💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"ဟဲ့ ဟဲ့ ... ဟိုမှာ ထွက်လာပြီ ထွက်လာပြီ။ "
ခင်ခင်ဇာ့ အသံဆာဆာက ထွက်လာလျှင် ရှင်းသန့်လည်း
ရင်ခုန်စွာ လှမ်းကြည့်လိုက်သည်။
ရှင်းသန့်ကလည်း သူ့ကိုလှမ်းအကြည့် သူ့ကလည်း ရှင်းသနိ့တို့ ခြံဘက်အလှည့် အကြည့်ချင်းဆုံသွားမိခိုက် အသည်းလေးအေးခနဲ ဖြစ်သွားကာ ရင်တွေတဒိတ်ဒိတ်နှင့်လှုပ်ခုန်သွားတော့သည်။
ဒါပေမယ့် သူကပဲ အရင်ဆုံး ရှင်းသန့်ကို အကြည့်လွှဲသွားကာ
ရှင်းသန့်ရှိနေလို့ထင်ပါရဲ့။
အိမ်ထဲ ပြန်ဝင်သွားတော့သည်။
ထိုအခါ ရှင်းသန့် မျက်နှာလေးလည်း သိသိသာသာကြီး
မဲ့ကျသွားတော့သည်။
တကယ် မုန်းနေတာပဲ။
မုန်းသင့်တဲ့ အရာကြီးကို ကျူးလွန်ခဲ့ပေမယ့် အတ္တစိတ်ကလေးကနေ
မမုန်းဖို့ မျှော်လင့်နေခဲ့မိတာပါ။
"ဟယ် ... ပြန်ဝင်သွားပြီ။"
"ဟုတ်ပ ... ငါတို့ကြည့်နေလို့လားမသိဘူးနော်။ "
အသွင်နဲ့မေခိုင်က ဘေးကနေ အလိုက်မသိစွာ ပြောလိုက်သေးသည်။
"ဟဲ့ ... နိုင်ငံခြားပြန်ကြီးဖြစ်သွားလို့လားမသိဘူး။
ပိုချောလာသလိုပဲနော်။ "
"ဟုတ်ပ။
ရှင်းသန့် နင့်ဘဲကြီးက တကယ့် gentleman typeကြီးနော်။ "
"ငါ့ဘဲကြီးမဟုတ်တော့ပါဘူးဟယ်။
သူနဲ့ငါနဲ့ကို မဖြစ်နိုင်တော့ပါဘူး။
အခုတောင် ငါကြည့်နေမှန်းသိလို့ အထဲပြန်ဝင်သွားတာမတွေ့ဘူးလား။ "
"နင်ကလည်းဟယ်။
အဲ့လိုဟုတ်ချင်မှလည်း ဟုတ်မှာပါ။
ချစ်မှတော့ ပြန်ကြိုးစားပေါ့။သူတောင် နင့်ကိုလိုချင်လို့
မရရတဲ့နည်းနဲ့ ယူတာမလား။ "
"ဒါပေမယ့် အခြေအနေတွေက တူမှမတူတော့ပဲ။"
"ဟင်း ... ဘာမှ အားမလျှော့နဲ့။
သူမပြန်ခင်တော့ စကားလေးတစ်ခါလောက်ဖြစ်ဖြစ်
ပြောဖြစ်အောင် ပြောကြည့်ဟာ။ "
"အင်း ... ငါကြိုးစားကြည့်ပါ့မယ်။ "
"ဘာကြိုးစားကြည့်မှာလဲဟာ။
သူစိမ်းလည်းမဟုတ်ပဲနဲ့။ "
"ဟဲ့ ... သူတို့က သူစိမ်းထက်ဆိုးတဲ့ဆက်ဆံရေးလေ။ "
"အသွင် "
"ဘာလဲ။
ငါကပြောပြတာကို "
"မပြောနဲ့ဟာ။
ဖြစ်နိုင်ရင် နင့်ပါးစပ်လေးကို ပိတ်ထား။
မဟုတ်ရင်လည်း နင့်လူကြီးကို လာခေါ်ခိုင်းလိုက်တော့မယ်။။"
"မခေါ်ခိုင်းနဲ့။
ငါသူ့ကို စိတ်ကောက်နေတာ။"
"ဪ ... နင်စိတ်မကောက်တဲ့နေ့ရော ရှိသလား။"
"ငါ့ဟာငါ ကောက်လို့ရလို့ကောက်တာ ဘာဖြစ်လဲ။
နင့်လို ဘဲပစ်မ မဟုတ်ဘူး။ "
"ဘာ ... အသွင်
နင် နင် ... လင်က ချစ်တယ်ဆိုပြီး မာန်တက်နေတဲ့ဟာမ။
လင်က ပစ်သွားမှ ဟားကိုတိုက်ပေးဦးမယ်။ "
"အဲ့နေ့က ရောက်လာမှာ မဟုတ်ဘူး။
ငါ့ဦးက ငါ့ကို တုန်နေအောင်ချစ်တာ။ "
"ရွလိုက်တာဟယ်။ "
အသွင်နဲ့ ခင်ခင်ဇာကတော့ ထုံးစံမပျက် စကားနိုင်လုကြပြန်သည်။
ရှင်းသန့်ကတော့ တစ်ဖက်ခြံကို လှမ်းကြည့်ရင်း ပျံ့လွင့်လာတဲ့
ဇော်ဝင်းထွဋ်သီချင်းနှင့်အတူ ရင်ထဲမှာ ငိုကြွေးနေမိတော့သည်။
_______________
ရှင်းသန့်လမ်းထိပ်မှာ အချဉ်ပေါင်းဝယ်ပြီးပြန်လာရာ
ရှင်းသန့်တို့ခြံရှေ့၌ လူကြီးနှင့် မျက်နှာချင်းဆိုင်ဆုံလေသည်။
ရှင်းသန့်တို့ တစ်ယောက်ကိုတစ်ယောက် အတန်ကြာအောင်
ကြည့်နေမိကြပြီးမှ သူက အရင်ဆုံးထွက်သွားဖို့ပြင်လျှင် ရှင်းသန့် အလျှင်အမြန်ပဲ စကားစလိုက်သည်။
"ဟို ..."
ရှင်းသန့်ရဲ့ အသံတိုးတိုးလေးထွက်လာလျှင် သီဟ ခြေလှမ်းတွေ ရပ်တန့်သွားကာ သူမဘာဆက်မပြောမလဲ စောင့်နေ၏။
"ဟို ... ရှင်းသန့် စကားပြောလို့ရမလား။ "
ရှင်းသန့်မရဲတရဲလေးမေစလိုက်လျှင် သူက ရှင်းသန့်အား လှည့်ကြည့်လာကာ ခေါင်းညိတ်ပြလေသည်။
"ရပါတယ်။
ပြောလေ "
"ဟို ... ဟိုဘက်အိမ် သွားကြမလား။ "
ရှင်းသန့်က သီဟအိမ်အား ကြည့်ပြီးပြောလျှင် သီဟကလည်း
လှမ်းကြည့်ကာ ခေါင်းညိတ်ပြပယသည်။
"အင်း ... သဘောလေ။ "
သီဟက အရင်ဆုံး တစ်ဖက်အိမ်သို့သွားလျှင် ရှင်းသန့်ကလည်း အနောက်ကနေ ရင်ခုန်စိတ်လှုပ်ရှားစွာ လိုက်သွားလေသည်။
"ဒီမှာထိုင်မလား။ "
သီဟက ပန်းခြံနားက ဒန်းကို လက်ညှိုစထိုစပြလျှင် ရှင်းသန့်
ခေါင်းညိတ်လိုက်သည်။
သီဟက ရှင်းသန့်အားလှမ်းကြည့်ကာ ဒန်းရဲ့ တစ်ဖက်အစွန်မှာ ထိုင်လိုက်လျှင် ရှင်းသန့်ကလည်း အခြားတစ်ဖက်အစွန်းမှာ ဝင်ထိုင်လိုက်၏။
ရှင်းသန့်က စကားပြောချင်တယ်ဆိုပြီး ပြောထားပေမယ့် အခုကျ ရင်ခုန်တာနှင့် ကြောက်တာရောပြီး ဘယ်က အစပျိုးရမှန်းမသိတော့ပေ။
ရှင်းသန့် နံဘေးမှ လူကြီးအား မသိမသာလှမ်းကြည့်လိုက်လျှင်
ရှင်းသန့်ကိုလည်း မကြည့်ပဲ အရှေ့တည့်တည့်မှာ အကြည့်ပို့ထားကာ ညိုတတ နှုတ်ခမ်းအစုံကလည်း ပိရိသေသပ်နေလေသည်။
ရှင်းသန့်က အတော်ကြာသည်အထိ ဘာမျှမပြောပဲ ငြိမ်နေလျှင် သူက ရှင်းသန့်ဘက်သို့ လှည့်ကြည့်လာကာ ရှင်းသန့်ကို မေးငေါ့ပြလေသည်။
"ပြောစရာရှိတယ်ဆို ပြောလေ။ "
"အင်း ..."
"..."
"ရှင်းသန့်ကို အရမ်းနာကျဥ်းပြီး မုန်းနေတယ်မလားဟင်။ "
"ဟင် ..."
သူမဆီမှ မထင်မှတ်ထားတဲ့စကားကြောင့် သီဟသက်လင်း
မျက်စပင့်မိသွား၏။
သူမက ဘယ်တုန်းက သူ့ခံစားချက်တွေကို ဂရုစိုက်ခဲ့ဖူးလို့လဲ။
သူ မယုံနိုင်စွာ သူမ မျက်နှာအား လှမ်းကြည့်လိုက်လျှင် သူမက
သူ့အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေတဲ့ အမူအယာဖြစ်နေသည်။
"ကိုယ်မင်းကို ဘယ်တုန်းကမှ မမုန်းဖူးပါဘူး။
နာလည်း မနာကျဉ်းဖူးဘူး။ "
သီဟ ဖြေသံအဆုံးတွင် ရှင်းသန့် မျက်လုံးလေးတွေက အံ့ဩခြင်း၊
မယုံနိုင်ခြင်း၊ဝမ်းနည်းခြင်း၊ယူကြုံးမရခြင်းဆိုတဲ့ အရိပ်အယောင်
အမျိုးမျိုးဖြတ်ပြေးသွားကာ မျက်ရည်လေးတွေလည်း ဝေ့ဝဲလာတော့သည်။
"ရှင်းသန့် အများကြီးမှားခဲ့ပါတယ်။
ခွင့်လွှတ်ဖို့မတန်ဘူးဆိုတာသိပေမယ့် တောင်းပန်ပါတယ်။
ရှင်းသန့် တကယ်လည်း နောင်တရနေပါပြီ။ "
သူမက မျက်နှာကြီးအောက်ချကာ တောင်းပန်တိုးလျှိုနေရင်း
ငိုလာလျှင် သီဟရင်တွေ စုတ်ပြတ်သတ်သွားသလို နာကျင်သွားရသည်။
သူက ဘယ်တုန်းကမှ အဲ့မျက်ရည်တွေကို မမြင်ခဲ့တာပါ။
အကြာကြီး စိတ်ကို ထိန်းထားပေမယ့် မနေနိုင်တဲ့အဆုံး
သူမအနားသို့တိုးကာ ခေါင်းလေးအားပင့်မလျှက် ပါးပြင်ထက်က
မျက်ရည်စလေးတွေအား သုတ်ပေးလိုက်သည်။
ထိုအခါ သူမကလည်း သူ့အား မော့ကြည့်လာကာ နှစ်ယောက်သား
အကြည့်ချင်းဆုံလျှင် သူခပ်တိုးတိုးဆိုလိုက်သည်။
"မငိုပါနဲ့။ "
"အင်း ... အဟင့် ဟင့် ဟင့် "
ချော့တဲ့ကလေး ပိုငိုဆိုသလို ရှင်းသန့်က ပိုတိုးလို့ ငိုလာခဲ့တော့သည်။
"အင်း ... အဟင့် တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ်
အဟင့် ဟင့် ဟင့် "
"မငိုပါတော့နဲ့ဆိုကွာ ... မောနေလိမ့်မယ်။
မငိုတော့နဲ့ တိတ်တော့နော်။"
သီဟ ချော့ကာ မျက်ရည်စလေးတွေအား ခပ်ဖွဖွသုတ်ပေးလိုက်လျှင် သူမက ရင်ခွင်ထဲတိုးဝင်လာတော့သည်။
သီဟ ဘာမှ မတုံ့ပြန်နိုင်ပဲ အံ့ဩနေမိလျှင် သူမက သူ့ရင်ဘတ်အားတိုးကပ်လာကာ ...
"လွမ်းနေတာ။
အရမ်းလွမ်းနေတာ။
ရှင်းသန့် အခု ခင်ဗျားကို ချစ်နေမိပြီ။
အရမ်းချစ်နေမိပြီ သိလား။ "
"ဟင် ..."
သီဟ ရင်တွေအခုန်မြန်လာပြီး လူက အသိစိတ်ကင်းမဲ့သွားသလိုပင် ဖြစ်သွားတော့သည်။
"လူကြီးရော ရှင်းသန့်ကို ... မချစ်တော့ဘူးမလား။ "
ချစ်သေးလားလို့ မမေးရဲတော့တာကြောင့် ပြောင်းကာ မေးလိုက်၏။
ထိုအခါ အခုအချိန်ထိ ကြောက်နေမိတဲ့ သီဟက ရင်ခွင်ထဲမှ သူမခေါင်းလေးအား ထုတ်ကာ အကြည့်ချင်းဆုံကာ သူမနောက်နေတာလားဟု အဖြေရှာလိုက်မိသည်။
ဒါပေမယ့် နောက်နေတာမဟုတ်ဘူးဆိုတာ သူမ မျက်လုံးတွေက သက်သေပြနေ၏။
"ကလေးမ တကယ် တကယ်ပြောနေတာလား။ "
အပိုင်း (၂၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)