💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"လူကြီး"
ရှင်းသန့် သီဟရင်ခွင်ထဲမှာ အိပ်ရင်း သီဟမျက်နှာအား မော့ကြည့်ကာ ခေါ်လိုက်လျှင် သီဟက ခပ်ပြုံးပြုံးစိုက်ကြည့်ရင်း ပြန်ထူးလာ၏။
"ဗျ"
"ရှင်းသန့်ကို ဘယ်အချိန်က စချစ်တာလဲဟင်"
"ဟင် ..."
"ရှင်းသန့်ကို ဘယ်အချိန်က စချစ်တာလဲလို့ "
" အမ်း ... အမှန်းအတိုင်းပြောရမှာလား။"
ရယ်စစမျက်နှာနှင့် မျက်ခုံးကို ကုတ်ခြစ်ကာမေးလိုက်လျှင်
ရှင်းသန့် နှာခေါင်းလေးရှုံ့ကာ ပေစောင်းစောင်းလေးပြန်ကြည့်လျှက် ...
"ခင်ဗျားက လိမ်ချင်သေးလို့လား။ "
"မဟုတ်ပါဘူး။
အဟင်း အဲ့ဒါဆို ပြောမယ်နော်။ "
"အင်း "
"ဟို ... ကိုယ် လူပျိုဖော်စဝင်ကတည်းက ... "
"ဟင် ... လူပျိုဖော်စဝင်ကတည်းက...
အဲ့လူပျိုဖော်ဝင်တာက ဘယ်နှနှစ်မှာဝင်တာလဲ။ "
သူမက မျက်လုံးလေးလှန်ကာ ထပ်မေးလျှင် သီဟနည်းနည်း စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။
"၁၈နှစ် "
သူဖြေလိုက်လျှင် သူမက မျက်လုံးလေးပြူးသွားကာ
လက်တွေချိုးပြီး ရေတွက်ကာ ...
"ဟမ် ... ၁၈နှစ်
လူကြီး ၁၈နှစ်ဆို ရှင်းသန့်က ၈နှစ်ပဲရှိဦးမှာပေါ့။
ကြည့်စမ်း ကြည့်စမ်း အရွယ်မရောက်သေးတဲ့ ကလေးကို ကြံနေတာပဲ။ "
"အဟင်း ... အဲ့ဒါတော့ နှလုံးသားအလိုအရပေါ့ကွာ။
ချစ်တတ်ပါပြီဆိုကတည်းက ဒီမဲရှုပ်ညစ်လေးက တစ်နေ့ ငါ့အပိုင်ဖြစ်ရမယ်ဆိုတဲ့အတွေးကြီးဝင်လာခဲ့တာ။
ဘယ်လိုပဲပြောပြော ကိုယ်စချစ်တတ်ပါပြီဆိုကတည်းက
နှလုံးသားထဲ ရောက်လာတဲ့ တစ်ဦးတည်းသော မိန်းကလေးက ကလေးမပဲ။"
"ဟွန့် ...အဲ့အကြောင်းပြချက်လေးနဲ့ပဲ ကျေနပ်လိုက်ပါမယ်။ "
"အဟွန်း "
တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် ခိုးပြုံးလိုက်၏။
၁၈နှစ်မဟုတ်ပဲ ၁၅နှစ်ကတည်းကလို့ အမှန်အတိုင်းသာပြောလိုက်လျှင် ကလေးမက ဘယ်လို ပုဒ်မကြီးတွေ တပ်လာမည်မသိ။
"ကိုယ်လေ ကလေးမ ရည်းစားရနေတာ စသိတဲ့နေတုန်းက သေမလိုပဲ သိလား။ "
"အဲ့တာကြောင့် လူကို ဓားပြပြီး ရအောင်ယူခဲ့တာပေါ့။ "
"အဟား ... ကိုယ်က ဓားပြရုံပဲ ပြတာပါ။
ကလေးမကတော့ ကိုယ့်ကို တကယ်နှိပ်စက်တာ။ "
"အောင်မယ် ... ဘယ်မှာ နှိပ်စက်လို့လဲ။"
"ဟေ့ ဟေ့ ... ကိုယ့်ခေါင်းပတ်တီးနဲ့ ပြတ်တယ်ရှိလို့လား။ "
"ဟီး ဟီး ... ကန်တော့ ကန်တော့။ "
ရှင်းသန့် သွားလေးဖြီးကာ ရယ်ပြလိုက်လျှင် သီဟက အသည်းယားစွာ သူမနှာခေါင်းလေးအား သူ့နှာခေါင်းနဲ့တေ့ကာ ပွတ်ပြီး သွားနဲ့ခပ်ဖွဖွကိုက်ဆွဲလိုက်၏။
"အာ့ ... နာတယ် "
"အသည်းယားလာလို့"
"လူကြီး ... ဒီလို ကြွက်သားတွေရအောင် ဂျင်က ဘယ်နှနှစ်လောက်ဆော့ခဲ့ရတာလဲဟင် "
ရှင်းသန့်က လူကြီးရင်ဘတ်က အဖုဖု အထစ်ထစ် ကြွက်သားမြှောင်းတွေအား ပွတ်သပ်ကာ ပြောလိုက်လျှင် လူကြီးက ရယ်သွားပုံရကာ ကိုယ်ကြီးတွန့်လျှက် ရယ်လေသည်။
"အား ... ဟား ဟား ယားတယ်ကွ "
"ယားလည်းခံ ... သူများတောင် နာလည်းခံရတာ "
"နားပြီးရင်တော့ ကောင်းတယ်မလား။ "
"အို ... လူကြီးနော် "
ရှင်းသန့် မျက်နှာလေးရဲစွေးသွားကာ ပွတ်သပ်နေတဲ့ လူကြီးရင်ဘတ်ကြီးအား ဖြန်းခနဲ ရိုက်ပစ်လိုက်သည်။
သူကတော့ အရယ်ပင်မပြတ်ပါ။
"လူယုတ်မာကြီး "
"ချစ်စရာကြီးပါကွာ။ "
"အော့ဝေါ့ "
"သိပါတယ် ... ကိုယ့်အစွမ်းအစအကြောင်း "
"အား ... ဦးသီဟသက်လင်း လူညစ်ပတ်ကြီး လူညစ်ပတ်ကြီး "
ရှင်းသန့် ရှက်ရမ်းရမ်းကာ သူ့ရင်ဘတ်ကြီးအား တဘုန်းဘုန်းထုရိုက်ပစ်လိုက်တော့သည်။
"အား ... ဟား ဟား "
"ပြော ... ဒီလိုခန္ဓာကိုယ်အချိုးအစား ဗလကြီးတွေရပြီး မိန်းမတကာငမ်းအောင် ဂျင်းတွေဘယ်လောက်ဆော့ပြီး ကြိုးပမ်းခဲ့ရတာလဲ။ "
"ဟား ဟား ... ဘယ်မိန်းမငမ်းဖို့မှမဟုတ်ပါဘူးကွာ။
ကလေးမငမ်းချင်ရင်တော့ ငမ်းပေါ့။
ဒါပေမယ့် ကိုယ် ဂျင်တစ်ခါမှ မဆော့ဖူးဘူး။
ဆော့ချိန်တောင်မရှိခဲ့ဘူး။ "
"လူညာ "
"ဟောဗျာ ... တကယ်ပြောတာ
ကိုယ် ဂျင်တောင်မရောက်ဖူးဘူး။ "
"အဲ့တာဆို ဘာလို့ ဒီလို ခန္ဓာကိုယ်အမိုက်စားကြီးဖြစ်နေတာလဲ။ "
"ဟား ဟား ... ကလေးမက ကိုယ့်ခန္ဓာကိုယ်ကို အတော်ကြိုက်နေတယ် ထင်တယ်။ကိုယ်တကယ်ပြောတာ ဂျင်လုံးဝ မဆော့ခဲ့ဘူး။
ဂျင်ဆော့ဖို့မပြောနဲ့ အရင်က ကိုယ့်မှာ အနားယူချိန်တောင်ရှိခဲ့တာမဟုတ်ဘူး။
အဖေနဲ့အမေဆုံးသွားတော့ ကိုယ့်ကမ္ဘာကြီးလည်း ပျက်သုဉ်းသွားတော့တာပဲ။
ဆွေးမျိုးကောင်းမရှိတဲ့ ကိုယ့်အတွက် အဖေနဲ့အမေထားခဲ့တဲ့
ပိုက်ဆံတွေနဲ့ ကျောင်းပြီးအောင်ဆက်တက်နိုင်ခဲ့ပေမယ့်
ကိုယ်ကျောင်းပြီးတော့ အဖေ့ပွဲရုံကြီးက အကြွေးတွေနစ်ပြီး
လုံးဝယိုင်နဲ့နေပြီ။
အဲ့အချိန်မှာ ပွဲရုံပိုင်ရှင်လည်းကိုယ် အလုပ်သမားလည်းကိုယ်
လုပ်ပြီး ကိုယ်ထူ ကိုယ်ထ လုပ်ခဲ့ရတာ။
ဆန်အိတ်တွေ၊ကြက်သွန်အိတ်တွေ ထမ်းတဲ့အကျိုးေကြာင့် အပိုဆု အနေနဲ့ ဒီလိုခန္ဓာကိုယ်ဖြစ်လာတာပဲ။ "
သူမလေးက သူစကားပြီးတဲ့အထိ သူ့မျက်နှာအား စိုက်ကြည့်ကာ ဂရုတစိုက်နားထောင်နေပြီးလျှင် သူ့ကိုကြည့်တဲ့ အကြည့်တွေမှာ ဝမ်းနည်းရိပ်တွေ တွဲခိုနေကာ နှာခေါင်းလေးက ရှုံ့ပွ ရှုံ့ပွ ဖြစ်လာတော့သည်။
"ဟာ ... ဟေ့ ငိုတော့ မငိုလိုက်နဲ့နော်။
ကိုယ်က ဒီအတိုင်း ကိုယ့်ရဲ့ အမိုက်စား ခန္ဓာကိုယ်အကြောင်း ပြောပြရုံပါကွာ။ "
"အင်း ... အဟင့် လူကြီးကိုသနားလို့ပါ။
လူကြီး အဲ့အချိန်တုန်းက အရမ်းပင်ပမ်းခဲ့မှာပဲနော်။ "
"မပင်ပမ်းပါဘူးကွာ။
ကိုယ်က ယောင်္ကျားပဲ ... ဘယ်လိုပဲပြောပြော ကိုယ့်ကြိုးစားမှုတွေ အရာထင်ခဲ့လို့ ကျေနပ်တယ်။ "
"လူကြီးမိဘတွေမရှိတော့ ထမင်း ဟင်းတွေလည်း ကိုယ့်ဟာကိုယ်ချက်စားတာလား။ "
"အွန်းပေါ့ "
"အဲ့တုန်းက လူကြီး ငယ်ငယ်လေးပဲ ရှိသေးတယ်မလား။ "
"အင်း ... ၁၅နှစ် သိပ်တော့မငယ်တော့ပါဘူး။"
"ငယ်တာပေါ့ ... ၁၅နှစ်ဆိုတာ ကလေးလုပ်လို့ ကောင်းတဲ့ အရွယ်ပဲ ရှိသေးတာကို။ "
"ဟား ဟား ... ဘာလဲ ကိုယ့်မိန်းမလေးက ကိုယ့်ကို သနားပြီး စိတ်မကောင်းဖြစ်နေတာလား။ "
သူကခပ်ဟဟရယ်သွမ်းကာ သူမခေါင်းလေးကို ပွတ်လျှက် မေးလိုက်လျှင် သူမက ငိုမဲ့မဲ့အသံလေးနှင့် ခေါင်းညိတ်ကာ ပြန်ဖြေ၏။
"အင်း "
"အဲ့တာအရင်တုန်းက အတိတ်တွေပါပဲ ...စိတ်မကောင်းမဖြစ်နဲ့တော့နော်။ "
"အတိတ်ဆိုပေမယ့် တကယ်ဖြစ်ခဲ့တာလေ။
လူကြီးတကယ် ပင်ပမ်း ဆင်းရဲခဲ့ရတာ။
၁၅နှစ်အရွယ်လေးနဲ့ မိဘနှစ်ယောက်လုံးဆုံးရှုံးရပြီး
တစ်ယောက်တည်းကျန်ခဲ့ရတဲ့အဖြစ်က ဘယ်လောက်ကြောက်ဖို့ ကောင်းလိုက်မလဲ။"
"ဟာကွာ ... ကိုယ်တော့ ပြောမိတာမှားပြီထင်တယ်။
စိတ်မကောင်းမဖြစ်တော့နဲ့နော် ကလေးမငိုရင် ဗိုက်ထဲက ကလေးလေးကပါ လိုက်ငိုလိမ့်မယ် နော်။
အဲ့ဒီ ရိုက်ခတ်တဲ့ဒဏ်တွေကြောင့်ကိုယ်ပိုပြီး သန်မာခဲ့တာပဲလေ။ "
"ရှင်းသန့်သာ လူကြီးနေရာမှာဆို မရှင်သန်နိုင်လောက်ဘူး။ "
"အဲ့တာတော့ ကလေးမက မိန်းကလေးပဲလေကွာ။"
"လူကြီး ထမင်းတွေ စချက်တုန်းက အပူတွေဘာတွေ မလောင်ဘူးလားဟင်။ "
"ဟော ... မေးပြန်ပြီ ပေါက်ပေါက်ရှာရှာတွေ။
ပြီးရင် သူပဲ စိတ်မကောင်းဖြစ်ပြီး ငိုပြန်ဦးမယ်။ "
"ပြောပါဆို ... ကိုယ့်ယောင်္ကျားအကြောင်း ကိုယ်သိချင်လို့ပါဆို "
"ဟုတ်ပါပြီကွာ။
ကိုယ်ထမင်းစချက်တုန်းက ပထမဆုံးအကြိမ်ဆိုတော့
အပူတွေဘာတွေလောင်တာတော့ ရှိတာပေါ့။
ဒါပေမယ့် ကိုယ်မလာပ်လို့မှ မရတာ။
ကလေးမ မေမေ အန်တီဖြူကတော့ ထမင်းခေါ်ခေါ်ကျွေးပါတယ်။
ဒါပေမယ့် ကိုယ်က အားနာလို့ လာမစားတာ။
နောက်ပြီး ကိုယ်ကြိုက်နေတဲ့ ကောင်မလေးအိမ်မှာ ထမင်းစားရမှာဆိုတော့ နည်းနည်းရှက်လို့ ... အဟင်း "
"ဟင် ... ပြောတော့ ၁၈နှစ်ဆို။
အဲ့တုန်းက လူကြီးက၁၅နှစ်ပဲ ရှိသေးတာလေ။ "
"ဟဲ ဟဲ ... စိတ်မဆိုးနဲ့နော်။ "
"ဟွန့် ... "
နှုတ်ခမ်းလေး ဆူချိတ်ချိတ်လုပ်ပြီးမှ မျက်နှာလေးက ပြန်မဲ့ကျ
သွားကာ သီဟ ကိုယ်လုံးကြီးအား ဆွဲဖက်တော့သည်။
"လူကြီးကို တအားသနားလို့ ဘယ်လိုလုပ်ရမလဲ။ "
"ပိုချစ်ပေး။ "
"အွန်း ... အများကြီးချစ်တယ် "
ငိုမဲ့မဲ့မျက်နှာလေးနှင့် အမေကသားတစ်ယောက်ကို ဖက်သလို
ဖက်လာလျှင် သူကလည်း ကလေးတစ်ယောက်လို သူမရင်ခွင်ထဲ တိုးဝင်လိုက်သည်။
နွေးထွေးတယ်။ဒါက သူ့အတွက် တစ်ခုတည်းသော မိသားစုလေး။
အပိုင်း (၄၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)