Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၂၁ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"ကလေးမ "

သီဟသက်လင်းအားဂရုမစိုက်ပဲ ရှင်းသန့်က သူ့အားတိုးတိုက်ကာ အခန်းထဲဝင်ချလာတော့သည်။

အခန်းထဲမှ မိန်းမအားမြင်လျှင် ရှင်းသန့်က သီဟအား

မယုံနိုင်စွာစိုက်ကြည့်လိုက်သည်။

ထိုအခါ သီဟလက်တစ်ခါခါခေါင်းတစ်ခါခါနှင့် ရှင်းသန့်အနားသို့ရောက်ရှိပြီး ရှင်းပြဖို့ကြိုးစားလေသည်။

"မဟုတ်ဘူး ... ကလေးမ ကိုယ် "

"..."

" ကလေးမထင်သလိုမဟုတ်ဘူးနော် ... ကိုယ်ရှင်းပြပါ့မယ်။ "

"ဒီလောက်ထင်ထင်ရှားရှားကြီးမြင်နေရတာကို ခင်ဗျားက

ဘာရှင်းပြချင်နေသေးတာလဲ။

ရှင်းသန့်ကိုကျ အရာရာလိုက်ချုပ်ခြယ်နေပြီး ခင်ဗျားကကျ

ကွယ်ရာမှာဖောက်ပြန်ပြီး ဖြစ်ပျက်ချင်တိုင်းဖြစ်ပျက်နေတာပဲ။"

"မဟုတ်ဘူး။

အဲ့လို လုံးဝမဟုတ်ပါဘူးကွာ။

ညက ညက ကလေးမတို့နဲ့သောက်နေတာကလွဲပြီး

ကိုယ်တကယ်ဘာမှ မမှတ်မိတော့တာပါ။

"ဟမ့် ... ညက ကျွန်မတို့toiletဝင်တုန်း ရှင်ပျောက်သွားလို့

ကျွန်မတို့ကတော့ လိုက်ရှာလိုက်ရတာ။

ခင်ဗျားကတော့ ဒီမှာ တခြားမိန်းမနဲ့ ဖောက်ပြန်နေတာပဲ။

ခင်ဗျားလို ဖောက်ပြန်တဲ့လူမျိုးကို ရွံတယ်။

ခင်ဗျားနဲ့လုံးဝမပေါင်းနိုင်ဘူး။

ခင်ဗျားနဲ့ကွာမယ်။ရှင်းသန့်ကို အခုချက်ချင်းကွာရှင်းပေး။"

ရှင်းသန့်သူ့အား စူးစိုက်ကြည့်ကာ အံကြိတ်လျှက် အသံကုန်အော်ဟစ်သောင်းကျန်းကာ သူ့ရင်ဘတ်ကြီးကိုလည်း ထုရိုက်ပစ်လိုက်သည်။

ထိုအခါ သီဟသက်လင်းမျင်နှာကြီးက ပြိုတော့မယ့်မိုးလို

လူနဲ့မလိုက်တဲ့ မျက်ရည်တွေ ရစ်သိုင်းလာကာ သူ့ကိုထုရိုက်နေတဲ့

သူမလက်ကလေးတွေက ဖွဖွဆုပ်ကိုင်ကာ တောင်းပန်တိုးလျှိုလေသည်။

"အဲ့လို အဲ့လိုမလုပ်ပါနဲ့။

ကိုယ်ရှင်းပြပါရစေ။

ကိုယ်တကယ် မဖောက်ပြန်ပါဘူးကွာ။

ကိုယ်အဲ့မိန်းမကိုလည်း တကယ်မသိပါဘူးကွာ ... နော်

ကိုယ့်ကိုယုံပါကွာ။

ကိုယ်ကလေးမကလွဲပြီး ဘယ်မိန်းမကိုမှ စိတ်မဝင်စားတာပါကွာ။ "

"စိတ်မဝင်စားလို့ပဲ အခု ခင်ဗျားတို့ အခန်းထဲရောက်နေကြပြီမလား။

ဘာမှ လာမပြောနဲ့ ခင်ဗျားမျက်နှာလည်း မမြင်ချင်ဘူး။

ခင်ဗျားအသံလည်း မကြားချင်ဘူး။

ခင်ဗျားကိုလည်း ရွံတယ်။ "

"ဟာကွာ ... ကိုယ်မဟုတ်ဘူးလို့ပြောနေတယ်လေကွာ။"

သီဟသက်လင်းစိတ်တိုတိုနှင့် အော်ပစ်လိုက်သည်။

ထိုအချိန် အခန်းထဲမှ လစ်ထွက်ဖို့ပြင်နေတဲ့ ပြဿနာအစပြုရာ

မိန်းမအား သီဟသက်လင်းသည် လည်ပင်းကို ဆွဲညှစ်လိုက်သည်။

"အ့ ... အဟွတ် "

ရုတ်တရတ်လုပ်လိုက်တဲ့ သီဟသက်လင်းရဲ့အပြုအမူကြောင့်

အကုန်လုံးလန့်သွားကြလေသည်။

လည်ပင်းအညှစ်ခံထားရတဲ့ ဘားမယ်မှာလည်း အသက်ရှူကြပ်ပြီး

အတော်လည်းကြောက်နေရှာလေသည်။

သီဟသက်လင်းသည် ထိုမိန်းမအား စူးစူးရဲရဲစိုက်ကြည့်ကာ လည်ပင်းညှစ်ထားတဲ့ လက်အား ပိုအားထည့်၍ ...

"ပြောစမ်း ... မင်းဘယ်သူလဲ။

ဘယ်ကရောက်လာတာလဲ။ "

"အွတ် အွတ် "

သူမလည်ပင်းအားညှစ်ထားတဲ့ သီဟသက်လင်းရဲ့လက်ကို ပုတ်ကာ

လွှတ်ပေးဖို့တောင်းဆိုပေမယ့် သီဟက လုံးဝမလွှတ်ပေးပေ။

"ပြောစမ်း။

မင်းဘာလိုချင်လို့ ဒီလိုလုပ်တာလဲ။ "

"ဒီမှာ ... ခင်ဗျား အဲ့အတိုင်းဆက်လုပ်နေရင်

သူသေသွာစလိမ့်မယ် "

"သေပါစေ။

သတ်ပစ်မှာ... ကိုယ်နဲ့မင်းကို ကွဲအောင်လုပ်တဲ့သူမှန်သမျှ ကိုယ်သတ်ပစ်မှာ။"

သူလည်ပင်းညှစ်တာခံထားရတဲ့မိန်းမအား စူးစူးရဲရဲကြည့်ကာ ပြောလိုက်တဲ့ သီဟသက်လင်းရဲ့ပုံစံက သိပ်ကိုကြောက်ဖို့ကောင်းနေလေသည်။

တကယ် သူပြောသလို လူသတ်ဖို့လည်း ဝန်မလေးတဲ့ အနေအထားမှာရှိနေ၏။

ဟိုက မိန်းကလေးလည်းဖြစ် သူ့အားကြီးနဲ့ လည်ပင်းအညှစ်ခံထားရတာကြောင့် တော်တော်ကို မရှူနိုင်မကယ်နိုင်ဖြစ်နေရှာသည်။

"ခင်ဗျား။"

"အွတ် အွတ် "

"ခင်ဗျား သူ့ကိုလွှတ်လိုက်တော့။ "

"..."

"ပြောနေတယ်လေ။ လွှတ်လိုက်လို့ "

ရှင်းသန့်နောက်တစ်ခွန်း ထပ်အော်လိုက်တော့မှ သီဟသက်လင်းက

တောက်တစ်ချက်ခေါက်ကာ ဘားမယ်အား ဆောင့်တွန်းကာ လွှတ်ပေးလိုက်လေသည်။

"တောက်ခ် "

သူလွှတ်ပေးလိုက်တာနှင့် ဘားမယ်မှာလည်း အသက်ကို အလုအယက်ရှူကာ ချောင်းတွေလည်း တဟွတ်ဟွတ်ဆိုးတော့သည်။

လည်ပင်းမှာလည်း လက်ချောင်းရာကြီးက အထင်းသားဖြစ်နေလေ၏။

"မင်းနဲ့ငါ ဘညမှမဖြစ်ဘူးဆိုတာ အမှန်အတိုင်းပြောစမ်း။ "

သီဟသက်လင်းအား အော်ရင်း အရှေ့တိုးလာလျှင် ဘားမယ်မှ

ကြောက်အားလန့်အားနှင့် နောက်သို့ဆုတ်လေသည်။

"ခင်ဗျား အခုမှ လူမိမှ သူများကို သွားမဲမနေနဲ့။

ကျွန်မမျက်စိနဲ့ တပ်အပ်မြင်တာ။

ခင်ဗျားလိမ်ဖို့ ကြိုးစားမနေတော့နဲ့။

ရှင်းသန့်ကို ကွာဪရှင်းပေးဖို့သာ အသင့်ပြင်ထားပါ။ "

"မဟုတ်ဘူး ... မဟုတ်ဘူးလို့။

ဟာကွာ ... နေဦး cctv ဟုတ်တယ်

cctv ပြန်ကြည့်ရင်သိမှာပဲ။

cctv သွားကြည့်မယ်။ "

ပြောပြောဆိုဆိုနှင့် သီဟက အရှေ့မှ ထွက်သွားလျှင် အကုန်လုံးအနောက်က လိုက်ကြလေသည်။

cctv ခန်းရောက်တော့ သီဟကပဲ cctvပေးကြည့်ဖို့ပြော၏။

"မနေ့ညက cctv ပြန်ကြည့်လို့ရမလား။ "

သီဟက ပြောလိုက်လျှင် ကွန်ပျူတာကိုင်နေတဲ့ ကောင်လေးမှ

ငြင်းဖို့လုပ်နေပြီးမှ သူ့အရှေ့မှ သီဟသက်လင်းရဲ့

မျက်နှာအနေအထားကြောင့် ခေါင်းညိတ်ပြကာ ရှာပေး၏။

"ဟင် ... မနေ့ညက cctv မှတ်တမ်းက မရှိတော့ဘူး။ "

"ဘာ "

"ဟုတ်တယ်။

တစ်ယောက်ယောက် ဖျက်သွားတယ်ထင်တယ်။ "

"တောက်ခ် "

သီဟသက်လင်း အံကြီးကြိတ်လျှက် တောက်ပြင်းပြင်းခေါက်လိုက်ကာ လက်သီးဆုပ်ထားတာကြောင့် လက်ဖျံရိုးတစ်လျှောက်အကြောတွေ ထောင်ထနေလေသည်။

"ဟို ... အရေးကြီးလို့လားအကို။

အရမ်းအရေးကြီးတယ်ဆို ကျွန်တော်တို့ ဘော့စ် ကွန်ပျူတာနဲ့ တွဲထားတာလည်း ရှိပါသေးတယ်အကို "

ထိုစကားအဆုံး သီဟသက်လင်းမျက်လုံးတွေဝင်းလက်သွားပြီး

ရှင်းသန့်တို့ကတော့ မျက်နှာတွေ ပျက်ကျသွားတော့သည်။

သူတို့ဖျက်ထားတာ ဒီတစ်ခုတည်းလေ။

"ဘော့စ်ကို ဆက်သွယ်ပေးရမလားအကို "

"ရတယ်။

မလိုတော့ဘူး။

ဒီဘားပိုင်ရှင်က အကို့သူငယ်ချင်း "

"ဟင် "

သီဟသက်လင်းက ပြောပြောဆိုဆိုနှင့် ဖုန်းထုတ်ကာ

ဆက်ဖို့ပြင်လျှင် ဘားမယ်မက ပျာပျာသလဲဖြင့် သီဟသက်လင်းရှေ့ ဒူးထောက်ချလာတော့သည်။

"အကို ... ကျွန်မ ကျွန်မတောင်းပန်ပါတယ်။

သူဌေးကို ဖုန်းမဆက်ပါနဲ့။

ကျွန်မလည်း သူမျာစခိုင်ူလို့ လုပ်ရတာမို့ပါ။

ကျွန်မကို ခွင့်လွှတ်ပေးပါ အကိုရယ် ... အဟင့် ဟင့် "

"ဘယ်သူခိုင်းတာလဲ။ "

သီဟသက်လင်း၏ မာန်ပါလှသော အံကြိတ်သံကြီးအဆုံးတွင်

ရှင်းသန့်နှင့်ခင်ခင်ဇာ ချွေးစေးများပြန်ကာ လက်ဖျားတွေပင်

အေးစက်လာတော့သည်။

ကြောက်လန့်နေတဲ့ ဘားမယ်ကလည်း သီဟသက်လင်းက မေးလိုက်တာနှင့် ချက်ချင်းပဲ ရှင်းသန့်တို့ဘက်ကို လှည့်ကာ လက်ညှိုးထိုးပြလေသည်။

"သူတို့ သူတို့ပါ "

"ဘာ ... "

"မင်းအဓိပ္ပါယ်မရှိတာမပြောနဲ့။

အဲ့ဒါ ငါ့မိန်းမ ... ငါ့မိန်းမက အဲ့လိုလုပ်စရာ

ဘာအကြောင်းမှ မရှိဘူး။ "

သူ့ကို မဖြစ်နိုင်တာတွေပြောပြီး လာလိမ်နေသေးတဲ့ အရှေ့က မိန်းမအား ပိုစိတ်တိုသွားရသည်။

ဘယ်လိုအဓိပ္ပါယ်မရှိတာတွေ လာလိမ်နေတာလဲ။

"တကယ် ... တကယ်ပြောတာပါ။ကျွန်မကို သူတို့နှစ်ယောက်

ပိုက်ဆံပေးပြီးခိုင်းတာပါ။

အကိုသောက်မယ့် ဘီယာခွက်ထဲကိုလည်း သူတို့ပဲ အိပ်ဆေးခပ်ပြီး

အခန်းကိုလည်း သူတို့ပဲ ပြင်ခိုင်းတာပါ။

အကို့ကို ဒီက စားပွဲထိုးနှစ်ယောက်က အခန်းထဲ ထည့်ပေးပြီး

ကျွန်မက အကို နိုးခါနီးလောက်မှ အခန်းထဲဝင်လာတာပါ။

ဒီအစီအစဉ်တွေအာစလုံးကိုလည်း သူတို့ပဲ စီစဉ်တာပါ။"

"မင်း ..."

သီဟသက်လင်း မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကိုသာသွင်းပြီး

ရှင်းသန့်အား ကြည့်လိုက်လျှင် ရှင်းသန့်ကလည်း သူ့ကို ကြည့်နေလေသည်။

ဒီအကြည့်တွေကရော ဘာလဲ။

နောက်ပြီး မငြင်းဘူး။

ဟိုမိန်းမပြောနေတဲ့ အလိမ်အညာစကားတွေကို ကလေးမက မငြင်းဘူး။

ဒါပေမယ့်ယုံတယ်။

သူကလေးမကို ယုံတယ်။

ဒီလောက်ဆိုးရွားတဲ့ ကိစ္စကြီးကိုတော့ ကလေးမက လုပ်မှာမဟုတ်ဘူးဆိုတာ သူယုံတာကြောင့် ရှင်းသန့်အနားတိုးကပ်သွားကာ

မေးလိုက်လေသည်။

"မဟုတ်ဘူးမလား။

သူပြောနေတာတွေအားလုံး အလိမ်တွေပဲမလား။

ကိုယ်သိတယ် ကလေးမ မဟုတ်ဘူးမလား။ "

အပိုင်း (၂၂) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၀ ) နောက်အခန်း - အပိုင်း (၂၂ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ