Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း ( ၅)

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"ကလေးမ "

"ဟင် "

ခပ်ဟိန်းဟိန်းခေါ်သံနှင့်အတူ ရှင်းသန့်လက်ကို အနောက်မှ

ဆုပ်ကိုင်လိုက်တဲ့ လက်တစ်စုံကြောင့် ရှင်းသန့်ကိုယ်လေးတုန်ကာ ကြက်သီးမွေညှင်းများထသွားသလို ဩရထူးလည်း လန့်သွားလေသည်။

ရှင်းသန့် မဝံ့မရဲနှင့် တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်လျှင်

ရှင်းသန့်နဲ့ကိုကို့ကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့ ထိုလူကြီးအား တွေ့လိုက်ရ၏။

လမ်းမီးတိုင်အောက်မှာဖြစ်တာကြောင့် လင်းထိန်နေကာ

တစ်ယောက်ကို တစ်ယောက် ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။

ရှင်းသန့် ထိုလူကြီးကိုတွေ့လျှင် ကိုကိုအနားသို့ပိုတိုးကပ်ကာ ကိုကို့လက်ကို ပိုလို့ဆုပ်ကိုင်လိုက်သည်။

"ကိုကို "

ထိုအခါ ဩရထူးက ရှင်းသန့်လက်ကို ပိုင်စိုးပိုင်နင်းဆုပ်ကိုင်ထားတဲ့

သီဟသက်လင်းရဲ့လက်ကို မျက်မှောင်ကြုတ်လျှက်ကြည့်ကာ ...

"ခင်ဗျားက ဘယ်သူလဲ "

"ကလေးမနဲ့ လက်ထပ်မယ့်လူ။

ကလေးမရဲ့ အနာဂတ်ခင်ပွန်းလောင်း "

သီဟသက်လင်းကလည်း အကြည့်စူးစူးတို့ကိုမလျှော့ပဲ နှစ်ယောက်သားအကြည့်ချင်းစစ်ခင်းကာ ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။

ထိုအခါ ဩရထူးအနောက်မှာ ပုန်းနေတဲ့ ဖြူရှင်းသန့်က

မကျေမနပ်ဖြင့်ထွက်လာကာ ...

"ခင်ဗျား မဟုတ်တာမပြောနဲ့။

ခင်ဗျားကို ဘယ်သူက ယူမှာမို့လို့လဲ။

ရှင်းသန့်က ကိုကိုနဲ့ပဲ လက်ထပ်မှာ "

"အဟက် ... ဘယ်သူက ခွင့်ပြုလို့လဲ "

ပြောပြောဆိုဆိုနှင့် ဆုပ်ကိုင်ထားတဲ့ သူမလက်ကလေးအား

အားထည့်ကာ ဆွဲလိုက်လျှင် သူမကိုယ်လေးက သူ့ဆီသို့ ရောက်လာလေ၏။

"အင့် "

"ခင်ဗျား ဘာလုပ်တာလဲ "

ဩရထူးက အော်ကာ ရှင်းသန့်အား ပြန်ဆွဲဖို့လုပ်လျှင် သီဟသက်လင်းက သူ့ဆီရောက်နေတဲ့ သူမကိုယ်လေးအား လက်တစ်ဖက်တည်းနှင့်ဆွဲဖက်ပစ်လိုက်လေသည်။

"အ ... ဘာလုပ်တာလဲ ။

ရှင်းသန့်ကို လွှတ်ပေး။ "

"ဟေ့လူ ... ခင်ဗျားလွန်မလာနဲ့နော် "

"လွန်တော့ မင်းက ဘာလုပ်ချင်လို့လဲ။ "

အံကြိတ်သံနှင့်ဆိုလိုက်ကာ လက်တစ်ဖက်က ခါးကြားမှာ ထိုးထားတဲ့ ဓားမြှောင်ကို ထုတ်လိုက်၏။

"ဟင် ..."

ဝင်းခနဲဖြစ်သွားတဲ့ ဓါးကိုမြင်လျှင် ရှင်းသန့် ထိတ်လန့်သွားသလို

ကိုကို့ကိုလည်း စိုးရိမ်သွားရ၏။

ကိုကိုသာ တစ်ခုခုဖြစ်သွားရင် ရှင်းသန့် ရူးမှာ။

"အဲ့တာ အဲ့တာ ဘာလုပ်တာလဲ။

ကိုကို့ကို ဘာမှမလုပ်ပါနဲ့နော် ။

ရှင်းသန့် တောင်းပန်ပါတယ်။

ရှင်းသန့်တို့ကို လွှတ်ပေးပါ ဦးသီဟရယ် ရှင်းသန့်တောင်းပန်ပါတယ်။

ရှင်းသန့် ကိုကို့ကိုပဲ ချစ်လို့ပါ "

"တိတ်စမ်း "

ခပ်ကျယ်ကျယ်ဆောင့်အော်လိုက်လျှင် သူမကိုယ်လေးတုန်တက်ကာ ကြောက်သွားရှာ၏။

ထိုအခါ သူ့လေသံကို နည်းနည်းလျှော့ချလိုက်ကာ ...

"ကလေးမ ကိုယ်နဲ့ ကြည်ကြည်ဖြူဖြူ ပြန်လိုက်ခဲ့ပါ။

မဟုတ်ရင် ကိုယ်ဒီနေရာမှာတင် ဒီကောင့်ကို သတ်ပစ်မှာ"

"ဟင့်အင်း ... ဟင့်အင်း ကိုကို့ကို ဘာမှမလုပ်ပါနဲ့။

ပြန်လိုက်ပါ့မယ်။ ရှင်းသန့် ပြန်လိုက်ပါ့မယ်နော် "

"ရှင်းသန့် ... "

"အဟင့် ... ကိုကို ကိုကိုပြန်ပါတော့နော်။

ရှင်းသန့် တောင်းပန်ပါတယ် "

"ရှင်းသန့် အဲ့လူကို ဘာမှ ကြောက်စရာမလိုဘူး။

လာ ကိုကိုနဲ့ လိုက်ခဲ့နော်။ "

"ဟင့်အင်း ... ပြန်ပါတော့ ကိုကိုရယ်"

"ရှင်းသန့်က အဲ့လူနဲ့ လက်ထပ်နိုင်လို့လား။

လာနော် ... ကိုကို့ဆီ "

ပြောပြောဆိုဆိုနှင့် သူရင်ခွင်ထဲရောက်နေတဲ့ သူမလက်ကလေးအား လှမ်းဆွဲလိုက်လျှင် သီဟသက်လင်းလက်ထဲကဓားနှင့် ထိုလက်အား ရွှပ်ခနဲ ရမ်းပစ်လိုက်၏။

"အား ..."

"အမေ့ ... ကိုကို "

လက်မောင်းဖြူဖြူကနေ သွေးတွေ ရဲတွတ်စွာ စီးကျလာလျှင်

ရှင်းသန့် မျက်လုံးတွေ ပြာဝေသွားတော့သည်။

ရှင်းသန့် မျက်ရည်တွေစီးကျလာကာ သူ့ကိုယ်ကြီးထဲမှ အတင်းရုန်းထွက်လျှင် သူက ပိုတိုးလို့ ဖက်ထားကာ မလွှတ်ပေးပဲ ခပ်ကြိတ်ကြိတ်ဆိုလာခဲ့၏။

"ဒီ့ထက် အခြေအနေကိုယ့်နောက်လိကိုယ့်နောက်လိုက်ခဲ့တာ ကောင်းမယ် "

"အင်း ... အဟင့် ရှင်းသန့် လိုက်ခဲ့ပါမယ် ။

ကိုကို့ ဒဏ်ရာကိုကြည့်ပါရစေ "

"မသွားရဘူး။ "

သူမကိုယ်လေးက လုံးဝမလွှတ်ပေးပဲ ပြန်ဆွဲဖက်ထားလိုက်သည်။

"အင်း ... အဟင့်

ခင်ဗျားတော်တော်ရက်စက်တဲ့လူ။ "

"ရှင်းသန့် ... အဲ့လူနဲ့ လုံးဝ လိုက်မသွားနဲ့နော်။"

သွေးတွေစီးကျနေတဲ့ လက်အား နောက်လက်တစ်ဖက်နှင့်

ဆုပ်ကိုင်ကာ ပြောလျှင် ရှင်းသန့်က မျက်ရည်အရွှဲသားနှင့် ခေါင်းလေးယမ်းခါနေရှာ၏။

"အသက်ပါ ပျောက်ချင်နေတာလား။ "

သီဟသက်လင်းစကားအဆုံးတွင် ရှင်းသန့် ကိုယ်လေး တောင့်တင်းသွားကာ သူ့အား မော့ကြည့်လျှက်ဖြင့် ...

" ကိုကို့ကို ဘာမှ ထပ်မလုပ်ပါနဲ့နော်။

ရှင်းသန့်တောင်းပန်ပါတယ်။

ရှင်းသန့် ခင်ဗျားနဲ့ လိုက်ခဲ့ပါ့မယ် "

"ရှင်းသန့် "

"ရှင်းသန့်တောင်းပန်ပါတယ် ကိုကိုပြန်ပါတော့နော်။

ဒဏ်ရာကို ဆေးခန်းပြပါနော် ကိုကို "

"သွားမယ် "

သူ့အသံဩရှရှကြီးက ထွက်လာလျှင် ရှင်းသန့်မလိုက်ချင်လိုက်ချင်နှင့် လိုက်သွားရလေသည်။

လမ်းလျှောက်နေတာတောင် သူက ရှင်းသန့်ကို ဖက်ထားရာကနေ မလွှတ်ပေးသေးပါ။

လမ်းတစ်ဖက်ရှင်းသန့်တို့ ခြံရှေ့အရောက်မှာ ရှင်းသန့်က ဝင်ဖို့လုပ်လျှင် သူက ရှင်းသန့် ခန္ဓာကိုယ်အား သူတို့ခြံဘက်သို့ လှည့်ပေးကာ ...

"ဒီကိုလာ "

"ဟင် ... ရှင်းသန့်က ဘာလို့ ခင်ဗျားအိမ်ကို လိုက်ရမှာလဲ။

ကိုယ့်အိမ်ကိုယ်ပြန်မယ်လေ။ "

"နောက်တစ်ခေါက်ထပ် ထွက်ရင် ဘယ်လိုလုပ်မလဲ။"

"မထွက်ပါဘူး။

ရှင်းသန့် ကတိပေးပါတယ်နော် "

"ကိုယ်စိတ်မချဘူး။

ကိုယ့်အိမ်ကိုပဲ လိုက်ခဲ့ ... ကလေးမကို ကိုယ်ဘာမှမလုပ်ဘူး။ "

"ဟင့်အင်း ... ရှင်းသန့် ကိုယ့်အိမ်ကိုယ်ပဲ ပြန်ပါစေနော်။

ရှင်းသန့် တောင်းပန် ..."

"ကျစ် "

သူစုပ်တစ်ချက်သပ်လိုက်လျှင် သူမအသံလေး တိတ်ကျသွားလေ၏။

သူ့ကို တော်တော်ကြောက်နေပုံရပါသည်။

ဒီလိုမှ မလုပ်ရင် ကိုယ်ကလေးမကို ဆုံးရှုံးရတော့မှာမို့ပါ။

ကိုယ့်ကို ခွင့်လွှတ်ပါဟု စိတ်ထဲတွင် တီးတိုးရွတ်ဆိုလိုက်လေသည်။

နောက်မှ အတိုးချပြီး ချော့ပါ့မယ်။

"အင်း ... အင့် ဟင့် "

ငိုရှိူက်သံလေးနှင့်အတူ ‌သူ့ကိုကြောက်တာနှင့် သူ့အိမ်ကိုပါလာခဲ့တော့သည်။

အိမ်ထဲရောက်တော့လည်း သူမက အငိုမရပ်သေးပေ။

ဆိုဖာပေါ်ထိုင်ကာ ရှိုက်ကြီးတငင်ငိုနေရှာ၏။

သူမငိုတာ မြင်ရတော့ သူ့ရင်ဘတ်ကြီးကလည်း အောင့်မျက်လာတော့သည်။

"ဟူး ..."

လေပူတစ်ချက် မှုတ်ထုတ်လိုက်ကာ စီးကရက်တစ်လိပ်ကို လက်နှစ်ချောင်းနှင့်ညှပ်ကာ မီးညှိလိုက်၏။

ပြီးလျှင် ညိုတတ နှုတ်ခမ်းမှာ တေ့လျှက် အခိုးအငွေ့တွေကို သူမနဲ့ ဆန့်ကျင်ဘက်ဆီ မှုတ်ထုတ်ပစ်လိုက်သည်။

"တော်တော့ မငိုတော့နဲ့ မောနေတော့မှာ။ "

သီဟသက်လက်းက ငြင်သာစွာ ဆိုလိုက်လျှင် သူမက ပိုပိုတိုးကာ

ငိုရှိုက်လာပြန်၏။

"အီး အင့် ဟင့် အဟင့် ဟင့် အင့် "

"ကျစ် ... တိတ်တော့လို့ ပြောနေတယ်လေ။

ကလေးမထပ်ငိုနေရင် ကိုယ်အဲ့ကောင်ကို သွားသတ်မိလိမ့်မယ်။ "

ထိုအခါ အရုပ်ကလေးကို သံပတ်ပိတ်လိုက်သလို ငိုသံလေးက တိခနဲ တိတ်ကျသွားကာ ရှိုက်သံလေး တစ်စွန်းတစသာ ကျန်နေခဲ့၏။

ဒီကလေးမလေးကတော့ မခြောက်လို့ကို မရဘူး။

လူကို လူဆိုးဖြစ်အောင် တော်တော်လုပ်တဲ့ ကလေးမ။

"ကိုယ့် အခန်းထဲမှာ သွားအိပ်လိုက်။

တခြားအခန်းတွေက မရှင်းရသေးဘူး

ကိုယ်က ဆိုဖာမှာ အိပ်လိုက်မယ် "

"ဟင့်အင်း ... အင့် မအိပ်ချင်ဘူး။

ရှင်းသန့် အိမ်ပဲ ပြန်ချင်တယ်။ "

"မနက်ကျ ပြန်ပို့ပေးမယ်။"

"ဟင့်အင်း ... အခုပို့ပေးပါ။

ရှင်းသန့်တောင်းပန်ပါတယ်။ "

"ကျစ် ... မနက်ကျ ပို့ပေးမယ်လို့ ပြောထားတယ်မလား။

အခန်းထဲ သွားအိပ်တော့ မဟုတ်ရင် ကိုယ်ဘာလုပ်မယ် အာမ မခံနိုင်ဘူး။ "

ထိုအခါ မျက်နှာလေး မဲ့ကျသွားကာ အခန်းထဲပြေးဝင်သွားလျှက်

လော့ခ်ချသံပါ တစ်ခါတည်း ကြားလိုက်ရ၏။

"အဟက် "

အပိုင်း (၅)

(ရှင်တို့ လူ့ဘီလူးကြီးက နီတာလား စိမ်းတာလား မသိတော့ဘူး။)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄ ) နောက်အခန်း - အပိုင်း (၆ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ