💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"ရှင်းသန့် ခင်ဗျားကို လုံးဝမယူနိုင်ဘူး "
"..."
သူမစကားအား သူခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါသလို
ဘာမျှပြန်မပြောပဲ တွေတွေကြီးသာ စိုက်ကြည့်နေလေ၏။
"ရှင်းသန့်မှာ ချစ်သူရှိတယ်ဆိုတာလည်း ခင်ဗျားသိရဲ့သားနဲ့ တမင်လုပ်တာမလား။ "
"အင်း "
"ဘာ "
"..."
"ဘာလို့ အဲ့လိုလုပ်ရတာလဲ "
"ချစ်လို့ "
အက်ရှရှခပ်ဩဩထွက်လာတဲ့ အသံကြီးက ရှင်းသန့်အတွက် ရင်ခုန်စရာမကောင်းပဲ ရွံစရာ နားခါးစရာအပြည့်ဖြစ်နေလေသည်။
"ဘာပြောတယ်။
ခင်ဗျား ဘာစကားတွေ လာပြောနေတာလဲ။"
"ဟုတ်တယ်။
ကိုယ်ကလေးမကို ချစ်တယ် "
"ရှင်းသန့်ကတော့ ခင်ဗျားကို မုန်းတယ် "
"ကိုယ်ကတော့ ချစ်တယ် "
"ရွံဖို့ကောင်းလိုက်တာ။"
သူ့မျက်နှာအား စေ့စေ့စိုက်ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိ ပျစ်ပျစ်နှစ်နှစ်ကြီးဆိုလိုက်လျှင် သီဟသက်လင်းက မဲ့ပြုံးလား ခနိုးခနဲ့ အပြုံးလားမသိတဲ့ အပြုံးတစ်ခုကို ဆင်လိုက်လေသည်။
"တစ်ခါတည်း ပြောထားမယ်။
ရှင်းသန့် ခင်ဗျားကြီးကို မယူနိုင်ဘူး။
ရှင်းသန့်က ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်မှာ ...
အဲ့တာကလည်း ကိုကိုပဲ။ "
ထိုအခါသူက သူမအား ခပ်ဆွေးဆွေးစိုက်ကြည့်ကာ သူ့နံဘေးမှာချထားတဲ့ စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်အား မီးညှိကာ ရှိုက်ဖွာလိုက်လေသည်။
ပြီးနောက် ဆေးလိပ်ငွေ့တို့ကို ဟူးခနဲမှုတ်ထုတ်ရင်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
"အင်း ..."
"ခင်ဗျား ဘယ်လိုလူလဲ။
ခင်ဗျားတောင်းထားတဲ့ကိစ္စ ရုတ်သိမ်းပေးပါ။ "
"ကလေးမ ငြင်းလို့ရရင် ငြင်းလိုက်ပါ။
ကိုယ်ကတော့ ဘယ်တော့မှ ရုတ်သိမ်းမှာမဟုတ်ဘူး "
"ခင်ဗျား "
ရှင်းသန့် စိတ်တိုရလွန်းလို့ အံတင်းတင်းကြိတ်လိုက်မိသည်။
လုပ်နေတဲ့ပုံစံက တကယ်ကို အသည်းယားစရာကောင်းလှ၏။
အရင်က အမြင်ကတ်တာ အခု မုန်းပါမုန်းလာပြီ။
"ကိုယ်က ကလေးမကို ချစ်နေရတဲ့သူလေ ကလေးမနဲ့
လက်ထပ်ရမယ့်ကိစ္စကို ဘာလို့ ဘာလို့ရုတ်သိမ်းရမှာလဲ
ကိုယ်ကလေးမကို ချစ်တယ်။
ရအောင်ယူမှာ "
"ရွံဖို့ကောင်းလိုက်တာ "
ရှင်းသန့် မဖြစ်နိုင်တော့တဲ့အဆုံး သူ့အိမ်ထဲကနေ လှည့်ထွက်ခဲ့တော့သည်။
အခုအချိန်မှာ ဘာလုပ်ရမှန်းမသိအောင်ကို ရှင်းသန့်ရင်တွေ ပူလောင်ပြင်းပြနေသလို အဲ့ဒီလူကြီးကိုလည်းမုန်းသည်။
_________
"သမီး မောင်သီဟက မနက်ဖြန်သမီးကို လူကြီးစုံရာနဲ့ လာတောင်းမယ်တဲ့ "
"ဘယ်လို ... ဟင့်အင်း လက်မခံနိုင်ဘူးနော်။
သမီး အဲ့လူကြီးကို မယူနိုင်ဘူးလို့ ပြောထားတယ်လေ။ "
"ဒါပေမယ့် မေမေကတော့ စကားကျွံထားပြီးပြီ သမီး။
သမီးကို မောင်သီဟနဲ့ သဘောတူတယ်။ "
"အဟင့် ... မေမေ သမီး တောင်းပန်ပါတယ်။
သမီး အဲ့လူကြီးကို မယူချင်ဘူးလို့ အင့် အဟင့် "
ရှင်းသန့် ကိုကိုက လွဲလို့ ဘယ်သူ့ကိုမှ လက်မထပ်နိုင်ပါ။
အထူးသဖြင့် အဲ့လူ့ဘီလူးကြီးနဲ့ပေါ့။
ရှင်းသန့် တွေးကြည့်မိတိုင်း သူ့မျက်နှာကြီးမြင်ယောင်ပြီး အော်ဂလီဆန်ကာ ပိုပိုရွံလာမိသည်။
ဘယ်ကတည်းကများကြံနေခဲ့တာလဲ မသိပါ။
"မယူလို့မရဘူး သမီး။
မေမေတို့က သမီးအတွက် မကောင်းတာ ဘာမှ မလုပ်ပါဘူးကွယ်။ "
"အဲ့တာ မကောင်းတာပဲ။
ရှင်းသန့်မှာ ချစ်သူရှိတယ်လို့ အဲ့လူကြီးကို မယူချင်ဘူး မေမေရဲ့
ဘာလို့ အဲ့လူကြီးနဲ့ပဲ အတင်းပေးစားနေရတာလဲ။ "
"ဒီကိစ္စက သမီးမမွေးခင်ကတည်းက သတ်မှတ်ပြီးသား ကိစ္စပဲ သမီး "
ထိုအသံပိုင်ရှင်ကတော့ ရှင်းသန့် အဖေဖြစ်သူ ဦးသန့်ဇင်အောင်ဖြစ်၏။
"ဟင် "
"ဟုတ်တယ်သမီး ... သားသီဟရဲ့ မိဘတွေက သမီးလေး မမွေးခင်ကတည်းက သူတို့သားလေးအတွက် သမီးကို တောင်းခဲ့ကြတာ။
အခု သူတို့ မရှိကြတော့ပေမယ့် မေမေတို့က အဲ့ကတိကို တည်ပေးရမှာပဲ။သူတို့ကျေးဇူးတွေက မေမေတို့အပေါ်မှာ ဘယ်လောက်ကြီးတယ်ဆိုတာ သမီးလည်းသိမှာပါ။
အဲ့ကိစ္စကို သားသီဟကလည်းသိထားတယ်။
မေမေတို့က အရင်ကတည်းက သမီးကို အဲ့ကိစ္စဖွင့်ပြောဖို့ပေမယ့်
မောင်သီဟက သမီး စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ မပြောပါနဲ့ဦးလို့ တားထားခဲ့တာ။
အခုတော့ ဘာဖြစ်လဲမသိဘူး။ မေမေတို့ဆီလာပြီး သမီးနဲ့အမြန်ဆုံးစေ့စပ်ပြီး လက်ထပ်ချင်ကြောင်း လာပြောထားတာပဲ။
အဲ့ဒီတော့ မေမေတို့ကလည်း မိဘ ဝတ္တရားအတိုင်း စီစဉ်ပေးရမှာပဲ။ "
"ဘယ်လိုပဲ ကတိတွေ ထားခဲ့ ထားခဲ့။
အခု ရှင်းသန့်မှာလည်း ချစ်သူရှိနေပြီလေ မေမေရဲ့
အဲ့လူနဲ့ယူလိုက်ရလို့ ရှင်းသန့် ပျော်ရမယ် ထင်လို့လား။ "
"ဟင်း ... မနက်ဖြန်တော့ မေမေတို့ မျက်နှာမပျက်ချင်ဘူးနော်။ "
နားချလို့မရတဲ့အဆုံး ပြောချင်ရာပြော၍ ထွက်သွားကြတော့သည်။
"အီး ... ဟင့် အဟင့် ဟင့် "
__________
"ဟယ်လို ..."
"ဟယ်လို ... ကိုကို အင့် အဟင့် ဟင့် "
တစ်ဖက်မှ အသံထွက်လာတာနှင့် ငိုချင်လျက်လက်တို့ဖြစ်နေတဲ့ ကလေးတစ်ယောက်လို ရှင်းသန့် ငိုပစ်လိုက်တော့၏။
ထိုအခါ တစ်ဖက်မှ ဩရထူး ပြာယာခတ်သွားတော့သည်။
"ရှင်းသန့် ဘာဖြစ်လို့လဲဟင် ဘာဖြစ်လို့လဲ "
"အီး ... ကိုကို အင့် အဟင့် ဟင့် "
"ဘာဖြစ်တာလဲ ... ဘာဖြစ်လို့လဲလို့ ကိုယ်ရင်တွေပူလာပြီကွာ "
"ကိုကို ရှင်းသန့်ကို လာခိုးပေး။
ရှင်းသန့် အဲ့လူကြီးနဲ့ မယူချင်ဘူး။
အင်း ဟင့် ဟင့် "
"ဟင် ... ဘာ ဘာတွေပြောနေတာလဲ ရှင်းသန့်ရဲ့။
ကိုယ်နားလည်အောင် ရှင်းပြပါဦးကွာ။
အဲ့လူကြီးဆိုတာကကော ဘယ်သူလဲ "
"အင်း ... ဟင့် ရှင်းသန့်ကို မေမေတို့က အိမ်ဘေးက လူ့ဘီလူးကြီးနဲ့ ပေးစားကြတော့မယ်။
ရှင်းသန့် အဲ့လူကြီးနဲ့ မယူနိုင်ဘူး။
ကိုကိုနဲ့ပဲ ယူမှာ ကိုကို့ကိုပဲ လက်ထပ်မှာနော် "
"ဟင် ..."
"ဘာ ဟင် နေတာလဲ။
ရှင်းသန့်ကို လာခိုးပါလို့။
ကိုကို လာမခိုးရင် ရှင်းသန့်နဲ့ကိုကို တကယ်ဝေးရတော့မှာ "
"ဟုတ်ပြီ။
ကိုကို လာခိုးမယ်နော်။ ဘာမှစိတ်မပူနဲ့။
ကိုကို ဒီည လာခိုးမယ်။
ရှင်းသန့် အဆင်သင့်ပြင်ထားနော်။ "
"ဟုတ် "
"ည၉နာရီကျရင် ကိုကို အိမ်ရှေ့မှာ စောင့်နေမယ်။
ရှင်းသန့်ရအောင် ထွက်ခဲ့နော်။ "
"ဟုတ် "
"အဲ့ဒါဆို ဒါပဲနော်။
ကိုကို စီစဉ်စရာရှိတာတွေ စီစဉ်လိုက်ဦးမယ် "
"ဟုတ်ကဲ့ ... ကိုကို "
ရှင်းသန့် အခုမှ ရင်ထဲက အပူလုံးကြီး လျှောကျသွားရကာ
လိုအပ်တာတွေ အိတ်ထဲ စုထည့်လိုက်သည်။
အများကြီးသယ်လို့လည်း အဆင်မပြေမှာကြောင့်
အရေးပေါ် လိုအပ်မယ့်ဟာတွေပဲ ထည့်ပြီး လက်ဝတ်လက်စားတွေကတော့ မေမေတို့ဆင်ပေးထား၍ ချွတ်ကာ ကတ္တီပါဗူးထဲ စုထည့်လိုက်၏
ပြီးလျှင် စာတစ်စောင်ရေးကာ ထို ကတ္တီပါဗူးနှင့်အတူ မှန်တင်ခုံပေါ်
တင်ထားလိုက်သည်။
အားလုံးပြီးလျှင် နာရီတကြည့်ကြည့်နှင့် ၉နာရီထိုးဖို့ကို စောင့်နေလိုက်၏။
_____________
ဩရထူး ၈နာရီခွဲကတည်းက သူမတို့ခြံရှေ့မှာ ကားရပ်ပြီး စောင့်နေလိုက်၏။
ဆိတ်ငြိမ်ရပ်ကွက်မို့ တစ်လမ်းလုံး တိတ်ဆိတ်ကာ ဖြတ်သွားဖြတ်လာ လူလည်း တစ်ယောက်မျှ မရှိကြပေ။
သူမအခန်းရဲ့ ပြတင်းပေါက်အား တစ်ချက်လှမ်းကြည့်ကာ ပြုံးလိုက်မိ၏။
အိမ်ထောင်သည်ဘဝအတွက် ဘာမျှ မပြင်ဆင်ရသေးပေမယ့် သူချစ်ရတဲ့ ကောင်မလေးနဲ့မို့ ယုံကြည်ချက်ရှိပါသည်။
၉နာရီထိုးချိန်မှာတော့ အိမ်ထဲကနေ ကျောပိုးအိတ်ကလေးနှင့်
ကောင်မလေးက ဟိုကြည့်ဒီကြည့် ကုတ်ချောင်းကုတ်ချောင်းနှင့် ထွက်လာခဲ့၏။
ဩရထူးလည်း သူမကိုမြင်တာနှင့် ကားပေါ်မှ ဆင်းကာ ခြံအနားသို့
သွားလိုက်သည်။
"ကိုကို "
နှစ်ကိုယ်ကြား ကြားရုံလေသံလေးနှင့် ခပ်တိုးတိုးခေါ်လိုက်၏။
"အင်း ... သွားကြရအောင်နော်။
ပေးလေ ကိုယ့်ကို အိတ် "
"ရတယ်။
မလေးဘူး။ ရှင်းသန့်လွယ်ခဲ့လိုက်မယ် "
"အင်း "
ဩရထူး သူမလက်ကလေးအားဆွဲကိုင်ကာ ခြံရဲ့လမ်းတစ်ဖက်မှာရပ်ထားတဲ့ ကားအနားသို့ခေါ်လာလျှင် ရှင်းသန့်ကလည်း ကိုကိုနောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့တော့၏။
"ကလေးမ "
"ဟင် "
ခပ်ဟိန်းဟိန်းခေါ်သံနှင့်အတူ ရှင်းသန့်လက်ကို အနောက်မှ
ဆုပ်ကိုင်လိုက်တဲ့ လက်တစ်စုံကြောင့် ရှင်းသန့်ကိုယ်လေးတုန်ကာ ကြက်သီးမွေညှင်းများထသွားသလို ဩရထူးလည်း လန့်သွားလေသည်။
အပိုင်း (၄) ဆက်ရန် ...
ကိုကိုဩရထူးလား လူ့ဘီလူးကြီးလား 🤭
Author -Anna Lynn
အခန်းမှတ်ချက်များ (0)