ကျယ်ဝန်းလှပသော ခြံဝင်းကြီးထဲတွင် တစ်ထပ်အုပ်တိုက်လေးက ညနေခင်း နေရောင်အောက်တွင် တင့်တယ်စွာ ရှိနေသည်။
မှုံနံ့သာ့အလိုကျ အိမ်ရှေ့တွင် အိမ်ဆိုင်(ကုန်စုံဆိုင်)လေးလည်းဖွင့်ထားကာ ဝေဝေဆာဆာဖြစ်နေ၏။
စီးပွားရေးနည်းနည်းအဆင်ပြေလာတော့ အိမ်လေးကိုလည်း ပြန်ပြင်ဆောက်လိုက်ကာ အရင်က တဲသာသာအိမ်အိုလေးနေရာမှာ အခုဆို
တစ်ထပ်အုပ်တိုက်လေး ဖြစ်နေပါပြီ။
ဒီလို အဆင်ပြေတဲ့ အချိန်လေးမှာ မှုံ့အဘွားနှင့် အမေ့ကို လွမ်းမိသည်။
တစ်ဘဝလုံး ဆင်းရဲပင်ပန်းသွားခဲ့ရတာ။
အခင်းရှိတာကြောင့် ခြံထဲတွင် အရင်လို သီးပင်စားပင်တွေမဟုတ်တော့ပဲ အလှပန်းပင်များစိုက်ထားကာ ကလေးနှစ်ယောက်၏ ရယ်မောသံများကလည်း လွင်လွင်လေး ပျံ့လွင့်နေ၏။
အခုဆို အကြီးအလေး ဆွတ်ဆိုင်းအိန် က ၇နှစ်တောင်ရှိနေပြီဖြစ်ကာ
၅နှစ်အရွယ် မောင်လေးတစ်ယောက်ပါ ထပ်ရနေပြီဖြစ်၏။
ဆွတ်ဒွဲအောင်လေး တစ်နှစ်အရွယ်မှာ အငယ်လေး ဆွတ်။ ကိုယ်ဝန်ထပ်ရခဲ့လေသည်။
"မောင်လေး ... မပြေးနဲ့လေ ... လဲကျရင် ဖေဖေဆူလိမ့်မယ်နော်။"
အသက် (၇) နှစ်အရွယ် ဆွတ်ဆိုင်းအိန် လေးက လူကြီးပေါက်စလေးလို ခါးထောက်ကာ အော်ငေါက်လိုက်သည်။ သူမ အရှေ့တွင် ပြေးလွှားနေသည်က အသက် (၅) နှစ်အရွယ် 'ဆွတ်ဒွဲေအာင်လေးပင် ။
ဖခင်ဖြစ်သူ ဆွတ်ရိန်နော်နှင့် တစ်ပုံစံတည်းတူပြီး မျက်လုံးမျက်ခုံးကောင်းကောင်း အသားဖြူဖြူနှင့် ချစ်စရာကောင်းသော ကလေးငယ်ဖြစ်ကာ ကြီးလာလျှင် သူ့အဖေလို မိန်းကလေးတွေများ ရေပန်းစားပေဦးမည်။
"မမကလည်း ... ဖေဖေက သားကို မဆူရဲပါဘူး။
ဖေဖေဆူရင် မေမေက ဖေဖေ့ကိုပြန်ဆူမှာလေ ဟီး ... "
ဆွတ်ဒွဲအောင်လေးက လျှာထုတ်ပြောင်ပြရင်း ဆက်ပြေးသည်။
"တီ ... တီ ... "
ခြံဝမှ ကားဟွန်းသံ ကြားလိုက်ရသည်နှင့် ကလေးနှစ်ယောက်လုံး ကစားတာကို ရပ်လိုက်ပြီး ခြံတံခါးဝဆီသို့ ပြေးသွားကြသည်။
"ဖေဖေ ပြန်လာပြီ ... ဖေဖေ ပြန်လာပြီ။"
ဆိုင်ကယ်ပေါ်မှ ဆင်းလာသူမှာ ရှပ်လက်တိုအင်္ကျီနက်ပြာနှင့် ကချင်ပုဆိုးကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အရင်ကထက် ပိုမိုခန့်ညားပြီး ရင့်ကျက်တည်ငြိမ်သော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် ဆွတ်ရိန်နော်။
"ဟော ... ဖေဖေ့ သားနဲ့ သမီး လာပါဦး ... ဖက်ပါရစေဦး။"
ဆွတ်ရိန်နော်က ဒူးထောက်ထိုင်ချလိုက်ပြီး ကလေးနှစ်ယောက်လုံးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဘယ်ပြန်ညာပြန် နမ်းရှိုက်လိုက်သည်။
"ဖေဖေ ... သားအတွက် ကားရုပ်ပါလား။"
"ဖေဖေ ... သမီးအတွက် အရုပ်မပါဘူးလား။"
"ပါတာပေါ့ဗျာ ... ဒီမှာ အများကြီးပဲ ရော့ "
လက်ထဲက အထုပ်လေးအား ပေးလိုက်လျှင် ကလေးနှစ်ယောက်က အိမ်ထဲသို့ ပြေးသွားကြချိန်တွင် ဆွတ်ရိန်နော်က အိမ်ပေါက်ဝတွင် ရပ်နေသော အမျိုးသမီးလေးကို လှမ်းကြည့်လိုက်သည်။
အသက် (၃၀) ကျော် အရွယ်ရောက်လာသော်လည်း သူမ
အလှတရားများက လျော့မသွားဘဲ ပိုမိုရင့်ကျက် တည်ငြိမ်သော အလှမျိုးဖြင့် တောက်ပေနသည်။
"အကို ... ပြန်ရောက်ပြီလား ပင်ပန်းလာပြီမလား။"
မှုံက အနားသို့ လျှောက်လာပြီး ဆွတ်ရိန်နော့် လက်ထဲမှ အိတ်ကို လှမ်းယူလိုက်လျှင် ဆွတ်ရိန်နော်က အိတ်ကို မပေးဘဲ မှုံ့လက်ကလေးကို ဖမ်းဆုပ်ကာ နှုတ်ခမ်းနားသို့ ဆွဲယူနမ်းရှိုက်လိုက်သည်။
"မင်း မျက်နှာလေးကို မြင်လိုက်ရရင် အမောတွေ အကုန်ပြေသွားတာပဲ မိန်းမရာ။"
"အို ... ပိုကိုပိုတယ် ကလေးတွေ ရှိနေတာကို ရှက်စရာကြီး။"
မှုံက မျက်စောင်းလေးထိုးကာ ပြောလိုက်လျှင် ဆွတ်ရိန်နော်က ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးလိုက်၏။
________________
ကလေးနှစ်ယောက် အိပ်ပျော်သွားပြီးနောက် မှုံနံ့သာက အိမ်ရှေ့ဧည့်ခန်းလေးသို့ ထွက်လာလျှင် ဆွတ်ရိန်နော်က အနောက်မှ သိုင်းဖက်လိုက်သည်။
"အို ... အကို ဘာလုပ်တာလဲ။ "
"အိပ်သွားကြပြီလား။ "
"ဟုတ် "
ဆွတ်ရိန်နော်က ကျောမှီထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး သိုင်းဖက်ထားတဲ့ သူမကိုယ်လုံးလေးကိုပါ ဆွေ့ခနဲ မြှောက်ချီလိုက်ပြီး သူ့ပေါင်ပေါ်ထိုင်ပေးလိုက်ကာ သူ့မေးဖျားကို မှုံ့ပခုံးပေါ် တင်ထားလိုက်သည်။
"မှုံလေး ... "
"ရှင် ..."
"ကိုယ့်ဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်က ဘာလဲသိလား။"
"ဟင့်အင်း "
"မင်းကို လက်မလွှတ်ခဲ့တာပဲ အဲ့ဒီတုန်းကသာ မင်းကို လက်လွှတ်လိုက်မိရင် အခုလို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ကိုယ် ပိုင်ဆိုင်ရမှာ မဟုတ်ဘူး။"
ဆွတ်ရိန်နော်က မှုံ့လည်တိုင်လေးကို ဖွဖွလေး နမ်းရင်း ပြောလိုက်လျှင် မှုံက သူ့လက်မောင်းကို ပြန်လည် ဆုပ်ကိုင်ထားရင်း ငေးငိုင်သွားသည်။
"မှုံလည်း ကျေးဇူးတင်ပါတယ် အကို ... စုတ်ချာနေတဲ့ မှုံ့ဘဝထဲကို ဝင်ခဲ့ပေးလို့။ အခုချိန်မှာ မှုံက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းမတစ်ယောက်လို့ကို ခံစားရတယ် သိလား။ "
"ဒါပေါ့ ... မင်းက ကံကောင်းတာပေါ့ ... ကိုယ့်လို ရုပ်လည်းချော
ပိုက်ဆံလည်းရှာနိုင်ပြီး မိန်းမကြောက်တဲ့ ယောက်ျားမျိုး ရထားတာကို ... ဘယ်ေလာက်ကံကောင်းလိုက်သလဲ။ "
"ကြည့်စမ်း ... သူများက အတည်ပြောနေတာကို သူက လာစနေ သေးတယ်။ "
"ဟား ဟား ဟား "
"မှုံလေး "
"ဟင် ... ဘာလို့ လူကို ခဏခဏ ခေါ်နေတာလဲလို့ "
"အဟွန်း ... ချစ်လို့ "
ဆွတ်ရိန်နော်က မှုံ့ကိုယ်လုံးလေးကို သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။
" မင်းက ပိုပိုပြီး လှလာတယ်ကွာ ကိုယ်လေ ... ညတိုင်း မင်းနဲ့ အမြဲအတူ နေနေရတာတောင် မင်းကို တစ်စက္ကန့်လေး ဝေးလိုက်ရတဲ့ တအားလွမ်းတာပဲ။ "
"အို ... အကိုကလည်း ပိုပြန်ပြီ ... အသက်တွေလည်း ကြီးကုန်ကြပြီကို။ "
"အချစ်မှာ အသက်မရှိဘူးကွ ... ကိုယ် မင်းကို ချစ်တဲ့စိတ်က ပထမဆုံး စတွေ့တဲ့နေ့ကနေ တစ်နေ့ထက်တစ်နေ့ ပိုတိုးလာတယ်။ ကဲ ... ပြော မင်းရော ကိုယ့်ကို ချစ်လား။"
ဆွတ်ရိန်နော်က မျက်ခုံးပင့်ကာ မေးလျှင် မှုံက ရှက်ပြုံးလေး ပြုံးရင်း ခေါင်းညိတ်သည်။
"မကြားရဘူးကွာ ... ပါးစပ်က ပြောမှ။"
ထိုအခါ မှုံက သူ့ဘက်လှည့်လာကာ လည်ပင်းကို သိုင်းဖက်လိုက်ပြီး သူ့နားနားသို့ ကပ်လိုက်သည်။
"ချစ်တယ် ... အကို့ကို အရမ်း ချစ်ပါတယ်။"
မှုံ့စကားအဆုံးတွင် ဆွတ်ရိန်နော်က ကျေနပ်ပီတိဖြင့် ရယ်မောလိုက်ပြီး မှုံ့နှုတ်ခမ်းပါးလေးကို သိမ်းပိုက်လိုက်တော့သည်။
Extra 2 ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)