ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်တော့သည်။
"လာပါကွာ ... ကိုယ့်မှာ ဒီမဲရှုပ်ညစ်လေးတစ်ယောက်ပဲရှိတာ။
ဟော့ဒီမဲရှုပ်ညစ်လေးကလွဲပြီး ဘယ်မိန်ူမကိုမှ စိတ်နဲ့တောင် မပစ်မှားဖူးဘူး သိရဲ့လား။
နိုင်ငံခြားမှာ နေတုန်းကလည်း ကိုယ်မင်းကိုပဲ တစ်ချိန်လုံးလွယ်းနေခဲ့ရတာ။ "
"အဟင့် ... သေချာလို့လား။ "
"သေချာတာပေါ့ဗျာ... ခင်ဗျားလေးက ဒီကောင်ကြီးရဲ့ ချစ်မဝလေး သိရဲ့လား။ "
"အွန်း ... ဟင်း "
ခေါင်းလေးညိတ်ကာ ခုနက ငိုထားလို့ ယိုနေတဲ့ နှာရည်တွေအား
ညှစ်ကာ လူကြီး ပုဆိုးစမှာ သုတ်ပစ်လိုက်၏။
"ဟာ နှာချေးတွေသုတ်တယ် အာ မဲရှုပ်ညစ်ကွာ။
"ဘာလဲ ... မကျေနပ်ဘူးလား။"
"ဘာပြောလို့လဲ။
အိပ်ကြစို့ "
အပိုင်း (၄၄) ဆက်ရန် ...
Author -Anna Lynn
(တစ်ခုလောက်မေးချင်တာ၊ပြောချင်တာပေါ့နော်။
ဒီအပုဒ်လေးက အမှောင်🔞အခန်းတွေ တအားများနေပြီလားဟင်။
နောက်ထပ်ကို အမှောင်ခန်းက ၂ခန်းလောက်ကျန်သေးတာ။
အဲ့တာ အမှောင်ခန်းများနေလို့ မထည့်တော့ပဲနေရမလား။
ထည့်ရမလားဟင်)
အခန်းမှတ်ချက်များ (0)